← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

12 01

အပိုင်း (၁၂) ဖွင့်ပြောခြင်း

သူမသည် ထိုညက ယန်မော့ကို ဖွင့်ပြောပြီးချိန်ကတည်းက တစ်ချိန်လုံး ပခုံးပေါ်တွင် ထမ်းထားသော ဝန်ထုပ်ဝန်ပိုးကြီးကပေါ့သွားသလို ခံစားရသည်။

အဆုံးသတ်တော့မည့် လောကကြီးတစ်ခုသို့ ရောက်ရှိလာသော် မည်သူကမဆို ဖိအားအများကြီးကို ရင်ဆိုင်ရပေလိမ့်မည်။ ရှုရှင်းကလည်း ချွင်းချက် မရှိပေ။ မည်သူကမှလည်း သူမ၏ဝန်ထုပ်ဝန်ပိုးကို မျှမခံပေးကြသောကြောင့် ရှုရှင်း၏ နှလုံးသားက အမြဲတစေ လေးလံနေခဲ့ရသည်။

ယခုအခါ သူမသည် နှလုံးသားကြီး တစ်ခုလုံးဖြင့် ယုံကြည်နိုင်သော သူတစ်ယောက်ကို ရလာသည်။ သူမနှင့်အတူ လျှို့ဝှက်ချက်များကို မျှပေးမည့် သူလည်း ရှိလာသည်။ ထို့ကြောင့် သူမသည် လမ်းပေါ်တွင် လမ်းလျှောက်ရင်း ရှူနေသော လေကပင် အများကြီး လတ်ဆတ်နေသလို ခံစားရသည်။

သို့သော် ယန်မော့က ယခုတလော အလုပ်ရှုပ်နေသည်မှာလည်း သိသာသည်။ ကျောင်းကလည်း ပိတ်ရက်မရောက်သေးချေ။ ထို့ကြောင့် နှစ်ယောက်က တွေ့ချိန်နည်းနေသည်။ ယခုအခါ မတွေ့နိုင်လု နီးပါးဖြစ်နေသည်။ သူတို့က ညတိုင်းလိုလို ဖုန်းခေါ်ခြင်း ဗီဒီယိုကော ပြောခြင်းတို့သာ လုပ်ရသည်။

ရှုရှင်းသည်လည် ဗီဒီယိုထဲတွင် ယန်မော့၏ မျက်ကွင်းညိုများကို သိသိသာသာ မြင်နေရသည်။ ရှုရှင်းကလည်း ယန်မော့အာ သူမ အစောပိုင်း သဘာဝကပ်ဘေးကာလတွင် နေထိုင်ရန် ပြင်ဆင်ထားသော အိမ်သို့ ခေါ်ပြပြီးသား ဖြစ်သည်။ ယန်မော့ကလည်း အတွင်းပိုင်းတည်ဆောက်ပုံများကို ပြင်ဆင်ရန်အတွက် လူလွှတ်ထားပြန်၏။ အိမ်နှစ်လုံးက ရိုးရှင်းသော တိုက်ခန်းပုံစံမျိုးဖြင့် အချင်းချင်း တွဲစပ်လိုက်သည်။ ပစ္စည်းများကို တာရှည်ခံအောင် အလုံပိတ်ထားနိုင်သော စနစ်များကိုလည်း နံရံများ ကြမ်းပြင်များထဲသို့ တပ်ဆင်ထားသေး၏။ အခန်းနှစ်ခန်းလုံး၏ နံရံများကိုလည်း ဖယ်လိုက်ပြီး လေ့ကျင့်ရေးအခန်းအဖြစ် ပြောင်းလဲထားကာ နောက်ပိုင်းတွင် အိမ်တွင် လေ့ကျင့်ရန် အလျှင်းသင့်အောင် ပြင်ဆင်ထားလေသည်။

