← Chapters

အခန်း ၈

Vol. 1 Ch. 8

အခန်း ၈

Vol. 1 Ch. 8

8 01

အပိုင်း (၈) အရင်တွဲပြီး နောက်ပိုင်းမှ ချစ်ရအောင်

သူမသည် ယခင်က ယန်မော့ကို ကျောင်းဖိုရမ်နှင့် မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်ထဲတွင် မြင်ဖူးခဲ့ပြီးသားဖြစ်သည်။ သို့သော် အစစ်အမှန်တွင် မြင်ရသလောက် မအံ့ဩခဲ့ရချေ။

ကျောင်းက ကောင်မလေး တဝက်ကျော်ကျော်လောက်က ယန်မော့ရဲ့ အမာခံ သစ္စာရှိ ပရိသတ်တွေ ဖြစ်နေတာ မအံ့ဩတော့ပါဘူး။ ဘယ်သူက ဒီလို လှပတဲ့ တိုက်ခိုက်သူမျိုးကို တွန်းလှန်နိုင်မှာလဲ။

အခြားသော သူများက မသိလောက်သော်လည်း ရှုရှင်းကမူ အမှန်တကယ်ကို တောင့်မထိန်းနိုင်ပေ။ သူက သုံးစက္ကန့်တည်းနှင့်တင် လုံးဝကို ဆွဲဆောင်ခံလိုက်ရသည်။

ယခုလို အနီးကပ် အလှအပ တိုက်ကွက်မျိုးကို ခံရသောအခါ ရှုရှင်း၏ ဦးနှောက်က လွတ်သွားပြီး ပါးစပ်ကလည်း ထိန်းချုပ်မှု လွတ်သွားသည်။

“စီနီယာ စီနီယာမှာ အခု ကောင်မလေး ရှိလားလို့ မေးပါရစေ”

ရုတ်တရက် တိုက်ရိုက်ကျသော မေးခွန်းကို ကြားလိုက်ရသောအခါ ယန်မော့ကပင် မှင်သက်သွားသည်။ နှုတ်ခမ်းကလည်း အသာ ကော့တက်သွားပြီး မျက်မှန်နောက်ကွယ်တွင် ဖုံးကွယ်နေသော မျက်ဝန်းက အလင်းတစ်ချက် လက်သွားသည်။ သို့သော် မြန်ဆန်လွန်းသဖြင့် မည်သူကမှ မဖမ်းမိလောက်ပေ။

“မရှိဘူး”

“ဆိုတော့ စီနီယာ ငါ့ကို ဘယ်လို ထင်လဲ။ ငါနဲ့အတူ ဆက်ဆံရေးတစ်ခုကို အတူ တည်ထောင်ဖို့ စဉ်းစားကြည်ပါလား”

ထိုသို့ပြောပြီးသည်နှင့် ရှုရှင်းကလည်း ယန်မော့၏ အမူအရာကို အကဲခတ်ရန်အလို့ငှာ တစ်ခဏခန့် ရပ်တန့်လိုက်သေးသည်။ တစ်ဖက်သူက ရွံရှာသွားပုံ မပေါက်ကြောင်း မြင်မှသာ ဆက်ပြောသည်။

“ငါတို့က အခုမှ တွေ့တာ အချင်းချင်းမ ရင်းနှီးကြဘူးပေမယ့်လည်း အရင်တွဲပြီးနောက်ပိုင်းမှ ခံစားချက်တွေကို တည်ဆောက်လို့ ရတာပဲ။ အခုနောက်ပိုင်း အရင်လက်ထပ် နောက်ပြီးမှ ချစ်ဆိုတာ ကျော်ကြားနေတာပဲ မဟုတ်ဘူးလား။ ငါတို့လည်း အရင်တွဲလို့ရတယ် နောက်ပြီးမှ ချစ်တာပေါ့”

