← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

5 01

အပိုင်း (၅) (၂)

ရှုရှင်းသည် တိုင်းပြည် M တွင် လက်နက် ဖိုများကို မရခဲ့သောကြောင့် အလွန်အမင်း စိတ်မကောင်း ဖြစ်နေသည်။ ထို့ကြောင့်တိုင်းပြည် W တွင် ဆီနှင့် ဒီဇယ်များကို သွားဝယ်သောအခါ မူလကြံစည်ထားသော ပမာဏ၏ နှစ်ဆခန့်ကို ဝယ်ယူလိုက်ပြီး နှစ်ဆနီးပါး သုံးလိုက်ရသည်။

သူမက လက်နက်ဖိုတွေကို မရဘူး ဆိုကတည်းက ဆီကို သုံးပြီး နောင်တကို ဖာထေးရမယ်။

ရှုရှင်းသည် တိုင်းပြည် W တွင် အကြာကြီး မနေပေ။ ထိုတိုင်းပြည်တွင် မည်သည့် နေရာကမှန်းမသိ ထွက်ပေါ်လာနိုင်သော လက်နက်များနှင့်အန္တရာယ်များသောသူများကို အချိန်မရွေးတွေ့မည်ဟု အမြဲတစေ ခံစားနေရသည်။ ထို့ကြောင့် လုံခြုံသည်ဟုပင် မခံစားရပါပေ။ သူမက ဆီများကို သိမ်းပြီးသည်နှင့် နောက်ဦးတည်ရာ နေရာဖြစ်သော တိုင်းပြည်A သို့ တစ်ရက်တည်းနှင်ပင် ထွက်ခွာသည်။

တိုင်းပြည်A သည်လည်း အလွန်အမင်း ဖွံ့ဖြိုးတိုးတက်သည်။ ထိုနေရာကို လာရသည့် ရည်ရွယ်ချက်ကလည်း အမျိုးမျိုးသော လတ်ဆတ်သည့် အသားနှင့် မွေးမြူရေး တိရစ္ဆာန်များကို စုဆောင်းရန် အတွက်ကြောင့် ဖြစ်သည်။

သူမက အမှန်တကယ် စဝယ်သောအခါ ဝက်ကျွဲနွားနှင့် သိုးဆိတ် အမျိုးအစားများတွင်ပင် မတူညီသော အမျိုးကွဲပေါင်းများစွာ ရှိကြောင်းသိလိုက်ရသည်။ သို့သော် သူမက မျိုးနွယ်တိုင်ကို ကောက်ရွေးမနေပေ။ သို့သော် အကောင်းဆုံး‌သော အရသာရှိသော အသားများကိုသာ မှာလိုက်သည်။

ရှုရှင်းသည် တိုင်းပြည်A မှ အကြီးမားဆုံးသော စိုက်ခင်း မြေကြီးဆီသို့ သွားလိုက်သည်။ ထိုနေရာတွင် ထုတ်ပိုးသည့် ဖြစ်စဉ်အထိ တောက်လျောက် အချောသတ်ပေးသော နေရာမျိုးလည်း ရှိသည်။ ထို့ကြောင့် ရှုရှင်းအနေဖြင့် နောက်ထပ် စက်ရုံတစ်ရုံသို့ ထပ်သွားကာ ထိုအသားများကို ကိုင်တွယ်ပေးရန် အပ်နှံပေးစရာ မလိုအပ်တော့ချေ။ ဝယ်ထားပြီးသား ထိုသတ္တဝါများအားလုံးကို လတ်လတ်ဆတ်ဆတ် သတ်ဖြတ်ပြီး အလတ်ဆတ်ဆုံးသာ အရာများကို ရပေလိမ့်မည်။

