အခန်း ၁၁
Vol. 2 Ch. 11
11 01
အပိုင်း (၁၁) ယုံကြည်အားကိုးမှုနဲ့ ဂရုစိုက်မှု
တစ်ခန်းလုံးက တိတ်သွားသည်။
ရှုရှင်းပြောသောစကားက အမှန်တကယ် အံ့ဩစရာ ကောင်းသည်။ ထိုစကားများကသာ မှန်ကန်နေခဲ့ပါက ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားမည်ကို ကြောက်ရသည်။
ရှုရှင်းကလည်း သူမ စာအုပ်ထဲမှ တဆင့် သိထားသမျှ အရာအားလုံးကို အိပ်မက်အဖြစ် ပြောင်းမြင်ကြောင်း ပြောပြခဲ့ပြီးသား ဖြစ်သည်။ စာအုပ်ထဲသို့ ဝိဉာဉ်ကူးပြောင်းလာသည့် ကိစ္စကမူ ပို၍သာ လက်မခံနိုင်ချင်စရာ ကောင်းလေသည်။
သူမသည်လည်း သူတို့ ယခုနေထိုင်နေသော လောကကြီးက စာအုပ်တစ်အုပ် ဖြစ်သည့် အကြောင်းအရာအား မည်သူကမှ လက်ခံနိုင်မည်မဟုတ်ဟု ယုံကြည်သည်။ ပို၍ လက်မခံနိုင်စရာ ကောင်းသည်မှာ မွေးဖွားချိန်ကတည်းက တစ်စုံတစ်ယောက်ဟာ ကံကြမ္မာကို ကြိုးကိုင်ထားသည်ဆိုသောအချက် ဖြစ်သည်။
“ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား။ ငါလည်း အစက မယုံချင်ပါဘူး။ ဒါပေမဲ့ ငါ့ရဲ့အိပ်မက်ထဲက နည်းလမ်းအတိုင်း ငါ နေရာလပ် နယ်မြေကို ဖွင့်ကြည့်ပြီးမှ ယုံလိုက်တာ”
ယန်မော့၏ အရှေ့တွင် ရှုရှင်းက လက်ကို ယမ်းလိုက်သည်။ ထိုအခါမှ စားပွဲပေါ်မှ ကော်ဖီခွက်က နေရာလပ် နယ်မြေထဲရောက်သွားသည်။
ခွက်ပျောက်သွားခြင်းက သိပ္ပံနည်းပညာနှင့် ဖြေရှင်း၍ မရသောအချက် ဖြစ်ပြီး ယန်မော့၏ ယခင် အနှစ်နှစ်ဆယ်အတွင်းမှ နားလည်ထားသမျှ အခြေအနေကို ကျော်လွန်သွားသည်။
ယန်မော့၏ခိုင်မာသော အကျိုးအကြောင်းသိစိတ်မျိုးက သူ့အား ကမ္ဘာအဆုံးသတ်ကြီးက သိသာထင်ရှားစွာ ရောက်ရှိလာမည့်အရေးကို တဖြည်းဖြည်းလက်ခံနိုင်သွားစေသည်။ ဦးနှောက်ကလည်း တဖြည်းဖြည်းတည်ငြိမ်သွားသည်။
“မင်းရဲ့ အိပ်မက်ထဲမှာ ကမ္ဘာကပ်ဘေးက ဘယ်အချိန်စတာလဲ”
အတွေးများကို တည်ငြိမ်အောင် ထိန်းပြီးသည်နှင့် ယန်မော့က ဒီညအတွက် ပထမဦးဆုံး မေးခွန်းကို စမေးသည်။
“ငါ့ရဲ့ အိပ်မက်ထဲမှာတော့ နေ့စွဲ အတိအကျ မသိရဘူး။ ဒါပေမဲ့ ဒီနှစ်ရဲ့ ဂျွန်အဆုံး ဒါမှမဟုတ်ရင် ဂျူလိုင်အစမျိုး ထင်တယ် ပထမဦးဆုံး မိုးရွာတဲ့အချိန်ပဲ”