အခန်းအများစုကိုမူ သိုလှောင်ခန်းအဖြစ် ပြောင်းလဲထားသည်။ ယန်မော့ကလည်း သူတို့နှင့် အတူနေရန် လူအချို့ကို ခေါ်ထားရန် စဉ်းစားထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သက်တောင့်သက်သာ ရှိစေ‌သော နေရာလပ် နယ်မြေအကြောင်းကို မပေါ်စေရန်အလို့ငှာ ရိက္ခာများကို ထိုနေရာတွင် ကြိုထည့်ထားရပေမည်။ ထိုအခါမှသာ ရိက္ခာကို ယူထုတ်သော အခါ အကြောင်းပြချက် ရှိမည် ဖြစ်သည်။

ရှုရှင်းကလည်း အခြားသော သူများကို အတူခေါ်နေမည့် ကိစ္စကိုကန့်ကွက်စရာ မရှိပေ။ လူများလေလေ ပို၍ စည်ကားလေလေ ဖြစ်ပေလိမ့်မည်။ မာကျောက်ပင် အတူဆော့၍ ရလောက်သည်။

အတွင်းပိုင်းပြင်ဆင်မှုများက အပြင်မှ ကြည့်လျှင် မသိသာပေ။ ထို့ကြောင့် မည်သူကမှ သတိမထားမိပါပေ။ သူတို့နှစ်ယောက်က သေချာစဉ်းစားပြီးနောက် နောက်စာသင်နှစ်ကို ခွင့်ယူရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည်လည်း ဒီကြီးပွားစည်ပင်လွန်းသော ခေတ်၏ နောက်ဆုံးအချိန်တွင် လှပသော ရှုခင်းများကို လိုက်ကြည့်ပြီး မှတ်ဉာဏ်ကောင်းများကို ချန်ထားရစ်ရန် ဆုံးဖြတ်ထားကြသည်။

ယန်မော့က သူနှင့် ရှုရှင်းတို့ဟာ ပြည်ပသို့ သွားကာ လက်ထပ်မှတ်ပုံတင်ယူမည်ဟု ပြောသည်။ တရုတ်နိုင်ငံတွင်မူ သူတို့က လက်ထပ်ရန် တရားဝင် အသက်မပြည့်သေးချေ။ ကမ္ဘာ့အဆုံးသတ်ကာလပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်ရန် မည်မျှ ကြာမည်မှန်းလည်း မသိနိုင်သေးပေ။ ထို့ကြောင့် ပုံမှန်အတိုင်း ပြန်ဖြစ်လျှင်ပင် ထိုအသုံးမဝင်သော အဖွဲ့အစည်းမျိုးက လူအများ၏ ပထမဦးဆုံး ရွေးချယ်မှု မဟုတ်နိုင်ပေ။ ထို့ကြောင့် အခွင့်အရေးရှိနေသေးသောကြောင့် ယန်မော့သည် ရှုရှင်းအား သူနှင့်အတူ အိမ်ထောင်စုစာရင်းတစ်ခုတည်းသို့ ရောက်ရန် စာရင်းသွင်းထားလိုသည်။

ယန်မော့က ရှုရှင်းအတွက် မင်္ဂလာဝတ်စုံကို သီးသန့် ပြင်ဆင်ခိုင်းထားပြီးသား ဖြစ်သည်။ ထို့အပြင် မင်္ဂလာလက်စွပ်ကိုလည်း သူကိုယ်တိုင် ပုံစံဆွဲ၏။ အချိန်ကျလာသောအခါ သူမကို စပရိုက်တိုက်ရန် စဉ်းစားထားသည်။

ရှုရှင်းက နောက်ဆုံးစာမေးပွဲကို ဖြေပြီးသည်နှင့် သူတို့နှစ်ယောက်က တိုင်းပြည်၏ မြောက်ပိုင်း အကျဆုံးနေရာသို့ လေယာဉ်ဖြင့် စီးကာသွားသည်။ ထိုသို့ဖြင့် တိုင်းပြည်အနှံ့သို့ သွားကာ ရိက္ခာများကို စုဆောင်းသည့် ခရီးက တရားဝင် စတင်လေသည်။

