← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

14 01

အပိုင်း (၁၄) ဆက်တက်လာတဲ့အပူချိန်

ဂျွန်လ ရောက်လာသည်နှင့် အပူချိန်က တဖြည်းဖြည်းတက်လာသည်။ ယခင် နှစ်များတွင် ဂျွန်လဆိုလျှင် အပူချိန်က အတော်အသင့်သာ ရှိသေးသည်။ သုံးဆယ်ဒီဂရီ ကျော်ခဲသည်။

ရှုရှင်းနှင့် ယန်မော့တို့က ပြင်ဆင်ထားပြီးသာ အိမ်အသစ်သို့ အောင်အောင်မြင်မြင် ပြောင်းရွေ့လိုက်ကြသည်။ သူတို့နှစ်ယောက်သည် ယခုအခါ အတော်လေးကို အားလပ် ပေါ့ပါးနေပြီးသား ဖြစ်သည်။ မည်သို့ပင် ဆိုပင် နောက်ဆုံး ရိက္ခာတစ်သုတ်ကိုသာ သိမ်းရန် ကျန်တော့သည်။

ရှုရှင်းကလည်း ရိက္ခာများကို နေရာချရန် အချိန်ရလာသည်။ ထို့အပြင် ရိက္ခာအများစုက နေရာလပ်နယ်မြေထဲတွင် ရှိထားပြီးသား ဖြစ်ကြောင်း သိလိုက်၏။ ဖျော်ဖြေမှုအတွက်ကမူ ချွင်းချက် ဖြစ်သည်။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ကမ္ဘာ့အဆုံးသတ်ကာလရဲ့ အခြေအနေက အရမ်းကို ခက်ခဲကြမ်းတမ်းတာ။ စိတ်ဝိဉာဉ်စားစရာနဲ့ ဖျော်ဖြေမှုတွေကပဲ ခန္ဓာကိုယ်နဲ့စိတ်ဝိဉာဉ်ကို ငြိမ်းအေးစေလောက်တယ်။ အဲဒီလိုမှ မဟုတ်ရင် အချိန်တန်ကြာအောင် နေသွားပြီးတဲ့ နောက်မှာ ရူးသွားလိမ့်မယ်။

ရှုရှင်းက တွေးမိသည်နှင့် ချက်ချင်း လှုပ်ရှားလိုက်၏။ သူမက သူမ၏ မိုဘိုင်းဖုန်းပေါ်မှ သိုလှောင်ကတ်(SD)ကဲ့သို့ အမြောက်အများ ဝင်ဆံ့သည့်ကတ်မျိုးအား ထောင်ကျော် မှာပစ်လိုက်သည်။ ထို့နောက် ချစ်သူကောင်လေးကိုလည်း ကူညီကာ ပရိုဂရမ်ကို ရေးခိုင်းပြီး ရုပ်ရှင် တီဗီစီးရီးနှင့် ရသစုံ ရှိုးများကို တောက်လျှောက်ထည့်ခိုင်းလိုက်သည်။

သူမဖက်ထားသော ပေါင်က အိမ်တွင် ရှိကို ရှိရမည့် ပေါင်မျိုး ဖြစ်သည်။ အာ…သူမရဲ့ ချစ်သူ ကောင်လေး မလုပ်နိုင်တာ မရှိတော့ဘူးပဲ။

ထို့အပြင် အင်တာနက် မလိုဘဲ ကစား၍ရသော အခြားသော ဂိမ်းများလည်း ရှိသေးသည်။ ရှုရှင်းက တော်တော်များများ ဝယ်လိုက်သည်။

ရှုရှင်းသည် လွန်ခဲ့သော သုံးလခန့်ကတည်းက ကမ္ဘာကပ်ဘေးကာလမှ အခြေအနေကို ယန်မော့နှင့် ဆွေးနွေးထားပြီးသား ဖြစ်သည်။ နောက်ဆုံးတွင် တိုင်းပြည်အတွင်းတွင် အချို့သော သတင်းအချက်အလက်အချို့ကို ထုတ်ပြသင့်သည်ဟု ခံစားမိသည်။ သို့သော် သူတို့၏ နောက်ခံကို မပေါ်စေရဘဲ လုပ်ရပေမည်။ ဒါဟာ တိုင်းပြည်ကိုလည်း သတိပေးရာရောက်သည်။