“မင်းဆိုလိုတာက ငါတို့ ပြင်ဆင်ဖို့ ခြောက်လလောက် အချိန်ရသေးတယ်တော့ ဆိုတော့ အချိန်အများကြီးပါ။ မင်းအရင်က ဘာတွေ စုဆောင်းထားလဲ။ မင်းရဲ့ နေရာလပ် နယ်မြေက ဘယ်လောက်များများ သိုလှောင်နိုင်လဲ”
အချိန်တိုအတွင်းတွင်ပင် ယန်မော့က စိတ်ထဲတွင် အကြံစည်ပေါင်းများစွာကို ထုတ်လိုက်နိုင်သည်။
“ငါစုဆောင်းထားတဲ့ ပစ္စည်းစာရင်းကို လုပ်ထားပြီးသား။ ငါနင့်ကို ခဏနေပြမယ်လေ။ နေရာလပ်နယ်မြေရဲ့ ပထမ ထပ်က တဝက်လောက်ကိုတောင် သုံးရသေးတာ မဟုတ်ဘူး။ နေရာအများကြီးကျန်သေးတယ်။ တကယ်လို့သာ ပစ္စည်းအများကြီးဆိုရင်လည်း တမင်တကာ လတ်လတ်ဆတ်ဆတ် သိမ်းထားစရာ မလိုသမျှ ဒုတိယထပ်ကို ရွေ့ထားလို့ရတယ်”
ယန်မော့ထံမှ ပဟေဠိဖြစ်နေသော အမူအရာကို ခံစားမိသည့် ရှုရှင်းကလည်း ရုတ်တရက် စိတ်အေးသွားသလို ခံစားရသည်။ ကြည့်ရသည်မှာ သူမသည်လည်း ယန်မော့အား သူမ၏ နေရာလပ် နယ်မြေ၏ပုံစံကို ပြောပြရပေမည်။
“ငါ့ရဲ့ နေရာလပ်နယ်မြေက သုံးထပ်ရှိတာ။ ပထမ တစ်ထပ်က ဘောလုံးကွင်း ဆယ်ကွင်းစာလောက်ရှိတယ်။ အချိန်ကလည်း မပြောင်းလဲဘူး။ ဒုတိယထပ်ကတော့ တိရစ္ဆာန်တွေကိုပါ မွေးမြူလို့ရတယ်။ ငါ အဲဒီမှာ ဝက်၊ဘဲ၊ ကျွဲ၊ နွား၊ သိုး၊ ယုန် စသဖြင့် မွေးထားပြီးပြီ။ နောက်ပြီး သစ်သီးပင်တွေလည်း အများကြီး စိုက်ထားတယ်။ ဒါပေမဲ့ တစ်ခုတည်းသော မကောင်းတဲ့အချက်က အခြားအရွက်ပင်တွေ စပါးတွေ မစိုက်နိုင်တာပဲ။ တတိယထပ်ကတော့ ပစ္စည်းတွေ သိုလှောင်တာ မဟုတ်ဘူး။ အဲဒီမှာ ကမ္ဘာကပ်ဘေးမဟာ နည်းပညာမြင့် လုံခြုံရေးအခြေစိုက်စခန်း တည်ထားတာ”
11 02
ရှုရှင်းသည်လည်း အနာဂတ်တွင် ယန်မော့၏ နောက်သို့ သေချာပေါက် လိုက်မည် ဖြစ်ကြောင်း အလွန်သေချာနေခဲ့ပြီးသား ဖြစ်သည်။ ထိုသို့ အပြန်အလှန်ယုံကြည်မှုမျိးက အရေးအကြီးဆုံး ကိစ္စဖြစ်သည်။ အမှန်တရားကို ဖုံးကွယ်ထားခြင်းက သူတို့နှစ်ယောက်အကြားမှ နားလည်လွဲမှားမှုကို ဖြစ်လာရန် လွယ်သည်။ ထိုသို့သော လွဲမှားမှုက ဖြစ်လာသည်နှင့် ဒုက္ခများပေလိမ့်မည်။ ပိုဆိုးသည်မှာ နေရာလပ်နယ်မြေ၏ တတိယအလွှာမှ ထိုအခြေစိုက်စခန်းကိုဖွင့်ရန် အလို့ငှာ ဇွန်ဘီသလင်း အမြူအတေ အမြောက်အများလည်း လိုအပ်သေးလေသည်။ ထိုအရာများကို ယန်မော့မရှိဘဲ မရနိုင်ပါပေ။
