အခန်း ၁၅
Vol. 2 Ch. 15
15 01
အပိုင်း (၁၅) ပြင်းထန်တဲ့မိုး
မြင့်မားလွန်းသော အပူချိန်က လူအများအား အလုပ်ဆက်လုပ်ပြီး စာမသင်ကြားနိုင်အောင် ဖြစ်လာစေသည်။ ထို့ကြောင့် ကုမ္ပဏီအများစုနှင့် ကျောင်းအများစုကလည်း အိမ်မှသာ အလုပ်လုပ်ရန် အွန်လိုင်း အလုပ်လုပ်ရန် ရွေးချယ်ကြရသည်။ နေ့အချိန်အတောအတွင်းတွင် လမ်းပေါ်တွင် လမ်းလျှောက်နေသူများ မည်သည့်ယာဉ်များကိုမှ မမြင်ရတော့ချေ။ လူအများစုက ညရှစ်နာရီ ကိုးနာရီခန့်မှသာ အိမ်ထဲမှာ ထွက်လာကြပြီး အပြင်ဘက်ရှိ လေကောင်းလေသန့်ကို ရှူကြလေသည်။
မြင့်မားသော အပူချိန်က အချိန်တန်ကြာသည့်အထိ တက်နေခဲ့ပြီး မိုးလည်း တစ်စက်မှ မရွာခဲ့ပေ။ လယ်ခင်းထဲမှာ ကောက်ပဲ သီးနှံများအများစုက နေအပူအလှမ်းခံရပြီး သေသွားကြသည်။ ကံများမြစ်များ အတွင်းမှ ရေအဆင့်ကလည်း အများကြီး ထိုးကျနေခဲ့သည်။
အချို့သော သူများသည်လည်း ကပ်ဘေးကို ပြင်းထန်စွာ ခံစားနိုင်စွမ်းရည်ရှိသည်။ ထို့ကြောင့် သူတို့သည်လည်း အသေးစိတ်အချက်အလက်များမှ တဆင့် ပုံမှန်မဟုတ်သော လေထု အနေအထားကို နားလည်လာကြပြီး အိမ်တွင် ရိက္ခာများကို တိတ်တဆိတ်စုဆောင်းလာကြသည်။
ကမ္ဘာ့အဆုံးသတ်ဆိုပြီး သီအိုရီ ထုတ်သူများကလည်း အွန်လိုင်းပေါ်တွင် ပြည့်နှက်လာသည်။ ပုံမှန်မဟုတ်လွန်းသော မြင့်မားသော အပူချိန်က တစ်တိုင်းပြည်လုံးအနှံ့ဖြစ်ပွားနေလေရာ ကမ္ဘာ့အဆုံးသတ်ရောက်ရှိလာသည့် လက္ခဏာဟုပင် ပြောကြလေသည်။
ထိုကဲ့သို့ မှတ်ချက်များ ထွက်လာသည့်အချိန်တွင် ပြည်သူများထံမှ အလုံးအရင်းနှင့် လှောင်ပြောင်းရယ်မောမှုကို ခံရပြီး ထိုဘလော့က ဝတ္ထုအများကြီး ဖတ်ထားသူ စိတ်ကူးယဉ် ဆန်လွန်းသူဟု ပြောကြသည်။ အချို့သော သူများကလည်း ထိုဘလော့ကာသည် ပစ္စည်းပေါင်းများစွာ ရောင်းချနိုင်ရန်အလို့ငှာ ထိုကဲ့သို့သော ကမ္ဘာကပ်ဘေးသီအိုရီကို ထုတ်ခြင်းအားဖြင့် လူအများကို ပိုက်ဆံအများကြီး သုံးပြီး ပစ္စည်းသိုလှောင်ထားရန် လုပ်နေကြသည် စသဖြင့် ပြောကြလေသည်။
နည်းပါးသော လူများကသာ ထိုဘလော့ကာ၏ ပြောစကားကို ယုံကြည်၍ စူပါမားကတ်သို့သွားကာ ပစ္စည်းများကို ဝယ်ကြသည်။ အချို့သော သူများကလည်း ယုံတဝက် မယုံတဝက် အခြေအနေမျိုးတွင် ပစ္စည်းများစစုကြ၏။ ထိုသို့ဖြင့် မည်သည့်အရာများ ဖြစ်ပျက်လာလျှင် အိမ်တွင်ထား၍ စား၍ ရသည်။ ဖြုန်းတီရာလည်း မရောက်ဟု ယူဆကြသည်။ ထိုသို့ဖြင့် ပြည်သူများသည် ဝေ့ပေါ်ပိုစ့်အောက်တွင် အဆုံးအစမဲ့သည့် ငြင်းခုံမှုများကို ပြုလုပ်နေကြပြီး သိပ်မကြာခင်မှာတွင် ရှာဖွေမှု အများဆုံး စာရင်းသို့ ခုန်တက်သွားသေးသည်။ ထို့နောက် အာဏာပိုင်များကလည်း ထိုဝင်ပေါက်ကို တန်းပိတ်လိုက်ခြင်းအားဖြင့် ကမ္ဘာကပ်ဘေးနှင့် ပတ်သက်သော မည်သည့်ကိုမျှ မတွေ့ရတော့ချေ။
