အခန်း ၆
Vol. 1 Ch. 6
6 01
အပိုင်း (၆)
ရှုရှင်းကလည်း အိမ်၏ ပြင်ဆင်မှုကို အမှန်တကယ် ကျေနပ်သည်။ သူမသည် စိတ်ထဲတွင် အကြမ်းဖျင်းသာ တွေးတောခဲ့မိရုံဖြစ်သည်။ သို့သော် ယခုလိုမျိုး ပြင်ဆင်ပြီးသော အိမ်ကို မြင်ရသောအခါ ကြည့်လိုက်ရုံနှင့် စိတ်အေးချမ်းရသည်။
သူမက နဂို သဘောတူထားသော ပေးချေရမည့် ပမာဏအပြင် ယွမ်ငါးသိန်းပါ အပိုပေးလိုက်သေးသည်။ ထိုသို့ဖြင့် ရှုရှင်းက ယွမ် ငါးဘီလီယံ နီးပါး သုံးပြီးသား ဖြစ်သည်။ သို့သော် မလုံလောက်သေးပေ။
စတော့များကို ရောင်းချထားသော ပိုက်ဆံ တဝက် ကျော်ကျော်ကိုသာ သုံးရသေးသည်။ ရှုရှင်း၏ နဂိုမူလ စုဆောင်းထားသော ပမာဏက မထိရသေးဘဲ ကျန်သေးသည်။
စာရင်းထဲမှ တဝက်ကျော်ကျော်ခန့်က ခြစ်ထားပြီးသား ဖြစ်သည်။ ကျန်သော ပစ္စည်းများကလည်း ပြည်တွင်းတွင်သာ ခပ်အေးအေး ဝယ်နိုင်သည်။
ရှုရှင်းကလည်းအ လျှင် မလိုသေးပေ။ သူမ ရိက္ခာများကို စုဆောင်းရန်အတွက် နောက်ထပ် ဆယ်လကျော်ကျော်ခန့် အချိန်ရှိနေသေးသည်။ ဒီဆယ်လအတွင်းတွင် သူမက ရိက္ခာများကို ဝယ်ရင်းပိုက်ဆံကို အေးအေဆေးဆေး သုံးနိုင်သေးလေသည်။
တရုတ်နိုင်ငံမှ အခြေအနေက အခြားသော ပြည်ပနိုင်ငံများနှင့် ခြားနားသည်။ ဒေတာကြီးများ၏အမှားများ ရှိသည်။ ပစ္စည်းများကို အလုံးအရင်းဖြင့် အမြောက်အများဝယ်ယူခြင်းအားဖြင့် အခြားသောသူများကို ဆွဲဆောင်မိနိုင်သည်။ အမျိုးမျိုးသော ရှုပ်ထွေးမှုများပင် ပါလာနိုင်လေသည်။ အချို့သော အရာများက ဝယ်ယူရန်အတွက် လိုင်စင်ပင် လိုအပ်သေးသည်။
ဝတ္ထုထဲက မင်းသမီးလိုပေါ့။ ဝတ္ထုထဲက မင်းသမီးဆိုရင် ဘာပစ္စည်းကို လိုချင်လိုချင် လက်ကားဈေးကွက်ကနေ အကုန်လုံးကို ဝယ်ထုတ်လို့ရတယ်။ နောက်ပြီး ဆိုင်ကနေလည်း တစ်ချက်လောက် လာပို့ပါလို့ ပြောလိုက်ရင်လည်း ချက်ထားပြီးသား ဟင်းပွဲတစ်ထောင်ကို လာပို့ပေးတာမျိုး။ ညဈေးက အဆာပြေမုန့်ဆိုင် စီးပွားရေးရဲ့ လဝက်လောက် ရောင်းနိုင်သမျှ ပမဏာအားလုံးကို လာပို့ပေးပါ ဆိုတာမျိုးလေ။
ပစ္စည်းတွေကို အမှန်တကယ် စုဆောင်းပြီ ဆိုတော့မှ ဒီအခြေအနေက အမှန်တကယ် ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာကို သိတော့တယ်။