“ကမ္ဘာ့ကပ်ဘေးရဲ့ မဟာနည်းပညာမြင့် လုံခြုံရေးရဲ့ အခြေစိုက် စခန်းဟုတ်လား။ အဲဒါကို ဖွင့်ဖို့ အခြေအနေက ဘာလဲ”
ယန်မော့က မျက်ခုံးပင့်သည် သိသာစွာပင် အလွန်စိတ်ဝင်စားသွားသည်။
“ဒါကို ဖွင့်ဖို့ အခြေအနေလိုတယ်လို့တောင် ငါ မပြောရသေးဘူး။ ငါ့ရဲ့ကောင်လေးက ဉာဏ်ကောင်းလိုက်တာ။ ငါ ရုတ်တရက် ဒီလောကက မမျှတဘူးလို့ ခံစားလိုက်ရပြီ”
ရှုရှင်းက စိတ်ဓာတ်ကျသွာသော မျက်နှာအမူအရာမျိုးနှင့် ယန်မော့ဆီသို့ လဲကျသွားသည်။ ယန်မော့ကလည်း သူမအား သူ၏ရင်ခွင်ထဲသို့ အသာအယာ ထွေးပွေ့လိုက်ပြီး ကျွမ်းကျင်လွန်းသော လှုပ်ရှားမှုများဖြင့် ဖော်ပြသည်။
ရှုရှင်းနှင့်အတူ နှစ်ဝက်လုံးလုံး အတူရှိနေပြီးနောက် ယန်မော့သည်လည်း ချစ်သူ ကောင်မလေး၏ တစ်ချိန်လုံး ချွဲတတ်သည့် အပြုအမူကို ကျင့်သားရလာသည်။
အထူးသဖြင့် သူ၏ ချစ်သူ ကောင်မလေးက ချွဲသောအခါ အနမ်းတောင်းရသည်ကိုလည်း ကြိုက်သည်။ ပွေ့ဖက်ခံရသည်ကိုလည်း သဘောကျသည်။ ထိုအချိန်တွင်လည်း သူမလေးဟာ အမြဲလိုလို သက်တောင့်သက်သာ ရှိနေပုံရပြီး သူ့အပေါ် ယုံကြည်မှီခိုမှုများကိုအ ပြည့်အဝ ဖော်ပြတတ်သည်။
“အဲဒါကို ဖွင့်ရမယ့် အခြေအနေက ဇွန်ဘီ သလင်း အမြူအတေထဲက စွမ်းအင်တွေတဲ့ တော်တော်လေးကိုတော့ အမြောက်အများလိုလိမ့်မယ်။ ဒါပေမဲ့ ဇွန်ဘီသလင်း အမြူအတေ အမြောက်အများကတော့ မကုန်သွားလောက်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီမှာ လုံခြုံရေးအကာအကွယ်လည်း ရှိတယ်။ နောက်ပြီး ခုခံရေး စနစ်လည်း ရှိတယ် ။အသက်စနစ်ဆိုတာလည်း ရှိသေးတယ်။ အဲဒီစနစ်က ငါတို့ကို ဒုက္ခအများကြီးကနေ ကာကွယ်ပေးမှာ”
