အခန်း ၁၀
Vol. 1 Ch. 10
10 01
အပိုင်း (၁၀)
“အခု ဘာြဖစ်သွားလဲ လို့ မမေးနဲ့နော် နောက်ပြီး ရယ်လည်း မရယ်နဲ့”
ရှုရှင်းက ယန်မော့ မေးခွန်းထုတ်လာမည်ကို ကြောက်သောကြောင့် ချက်ချင်း ပြောလိုက်သည်။
“ကောင်းပါပြီ လာ မနက်စာစားမယ်”
ယန်မော့က အလိုလိုက်သလို ပြုံးရယ်နေလေသည်။
သူသည် မေးမြန်းရန် မလိုအပ်ပါပေ။ ရှုရှင်းက သူ့ကို မြင်မြင်ချင်း မျက်နှာက နီရဲသွားခဲ့သောကြောင့် မနေ့ညက အနမ်းကြောင့်ဖြစ်ရမည်ဟု သိလိုက်သည်။
ယန်မော့ယူလာသော မနက်စာက ထမင်းစားစားပွဲပေါ်တွင် တင်ထားပြီးသား ဖြစ်သည်။ သူတို့သည် အတူရှိချိန် သိပ်မများသေးပါပေ။ သို့သော် နှစ်ယောက်အတူ ရှိနေသည်နှင့် လေထုက အလိုလျောက်ပင် နွေးထွေးကာ သဟဇာတ ဖြစ်သည်။ မည်သည့် ဘက်ကမှ စကားမပြောဘဲ ကိုယ့်ကိစ္စကိုယ် လုပ်နေမည် ဆိုလျှင်ပင် ကိုးရိုးကားရား ဖြစ်မနေပေ။
ယန်မော့နှင့် ရှုရှင်းတို့က မိန်းကလေး အဆောင်အောက်ထပ်တွင် အတူပေါ်လာသောအခါ ကျောင်း၏ တဝက်ကျော်ကျော် နီးပါးလှုပ်ခတ်သွားသေးသည်။
တစ်နာရီတည်းနှင့်တင် ကျောင်းဖိုရမ်တင်ဘုတ် ဝေ့ပေါ်ပေါ်တွင် အမျိုးမျိုးသော ဆွေးနွေးမှုများ ပြည့်နှက်သွားလေသည်။
ထိုအတင်းအဖျင်း၏ အဓိက ဇာတ်လိုက်ကမူ ကန်တင်း၏ လူရှင်းသော ထောင့်တစ်နေရာတွင် ထိုင်ကာ နေ့လည်စာ အတူ စားနေကြသည်။
အကြောင်းပြချက်ကမူ ရှုရှင်း၏ ပြောစကားအရ ယန်မော့ကသာ ကန်တင်းတွင် နေ့လည်စာစားမည်ဆိုလျှင် ထိုကန်တင်းက သူ၏ စိတ်နေသဘောထားနှင့် မလိုက်ဖက်ဟု ခံစားရသည်ဟု ဆိုသည်။ ယန်မော့က သူ၏ ရူးကြောင်ကြောင် ကောင်မလေးကို ကြည့်လိုက်သည်။ ဒီနေ့တွင် ကန်တင်းတွင် လာစားရန် ဆုံးဖြတ်လိုက်ရသည်။
ထိုသို့ဖြင့် ယန်မော့က သူမအား ကန်တင်းသို့ ခေါ်သွားသည့် အချိန်တွင် သူမက စားစရာကို ကိုယ်တိုင်သွားယူသည့် အချိန်၊ ပြန်လာထိုင်သည့်အချိန်.. ရှုရှင်းသည် ဖြစ်စဉ် တစ်ခုလုံးကို တောက်လျှောက်ကြည့်နေခဲ့သည်။
အာ…သူမရဲ့ ကောင်လေးက လုံးဝကို နှစ်နှစ်ခြိုက်ခြိုက် ရှိလိုက်တာ။
မနာခံမှု နည်းနည်းလေးတောင် မမြင်ရဘူး။
ဒီနေ့က ငါ့ကောင်လေးရဲ့ အကျင့်စရိုက်အသစ်ကို ရှာတွေ့တဲ့ နေ့ရက်အသစ်ပဲ။
“ယန်မော့ ကြည့် အခု တစ်ကျောင်းလုံးကလည်း နင့်မှာ ကောင်မလေး ရှိတာ သိသွားပြီ။ ဒါကြောင့် အနာဂတ်မှာ နင့်ရဲ့ ဘေးမှာ ငါမရှိရင်တောင်မှ အခြားကောင်မလေးတွေနဲ့ အကွာအဝေးခြားပြီး နေရမယ်။ အပြုအမူတွေကို သတိထားရမယ်သိလား”