ထိုအသားများကို လယ်သမားများက ဖြတ်တောက်ပေးပြီးသည်နှင့်အမျိုးမျိုးသော နေရာများနှင့် လေလုံအိတ်များနှင့် ထုတ်ပိုးပေးကြသည်။ ရှုရှင်းက သူတို့ကို လုံလောက်အောင် ပိုက်ဆံပေးထားသည့် အတွက်ကြောင့် ရှုရှင်းက သူတို့အား အမဲသားနှင့် သိုးသားများကို ပါးပါးလေးများ လှီးခိုင်းသည်။ အချို့သော အရာများကို တုတ်ထိုးပေးခိုင်းသည့် အချိန်တွင်ပင် အထွန့်မတက်ကြပေ။ နေရာလပ် နယ်မြေတွင်လည်း သက်ရှိရိက္ခာများကို ထားနိုင်သည့် နေရာမျိုး ရှိနေသည်။ ထို့ကြောင့် ရှုရှင်းသည်လည်း သက်ရှိ ရိက္ခာများကို အပြုံလိုက် ဝယ်ယူလိုက်ပြီး ဒုတိယ ထပ်တွင် ထားထားလိုက်သည်။ အထီးအမ နှစ်မျိုးလုံး ရှိရန် ဝယ်ယူထားသည်။ ထိုအခါမှသာ အကောင်ပွားပြီး လွတ်လပ်စွာ ပေါက်ဖွားနိုင်မည် ဖြစ်သည်။

ထို့နောက် တိုင်းပြည်X သို့ သွားသည်။ ထိုနေရာတွင် နို့ထွက်ထုတ်ကုန် ပစ္စည်းများက အလွန်တိုးတက်သည်။

ချိစ်ထောပတ် နို့သီးသန့် ထိန်းခြင်းအပြင် နို့ခဲ၊ နို့မှုန့်…စသဖြင့် နို့အမျိုးစုံ အပြည်ဖြည့်လိုက်သည်။ အထူးသဖြင့် နာမည် အကျော်ကြားဆုံး နို့မှုန့်ဖြစ်သည်။ ရှုရှင်းသည် စတင် ထုတ်ပြီးကာစမှ သက်တမ်းရင့်သော အရာများအထိအလွတ်မပေးခဲ့ချေ။

ဘယ်လိုပဲ ဖြစ်ဖြစ် အနာဂတ်အတွက် ပြင်ဆင်ထားရမှာပဲလေ။ ပြောလို့မရဘူး ...သူက အနာဂတ်မှာ ကလေးရနိုင်တာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ ကြိုသိမ်းထားတာကတော့ မှားသွားတာ မရှိပါဘူး။

ရှုရှင်းက ဥရောပတိုင်းပြည်ပေါင်းများစွာကို တစ်တိုင်းပြည်ပြီး တစ်တိုင်းပြည်သွားကာ တိုင်းပြည် တစ်ခုချင်းစီတိုင်းက အထူးထုတ်ကုန်များကို တစ်ခုပြီးတစ်ခု ဝယ်သည်။ တိုင်းပြည် F သို့ ရောက်သွားသောအခါ နာမည် အကျော်ကြားဆုံးသော ဝိုင်သိုလှောင်ရုံ၏ တဝက်ကျော်ကျော်ကိုပင် ကုန်အောင် ဝယ်ခဲ့သေးသည်။

ရှုရှင်းက အားလုံးကို အကုန်မဝယ်ချင်၍ မဟုတ်ပေ။ သူတို့က မရောင်းချင်ကြသောကြောင့်သာ ဖြစ်သည်။ သူတို့ကသာ ရှုရှင်းကို အကုန်ရောင်းလိုက်လျှင် လုံးဝ ပစ္စည်းပြတ်တောက်သွားပြီး ပြဿနာ ဖြစ်နိုင်လေရာ သူတို့၏ ဘရန်းအပေါ် ကြီးမားသည့် သက်ရောက်မှု ရှိသွားနိုင်သည်။ ထို့ကြောင့် ရှုရှင်းက လက်လျော့ခဲ့ရသည်။