ယန်မော့က စိတ်ဝင်စားမှု အပြည့်ဖြင့် မျက်ခုံးကို ပင့်လိုက်သေးသည်။ အခြားသော သူများအတွက်မူ အတင့်ရဲသော စကားလုံးများ ဖြစ်လောက်ကာ မျက်လုံးများ ပြူးလောက်သော်လည်း သူကပင် အမူအရာပင် မပြောင်းပေ။

ရှုရှင်းက ထိုစကားလုံးများကို ပြောပြီးမှသာ မည်သည့် စကားများကို ထုတ်ပြောလိုက်မိကြောင်း သတိရသွားသည်။ သို့သော် ပြောပြီးစကားကို ပြန်ရုတ်သိမ်း၍လည်း မရတော့ချေ။

အာ…သွားပြီ သွားပြီ… ဆက်ဆံရေးတွေကို အလေးအနက် မထားဘူးလို့ ထင်သွားခဲ့ရင် ဒုက္ခပဲ

ဒါဆိုရင် ဒီလောက် အရည်အသွေးမြင့်တဲ့ အလှလေး ယန်မော့ကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေး ဆုံးရှုံးသွားရတော့မယ်။

ရှုရှင်းကလည်း အံကိုသာ ကြိတ်ပြီးယန်မော့ကိုသာ စိုက်ကြည့်ကာ အဖြေကို စောင့်သည်။ သူမ နှလုံးသားကလည်း ရင်ဘတ်ထဲမှ ခုန်ထွက်တော့မလို ခံစားနေရသည်။

သူမ၏ နှလုံးသားက လည်မြိုနားသို့ ရောက်လာပြီးပါးစပ် အပြင်သို့ ထွက်တော့မည့် တစ်စက္ကန့်အလိုတွင်ပင် ယန်မော့က ထပြောသည်။

“ကောင်းပြီ ငါ သဘောတူတယ်”

အာ..အာ…..

8 02

မမျှော်လင့်ထားသော အဖြေက ရှုရှင်းကို အငိုက်ဖမ်းလိုက်သလို ဖြစ်သွားသည်။ သူမက အမူအရာကို မထိန်းချုပ်နိုင်ခဲ့ပေ။

“တင်”

ဓာတ်လှေကားတံခါးက ပွင့်သွားသည်။ ထိုသို့ဖြင့် ရှုရှင်းနေသော အထပ်သို့ ရောက်သွားလေသည်။

ရှုရှင်းက ဓာတ်လှေကားက မဆင်းသေးခင် တစ်ဖက်သူနှင့် ဖုန်းနံပါတ်ကိုခပ်မြန်မြန် လဲလိုက်ပြီးမှ တံခါးကို ဖွင့်ကာ အတွင်းထဲ သို့ ငေးငိုင်စွာ ဝင်သွားသည်။

အဖြစ်အပျက်က မြန်ဆန်လွန်းသည်။ ထို့အပြင် ရုတ်တရက် ဆန်လွန်းသဖြင့် မှော်ဆန်လွန်းသည်ဟုပင် ခံစားရသည်။ ရှုရှင်းကလည်း ဝေ့ရှင်းထံမှ fri request အသစ်တစ်ခုကို ရရှိမှသာ အသိစိတ်ပြန်ဝင်သွားသည်။

Fri request မှ မှတ်စုကလည်း ရိုးရှင်းကာ အကြမ်းထည်ဆန်သည်။ စကားလုံး တစ်လုံးတည်းသာ ဖြစ်သည်။ : ချစ်သူ ကောင်လေး

ထိုစကားလုံးများက ရှုရှင်း၏ မျက်လုံးကို သိမ်းပိုက်သွား၏။ ရုတ်တရက် ရောက်ရှိလာသော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုက သူမအား အသားကုန် အပျော်လွန်သွားစေသည်။

အိမ်၏ အသံလုံစနစ်က ထင်သလောက် မကောင်းသည့် အချက်ကို စဉ်းစားခြင်းအားဖြင့် သူမ၏ စိတ်ကို ထိန်းလိုက်သည်။ သို့ရာတွင် ရှုရှင်းအား ပျော်ရွှင်လွန်းသောကြောင့် ခုန်ပေါက်နေသည့် အခြေအနေကို မတားနိုင်ပါပေ။