ရှုရှင်းက ဆွေးနွေးမှု ပိုစ့်တစ်ခုအား ယန်မော့၏ အရှေ့သို့ ထိုးပြရင်း ပြောလိုက်သည်။
“ကောင်းပါပြီ ကောင်းပါပြီ ငါသူတို့နဲ့ ငါးမီတာလောက် အကွာအဝေးခြားပြီးနေမယ်။ အရင်စားလိုက်အုံး။ ဖုန်းမကြည့်နေနဲ့တော့ အစာမကြေဘဲနဲ့ ဗိုက်အောင့်နေလိမ့်အုံးမယ်”
ဖုန်းပါ အကြောင်းအရာကို တစ်ချက် ကြည့်ပြီးသည်နှင့် ယန်မော့ကလည်း ရှုရှင်း၏ စကားများကို ရယ်သည်။ သူရဲ့ ဒီပေါင်ပေ့ကို ဘာတတ်နိုင်မှာလဲ အလိုလိုက်ရုံပေါ့။
ယန်မော့ကလည်း အင်တာနက်ပေါ်မှာ အကြောင်းအရာများကို အထူးတလည် အာရုံစိုက်လေ့ မရှိပေ။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေး၏ ပျံ့နှံ့မှုကိုလည်း လက်ခံထားသည့် အရိပ်အမြွက်ကို ပြထားသည်။
ရှုရှင်းက ပိုင်ဆိုင်မှုကို ကြုံးဝါးရုံသားမကသေးလေဘဲ သူသည်လည်း ကြေညာချင်နေသည်။
သူ့ကောင်မလေးက သူ့ကို ကျော်ကြားတယ် ဆိုတာပဲ တွေးနေတာ သူမမှာလည်း ပိုးပန်းသူ အများကြီးရှိတာကို လုံးဝမေ့နေတာပဲ။
ယန်မော့သည်လည်း ရှုရှင်း၏သူ့အပေါ် ပိုင်စိုးလိုစိတ်နှင့်ပိုင်ဆိုင်ကြောင်း ကြွားဝါပြချင်စိတ်ကို အလွန်အမင်း ကျေနပ်သည်။
အမှန်တကယ် အချိန်အတွင်းတွင်ပင် satificateတစ်ခုက အဆုံးသတ်သွားသည်။ ရှုရှင်းက လွဲပြောင်းယူထားသော စူပါမားကတ်နှင့် ဆေးဆိုင်ကလည်း ပုံမှန်အတိုင်းလည်ပတ်နေခဲ့၏။ ရှုရှင်းငှားထားသည့် ပညာရှင်အဆင့် တာဝန်ခံကလည်း ရှုရှင်းပေးထားသော မြင့်မားသော လခနှင့် ထိုက်တန်အောင် အလုပ်လုပ်ပေးသည်။
10 02
စူပါမားကတ်စီးပွားရေးက မြို့လည်ခေါင် နေရာလောက်မကောင်းသလို လူနေရပ်ကွက်များလောက် မကောင်းမွန်သည့်တိုင်အောင် မည်သည့် အရှုံးမှ မရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နိုင်လေသည်။
ရှုရှင်းက စူပါမားကတ်နှင့် ဆေးဆိုင်တို့ကမှ ပစ္စည်းမှာယူသည့် အချိန်တိုင်းလိုလို ပစ္စည်း၏ သုံးပုံတစ်ပုံခန့်ကို ကိုယ်တိုင်ယူထားတတ်ကြောင်း သိလိုက်ပြီးနောက် သူမက မည်သည့် မေးခွန်းမှ မမေးသည့်အပြင် ပစ္စည်းများကိုပင် ပိုပိုအောင် ထည့်ထားပေးတတ်သည်။ သူတို့၏ လုပ်ငန်းခွင်မှ အကြီးမားဆုံးသော တားမြစ်ကန့်သတ်ချက်မှ သူဌေးမိသားစုမှ လျှို့ဝှက်ချက်များကို သိကျွမ်းခြင်း ဖြစ်သည်။