ရေနွေးကြမ်း ခေါ်သောက်ခိုင်းတာပဲဖြစ်ဖြစ် ဒီလို အပြုအမူကြီးသာ လုပ်လိုက်မယ်ဆိုရင်တော့ သေချာပေါက် စဉ့်နီတုံးပေါ်မှာ လည်လေး ဆန့်ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။
အင်တာနက်က ဒီနေ့ခေတ်မှာ ဒီလောက်ထိ ဖွံ့ဖြိုးနေတာ အွန်လိုင်းပေါ် တင်လိုက်ရုံနဲ့ အပျော်ကြည့်ချင်ကြတဲ့ သူတွေမှ အများကြီးပဲ။
ကမ္ဘာကပ်ဘေးသာ အမှန်တကယ် ရောက်လာခဲ့ရင် ဒီအွန်လိုင်းပေါ်က ဗီဒီယိုတွေကိုပဲ ကြည့်ကြည့် ဒါမှမဟုတ် အခြားတစ်ယောက်က မြင်သွားတာပဲဖြစ်ဖြစ် ဦးနှောက်က ခြစားနေတာ မဟုတ်သမျှ လူလိုသူလို တွေးနိုင်မယ် လူလို သူလို တွေးနိုင်သမျှ ပြဿနာရှိမှာမ ဟုတ်ဘူး တန်းသိသွားမှာပဲ။ ဆိုတော့ ဒီအခြေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အတောက်ပဆုံး အရောင်ချယ်ထားပြီး လူကြားထဲမှာ ထွက်လျှောက်ပြတာနဲ့ဘာများ ကွာခြားနေလို့လဲ။
သာမာန်လူတွေကတော့ ဘာမှမတွေးနိုင်လောက်ဘူး။ ဒါပေမဲ့ ကမ္ဘာကပ်ဘေးမှာ မရှားဆုံးက လုပ်နိုင်စွမ်းရည်ရှိတဲ့သူတွေ သူတို့ကသာ မင်းမှာ ရိက္ခာတွေ ရှိတာ သိသွားခဲ့ရင် သေချာပေါက်ကို ပြုံအောလာပြီး အထောက်အပံ့ ရိက္ခာတိုက်ကြီးလို သဘောထားလိမ့်မယ်။ ဖြစ်နိုင်ချေက ကိုးဆယ်ရာခိုင်နှုန်းပဲ။
ပိုဆိုးသည်မှာ ကျောင်းက စဖွင့်သောအခါ ရှုရှင်းသည် နေ့တိုင်းလိုလို အတန်းတက်ရန် လိုအပ်သည်။ ထို့အပြင် သူမ မျက်စိကျနေသော ရွှေပေါင်လုံးကိုလည်း ဖက်ရအုံးပေမည်။ ထို့ကြောင့် နေ့တိုင်းလိုလို လျှောက်သွားပြေးလွှားနေရန်အလည်း အချိန်မရှိပါပေ။
ထို့ကြောင့် သူမသည် ရိက္ခာစုဆောင်းသည့် ကိစ္စကို သေချာစီစဉ်နေရာချပြီး ကိုင်တွယ်ဖြေရှင်းရပေမည်။
အိမ်ကိုသွားကြည့်ပြီးသည်နှင့် ရှုရှင်းက တိုက်ရိုက်မပြောင်းသေးပေ။ ထိုအစား မြို့ထဲမှ လက်ကား ဈေးအမြောက်အများကို ကားပတ်မောင်းလိုက်ပြီး ကြည့်လိုက်သေးသည်။ လူနည်းနည်းရှင်းသောနေရာတွင် မီးပွိုင့်ကို စောင့်နေရင်းမှ လူပြောင်းတော့မည့် သိုလှောင်အိမ်ပုံစံ စူပါမားကတ်တစ်ခုကို ရှာတွေ့လိုက်သည်။ ထိုစူပါမားကတ်ကို မြင်လိုက်သည်နှင့် ရှုရှင်း၏ မျက်လုံးက တောက်ပသွားသည်။ သိုလှောင်အိမ်အမျိုးအစား စူပါမားကတ်များက ပိုကောင်းလေသည်။ ပစ္စည်းအများကြီးလည်း ရှိသည်။ ပစ္စည်းကလည်း မြောက်များ၏ ရိက္ခာများကို သိုလှောင်ရန်အတွက် ပို၍ပင် ပြည့်စုံနေသေးသည်။
6 02
ဆိုတော့ကား အခုလုပ်ဖို့ လိုအပ်တာက ဒီဆိုင်ကို ဝယ်ဖို့ပဲ ဒါဆိုရင် ပစ္စည်းတွေကို ဝယ်ပြီး စုဆောင်းဖို့ ခိုင်မာတဲ့ အကြောင်းပြချက်ကလည်း ရှိသွားပြီ။ နေရာတိုင်းမှာလည်း ပြေးလွှားပြီး ပစ္စည်းတွေ စုဆောင်းနေစရာ မလိုတော့ဘူး။
တစ်ကြိမ်စုဆောင်းချိန်တိုင်းလိုလို ပုံမှန်သိုလှောင်အိမ်အမျိုးအစား စူပါမားကတ်တစ်ခုထက် ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ပိုပြီးစုဆောင်းထားရုံပဲ။ အခြားသူတွေကတော့ စီးပွားရေးက ကောင်းလို့ ပိုဝယ်တယ်လို့ပဲ ထင်ကြမှာ ဘယ်သူကမှ လာစစ်နေမှာ မဟုတ်ဘူး။
ဒီနေရာက စူပါမားကတ်ကလည်း မြေမျက်နှာသွင်ပြင် အားသာချက် မရှိဘူးဆိုရင် စီးပွားရေးက သေချာပေါက် မကောင်းနိုင်ဘူး။ ဒါကြောင့် သိုလှောင်အိမ်ထဲကို ပစ္စည်းတွေ သွားသွားစုတဲ့ အချိန်မှာ စုလို့လည်း ရတယ်။ နောက်ပြီး နည်းနည်းလေး ပိုပြီးထည့်လိုက်ရုံပဲ။ နောက်ပြီး နောက်ထပ် အပိုထပ်ရအုံးမယ့် ငါးဆယ် ရာခိုင်နှုန်းနဲ့ ဆိုရင် ဆယ်လလောက် စုဆောင်းနိုင်မယ့် ပမာဏက တော်တော်လေးကို ကြောက်စရာ ကောင်းမှာ။
ထို့အပြင် သူမသည်လည်း အွန်လိုင်းပေါ်တွင် ပစ္စည်းများကို ဆက်စုနိုင်သေးသည်။ အခြားသော အခြေနေမျိုးနှင့်လည်း စုဆောင်းနိုင်သေး၏။ ထို့ကြောင့် သူမနှင့် သူမ၏ ရွှေပေါင်လုံးတို့ ကမ္ဘာကပ်ဘေးတွင် ခပ်အေးအေး ကျော့ကျော့မော့မော့ နေနိုင်ရန် လုံလောက်သည်။
ထိုသို့တွေးမိရုံဖြင့် သူမသည် ဆေးဆိုင်ကို ဝယ်နိုင်လျှင် ပိုကောင်းမည်ဟု တွေးမိသွားသည်။ ဒါဆိုရင် ဆေးပြဿနာကိုပါ ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်။
စူပါမားကတ်၏ တည်နေရာကို မှတ်သားထားပြီး အပေါ်မှာ ချန်ထားရစ်ခဲ့သည့် ဖုန်းနံပါတ်ကို သေချာမှတ်သားပြီးနောက် ရှုရှင်းက မောင်းထွက်လာခဲ့သည်။