Fri request ကို လက်ခံပြီးသည်နှင့် စာသစ်များကို ပို့နိုင်သွားပြီ ဖြစ်သည်။

Y : ချက်ချင်း လက်မခံတော့ နံပါတ်မှားသွားပြီလို့ ထင်တာ

မဘဲလေး : မမှား…မမှားပါဘူး

မဘဲလေး : ငါ အရမ်းပျော်သွားလို့ မယုံနိုင်ဘူး ဖြစ်နေတာ ဟီး ဟီး ဆိုတော့ နင်က ငါ့ရဲ့ ချစ်သူကောင်လေးလုပ်ဖို့ သဘောတူလိုက်တာလား

ယန်မော့က ဖုန်းကို စာကို ကြည့်ပြီး မျက်လုံးထဲတွင် အပြုံးက ပေါ်လာသည်။

Y: အရမ်းပျော်တာပဲလား

Y: မနက်ဖြန် မနက် ဘာအစီအစဉ်ရှိလဲ

မဘဲလေး : မရှိဘူး ဘာဖြစ်လို့လဲ

Y : မင်းပဲ ငါတို့ရဲ့ ဆက်ဆံရေးကို တိုးတက်အောင် လုပ်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား မနက်ဖြန် မနက် မနက်စာ အတူ စားရအောင် ခုနှစ်နာရီဆိုရလား

မဘဲလေး : ရတာပေါ့ ကောင်လေးရဲ့ အာ…မနက်ဖြန် မနက် ခုနှစ်နာရီ အောက်ထပ်မှာ တွေ့မယ်လေ

ယန်မော့က ဖုန်းကို ချလိုက်ပြီး အဝတ်အစားများကို ယူ၍ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။

သူ ဒီနေ့ ရှုရှင်းကို သဘောတူခဲ့သော အကြောင်းပြချက်က တစ်ခဏခတာ စိတ်လှုပ်ရှားခဲ့‌သောကြောင့် မဟုတ်ဘဲ တပ်မက်မှု၏ရလဒ် ဖြစ်လောက်သည်။ ရှုရှင်း၏ ပုံပန်းသွင်းပြင် အဖက်ဖက်တိုင်းက သူ့အကြိုက်ဖြစ်သည်။

သူသည်လည်း သာမာန်ပုံမှန်အမျိုးသား ဖြစ်သည်။ သူသည်လည်း ဘယ်သောအခါမှ တစ်ယောက်တည်းနေပြီး အရိုးထုတ်သွားရမည်ဟု မစီစဉ်ထားပါပေ။ သူ၏ ကိုယ်ပိုင် လက်တွဲဖော်ကို ရွေးချယ်ရာတွင်လည်း ကိုယ်ပိုင် စံချိန်စံနှုန်း ရှိသည်။

8 03

လက်စသတ်တော့ သူဒီလောက်အကြာကြီး ရည်းစား မထားဖြစ်တာက မှန်ကန်တဲ့သူ မတွေ့သေးလို့ကိုး။ သူသာ သဘောကျတဲ့သူကို တွေးမယ်ဆိုရင် လုံးဝ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။

ပျော်ရွှင်ကာ အေးဆေးပေါ့ပါးသော စိတ်အခြေအနေကလည်း မှန်ထဲမှ သူ့ကိုယ်သူ မြင်လိုက်ပြီး တစ်ခဏခန့် ရပ်တန့်သွားသည်။

သူမက ဘယ်လို ပုံရိပ်မျိုးလဲ။ ဆံပင်က ဖရိုဖရဲတွေကျပြီး ရှုပ်ပွနေတာပဲ… နောက်ပြီး ဒိုင်နိုဆောပုံစံ တစ်ဆက်တည်း ညဝတ်အင်္ကျီကလည်း ရူးကြောင်ကြောင်နဲ့ ချစ်ဖို့တော့ ကောင်းပေမယ့်လည်း အရမ်းဉာဏ်သိပ်မကောင်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်။