5 02

သူမသည် တိုင်းပြည်Gသို့ သွားကာ မှာယူထားသော ကားကို အောင်မြင်စွာ ထည့်ယူပြီးနောက် ဥရောပ ခရီးစဉ်က အောင်မြင်စွာ အဆုံးသတ်သွားမည် ဖြစ်သည်။ နွေရာသီ ပိတ်ရက်ကလည်း အဆုံးသတ်တော့ပေမည်။ ထို့ကြောင့် အိမ်သို့ မပြန်ခင် နောက်ဆုံး ပန်းတိုင်နေရာသို့ ခပ်အေးအေး လေယာဉ် စီးသွားလိုက်သည်။

တိုင်းပြည် T

ရှုရှင်းက လမ်းတောက်လျောက် အမျိုးမျိုးသော ရိက္ခာများနှင့် စားစရာများကို သိုလှောင်လာခဲ့သည်။ အစာမာများဖြစ်စေ အရွက်များ ဖြစ်စေ၊ သစ်သီးများဖြစ်စေ အဆာပြေမုန့်များ ဖြစ်စေ အသားများ ဖြစ်စေ၊ ရတနာများ ဖြစ်စေ၊ ကောင်းကင်တွင် ပျံနိုင်သော အရာများဖြစ်စေ၊ မြေပြင်တွင် ပြေးလွှားနိုင်သော အရာများဖြစ်စေ၊ ရေထဲတွင် ကူးခတ်နိုင်သော အရာများ ဖြစ်စေ၊ မြင်သမျှ တွေးမိသမျှ အားလုံးကို နေရာလပ် နယ်မြေထဲသို့ ပစ်ထည့်ခဲ့လေသည်။

ရှုရှင်း မထည့်ထားသည့် တစ်ခုတည်းသော အရာက ဆန်ဖြစ်သည်။ တိုင်းပြည်T၏ မွှေးပျံ့သော ဆန်က အလွန်ကျော်ကြားသည်။ သူမ၏ ကိုယ်ပိုင် တိုင်းပြည်တွင်ကဲ့သို့ အမျိုးအစား အမျိုးမျိုးနှင့် ဖြစ်သည်။ လျိုရှင်းသည်လည်း သူမအကြိုက်ဆုံး ဆန်ကို မလွဲချော်လိုသည့်အတွက် တကူးတက ကိုပင် တိုင်းပြည် T သို့ ထွက်လာခဲ့ခြင်း ဖြစ်သည်။

လေယာဉ်က အိမ်သို့ ပြန်ဆိုက်သည့်အခါတွင် ပြည်ပတွင် သွားရောက်ကာ စုဆောင်းခဲ့သမျှ အရာအားလုံးက ပြီးပြည့်စုံစွာ အဆုံးသတ်သွားပြီ ဖြစ်သည်။

ရှုရှင်းက လေဆိပ်မှ ထွက်ပြီး မိခင် မြေသို့ ပြန်လည် ဆင်းသက်ချိန်တွင် ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် စစ်မှန်မှုမျိုးကို ခံစားလိုက်ရသည်။ သူမက အိမ်ထဲသို့ ဝင်ရောက်သောအခါ အကြာကြီး ပြေးလွှားသွားလာနေခဲ့သောကြောင့် နွမ်းနယ်မှုများနှင့် အိပ်ချင်စိတ်များကလည်း ခန္ဓာကိုယ်ထဲမှ ဆဲလ်တိုင်းကို အေးဆေးပေါ့ပါးသွားစေသော ခံစားချက်မျိုးအဖြစ် ပြောင်းလဲသွားသည်။

ထိုသို့ဖြင့် သက်တောင်သက်သာ ရေချိုးကာ ခန္ဓာကိုယ်မှ ကြွက်သားများအားလုံးကို ပြေလျော့စေလိုက်ပြီး အိပ်ယာပေါ်တွင် လှဲချကာ စောင်နှင့် ခြုံပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်သည်။