ကမ္ဘာကပ်ဘေးနှင့် ကမ္ဘာ့အဆုံးသတ်ကာလမျိုးကို ရင်ဆိုင်ရသောအခါ လူတစ်ယောက်ချင်းစီတိုင်း၏ အင်အားက မလောက်ငှနိုင်ခင် တိုင်းပြည်ကသာ ကြိုတင်သတိထားခဲ့ပြီး ကြိုတင် ပြင်ဆင်မှုများကို လုပ်ထားမည် ဆိုပါက လူများများ ပိုရှင်နိုင်လောက်သည်။

လူများများ ပိုရှင်နိုင်လေလေ ကမ္ဘာအဆုံးသတ်ကာလအပေါ် မျှော်လင့်ချက်က ပိုကြီးလေလေ ဖြစ်သည်။ ပြင်းထန်လွန်းသော သဘာဝ ကပ်ဘေးများကမူ ကမ္ဘာအဆုံးသတ်ကာလအစောပိုင်းအဆင့်သာ ဖြစ်သည်။ အဓိကအားဖြင့် လူသားများ ရှင်သန်ရန် မှီခိုးအားထားရသည့် ရေနှင့် စားစရာများက ဖျက်ဆီးခံရမည် ဖြစ်သည်။ ရေလွှမ်းမိုးခြင်း၊ အေးခဲခြင်း၊ အပူချိန် မြင့်မားခြင်း စသဖြင့် အရာများက လူသားများ၏ ရှင်သန်မှု အရင်းအမြစ်တိုင်းကို တောက်လျှောက် ဖြုန်းတီး ဖျက်ဆီးပစ်နေသည်။

ဇွန်ဘီဗိုင်းရပ်ပျံ့နှံလာခဲ့ပြီးနောက် တိရစ္ဆာန်များ၏ ဆင့်ကဲပြောင်းလဲမှုနှင့် အပင်များ၏ ဆင့်ကဲပြောင်းလဲမှုများက လူသားများ၏ အခြေကျနေပြီးသား ဘဝကိုပြန်လည်ကာ ကျူးကျော်ပြီး နောက်ဆုံး နေထိုင်ရှင်သန်မှု ဝန်းကျင်ပိုပင် ညှစ်ထုတ်လာခြင်းအားဖြင့် သာမာန်အပင်များပင် စိုက်ပျိုးပေါက်ရောက်ရန် မဖြစ်နိုင်စေလောက်အောင် ဆိုးရွားလှသည်။

ထိုကဲ့သို့သောကြမ်းတမ်းခက်ခြသော ဝန်းကျင်မျိုးတွင် ယခင်က ငြိမ်းချမ်းစဉ် ကာလအတောအတွင်း ပေါသောနေခဲ့သည့် စားစရာများက ကမ္ဘာကပ်ဘေးကာလတွင်မူ အဖိုးတန်ဆုံးသော စားစရာများ ဖြစ်လာသည်။ သို့သော် လူအင်အား မလောက်ငှမှုကြောင့် စားစရာ အနည်းငယ်ကိုသာ ရနိုင်သည်။

ထိုအခြေအနေသို့ ရောက်ခဲ့သော် မည်သည့် သဘာဝ စွမ်းအားမှ မရှိသော လူသားများသည် အမျိုးမျိုးသော ပိုးကောင်များ၏ အလောင်းများ သို့မဟုတ် သုတေသန ဌာနက ဖန်တီးထားသည့် အာဟာရရှိသော်လည်း အရသာက နှပ်ချေးကဲ့သို့ ဖြစ်နေသော အရာများကိုသာ စားသောက်ရသည်။ ဒါဟာ ကမ္ဘာအဆုံးသတ်ကာလ၏ ရက်စက်မှုဖြစ်သည်။

ဇွန်လလယ်တွင် မြို့တော်A မှ အပူချိန်က သုံးဆယ် ဒီဂရီ ဆဲလ်ဆီးရပ် သို့ပင် ရောက်ရှိသွားသည်။ တစ်နိုင်ငံလုံးဆိုင်ရာ ပြန်းမျှ အပူအချိန်က လေးဆယ်နီးပါး ဖြစ်နေလေသည်။ ဝေ့ပေါ်ပေါ်မှ ရှာဖွေမှုပေါ်မှ စာရင်းများကလည်း နေ့တိုင်းလိုလို တက်နေသည်။ ပစ္စည်းပို့သော သူများနှင့် အလုပ်သမားများက လမ်းဘေးတွင် အပူလျှပ်ကာ သတိလပ်သွားသည့် အချက်များပင် ပါသည်။