ယန်မော့က အစောပိုင်း အကြံအစည်များအားလုံးကို ကြိုတင်ကာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ရှုရှင်းကလည်း သူ့ကိုယ်သူ နည်းနည်းပါးပါး ဝတ်စားပြင်ဆင်ပြီး ပိုလာရိုက် ကင်မရာလေးကိုကိုင်ကာ ဓာတ်ပုံစက္ကူများကိုသာ သယ်လာရန် လိုအပ်လေသည်။ သူမက ဘာမှလုပ်ရန် မလိုအပ်ပါပေ။

12 02

သူတို့သည် နောက်ပိုင်း ကျောင်းသို့ ပြန်သွားရန် မလိုအပ်ကတည်းက အချိန်ပိုရပြီ ဖြစ်သည်။

သူတို့က တစ်နေရာကို သွားပြီးချိန်တိုင်းလိုလို ယန်မော့က ရှုရှင်းအား ထိုနေရာမှ အထူးဒေသထွက်စား စရာများ ပစ္စည်းများကို မြည်းစမ်းကြည့်ခိုင်းသည်။ ရှုခင်းကြည့် နေရာတိုင်းတွင်လည်း သွားရောက်ကာ ဓာတ်ပုံရိုက်သည်။ ထိုနေရာမှ အဓိက စားစရာများကိုသွားစားသည်။ သူလုပ်သင့်သမျှ မည်သည့် အရာကိုမှ မလွဲချော်ခဲ့ကြောင်း သေချာအောင် ပြုလုပ်လေသည်။

နောက်ဆုံးရက်တွင် ရန်မော့က မည်သည့်အချိန်ကမှန်းမသိ ပြင်ဆင်ကာ ထည့်ထားပြီးသားဖြစ်သော သိုလှောင်အိမ်ထဲသို့ သွားလိုက်ပြီး ပစ္စည်းများကို ယူပြီးသည်နှင့် နောက်ထပ် တစ်မြို့သို့ ထပ်သွားနိုင်မည် ဖြစ်သည်။

ရှုရှင်းအနေဖြင့် ထိုခရီးကြီးတစ်ခုလုံး မည်သည့်အရာကိုမှ စိုးရိမ်ရန် မလိုအပ်ပေ။ သူမဟာ ကောင်လေးနောက်သို့ လိုက်ကာ ကောင်းကောင်းစားရန် ပျော်ပါးရန်သာ လိုအပ်သည်။ ပစ္စည်းများကို စုဆောင်းသည့် ကိစ္စနှင့် ပက်သက်ပြီးလည်း လုံးဝ နှောင့်နှေးကြန့်ကြာ ခြင်း ရှိမည့် အခြေအနေမျိုးကို စိုးရိမ်တွေးတောနေရန် မလိုအပ်ပါပေ။ ဒါဟာ ရှုရှင်း အမြဲတစေအိပ်မက် မက်နေရသည့် ဘဝဖြစ်သည်။

ကမ္ဘာကပ်ဘေးကာလကသာ မရောက်လာသေးလျှင် ရှုရှင်းသည် တစ်ဘဝလုံးလုံး ဒီလိုသာ နေသွားလိုသည်။

ထိုနည်းလမ်းမျိုးဖြင့် သူတို့နှစ်ယောက်ဟာ တစ်တိုင်းပြည်လုံးအနှံ့ ပတ်သွားကြသည်။ မေလကုန်နားရောက်မှသာ ရာသီဥတုက တစ်နေ့တစ်ခြားပူလာသည်။

သူတို့၏ နောက်ဆုံခရီးက သူတို့ လက်ထပ် မှတ်ပုံတင်ယူမည့် နိုင်ငံသို့သွားရန်ဖြစ်သည်။ လေယာဉ်ပေါ်သို့ မတက်ခင် ရှုရှင်းကလည်း ယန်မော့က သူမအတွက် စပရိုက်ကြီးပြင်ဆင်ထားကြောင်း မသိသေးပါပေ။