ရှုရှင်းက နောက်တစ်နေ့ ညနေအထိ အိပ်လိုက်ပြီးမှ ပြန်နိုးလာသည်။ ဖုန်းကို ကောက်ယူကြည့်သောအခါ missed call ပေါင်းများစွာကို မြင်ရ၏။ ပြင်ဆင်‌ရေး အသင်းကလည်း ဖုန်းခေါ်ထားသည်။ ထို့အပြင် ရှုလျန်ကျွင်းနှင့် ရှုဟိုင်ရန်တို့ကလည်း ခေါ်ထားသည်။

ဟားဟား ကြည့်ရတာ သူမရဲ့ ဒီအကောင်းစား ဦးလေးက သူမ ဘယ်မှာ နေလဲ ဆိုတာကို စောင့်ကြည့်ခိုင်းထားတာပဲ။ ဆိုတော့ သူမ မနေ့က တိုင်းပြည်ကို ပြန်ရောက်တဲ့ သတင်းကိုတောင် တန်းရသွားတဲ့ပုံပဲ။

“ဟယ်လို မစ္စတာ PT”

ရှုရှင်းက အိမ်ပြင်သော သူကို အရင်စခေါ်လိုက်သည်။

“အို လှပတဲ့ မိန်းကလေး ရှုရှင်း မင်းနောက်ဆုံးတော့ ငါ့ကို ပြန်ခေါ်ပြီပေါ့။ အိမ်ပြင်ဆင်တာက ပြီးမြောက်သွားပြီ။ အခြား လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း မင်းအတွက် ပြင်ဆင်ပေးထားတဲ့ အခန်းသီးသန့်မှာ ထည့်ထားပေးခဲ့တယ်။ ဆိုတော့ အိမ်ကို လာပြီး ကြည့်တော့မလား”

“အင်း…ဒီညနေ သုံးနာရီလောက်ပေါ့။ မစ္စတာ PT က ဒီလောက်ထိ စိုးရိမ်စိတ်များနေတာ ဘာလဲ နောက်ထပ် အော်ဒါ အကြီးကြီး ရထားလို့လား။ ကြည့်ရတာ ဒီလို တွန့်ဆုတ်နေတဲ့ ပုံစံက ငါ့ကို ဝမ်းနည်းစေတာပဲ”

PT ၏ ရယ်သံသွေးပြီး ချဲ့ကားလွန်းသော လေသံမျိုးဖြင့် သူမက ကောင်းကောင်းစကားပြောနိုင်ခဲ့သည်။ ဖုန်းကို ချပြီးသည့်တိုင်အောင် တစ်ဖက်က ရယ်မောနေခဲ့၏။ သူမက မစ္စတာ PT နှင့် ပြောသော ဖုန်းကို ပြန်ချပြီးနောက် ရှုလျန်ကျွင်းက ချက်ချင်းဖုန်းခေါ်လာသည်။ ရှုရှင်းက စိတ်မရှည်သလို နှုတ်ခမ်းကို မဲ့လိုက်ပြီး လက်ခံ ဖြေဆိုသည့် ခလုတ်ကို နှိတ်လိုက်သည်။

“ဟေး ရှင်းအာ မင်း တိုင်းပြည်ကိုပြန်ရောက်တာကို ငါ့ကိုတောင် မပြောဘူး။ ငါမင်းရဲ့ ဒေါ်လေးနဲ့ ဟိုင်ရန်ကို ခေါ်ပြီး လေဆိပ်မှာ လာကြိုမှာပေါ့”

5 03

“ကျွန်မ မပြောရင်တောင် ဦးလေးက သိနေတာပဲလေ။ မဟုတ်ဘူးလား ဦးလေးက တကယ်ကို အဆက်အသွယ်များတာပဲ”