14 02

လူများကလည်း ပူပြင်းသော ရာသီဥတုကို အထွန့်တက်ကြသည်။ ယဲ့ယွီအန်းလည်း သူမ၏ ယခင် ဘဝတွင် အသိအမှတ်ပြုခဲ့သည့် ကြွယ်ဝသည့် ဖခင် ဖြစ်သူထံမှ သင့်တော်သော ပိုက်ဆံပမာဏကို ရရှိထားသည့်အတွက် ရိက္ခာများကို ဝယ်နိုင်ခဲ့သည်။

ပြန်လည် မွေးဖွားလာပြီးနောက် သူမသည် သူမ ကိုယ်တိုင်ကလွဲပြီး မည်သူ့ကိုမှ ယုံကြည်မှု အပြည့်အဝ မပေးတော့ပေ။

သူမသည် နဂိုကမူ ဝယ်ယူထားသည့် ရိက္ခာများကို သိုလှောင်ရန် နေရာတစ်ခုကို စိုးရိမ်နေခဲ့ရသည်။ တစ်ရက်တွင် သူမက လမ်းပေါ်ရှိ ရှေ့ဟောင်းဆိုင်တစ်ဆိုင်နားမှ ဖြတ်သွားခဲ့ချိန်တွင် လက်ကောက်တစ်ကွင်းကို ဝယ်လိုက်သည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုလက်ကောက်ကလည်း ဘောလုံးကွင်း ငါးကွင်းစာ ကျယ်သော နေရာမျိုးကို ပိုင်ဆိုင်နေလေသည်။ ထို့ကြောင့် သူမ၏ အရေးပေါ် ပြဿနာကို ဖြေရှင်းနိုင်သွားသည်။

ရှုရှင်းကသာ မင်းသမီးက သူမ၏နေရာလပ် နယ်မြေကို ဆုံးရှုံးပြီးသည်တိုင်အောင် နောက်ထပ် နေရာလပ် နယ်မြေတစ်ခု ထပ်ရသွားကြောင်း သိရှိခဲ့မည် ဆိုပါက လောကကြီးရဲ့ ဘက်လိုက်မှုမျိုးကို ရင်ကွဲနာကျနေလောက်သည်။

တိုက်ဆိုင်သည်လား မသိ ယဲ့ယွီအန်းက ပြန်လည် မွေးဖွားခဲ့ပြီးနောက် ရှုရှင်းနှင့် ယန်မော့တို့ နေသော အိမ်ယာတွင်ပင် ထိပ်ဆုံးထပ်တွင် ပိုက်ဆံ အမြောက်အများသုံးကာ တိုက်ခန်းတစ်ခန်း ဝယ်ခဲ့သေးသည်။ သို့သော် အိမ်နှစ်အိမ်က တိုက်တိုက်ဆိုင်ဆိုင် အဆုံးတစ်ဖက်စီတွင် ရှိနေခဲ့သည်။

ထို့ကြောင့် ထူးခြားသော အခြေအနေမရှိသမျှ သူတို့အချင်းချင်း တွေ့ရန် မဖြစ်နိုင်ပါပေ။

ယန်မော့သည်လည်း ပုရှန်းဝမ်နှင့် မုချီမိုင်တို့ အား သူတို့ တွေ့နေကျ နေရာတွင် တွေ့ရန် သီးသန့် ခေါ်လိုက်သည်။

“ကျွတ် ဘယ်လို ဖြစ်ပြီး မင်းလို အလုပ်များတဲ့သူက ငါတို့ကို ရှာချိန် ရှိသွားတာလဲ”

ပုရှန်းဝမ်က ဆိုဖာပေါ်တွင် အသာအယာမှီထားပြီးအ ရိုးမရှိသကဲ့သို့ ပျော့ခွေနေသည်။

“ငါဒီနေ့ လာတာက မင်းတို့ကို ပြောချင်တာ ရှိလို့ ငါ ပြောမယ့် ကိစ္စက မင်းတို့ရဲ့ နားလည်နိုင်စွမ်းရည်ကို ကျော်နေလိမ့်မယ်။ ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်”

ယန်မော့သည် ပုံမှန်အတိုင်း ပုရှန်းဝမ်ကို မလှောင်ခဲ့ချေ။ ထို့အစား လိုရင်းကို ပြောသည်။