ငါ …ဒီ…ဒီလို ပုံစံမျိုးကို သုံးပြီး ရွှေ…ရွှေပေါင်လုံးကို ဖွင့်ပြောခဲ့တာလား။

ဘုရားရေ သွားပြီ မိုးကြိုးသာပစ်လိုက်ပါတော့။

ဆိုတော့ ဒါက သူ ယန်မော့ဆီမှာ ချန်ထားရစ်ချင်ခဲ့တဲ့ ပထမဦးဆုံး ထင်မြင်ချက်နဲ့ လုံးဝကိုကွာခြားနေတာပဲ။ လုံးဝပဲ လုံးဝပဲ…

အခုမှသာ သူမသည် မနေနိုင်ဘဲ စဉ်းစားမိသွားသည်။

ယန်မော့က ဘာလို့ ချက်ချင်း သဘောတူလိုက်တာလဲ။ သူမရဲ့ ပုံက အရမ်းကို တုံးအနေလို့ သူမကို စိတ်မပျက်စေချင်လို့ မနာကျင်စေချင်လို့ တွန့်ဆုတ်စွာနဲ့ သဘောတူလိုက်တာများလား။ မဟုတ်ဘူး အဲ့ဒီလို မရဘူးနော်။

မနက်ဖြန် မနက် ယန်မော့ရဲ့ အရှေ့မှာ လုံးဝကို ပြီးပြည်စုံတဲ့ နတ်မိမယ်လို ပုံစံမျိုးနဲ့ သွားပေါ်ရမယ်။

ရမယ် လုံးဝရမယ်။

အမှန်တရားက ရက်စက်တယ်။

ရှုရှင်းက နောက်ကျသည်အထိ နေပြီး အဝတ်စားများကို ရွေးပြီးနောက် အအိပ်လွန်သွားသည်။ ဖုန်းက alarm မြည်သည့်တိုင်အောင် မနိုးပေ။ ယန်မော့က တံခါးကိုလည်း လာခေါက်သည်။ တုံ့ပြန်သံကိုလည်း မကြားရပေ။ သူက နှစ်ခေါက်ခန့် တောက်လျှောက်ခေါက်ပြီးမှသာ နိုးလာသည်။

သူမက နိုးလာပြီးနောက် ငေးငိုင်ကာ ဖုန်းကို ကောက်ကိုင်ပြီးနောက်ယန်မော့၏ အသံကို ကြားသည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် ကောင်းကင်မှ မိုးကြိုးက ရှုရှင်း၏ ခေါင်းကို တိုက်ရိုက်ထိမှန်သွားပြီး နေရာတွင်ပင် တောင့်တင်းကာ သေသွားသည်။

သူမက ဖိနပ်ပါးကိုပင် မစီးဘဲ အိပ်ယာထဲမှ အပြေးအလွှားထပြီး အိမ်တံခါးကို သွားဖွင့်လိုက်သောအခါ အပြင်ဖက်တွင် အားကစားဝတ်စုံဝတ်ထားသည့် သူမ၏ ချစ်သူကောင်လေး အသစ်စက်စက်လေးက လေ့ကျင့်ခန်းလုပ်ပြီး ပြန်ရောက်လာကာ စောင့်ဆိုင်းနေကြောင်း မြင်ရသည်။

“တောင်းပန်ပါတယ် ငါ…အိပ်…အိပ်ပျော်သွားတာ”

ရှုရှင်းက ယန်မော့ကို ကြည့်ပြီး သူမ၏ ပျင်းရိမှုအတွက် အလွန့်အလွန်ကိုရှက်သွားသည်။ သူမက ခေါင်းကို ငုံ့လိုက်ပြီး ယန်မော့ကို မကြည့်ရဲတော့ပေ။

သူမက သူ့ကို ဒိတ်လုပ်မယ်လို့ အရင်စပြောခဲ့တာ နောက်ပြီး ပထမဦးဆုံး ဒိတ်မှာတောင် အိပ်ပျော်သွားတယ် ဒါက လုံးဝကို ခွင့်လွှတ်လို့ မရဘူး။