“အင်း နားထောင်လို့တော့ ကောင်းတာပဲ။ ဒါကသာ အမှန်ဆိုရင် အဲဒီ ဇွန်ဘီတွေ ပေါ်လာပြီးတာနဲ့ လုံခြုံရေး အခြေစိုက်စခန်း အသေးလေးတွေ အကြီးကြီးတွေက သေချာပေါက် ရှိလာမှာ ဆိုတော့ အခြေစိုက်စခန်းထဲမှာ လူကောင်းတွေ လူဆိုးတွေက ရောနေမယ့်အချက်ကို ခွဲခြားလို့ မရသေးဘူး။ တစ်ခါတစ်ရံမှာ အခြေစိုက်စခန်းထဲက အာဏာရှိတဲ့သူတွေကတောင် အလဲအလှယ်ခံရတာမျိုးတွေ ရှိနိုင်တယ်။ ဆိုတော့ ကိုယ်တိုင်လုံခြုံတဲ့အခြေစိုက်စခန်းမှာ ရှိနေမှာ စိတ်အေးနိုင်မှာ”
ယန်မော့က ရင်ခွင်ထဲမှ လူကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားလိုက်ပြီး ခေါင်းကို ငုံ့ကာ ရှုရှင်း၏ နဖူးကို ညင်သာစွာ နမ်းရှိုက်လိုက်သေးသည်။
“ငါ ပိတ်ရက်ကို အခွင့်ကောင်းယူပြီး တစ်တိုင်းပြည်လုံးအနှံ့ ခရီးထပ်သွားထားသေးတယ်။ နေရာလပ် နယ်မြေထဲကိုလည်း နည်းနည်းရိက္ခာတွေကိုလည်း စုဆောင်းထားတယ် ။နောက်ပြီး နယ်မြေခံ စားစရာတွေ အဆာပြေမုန့်တွေကိုလည်း ထည့်ထားတာ။ ဒါပေမဲ့ အခုတစ်ခေါက် ပိတ်ရက်ရောက်တဲ့အခါ ငါနဲ့အတူ လိုက်ချင်လား”
ရှုရှင်းက ယန်မော့၏ ရင်ခွင်ကို မှီထားပြီး သူ၏ သေးသွယ်သော လက်မောင်းများအား သူ၏သန်မာသော ခါးကို ဖက်ရင်း နောက်ထပ် အကြံအစည် အကြောင်းကို ပြောပြသည်။
“အင်း ငါမင်းနဲ့ လိုက်မှာပေါ့။ မင်းနောက်ပိုင်း စာရင်းလုပ်ထားပြီးတဲ့အခါ အဲ့ဒီ ရိက္ခာစာရင်းကို ငါ့ကို ပြလိုအပ်တာတွေ ရှိမရှိ ငါကြည့်ပေးမယ် ငါ အပိုပစ္စည်းတွေ ပြင်ရလိမ့်မယ် အချိန်ကျလာတဲ့အခါ ဒါတွေအားလုံးကို နေရာလပ် နယ်မြေထဲကို ထည့်ထားပေးလေ”
“ဘာလို့ အပိုတွေ ပြင်မှာလဲ။ နင်က ငါနဲ့အတူ ရှင်းရှင်းလင်းလင်း လုပ်ချင်တာများလား။ ဘာလဲ ကိုယ့်ဘာသာကိုယ် သီးသန့်ခွဲနေမလို့လား”
ရှုရှင်းက ယန်မော့၏ ရင်ခွင်ထဲမှ ခုန်ထွက်ပြီးဒေါသတကြီး ငုံ့ကြည့်သည်။
11 03
“အရူးမလေး စိတ်ကူးယဉ်နေပြန်ပြီ။ အမြဲတမ်းတော့ ငါတို့ နှစ်ယောက်တည်း ဖြစ်မှာ မဟုတ်ဘူးလေ။ ငါတို့မှာလည်း အခြားအသင်းဖော်တွေရှိလာတဲ့အခါ သေချာပေါက် ငါပြင်ဆင်ထားတဲ့ ပစ္စည်းတွေကိုပဲ ပေးမှာပေါ့။ မင်းပြင်ဆင်ထားတဲ့ ပစ္စည်းတွေကိုတော့ ငါ့ကိုပဲ ပေးရမယ်။ မင်းက ငါ့ရဲ့ ဇနီး”