ယန်မော့က ရှုရှင်းအားအနက်ရောင် အဝတ်ဖြင့် မျက်လုံးကို စည်းသည်။ သူမက နှစ်စက္ကန့်ခန့် မှင်သက်သွားပြီးနောက် ခန္ဓာကိုယ်က ရုတ်တရက် အေးအေးဆေးပေါ့ပါးသွားသည်။

“ဘာလို့ ရုတ်တရက် မျက်လုံးကို အုပ်လိုက်တာလဲ ဘာလဲ စပရိုက်လား ဘာလဲ ဘာလဲ”

ရှုရှင်းက သူမ၏ ခေါင်းလေးကို စောင်းပြီး အနောက်ဖက်မှ ယန်မော့ကို လှည့်ကြည့်ကာ မျှော်လင့်စောင့်စားမှုအပြည့်နှင့် မေးသည်။

“စပရိုက်ဆိုမှတော့ ကြိုပြောလို့ ဘယ်ဖြစ်ပါ့မလဲ။ ထရပ် လာ ကိုယ့်နောက်ကနေ ဂရုစိုက်လိုက်”

ယန်မော့က ချစ်သူကောင်မလေး၏ လက်ကို ကိုင်ကာ ကြိုတင်ပြင်ဆင်ထားပြီးသား အခန်းရှိရာသို တဖြည်းဖြည်းချင်းစီ ခေါ်သွားပေးသည်။

ရှုရှင်းကလည်း မျက်လုံးစည်းထားသော အဝတ်ကို ဖယ်လိုက်ခဲ့ချိန်က ခံစားလိုက်ရသည့် ခံစားချက်ကို ဘယ်သောအခါမှ မမေ့နိုင်တော့ဟု ထင်မိသည်။

“ဝိုး...ဘယ်လောက်...ဘယ်လောက်တောင် လှလိုက်တဲ့ မင်္ဂလာဝတ်စုံလဲ နင် ဘယ်အချိန်က ပြင်ထားတာလဲ ငါသိတောင် မသိလိုက်ဘူး”

ရှုရှင်းက အရှေ့ဖက်သို့ ခပ်မြန်မြန် အပြေးသွားကာ အခန်း၏ အလယ်တွင် ထားထားသော မင်္ဂလာဝတ်စုံကို တဖြတ်ဖြတ် တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်သည်။ ယန်မော့ကလည်း သူမ၏ မျက်လုံးထဲမှ ပျော်ရွှင်မှုနှင့် သဘောကျမှုများကို မေးစရာပင် မလိုဘဲ တန်းသိလိုက်သည်။

ဘယ်မိန်းကလေးကမြန်း ငယ်ရွယ်စဉ်ကတည်းက မင်္ဂလာဝတ်စုံအကြောင်း အိပ်မက် မမက် ဖူးလို့လဲ။ ဒါက ချမ်းသာတာ ဆင်းရဲတာနဲ့ မသက်ဆိုင်ဘူး။ ဒီအတိုင်း ငယ်စဉ် ကလေးဘဝရဲ့ အသန့်စင်ဆုံး ဆန္ဒပဲ။

သူမသည်လည်း အနာဂတ်တွင် မည်သို့သော မင်္ဂလာဝတ်စုံကို ဝတ်မည်ဟု စဉ်းစားခဲ့ဖူးသည်။ သို့သော် ထိုမင်္ဂလာ ဝတ်စုံကို မြင်လိုက်သည့် အချိန်တွင်ပင် သူမ၏ စိတ်ထဲတွင် ပုံသဏ္ဍာန် စပေါ်လာသည်။ သူမ၏ အရှေ့တွင် သူမ ဘယ်သောအခါမှ မတွေးဖူးသော်လည်း သူမ၏ အကြိုက်နှင့် တစ်ထေရာတည်း တူနေသော မင်္ဂလာဝတ်စုံက ရှိသည်။