သူမသည် စူပါမားကတ်ကို ဝယ်ချင်နေသည်မှာလည်း မှန်ကန်သည်။ သို့သော် ဒီအတိုင်း လျှောက်ဝင်သွားပြီး စူပါမားကတ်ကို ဝယ်ချင်ကြောင်း ပြောခဲ့လျှင် အရူးဟု သတ်မှတ်ပေလိမ့်မည်။
ဒီလို ပညာရှင်ဆန်တဲ့ ကိစ္စတွေကိုပညာရှင်တွေကို လွဲထားသင့်တယ်။
ရှုရှင်းက ကော်ဖီဆိုင်တစ်ဆိုင်ကိုရှာပြီး ညနေခင်း ကော်ဖီကို ခပ်အေးအေးထိုင်သောက်ကာ မုန့်စားနေရင်းမှ အွန်လိုင်းပေါ်မှ ပညာရှင် မန်နေဂျာတစ်ယောက်ကို ငှားလိုက်သည်။
ဘာပဲဖြစ်ဖြစ် စူပါမားကတ်နဲ့ ဆေးဆိုင်ကို ယူသွားပြီးတဲ့ နောက်မှာ စီမံခန့်ခွဲဖို့ လူတော့ လိုမှာပဲလေ… ဆိုတော့ အစပိုင်းကတည်းက ပညာရှင်တွေဆီ လွဲထားတာ ပိုကောင်းမယ်။
ရှုရှင်း၏ မဟာမြင့်မားလွန်းသော လခ၏ လှုံ့ဆော်မှု အောက်တွင် လူအချို့က အလုပ်ပြောင်းရန် ဆုံးဖြတ်လိုက်ကြပြီး ရှုရှင်းဆီသို့ ရောက်လာသည်။ ရှုရှင်းက ထိုထဲမှ မျက်စိပဒါဿ အဖြစ်ဆုံးတစ်ယောက်ကို ရွေးချယ်လိုက်သည်။
မတတ်နိုင်ဘူးလေ… ပိုက်ဆံရှိမှတော့မလည်း စိတ်ကျေနပ်စရာကောင်းတဲ့ပုံစံလေးတွေ ရွေးရတာပေါ့။
ဒါက ပိုက်ဆံရဲ့ ကြီးစိုးနိုင်လွန်းတဲ့ အင်အားပဲ။
အဓိက စိုးရိမ်ပူပန်မှုကြီးကို ဖြေရှင်းပြီးသွားသောအခါ ရှုရှင်းသည်လည်း ဒီဦးနှောက်လေးကို ကောင်းကောင်းဆုချရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဖြင့် သူမက အပြင်ဘက်တွင် ဆက်တိုက်ဈေးဝယ်နေခဲ့ပြီးနောက် ကိုးနာရီမှသာ အိမ်သို့ ပြန်မောင်းဝင်လာခဲ့သည်။
ကျောင်းက စတက်ရတော့ပေမည်။ ရှုရှင်းသည်လည်း အပန်းဖြေရန်အတွက် အချိန်ယူရန် ဆုံးဖြတ်ထားသည်။ သူမသည် နေ့တိုင်းလိုလို အပြင်ထွက်ပြီး စားသောက်ရင်းမှာ အိမ်အသစ်အတွက်လည်း ပရိဘောဂအသစ်ကို ဝယ်ယူသည်။ အချို့သော သဘောကျသည့် အရာများနှင့် မုန့်များကိုလည်း အွန်လိုင်းမှ မှာသည်။ ထိုသို့ဖြင့် ပျင်းရိဖွယ်ဘဝကို ပြန်ရောက်သွားသည်။
6 03
ပျော်ရွှင်ဖွယ်အချိန်များက တိုလွန်းသည်။ အိမ်၏ ဗီရိုတံခါးအတွင်းမှ ရှုလျန်ကျွင်းတို့ မိသားစုများ၏ မျက်နှာများကို မြင်ရသောအခါ ပျော်ရွှင်မှုက ချက်ချင်း ပျောက်သွားသည်။