ပုံမှန် မဟုတ်သော အပြုအမူနှင့် စကားလုံးနောက်မှ အဓိပ္ပာယ်က ပုရှန်းဝမ်နှင့် မူရှန်မိုင်တို့အား အလန့်တကြား ဖြစ်သွားစေသည်။ သူတို့သည်လည်း အရှေ့ဖက်သို့ နည်းနည်း ကုန်းလာပြီး ခပ်မတ်မတ် ထိုင်လေသည်။

“မင်း ဒီအတောအတွင် လက်နက်တွေ အမြောက်အများဝယ်နေတာနဲ့ ပတ်သက်လား”

မုချီမိုင်က ယန်မော့ကို ကူညီကာ လျှို့ဝှက်စီးပွားရေးကို လုပ်ထားပေးသူ ဖြစ်သည့် အလျောက် ယခုတလော လှုပ်ရှားမှုများ အားလုံးကို သိသည်။

“အင်း ဒါက ငါအခုတလော လုပ်နေတာရဲ့ ပြင်ဆင်မှု တစ်ပိုင်းတစ်စလို့ ပြောလို့ ရမှာလဲ မင်းတို့လည်း ဒီနှစ်ရဲ့ ရာသီဥတု ပုံမှန်မဟုတ်တာကို သတိထားမိတယ်မလား။ ဇွန်လ အဆုံးပိုင်း ဒါမှမဟုတ် ဂျူလိုင်လ အစပိုင်းလောက်ပေါ့ အဲ့ဒီလို အချိန်မှာ တစ်ကမ္ဘာလုံးကို သည်းထန်တဲ့ မိုးက အလုံးအရင်းနဲ့ ရွာလိမ့်မယ်။ သုံးလကြာမှ တိတ်လိမ့်မယ်။”

“သုံးလလောက် သည်းထန်တဲ့ မိုးရွာတာက အဆုံးသတ်မဟုတ်သေးဘူး အဲ့ဒါက အစပဲ ကမ္ဘာ့အဆုံးသတ်ကာလရဲ့အစ”

ပုရှန်းဝမ်နှင့် မုချီမိုင်တို့၏ မျက်နှာများက ရောင်စုံဖြစ်သွားသည်။ သူတို့သည်လည်း အရှေ့မှ လူက ရည်ရွယ်ချက် မရှိဘဲ ဘာကိုမှ မလုပ်တတ်သည့် အချက်ကို မသိထားခဲ့ပါက သူတို့ကို လှည့်စားရန် ကြိုးစားနေသည်ဟု ထင်မိလောက်သည်။

ထိုသို့ဖြင့် အခန်းတစ်ခုလုံးက သေလောက်အောင် တိတ်ကျသွားသည်။ ယန်မော့ကလည်း သူတို့ဘာသာ သတင်းကို အစာခြေနိုင်မည့် အချိန်အထိ စောင့်ပြီးမှ ဆက်ပြောသည်။

“ဒါဆိုရင် ငါတို့အခု ပစ္စည်းတွေ ပြင်ဆင်ရမှာလား စားစရာ၊ ရေ နောက်ပြီး အခြားအထောက်အပံ့ပစ္စည်းတွေလေ။”

မုချီမိုင်၏ ကိစ္စများကို လက်ခံနိုင်စွမ်းရည်က ပုရှန်းဝမ်ထက် သာသည်။ ထို့ကြောင့်သူက အရင်ဦးဆုံး တုံ့ပြန်သည်။

“ငါဒီနေရာကို လာတဲ့ ရည်ရွယ်ချက် မင်းတို့ကို မေးချင်လို့ တကယ်လို့သာ အဲ့ဒီအချိန် ကျရောက်လာခဲ့ရင် မင်းတို့ ငါ့နောက်ကို လိုက်ချင်ကြလား”

14 03

ယန်မော့က သူ၏ အရှေ့မှ ညီအစ်ကိုကောင်းနှစ်ယောက်၏ မျက်နှာကို ကြည့်သည်။ မေးခွန်းကို အလေးအနက်ထားကာ မေးလိုက်သည်။

“မော့ကော ငါ သေချာပေါက် မင်းရဲ့နောက်ကို လိုက်မှာပေါ့ ဒီအသက်ကို မင်းပေးထားတာ ငါ တစ်ဘဝလုံး မင်းနောက်ကိုပဲ လိုက်မှာ”