12 03

“မင်း သဘောကျတယ်ဆိုရင် ဝတ်ကြည့်လိုက်လေ။ ပြီးရင် လက်ထပ် စာအုပ်အတွက် ဓာတ်ပုံ ရိုက်ရမယ်”

“နင်ကရော”

“ဒါပေါ့ ငါလည်း အဝတ်အစားလဲမှာပေါ့။ ဒါမှပဲ ငါက အရှင်မင်းသမီးလေးနဲ့ ထိုက်တန်မှာပေါ့”

ယန်မော့က ရှုရှင်း၏ မျက်နှာလေးကို အသာဆိတ်ပြီး အသင့်စောင့်နေသော လူများကို ခေါ်ကာ သူမကို ဝတ်စုံ ကူဝတ်ပေးစေသည်။

တံခါးက ပြန်ပွင့်သွားသောအခါ စတိတ်က ယန်မော့၏ အကြည့်တစ်ချက်နှင့်ပင် သိမ်းယူခံရသည်။ သူ၏ မျက်လုံးရှေ့တွင် ကြယ်စင်များ ဖြတ်ပြေးသွားသည်ဟုပင် ခံစားလိုက်ရသလိုပင် လင်းလက်တောက်ပသွားကာ မျက်စိ ကြိမ်းသွားသည်။

အထူးတလည် ပုံဖော်ကာ ရက်လုပ်ထားသည့် ခါးကောက်ကြောင်းနေရာက အမျိုးသမီး၏ ပြီးပြည်စုံသော ခါးကြောင်းလေးကို ထင်းထွက်နေစေသည်။ နှင်းဆီရောင်ပွင့်ဖက်များနှင့် ဇာရောနှောထားသော ပုံက ဝေဝါးသလိုလို ရှုပ်ထွေးပြီး လက်လှမ်းမှီရန် ခက်သော အလှလေးကို ထုတ်ပြထားပြန်သည်။

တကွဲတပြားစီ လွင့်စင်ကျနေသော သလင်းစိန် ထောင်ကျော်ကလည်း ဂါဝန်၏ အနေရာအနှံ့အပြားတွင် မြင်နိုင်သည်မှာ မျက်စိကြိမ်းမတက် တောက်ပသော နဂါးငွေ့တန်းကြီးက ဂါဝန်အောက်တွင် အအုပ်ခံထားရသကဲ့သို့ ဖြစ်သည်။

ကျော့ရှင်းကာ ပြင်းထန်သော ဆွဲဆောင်မှုမျိုးက သေမျိုးများနှင့် မအပ်စပ်သော နတ်ဘုံနတ်နန်းမှ ထာဝစဉ် တည်မြဲမည့် လေထုမျိုး ရောနှောနေသကဲ့သို့ … ဆန့်ကျင်ဘက် ဆန်လွန်းသော စိတ်နေသဘောထားမျိုးက တစ်ယောက်တည်းတွင် ပေါင်းစုံကာ ဖြစ်တည်နေသည်။

“ကျွန်တော်မျိုးရဲ့ မင်းသမီးလေး မင်သမီးရဲ့ သစ္စာအရှိဆုံး သူရဲကောင်းကို လက်ထပ်လိုစိတ် ရှိပါရဲ့လား”

ယန်မော့သည် ပထမဦးဆုံးအကြိမ်အဖြစ် သူ၏ ခံစားချက်များကို ဖုံးကွယ်ထားခြင်း မရှိဘဲ ဖော်ပြသည်။၊ သူက ရှုရှင်း၏ အနားသို့ လျှောက်သွားပြီး ဒူးတစ်ဖက် ထောက်ချကာ ပြင်ဆင်ထားပြီးသော လက်စွပ်ကို ထုတ်၍ ရှုရှင်း၏ အရှေ့တွင် ရုတ်တရက် မြောက်ပြသည်။