ဘာလို့ ဒီလို အရာမျိုးတွေပဲ ဖြစ်လာနေတာလဲ ဝူးးးး…

ဘယ်လိုလုပ်ရမလဲ။

ငါ့ရဲ့ချစ်သူ ကောင်လေးက ရတာမှ မကြာသေးဘူး။ ပူတောင် မပူသေးဘူး ထွက်သွားတော့မယ်။

8 04

“ရပါတယ် ဖိနပ်အရင်စီးလိုက်အုံး ခြေဗလာနဲ့ ဒီအတိုင်း ရပ်နေတာ အအေးမိလိမ့်မယ်”

သူ၏ အရှေ့တွင် ခေါင်းငိုက်စိုက်ချထားသော သနားစရာ ကောင်မလေးကို မြင်သောအခါ ယန်မော့ကပင် လက်ကို မြောက်ပြီး ရူးကြောင်ကြောင် ဆံပင်မွှေးလေးများကို ပွတ်ပေးလိုက်သည်။

ချစ်စရာကောင်းလွန်းလို့ ဒေါသတောင် မထွက်ရက်ဘူး။

သူ့ရဲ့ရင်ခွင်ထဲမှာပဲ ဆွဲပွေ့ဖက်ထားပြီး အသာလေးပဲ ပွတ်ပေးချင်တာ။

ဒါပေမဲ့ အခုက အချိန်မကျသေးဘူး။ လူကို ခြောက်မိလိမ့်မယ်။

ယန်မော့က သူ၏ညာလက်ချောင်းအချင်းချင်းကို ဖိပွတ်လိုက်ပြီး လက်ကို ပြန်ရုတ်လိုက်သည်။ သူ၏ နှလုံးသားထဲမှ မိုက်ရူးရဲဆန်သည့် စိတ်ကို ဖိနှိပ်လိုက်ပြီး သက်တောင့်သက်သာ ရှိစွာ အိမ်ထဲသို့ ဝင်၍ အနောက်ဖက်မှ တံခါးကို ပိတ်လိုက်သည်။

သူမ၏ ချစ်သူကောင်လေးက ဒေါသမထွက်ကြောင်း မြင်သောအခါ ရှုရှင်းကလည်း ပျော်ရွှင်စွာနှင့် ခုန်ပေါက်ကာ အိမ်ထဲသို့ ပြန်ပြေးဝင်ပြီး ဖိနပ်သွားဝတ်သည်။ ထို့နောက် မျက်နှာသွားသစ်သည်။

ဆယ့်နှစ်နာရီတောင် မကြာသေးဘူး။ ယန်မော့က သူမရဲ့ မကျော့ရှင်းတဲ့ပုံစံကို နှစ်ကြိမ်တောင် မြင်လိုက်တယ်… ရှုရှင်းကမူ ရုန်းကန်မှုကို လက်လျော့လိုက်ပြီး မြေပြင်ပေါ်သို့ပင် ဖုတ်ကနဲ လဲကျ ပစ်ချင်သွားသည်။

ကြိုက်တဲ့သူကိုသာ သွားချစ်ပါတော့

ငါကတော့ ဒီဘဝမှာ ချုပ်ထိန်းမှု ကင်းမဲ့တဲ့ အချစ်လွတ်လပ်တဲ့ ဇုန်ထဲကို ဝင်သွားပြီ။

ရှုရှင်းက စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ပြည့်နေသည်။ သို့သော် ခန္ဓာကိုယ်ကမူ အလွန်ရိုးသားသည်။ သူမသည် အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် မြန်မြန်ဆန်ဆန် ပြင်ဆင်နေခဲ့ပြီး အဝတ်အစားကို မနေ့ကကတည်းက ကြိုတင်ရွေးချယ်ထားသော အဝတ်အစားကို ကောက်လဲသည်။

******

All Chapters