ယန်မော့၏ စကားက ဆုံးသည်နှင့် မူချီမိုင်က သူ၏ သစ္စာရှိမှုကို ချက်ချင်း ဖော်ပြသည်။ ပုရှန်းဝမ်ကလည်း နောက်တွင် မကျန်ရစ်ခဲ့ပေ။

“ကျွတ် မင်းတို့က ဘာကို လာပြောတာလဲ ဟမ် ဘာလဲ မင်းက ငါတို့နှစ်ယောက်ကို စွန့်ပစ်ပြီး တစ်ယောက်တည်း ပျံသွားတော့မယ်ပေါ့ ငါသေချာပေါက် မင်းကို မှီခိုမှာပေါ့”

“မင်းရဲ့ မိသားစုအတွက် အကြံအစည်ကရော ဘာရှိလဲ”

မုချီမိုင်က တုံ့ဆိုင်းစွာ ပြောသည်။

“အာ….မင်းငါ့ရဲ့မိသားစု အခြေအနေကို မသိတာလဲ မဟုတ်ဘူး ဒီလို မိထွေးမျိုးနဲ့ဆိုရင် အဖေကလည်း ပထွေးဖြစ်သွားပြီလေ ကုန်လွန်ခဲ့တဲ့ နှစ်တွေမှာ ငါ ဒီမိသားစုကို လက်လျော့ပြီးတာ ကြာပြီ အချိန်ကျလာတဲ့အခါ သူတို့ကို အမည်မသိနာမည်မျိုးနဲ့ ရိက္ခာနည်းနည်း ပေးလိုက်မယ် ဒါက ငါ့ရဲ့ နောက်ဆုံး သိတတ်မှုပဲ”

အိမ်မှ အရှုပ်အထွေးများအကြောင်း ပြောသောအခါ ပုံမှန်အားဖြင့် ပေါ့ပေါ့ပါးပါးနေတတ်သော ပုရှန်းဝမ်သည် ခြောက်ကပ်စွာ ပြုံးသည်။ မိသားစုတိုင်းတွင် ကိုယ်ပိုင် ပြဿနာ ရှိကြသည်။

“အင်း…မင်းတို့က ငါ့ရဲ့ နောက်ကို လိုက်မယ်လို့ ဆုံးဖြတ်ချက် ချကတည်းက အချိန်ကျလာတဲ့အခါ ငါနဲ့ ပြောင်းနေတော့ အတူရှိနေတဲ့အခါ အချင်းချင်းပိုပြီး ဂရုစိုက်နိုင်လိမ့်မယ်။

ယန်မော့က သူ၏ အကြံအစည်ကို ရှင်းပြသည်။ ပုရှန်းဝမ်နှင့် မုချီမိုင်တို့ကလည်း သေချာတွေးတောပြီးနောက် ငြင်းစရာမရှိပေ။ ထို့နောက် မည်သည့်ပစ္စည်းမျာကို ဝယ်ရမည်ဟုသာ ဆက်တွေးနေလိုက်သည်။

ယန်မော့ကလည်း သူတို့အတွက် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပြီးပြီဟု ပြောထားသည်။ သို့သော် မုချီမိုင်နျင့် ပုရှန်းဝမ်တို့ နှစ်ယောက်လုံးကလည်း ပစ္စည်းယူသွားရန် စဉ်းစားထားပြီးသား ဖြစ်သည်။ သူတို့သည် ဘာကိုမှ မပြင်ဆင်သေးဘဲ အလကား ကပ်စားနေ၍ မဖြစ်ပါချေ။

မထွက်သွားသေးခင် ယန်မော့က သူတို့နှစ်ယောက်အား လက်ထဲတွင် အသင့်ဆောင်ထားရန် ရွှေနှင့် ပိုက်ဆံကို လဲခိုင်းထားသည်။

ထို့အပြင် စားစရာများကိုလည်း အလုံးအရင်းနှင့်မ ဝယ်ရန် ပြောသေးသည်။

ယန်မော့၏ အစောပိုင်း သတိပေးချက်မျိုးကြောင့် တိုင်းပြည်ကလည်း ဈေးကွက်ထဲမှ စားစရာများကို စတင်ကာ ထိန်းချုပ်နေပြီ ဖြစ်သည်။ အလုံးအရင်းနှင့်ဝယ်ယူမှုများက သံသယဝင်စေနိုင်သည် ထို့ကြောင့် သိုသိပ်စွာနေသင့်၏။

******

All Chapters