ယန်မော့က ရှုရှင်း၏ နဖူးကို ကူကယ်ရာမဲ့သလို အသာပုတ်သည်။ သို့သော် ချစ်မြတ်နိုးမှု အပြည့်နှင့် ဖြစ်ပြီး ရင်ခွင်ထဲသို့ ပြန်ဆွဲသွင်းလိုက်သည်။
“ဟီးဟီး ငါ့ကောင်လေးက အကောင်းဆုံးပဲ။ ငါသိသားပဲ ငါကလည်း ငါ့ကောင်လေးကို အချစ်ဆုံး”
ရှုရှင်း၏ ချိုမြိန်သော စကားလုံးများက အလကား ရပုံရသည်။ ယန်မော့ကလည်း အများကြီး ကြားထားဖူးပြီးသား ဖြစ်သည်။ ထို့ကြောင့်လည်း ထိုကောင်မလေးက ကောင်းမွန်သော စကားလုံးများနှင့် သူ့ကို ချော့ရသည်ကို သဘောကျသည်ကိုလည် သိထားပြီးသား ဖြစ်လေသည်။ သို့သော် ကြားရချိန်တိုင်းလိုလို သူ၏ နှလုံးသားက နူးညံ့သွားတတ်၏။
သူ ယခင်က အတင်းသတ်မှတ်ထားသော အကန့်အသတ်ဘောင် စည်းမျဉ်းစည်းကမ်း စသဖြင့် အရာအားလုံးက ရှုရှင်းကို မြင်သည်နှင့် အဓိပ္ပာယ်မဲ့သွားသည်။ သူသည်လည်း သူမ၏ ချွဲသမျှ တောင်းပန်သမျှကို ဘယ်သောအခါမှ မလွန်ဆန်နိုင်ပါပေ။
ထားလိုက်တော့ ငါ ငါ့ကောင်မလေး ရှိနေပြီပဲ.. ဘာတတ်နိုင်မှာလဲ အလိုလိုက်ရုံပေါ့။ (စာစစ်_အတွဲတွေ ဖျင်နူပါစေ)
ယန်မော့၏ ကိစ္စများကို လုပ်နိုင်စွမ်းရည်က အမှန်တကယ် မြင့်မားသည်။ သူသည် ထိုည ပြန်သွားပြီးသည်နှင့် ရှုရှင်းက ပေးသော စာရင်းအတိုင်း စတင်ကာ စီမံကာ အကြံအစည်များလုပ်ရင် စီမံမှုများကိုလည်း တွက်ချက်ပြီး ပိတ်ရက်ပြီးနောက် သွားနိုင်မည့် နေရာများကိုပါ စတင်ကာ စုံစမ်းသည်။
ရှုရှင်း ယခင်က ဝယ်ချင်သော်လည်း မရနိုင်သော လက်နက်ဖိုများကိုပင် ယန်မော့က စီစဉ်သည်။ ရှုရှင်းသည်လည်း ယန်မော့၏ မိသားစုနောက်ခံအကြောင်း တစ်ခါမှ မမေးဖူးပေ။ စာအုပ်ထဲတွင်လည်း ယန်မော့၏ဘဝအတွေ့အကြုံကို အသေးစိတ် ဖော်ပြထားခြင်းမျိုး မရှိပါပေ။ မနေ့ညကမှသာ ယန်မော့၏ ပါးစပ်ကတဆင့် ယေဘုယျအားဖြင့်နားလည်လိုက်ရသည်။
ထိုသို့ဆိုမှ ယန်မော့၏ မိသားစု၏ ယခင် မျိုးဆက်များကလည်းအခြေအနေဆိုးကြသည်။ သူ့အဖိုး၏ မျိုးဆက်ရောက်မှသာ ကိုယ့်ကိုယ်ကိုယ် ရှင်းလင်း နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် သူတို့သည် ဆက်ဆံသူများကို သင်ကြားပေးရာတွင် ရှေးဦးမူလအတိုင်းသာ ဆက်လက်ပြီး ထိန်းသိမ်းထားတတ်၏။ ရက်စက်သော နည်းလမ်းမျိုးဖြင့် မွေးထားသည်နှင့်ပင် မခြားနားပါပေ။