ရှုရှင်းကလည်း ရှုလျန်ကျွင်းနှင့် ပုံမှန်အတိုင်း ဟန်ဆောင်မနေတော့ချေ။ သူမ၏ စကားလုံးများကအေးစက်ပြီး နွေးထွေးမှု ကင်းမဲ့သည်။ အခြားတစ်ဖက်ကလည်း ရှုရှင်းက ထိုသို့ တိုက်ရိုက်ထုတ်ပြောလာမည်ဟု မထင်ထားမိသဖြင့် နည်းနည်းနင်သွားသည်။

“ဦးလေးက သမီးကို ဂရုစိုက်လို့ မဟုတ်ဘူးလား။ ငါတို့က တစ်မိသားစုတည်းလေ ဦးလေးက ဘာလို့ ဒုက္ခပေးရမှာလဲ။ ဦလေးက သမီးကောင်းဖို့ လုပ်တာ။ ဦးလေးက နာကျင်မှု အပြည့်နဲ့ ကြိုးစားအားထုတ်ထားတာကို နားလည်ပေးသင့်တယ်”

သူဟာ ရှုရှင်း၏ အဖော်ခံရသောကြောင့် ရှက်သွားကြောင့် ဖြစ်လောသည်။ ရှုလျန်ကျွင်း၏ အသံက ပိုကျယ်နေသည်။ သူ၏ အပြစ်မကင်းစိတ်ကို ထိုအသံကျယ်ကျယ်ဖြင့် ဖုံးချင်ပုံရသည်။

“အိုး… ကျွန်မတို့ အခု ဘာမှ ဖုံးကွယ်စရာ မလိုတော့ဘူးလို့ ထင်တယ်။ ကျွန်မ ရှင့်အပေါ်မှာ အချိန်လည်း ဖြုန်းမနေနိုင်တော့ဘူး။ ရှင် ကျွန်မကို လူလွတ်ခိုင်းထားပြီး စောင့်ကြည့်ခိုင်းနေအုံးမယ်ဆိုရင် ကျွန်မ သိတာနဲ့ ရဲခေါ်လိုက်မှာနော်။ ရဲက ရှင်တို့ ကုမ္ပဏီကို လာပြီးမေးခွန်းထုတ်ခဲ့ရင်တော့ ရှင့်ရဲ့လူတွေကပဲ ထိခိုက်နစ်နာပြီး ဆုံးရှုံးမှုတွေကို ပိုများသွားမှာပဲ။ ဟွန့် ကျွန်မကတော့ မသက်ဆိုင်ဘူး”

ရှုလျန်ကျွင်းက ရူးချင်ယောင်ဆောင်ပြီး မိသားစုဆိုသော အရာကို ခေါင်းစဉ်တပ်ကာ ထပ်ကပ်တွယ်လိုနေကြောင်း ကြားသောအခါ ရှုရှင်းကလည်း သူ၏ ဖုံးကွယ်ထားသော အရည်ခွံကို တိုက်ရိုက် ဆွဲဖောက်လိုက်ပြီး ကြမ်းတမ်းသော မျက်နှာကို ဆွဲပြသည်။

“ရှုရှင်း မင်း အခုတလော အင်အားကြီးမားနေတယ်လို့ ထင်ပြီး ငါ့ကိုလာပြီး ခြိမ်းခြောက်နေတာ မဟုတ်လား။ မင်းက မိဘမဲ့ ဘယ်သူကမှ မင်းကို ထောက်ခံ ပေးမယ့်သူ မရှိဘူးဆိုတာ မေ့မနေနဲ့အုံး။ ငါ့မှာ မင်းကို ပိုက်ဆံတွေ အပ်ပေးလာအောင် လုပ်နိုင်တဲ့ နည်းလမ်းပေါင်းများစွာ ရှိတယ်”