ယခင်ကတည်းက သိုလှောင်အိမ်ထဲမှ ပစ္စည်းများက ပုံမှန်ထက် ပိုများနေကြောင်း စသိခဲ့ချိန်မှ စတင်ပြီးနောက်ပိုင်းတွင်လည်း မည်သူကမှလည်း ဘာကိုမှ မမေးမြန်းကြပေ။ ဒါက သူတို့နှစ်ယောက်အကြားမှ အပြန်အလှန်နားလည်မှုကဲ့သို့ ဖြစ်သွားသည်။
ဒုတိယ နှစ်ဝက်တွင် ပွဲတော် အတော်လေးများသည်။ ထို့ကြောင့် ရှုရှင်းကလည်း ဒီကောင်းမွန်သော အခွင့်အရေးကို လက်လွတ်မခံတော့ချေ။ ထိုသို့ဖြင့် ရာသီစာပစ္စည်းများအားလုံးကိုလည်း အရဝယ်သည်။ ပွဲတော်မှ ပစ္စည်းများကိုလည်း ဝယ်သည်။ ပစ္စည်းအများစုကိုမူ ဝန်ထမ်းများအတွက် အကျိုးအမြတ်ပေးရန် ဆိုသော ခေါင်းစဉ်ကို ချေးငှားယူခြင်း၊ တစ်ခါတစ်ရံတွင်လည်း ကုမ္ပဏီမှ ဝန်ထမ်းများအတွက် လက်ဆောင်ပေးရန် စသဖြင့် အမျိုးမျိုးသော အကြောင်းပြချက်ပြကာ အမြောက်အများ ဝယ်ယူလေသည်။
အကြောင်းပြချက်ပေးရုံတွင် မဟုတ်ပေ။ ဝန်ထမ်းများကိုလည်း အမှန်တကယ် ခွဲဝေပေးသည်။
ပေးသောပစ္စည်းအများစုကလည်း အလုံပိတ်ဆန်အိတ် ခေါက်ဆွဲဗူး ခေါက်ဆွဲထုပ်၊ ဆီနှင့် အခြားသော တာရှည်ခံ ပစ္စည်းများသာလျှင် ဖြစ်သည်။ ပစ္စည်းများကို မထိထားသေးသမျှ အချိန်တန်ကြာအောင် ထိန်းထားနိုင်သည်။
ထိုအကြောင်းပြချက်များကြောင့်လည်း ပြင်ဆင်ထားပြီးသာ ပမာဏ အမြောက်အများကို ခပ်အေးအေးသွားမှာနိုင်ခြင်း ဖြစ်သည်။
ရှုရှင်းသည် ကြားရက်များတွင် အတန်းတက်ရသည်။ ထို့ကြောင့် ဝန်ထမ်းများကို ခွဲဝေပေးမည့် စားစရာများကိုလည်း စူပါမားကတ်နှင့် ဆေးဆိုင်များသို့သာ တိုက်ရိုက်ပို့လိုက်သည်။ သူမအတွက်သီးသန့် ဖယ်ထားသော စားစရာများကိုမူ အိမ်သို့ ကားဖြင့် လာပို့်ခိုင်းလိုက်သည်။
အချို့သောသူများ၏ သံသယကို ဖယ်ရှားနိုင်ရန် အလို့ငှာ စူပါမားကတ်နှင့် ဆေးဆိုင်သို့လည်း ပစ္စည်းများကို တိုက်ရိုက်ပို့ခိုင်းတတ်သေးသည်။
ရှုရှင်း၏ အချိန်တိုင်းလိုလို ဈေးဝယ်နေသောအ ခြေအနေကြောင့် ဖြစ်လောက်သည်။ ရှုရှင်း၏ နေရာလပ်နယ်မြေက အသင့်ပြင်ဆင်ချက်ပြုတ်ပြီးသား စားစရာ အမြောက်အများ၊ အပူပေးရုံနှင့် စားသောက်နိုင်သော ဟော့ပေါ့များ၊ အမျိုးမျိုးသောအရသာများရှိသော ထမင်းဗူများ ဘရမ်းအမျိုးမျိုးသော အသင့်စား သူမ အကြိုက်ဆုံးသော စားစရာ အဆာပြေမုန့်များ အခွံမာ သစ်သီးများ သရေစာများ ချောကလက် energy bar ဘီစကစ် စသဖြင့် အမျိုးအစား စုံလင်နေပြီ ဖြစ်သည်။
မည်သူမှ မရှိသည့်အ ချိန်တွင်လည်း သူမက ကောင်းကောင်းစားနိုင်သည်။ သို့သော် သူမက အခြားသူများ၏ အရှေ့တွင် ဆိုလျှင်မူ ဖုံးကွယ်ရန် လိုအပ်လေသည်။