ဒီလူတွေက တကယ်ကို စိတ်ရှုပ်စရာပဲ။ ကိစ္စတွေကိုရှင်းရှင်းလင်းလင်း လုပ်ထားပြီးသား ဆက်ဆံရေးကို ဖျက်ဆီးထားပြီးသားကို ဘာလို့ အိမ်တံခါးဝကို ရောက်လာတာလဲ။
ဘေးအိမ်များ၏အာရုံကို မဆွဲဆောင်ချင်သဖြင့် ရှုရှင်းက ထိုလူများကို ဝင်ခွင့်ပြုလိုက်ရသည်။ ထိုမိသားစုက အတော်အရှက်မဲ့သည်။ သူတို့က ဝင်လာပြီးနောက် ဆိုဖာပေါ်တွင် တိုက်ရိုက်ထိုင်ကာ သူတို့ကိုယ်သူတို့ အပြင်လူဟုပင် မသတ်မှတ်ပေ။
“ပြောစရာရှိရင် အခုပြော ချီးပေါက်စရာရှိရင် ပေါက်လို့ရတယ်။ ဒီနေရာကတော့ မကြိုဆိုဘူး”
ရှုရှင်းကလည်း ထိုနေရာတွင် ဝင်ထိုင်ပြီးသူတို့နှင့် စကားအကြာကြီး ပြောရန် မစီစဉ်ထားပေ။ သူတို့ကို မြန်မြန်သာ ပြောပြီး မြန်မြန်သာ ပြန်စေလိုသည်။
“နင့်ရဲ့ အပြုအမူက ဘာလဲ။ ငါတို့က နင့်ရဲ့ အကြီးအကဲတွေနော်။ နင် နည်းနည်းလေးတောင် လေးစားမှု မပြသဘူးလား။ အပြုအမူကောင်းကို မရှိဘူး”
ဝမ်ရှုဟုန်က ဒီနေ့ ရှုရှင်းကို လာကြည့်ရန် ဒေါသတကြီး ရောက်လာခြင်းဖြစ်သည်။ ရှုရှင်း၏ ပြောစကားကို ကြားသောအခါ ဒေါသတကြီး ပေါက်ကွဲသွားကာ ချက်ချင်းခုန်ထပြီး မျက်နှာကိုလက်ညိုးထိုးကာ ကျိန်ဆဲသည်။
သူမတွင် အထက်တန်းလွှာအမျိုးသမီးတစ်ယောက်၏ ပြုမူပုံမျိုးပင် မရှိပါပေ။ ကျေးရွာဘက်မှ ရွာဝင်ပေါက်တွင် လမ်းပေါ်တက်ပြီး ကျိန်ဆဲနေတတ်သော သက်လတ်ပိုင်း အမျိုးသမီးကြီးတစ်ယောက်ကဲ့သို့ပင်။ အလွန်အမင်း စုတ်ချာကာ စရိုက်ကျသည်။
“ပါးစပ်ပိတ်စမ်း”
ရှုလျန်ကျွင်း၏ နဖူးမှ သွေးကြောများကပင် ထောင်တက်သွားသည်။
သူ ဘာလို့ ဝက်တစ်ကောင်လို တုံးအတဲ့ ဒီမိန်းမရူးကို လက်ထပ်ခဲ့တာလဲ။
သူ့အတွက် ဒုက္ခပဲ ပေးနေတယ်။
ရှုလျန်ကျွင်း၏ အအော်ခံရပြီးနောက် ဝမ်ရှုဟုန်က ပို၍ဆွံအသွားသည်။ သို့သော် ပါးစပ်ကိုပို၍သာ ပိတ်လိုက်သေး၏။ သူမသည်လည်း စကားတစ်ခွန်းမှ မပြောရဲတော့ပေ။ သို့သော် ဒေါသထွက်နေသော မျက်နှာကမူ မပျောက်သွားပါပေ။
“ရှင်တို့ ဒီနေ့ ကျွန်မအိမ်ကို လာတာက ရှင်တို့ မိသားစုက အရှုပ်အထွေးကို ပြချင်တာ ဆိုရင်တော့ ကျွန်မမြင်ပြီးသွားပြီ။ ဒါပေမဲ့ စိတ်မဝင်စားလို့ ပြန်လို့ရပြီလို့ ပြောချင်တယ်”