ရုပ်ဖျက်ထားသော မျက်နှာဖုံးက အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ဆွဲဖြဲခံရပြီးနောက် ရှုလျန်ကျွင်းက ဒေါသအပြည့်နှင့် အော်ဟစ်သည်။ သူ၏ စကားလုံးများကလည်း ပုံမှန်အတိုင်း ဖြောင့်မတ်မှန်ကန်မှုများနှင့် ကွာခြားသည်။

“ရှင် စကားမပြောခင် အရင်တွေးသင့်တယ်။ ကျွန်မမှာလေ ရှင့်ကုမ္ပဏီရဲ့ လျို့ဝှက်ချက်ကို ပေါက်ကြားစေထားတဲ့ အခွန်ရှောင်ထားတာတွေဆိုတဲ့ သက်သေရှိတယ်နော်။ ရှင်ထောင်ထဲ မဝင်ချင်ဘူးဆိုရင်တော့ လာမရှုပ်နဲ့”

“ရှင့်ရဲ့ လျို့ဝှက်ချက်ကို ကာကွယ်ဖို့အတွက် ကျွန်မကို သတ်ဖို့လည်းမ စဉ်းစားထားနဲ့ ကျွန်မက သက်သေတွေအားလုံးကို နောက်ခံ အဖြစ် အရန်ထားထားပြီးသား။ ကျွန်မဆီကနေသာ တစ်ပတ်ကျော်ကျော်အတွင်း သတင်းမကြားရဘူးဆိုရင် သက်သေတွေက ရဲစခန်းဆီကို အလိုလျောက် အီးမေးလ်ရောက်သွားမှာ”

ထိုစကားများကို ပြောပြီးသည်နှင့် ရှုရှင်းက ရှုလျန်ကျွင်းကို စကားထပ်ပြောရန် အခွင့်အရေးမပေးတော့ဘဲ ဖုန်းကို တိုက်ရိုက်ချလိုက်သည်။ သူမက ထိုကဲ့သို့သောသူမျိုးကို တစ်စက္ကန့်ခန့် ပိုပြီး အချိန်ဖြုန်းနေမည် ဆိုလျှင် အရင်ညက စားထားသော စားစရာများက ပြန်ထွက်လာလောက်သည်။

ရွံစရာပဲ...

ရှုလျန်ကျွင်းကလည်း တစ်ဖက်မှ ရှုရှင်းက ဖုန်းချသွားသောကြောင့် အလွန်အမင်း ဒေါသထွက်သွားပြီး ဖုန်းကို နံရံဖက်သို့ ကောက်ပေါက်လိုက်ကာ ရုံးခန်း ကုလားထိုင်ကို ဆောင့်ကန်လိုက်သည်။ သို့သော် သူသည်လည်း ဘာမှ မတတ်နိုင်ဘဲ ကူကယ်ရာမဲ့ပြီး ဒေါသထွက်နေသည်။

ရှုလျန်ကျွင်းက လူလွှတ်ကာ သူမကို စောင့်ကြည့်ခိုင်းထားခြင်းက ရှုရှင်း၏ဘောင်ကို ကျော်သွားခဲ့သည်ဟု ပြောရပေမည်။ ထို့ကြောင့် သူမသည် တိုင်းပြည်အတွင်းတွင် ပစ္စည်းများကို စုဆောင်းရန်လည်း လိုအပ်သေးသည်။ တစ်စုံတစ်ယောက်ကသာ တောက်လျောက် စောင့်ကြည့်နေခဲ့မည်ဆိုလျှင် တစ်စုံတစ်ရာ၏ လွဲမှားမှုကို ရှာတွေ့သွားရန် လွယ်ကူလေသည်။

ထို့ကြောင့် ရှုရှင်းသည်လည်း သူမကို ဒုက္ခရောက်စေမည့် ကြီးမားသော ကပ်ဘေးကြီးကို မဆွဲဆောင်ချင်ပါပေ။

******

All Chapters