ယန်မော့က တိုက်ရိုက်မျိုးဆက်မှ ဆက်ခံသူ ဖြစ်သည်။ သူသည် မွေးဖွားချိန်ကတည်းက အပြင်လူများနှင့် အခြားသော အရန်မိသားစုခွဲများမှ ကလေးများထက်ပင် ပို၍ လေးနက်စွာ သင်ကြားပေးခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့်အရာအားလုံးကို သူ၏ လုပ်နိုင်စွမ်းရည်၏ အကောင်းဆုံးလုပ်ရန် သင်ကြားပေးခြင်း ခံထားရသည်။
ထိုကဲ့သို့သော အကွက်ချ ကြံစည်မှုများ ပြည့်နှက်နေသော အသိုင်းအဝိုင်းကြီးထဲတွင် ကြီးပြင်းလာသူများ ဖြစ်လေသည်။ အနည်းငယ်လေး သတိလစ်လိုက်သည်နှင့် အချိန်မရွေး သေသွားနိုင်သော အနေအထားမျိုးအထိ ကြမ်းတမ်းခဲ့သည်။ သို့ရာတွင် ထိုမိသားစုကလည်း သူတို့၏ လူငယ်များ၏ တိုက်ပွဲများအတွင်းတွင် ဝင်ပါမည် မဟုတ်ပေ။ ထိုကဲ့သို့သော တိုက်ခိုက်ခြင်းကိုပင် အလွန်အားပေးတတ်သေးသည်။
ယန်မော့က ထိုကဲ့သို့ မိသာစုမျိုးတွင် ကြီးပြင်းကာ အရွယ်ရောက်လာခဲ့ပြီး ယခုအခါ ကိုယ်ပိုင်အခွင့်အာဏာမျိုးဖြင့် နေရာတစ်ခုကိုပိုင်ဆိုင်နေပြီ ဖြစ်သည်။ သဘာဝကျကျပင် သူ့တွင်လည်း သတင်းအချက်အလက် နည်းပညာများ စုဆောင်းနိုင်စွမ်းရည်ရှိသည်။ လုပ်နိုင်စွမ်းရည်များလည်းရှိသည်။ မြင်နိုင်စွမ်းရည်လည်း ရှိလာသည်။
ယန်မော့၏ မိသားစု နောက်ခံအကြောင်းကိုသိရှိပြီးနောက် ရှုရှင်းကလည်း ယန်မော့အကြောင်း ပိုပိုသာ နားလည်လာသည်။ ယန်မော့၏ ယခု အကျင့်စရိုက်ပုံသဏ္ဍာန်မျိုးက အခြားသောသူများ၏ အရှေ့တွင် ဟန်ဆောင်ရန် ထုတ်ပြထားခြင်း ဖြစ်ရမည်ဟု သိလိုက်သည်။ သူသည် သူမ နဂိုထင်ထားသလောက် ပြီးပြည့်စုံနေခြင်း မရှိလောက်ပေ။ သို့သော် သူမက ဂရုမစိုက်ပါပေ။
သူမက ယန်မော့ကိုယ်တိုင်ကိုသာ ဂရုစိုက်သည်။ ရှုရှင်းကပင် ယန်မော၏ အမည်မသိရသော ငယ်ဘဝအကြောင်းကို တွေးမိကာ ပြီးခဲ့ပြီးသော ကိစ္စမျိုးကို မပြောင်းလဲပေးနိုင်သည့်အတွက် ကူကယ်ရာမဲ့ရသည်။ သူမက ပြောင်းလဲပေးနိုင်သည်မှာ လက်ရှိနှင့် အနာဂတ်သာ ဖြစ်တော့သည်။
******