သူမသည်လည်း ကြွယ်ဝမှုကို မကြွားပြရဆိုသော ခေါင်းစဉ်ကို ကောင်းကောင်းနားလည်သည်။ ရှုရှင်းနှင့် ယန်မော့၏ အကြားမှ ဆက်ဆံရေးက ကောင်းမွန်စွာ တိုးတက်လာသည်။ တစ်ယောက်က တစ်ယောက်ကို ဖားချင်သလို အခြားတစ်ယောက်ကမူ သားကောင်အား ထောင်ချောက်ထဲတွင်သာ ဖမ်းထားချင်နေသည်။
ထိုသို့ဖြင့် နှစ်ယောက်လုံးကလည်း သူတို့၏ နှလုံးသားကို ရည်ရွယ်ချက် ရှိရှိဖြင့် ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲ မမျှော်လင့်ထား၍ ဖြစ်စေ ဖွင့်မိခြင်းအားဖြင့် သူတို့၏ ဆက်ဆံရေးကလည်း အရှိန်တက်လာပုံရသည်။ ရှုရှင်း၏ ယန်မော့အပေါ် ယုံကြည်မှုက တဖြည်းဖြည်းနက်ရှိုင်းလာသည်။
သူတို့နှစ်ယောက်က နှစ်သစ်ကူးကို အတူတကွ ဆင်နွဲသည့် ရက်တွင်ပင် ရှုရှင်းဟာ ယန်မော့အား ကမ္ဘာ့အဆုံးသတ်ကာလ အကြောင်း ထုတ်ပြောရန် ဆုံးဖြတ်လိုက်သည်။
နှစ်သစ်ကူးနေ့ မီးပန်းများက ပြီးဆုံးသွားပြီးကာစ ဖြစ်သည်။ ကျန်နေသော ကြယ်ပွင့်များကလည်း မီးပန်းဟာ မည်မျှလှပကြောင်း ဖော်ပြနေသေးသည်။
“တကယ်တော့ ငါနင့်ဆီကနေ အမြဲတမ်း ဖုံးကွယ်ထားတဲ့ကိစ္စတစ်ခုရှိတယ်”
10 03
ရှုရှင်းက ခေါင်းကို ပြန်လှည့်ပြီး မီးပန်းများ ကြည့်ပြီးကာစ ယန်မော့ကို ကြည့်လိုက်သည်။
“ငါသိတယ်”
ယန်မော့ကလည်း ခေါင်းကို ပြန်လှည့်ပြီး ရှုရှင်း၏ မျက်လုံးကို စိုက်ကြည့်သည်။
သူ၏ ကိုယ်ပိုင်ပေါင်ပေ့ကိုသာ တစ်ရာရာခိုင်နှုန်း အပြည့် အာရုံစိုက်ခဲ့သော ယန်မော့ကလည်း ရှုရှင်းက သူ့အား တစ်စုံတစ်ရာကို ဖုံးကွယ်ထားမှန်းသိထားပြီးသား ဖြစ်သည်။ သူမသည် အပတ်တိုင်းလိုလို တစ်ရက်တစ်ရက်စီ ပုံမှန် တစ်ယောက်တည်း ထွက်သွားတတ်သည်။ မည်သူ့ကိုမှလည်း လိုက်ပါခွင့်မပြုပေ။ သူသည်လည်း သူမနောက်သို့ ခိုးပြီးလိုက်ခိုင်းကြည့်နိုင်သည်။ သို့သော် မလုပ်ခဲ့ပါပေ။
ရှုရှင်းက သူမ၏ ကိုယ်ပိုင်လျှို့ဝှက်ချက်ကို ကိုယ်တိုင်ထုတ်ပြောလာမည့်အချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ ကိုယ်တိုင်သိရှိရန်ကြိုးစားခြင်းနှင့်ဖွင့်ပြောခံလာရခြင်းက အခြေအနေမတူသော အဓိပ္ပာယ်မျိုးရှိသည်။
“အင်း နင်က အရမ်း ဉာဏ်ကောင်းတယ်လေ”
ယန်မော့၏ နက်ရှိုင်းကာ ညင်သာသော အကြည့်ကို မြင်ရသောအခါ ရှုရှင်းက စိတ်အေးသွားသည်။