ရှုရှင်း၏ စကားဆုံးသွားသည်နှင့် သူမက တံခါးကို သွားဖွင့်ပေးရန် အသင့်ပြင်ထားသည်။ ဧည့်သည်ကို နှင်လွှတ်သည့် လက္ခဏာဖြစ်သည်။
“ရှုရှင်း ငါတို့ ဒီနေ့ မင်းရဲ့ အိမ်ကို လာတာက ကုမ္ပဏီရဲ့ လည်ပတ်တဲ့ အရင်းအနှီးက အခုတလော ဒုက္ခများနေတယ်။ ရန်ပုံငွေ အကြီးကြီး ကွာဟနေတာ။ ငါတို့ ဒီကွာချက်ကိုသာ မဖြည့်နိုင်ဘူးဆိုရင် ကုမ္ပဏီက…ငါ့ကို အသုံးမကျလို့တော့ အပြစ်မတင်နဲ့။ ဒီကုမ္ပဏီက မင်းအဖိုးနဲ့ မင်းအဖေရဲ့ ကြိုးစားအားထုတ်ထားတဲ့ ရလဒ်ပဲလေ”
ရှုလျန်ကျွင်း၏ စကားများမှ သွယ်ဝိုက်သော အဓိပ္ပာယ်က အလွန်ရှင်းလင်းသည်။ ရှုလင်းက အရင်စပြီး ပိုက်ဆံပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။ သို့သော် ရှုရှင်း၏ အမူအရာက နည်းနည်းသာ ပြောင်းသွားသည်။ သို့သော် သူမပြောသော စကားလုံးများက သူထင်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
“ကြည့်ရတာ ရှင်က ကိုယ့်ကိုယ်ကိုယ် အသိစိတ်တော့ ရှိနေသေးတာပဲ။ ကျွန်မရဲ့ အဖိုးနဲ့ အဖေတို့ ကြိုးကြိုးစားစား ဦးဆောင်ခဲ့ပြီး ကောင်းမွန်လွန်းတဲ့ ကုမ္ပဏီက ရှင့်ရဲ့ ဦးဆောင်မှု အောက်မှာ ပြဿနာ တက်သွားတယ်။ ဆိုတော့ လူတွေရဲ့ ၏အိုင်ကျူက မွေးရာပါ ဖြစ်ပြီး ပြောင်းလို့ မရဘူးဆိုတာ မှန်ကန်ကြောင်း သက်သေပြတာပဲလေ”
ရှုလျန်ကျွင်းက ရှုရှင်း၏ စကားလုံးများကြောင့် သေအောင် ဒေါသထွက်သွားပြီးနောက်သို့ ပြန်လဲကျသွားသည်။ ထိုစကားလုံးများက သူ့ကို တုံးအသည်ဟု ခေါ်နေသည်။
“အစ်မကြီး ဘယ်လိုများ အဲ့ဒီလိုမျိုး ပြောလိုက်ရတာလဲ။ နင်…နင့်ရဲ့ ဆွေမျိုးတွေကို မလိုချင်တော့လို့လား”
ရှုဟိုင်ရန်က အခွင့်အရေးကို အရယူကာ စကားဝင်ပြောလာသည်။ ရင်းနှီးကျွမ်းဝင်သော ထေ့ငေါ့သံက ပါလာသည်။
“အာ…နင့်မှာ ဒီလောက်ထိ ပြင်းထန်သန်မာလွန်တဲ့ နားလည်နိုင်စွမ်းရည်ရှိတာကို ငါဘာလို့ သတိမထားမိခဲ့တာလဲ။ အခု မြင်ပြီဆိုတော့ ကျေးဇူးပြုပြီးထပ်မလာပါနဲ့တော့ ငါနင်တို့လို ကံဆိုးလွန်းတဲ့ ဆွေးမျိုးတွေကို မလိုချင်ပါဘူး”
ထေ့ငေါ့ချင်တယ်… ဘယ်သူက မလုပ်နိုင်လို့လဲ…ဟမ့်…
******