ယန်မော့၏ ရုတ်တရက် အပြုအမူက ရှုရှင်းကို အငိုက်မိသွားစေသည်။ သူမ၏ ခံစားချက်များကို စကားလုံးများဖြင့် မဖော်ပြနိုင်တော့ပေ။ ထိုအခိုက်အတန့်တွင် သူမ၏ စိတ်အခြေအနေမှ ဆယ်ပုံတစ်ပုံကိုပင် မထုတ်ပြနိုင်တော့ပါပေ။

မည်သည့်အချိန်ကမှန်းမသိ သူမ၏ မျက်လုံးက မျက်ရည်များ ဝဲသွားပြီး ချက်ချင်းဆိုသလို ပါးပြင်တောက်လျှောက် စီးကျသည်။ သူမက ပါးစပ်ကို ညာဖက်လက်ဖြင့် အုပ်လိုက်ပြီး အလွန်အမင်း မသင့်တော်သော အမူအရာမျိုး ဖြစ်သွားမည်ကိုလည်း ကြောက်နေသည်။

သူမက စကားတစ်ခွန်းကိုပင် ပီအောင် မပြောနိုင်တော့ဘဲ ထစ်ထစ်ငေါ့ငေါ့ဖြစ်နေရင်း လက်ခံလိုစိတ်ကို ဖော်ပြရန် ခေါင်းကိုသာ ခပ်ကြမ်းကြမ်း ငြိမ့်ပြလိုက်ရသည်။

ယန်မော့ကလည်း ပြုံးသည်။ လက်ထဲမှ လက်စွပ်ကို ထုတ်၍ ရှုရှင်း၏ လက်သန်းကြွယ်ကို ဝတ်ပေးသည်။ ထို့နောက် ပြန်လည် ထရပ်ကာ ရှုရှင်း၏ မျက်နှာပေါ်မှ မျက်ရည်များကို သူ၏ ညင်သာသော အနမ်းဖြင့် ဖယ်ရှားပေးလိုက်ပြီး တစ်ဖက်သူကို ရင်ခွင်ထဲကို ဂရုတစိုက်ထွေးပွေ့ကာ ပွေ့ဖက်သည်။

“မင်္ဂလာပွဲကိုတော့ ကျင်းပလို့ မရဘူး။ ဒါပေမဲ့ မင်းဘာမှ နောင်တ မရအောင် ငါ မင်းကို ပေးသင့်သမျှ အရာအားလုံး ပေးမှာပါ။ အချိန်ကတော့ တော်တော်လေး ကြပ်နေတယ် ဒါကြောင့် လက်စွပ်ကို ငါကိုယ်တိုင်ပဲ ပုံစဲဆွဲလိုက်ရတာ။ မင်း သဘောကျဖို့ မျှော်လင့်တယ်”

“ငါ သဘောကျတာပေါ့ ငါ သေချာပေါက်ကာကွယ်ထားမှာ ယောက်ျားလက်စွပ်ကရော ဘယ်မှာလဲ ငါ ဝတ်ပေးမယ်”

ရှုရှင်းက ယန်မော့၏ ပခုံးကို မှီကာ စိတ်ငြိမ်အောင် လုပ်ပြီးသည်နှင့် ယန်မော့၏ လက်ထဲမှ လက်စွပ်ဗူးကို ယူကာ လက်စွပ်ကွင်းကို ထုတ်ပြီး ယန်မော့၏ လက်ထဲတွင် ဝတ်ပေးသည်။

သူတို့နှစ်ယောက်က လက်စွပ်ဝတ်ထားသော လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြပြီး လက်စွပ်ပိုင်ရှင်များနည်းတူ တစ်ယောက်ကိုတစ်ယောက် မှီခိုကြောင်း ဖော်ပြကြလေသည်။

******

All Chapters