“လွန်ခဲ့တဲ့ နှစ်ဝက်လောက်လုံးက ငါ့ရဲ့မိဘတွေ သေသွားပြီးတဲ့ နောက်ပိုင်းမှာ ငါ ခုနှစ်ရက်ဆက်တိုက် အိပ်မက်မက်တယ်။ အိပ်မက်ပါ အကြောင်းအရာတွေက အပြင်မှာဖြစ်လာနဲ့ အရမ်းတူလွန်းလို့ ငါ ထိတ်လန့်ပြီး ကြောက်ခဲ့ရတယ်”
“နောက်ပိုင်းမှာ ဒီကိစ္စတွေက ပိုပိုပြီး ပီသပြီး မှန်လာတယ်။ ဒါကြောင့် ငါ တစ်ခုချင်းစီကို အတည်ပြုနိုင်ခဲ့တယ်။ အတည်ပြုပြီးတဲ့ နောက်မှာ တစ်စုံတစ်ရာက မှားတာကို သိလိုက်တယ်။ အဲဒီအိပ်မက်တွေက အိပ်မက်တွေတင် မဟုတ်ဘူး အနာဂတ်ကို ခန့်မှန်းနိုင်သလိုပဲ။”
ယန်မော့က မျက်မှောင် အသာကြုတ်သည်။ သို့သော် ရှုရှင်း၏ စကားကို ဖြတ်မပြောပေ။ သူသည် တိတ်တဆိတ်သာ နားထောင်ပေးသည်။
“အိပ်မက်ထဲမှာ ငါတို့ရဲ့ လောကက ကမ္ဘာ့အဆုံးသတ် ကာလထဲကို ဝင်ရောက်သွားတယ်။ သည်းထန်တဲ့ မိုးကအရင်ဦးဆုံး စရွာတဲ့အချိန်မှာ ဘယ်သူကမှ အလေးအနက် မထားသေးဘူး လူတိုင်းကလည်း ဒီအတိုင်း သိပ်မကြာခင် ရက်မကြာခင် ရပ်သွားလိမ့်မယ်လို့ ထင်နေတာ။ အဲဒီနောက် လဝက်ကျော်ကျော်လောက် ရွာပြီးနောက် မတိတ်တော့မှပဲ တစ်စုံတစ်ရာက မှားနေမှန်းသတိထားမိကြတယ်”
“မိုးက သုံးလကျော်ကျော်တောင် ရွာတာ အဆောက်အအုံ့အများစုက ရေတက်တယ် စားစရာတွေအားလုံးကလည်း ရေတွေ စိုရွဲပြီး မျောပါကုန်တာတွေက များတယ်။ လူတွေက မိုးတိတ်သွားလို့ အောင်ပွဲ မခံနိုင်ခင်မှာတင် အဲဒီညမှာတင် အပူချိန်က ခပ်မြန်မြန်ပဲ ထိုးကျသွားတယ်။ မြန်ဆန်လွန်းလို့ သိပ်မကြာခင်မှာတင် အနှုတ် သုံးဆယ် ဒီဂရီ ကျော်သွားတယ်။ နောက်ပြီး ထပ်ကျနေတုန်းပဲ”
“အနှုတ်ငါးဆယ်လောက်အထိ ကျသွားတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ခြောက်ခြားဖွယ်တိတ်ဆိတ်သွားတယ်။ ဒါပေမဲ့ အဲဒီ ကပ်ဘေးက မပြီးသေးဘူး လွန်ကဲလွန်တဲ့ အအေးရဲ့ လေးလလောက် ကျော်သွားပြီးတဲ့ နောက်မှာ စောင့်ဆိုင်းနေတာက လွန်ကဲလွန်းတဲ့ မြင့်မားတဲ့ အပူချိန်၊ နောက်ပြီး လွန်ကဲလွန်းတဲ့ မြင်မားတဲ့ အပူချိန်အဆုံးသတ်မှာ ရောက်ရှိလာတာက ဇွန်ဘီ ဗိုင်းရပ်ပြန့်နှံ့တာပဲ”
“အားလုံးကလည်း စနစ်တကျ မရှိတော့ဘူး။ အခြေအနေတွေ အားလုံးကလည်း ပြိုကျကုန်တယ်။ ကမ္ဘာအဆုံးသတ်ကာလက လူမျိုးစုကို ပြန်လည် တည်ထောင်တယ်။ ရှင်သန်ဖို့ကြိုးစားကြရင်းနဲ့ အဲ့ဒီကာလမှ ကျင့်သားရလာကြတယ်။ လူတွေ တိရစ္ဆာန်တွေ အပင်တွေ အားလုံးကလည်း ဒီလောကနဲ့ ကျင့်သားရလာဖို့ ဆင့်ကဲပြောင်းလဲလာကြတယ်”
******