အင်တာနက်ပေါ်မှ ဖောက်ခွဲမှု စွမ်းအားပြင်းထန်သော သတင်းအရေအတွက်က ပြည်သူများ၏ ဦးနှောက်အပေါ်တွင် တစ်ပြိုင်တည်းသက်ရောက်သည်။ ထိုဆောင်းပါးက သမုဒ္ဒရာထဲမှ ရေတစ်စက်ကဲ့သို့ ဖြစ်သွားပြီး ခပ်မြန်မြန် မေ့ခံရသည်။ ထို့ကြောင့် လူအများသည်လည်း နောက်ထပ် ဆွေးနွေးမှုများထံသို့ စိတ်အားထက်သန်စွာ ဝင်ရောက်ပူးပေါင်းပေးကြလေသည်။
ထိုဆောင်းပါးကို ယဲ့ယွီအန်းက တင်ထားခြင်း ဖြစ်သည်။ ဒါဟာ သူမပေးနိုင်သည့် အမြင့်ဆုံးသော သတိပေးချက်သာ ဖြစ်သည်။ ထို့နောက် ဘာမှ ဆက်လုပ်ပေးတော့မည် မဟုတ်ပေ။
ပြန်လည် မွေးဖွားလာပြီးနောက် သူမ၏ ခံစားချက်များက ပုံမှန်မဟုတ်လောက်အောင် ခြားနားသွားသည်။ သူမသည် အရေးမပါသော လူများ၏ အသက်ကို အာရုံမစိုက်နိုင်တော့ချေ။
ရှုရှင်းက ဝယ်ထားသော သိုလှောင်အိမ်စူပါမားကတ်နှင့် ဆေးဆိုင်လေးများကလည်း လွန်ခဲ့သော လဝက်ခန့်ကတည်းက ပိတ်ထားပြီးသား ဖြစ်သည်။ စီမံခန့်ခွဲမှု နိမ့်ကျသောကြောင့် သို့မဟုတ် ဝင်ငွေ ပြတ်တောက်မှုကြောင့် ဒေဝါလီ ခံသွားသည်ဟု ကြေညာထားသည်။
ရှုရှင်းသည်လည်း သည်းထန်သော မိုး မရွာမီတွင် ထိုကဲ့သို့သော စူပါမားကတ်အမြောက်အများကို အစိုးရအေဂျင်စီများနှင့် စစ်တပ်ဖက်က လွဲပြောင်းယူသွားခဲ့ကြောင်း သိနေသည်။ သူမကလည်း မိုးထဲလေထဲသို့ ထွက်ကာ ထိုကဲ့သို့သော အရာမျိုးကို မစီမံချင်ပါပေ။
ထို့ကြောင့် စောစောပိတ်လိုက်ခြင်းအားဖြင့် အနီးအနားတွင် နေထိုင်သော အရေးမပါသော သူများက စူပါမားကတ်မှ ပစ္စည်းများကို အသည်းအသန်သွားရှာတော့မည် မဟုတ်ပေ။ ထိုကဲ့သို့သွားရှာပါက တစ်ခုမှ မရှိသည့်အတွက်လည်း ပြဿနာရှာလိမ့်မည်။ မဟုတ်တော့ချေ။
15 02
ထိုကဲ့သို့ ဝန်ထမ်းများအားလုံးကို အလုပ်ထုတ်ရသည့် အချိန်တွင်မူ ရှုရှင်းက မန်နေဂျာအား တစ်ယောက်ချင်းစီတိုင်းကို သုံးလစာ လခ ပေးခိုင်းသည့်အပြင် အလုံပိတ်ဆန်အိတ် ငါးအိတ်၊ ခေါက်ဆွဲဖာ ငါးဖာ အပြင် အထွေထွေ ဆေးများ ပါဝင်သော အရေးပါဆေးသေတ္တာလေး လေးခုစီ ထပ်ပေးခိုင်းလေသည်။ ထိုပစ္စည်းများကို အိမ်တွင်ထားထားပြီး မရောင်းချဘဲ နေမည် ဆိုပါက သူတို့ကိုယ်သူတို့ ကောင်းကောင်းကာကွယ်နိုင်မည် ဖြစ်ပြီး နောက်နှစ်မှ သဘာဝ ကပ်ဘေးကိုတော့ဖြင့် ဖြေရှင်းနိုင်ရန် မျှော်လင့်လေသည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ရှုရှင်းနှင့် ယန်မော့တို့ နေသော အိမ်သို့ ပြောင်းလာပြီးလေပြီ။ ထိုအိမ်က နှစ်ထပ်ခွဲထားသည်။ ရှုရှင်းက အပေါ်ထပ်တွင် တစ်ယောက်တည်းနေပြီး ယန်မော့နှင့် အခြားသော ကောင်လေး သုံးယောက်က အောက်ထပ်တွင် နေကြသည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ဘဏ်မှ လုံခြုံမှုအလား မြင့်မားလွန်းသော လုံခြုံမှု အပြည့်ရှိသော ပြင်ဆင်ပုံနှင့် တံခါးများကို သေချာမြင်ပြီး ရှုရှင်း၏ လုံခြုံမှုအပေါ် အာရုံခံနိုင်စွမ်းအားအား မှင်သက်ခဲ့ရသေးသည်။ သူတို့သည်လည်း ရှုရှင်းကိုပင် စိတ်ရင်းဖြင့် လေးစားမိကြသည်။
သူတို့တစ်ယောက်ချင်းစီတိုင်းက သိုလှောင်အိမ်ဆယ်ခုစာခန့် ဝင်ဆန့်သော စာနပ်ရိက္ခာများကို စုဆောင်းထားပြီး အနာဂတ် အသုံးပြုရန်အတွက် ယန်မော့ကို လွဲအပ်ထားသည်။ သော့များကို ပေးထားသည့်အလျောက် ယန်မော့ကလည်း ငြင်းဆန်မနေခဲ့ချေ။ သူက ရှုရှင်းကို ခေါ်ပြီး ထိုပစ္စည်းများကို ညသန်းခေါင်ကြီး သွားရောက်သိမ်းလိုက်သည်။
ကံကောင်းသည်မှာ သူ၏ နေရာလပ်နယ်မြေက လုံလောက်အောင် ကြီးသည်။ သို့မဟုတ်ပါက ထိုမျှလောက် ပစ္စည်းအများကြီး ထည့်ထားနိုင်မည် မဟုတ်ချေ။ ရက်အကန့်အသတ်နှင့် ဆိုသော တွက်ချက်ရန် မလိုအပ်သော ပစ္စည်းအမြောက်အများကိုမူ ဒုတိယထပ်သို့ ပြောင်းရွေ့ထားလိုက်သည်။ မြက်ခင်းပြင်ထဲတွင် စင်များနှင့် တင်ထားလိုက်ခြင်းအားဖြင့် အခြားသော ကျွဲများ၊ နွားများ လွတ်လွတ်လပ်လပ် ဖြတ်သွားနိုင်လေသည်။
ဇွန်လ၏ နောက်ဆုံးနေ့တွင်မူ သာယာသော နေရာ မှေးမှိန်သွားသည်။ လေပြေက စတင်ကာ တိုက်ခတ်လာပြီး မိုးစက်များက ကျလာကာ လူအများက အေးမြမှုကို ခံစားလိုက်ကြရသည်။
“တရုတ်နိုင်ငံ မိုးလေဝသ စောင့်ကြည့်စစ်ဆေးရေးဌာနက သည်းထန်သော မိုးအတွက် အဝါရောင်အဆင့် သတိပေးချက်ကို ထုတ်ထားတယ်။ သည်းထန်တဲ့ မိုးက တစ်ပတ်နီးပါးလောက် ဆက်ရွာလိမ့်မယ်။ နေထိုင်သူတွေအနေနဲ့ ပစ္စည်းတွေကို သင့်တော်သလို စုစည်းထားပြီး အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေထိုင်ကြသင့်တယ်။
“အစိုးရ ဌာနနဲ့ အခြားသော ပတ်သက်တဲ့ ဌာနတွေကလည်း ဒီမိုးမုန်တိုင်းကို သူတို့ရဲ့ တာဝန်ဝတ္တရားနဲ့ပတ်သက်ပြီး သင့်တော်တဲ့ အရေးပေါ် လုပ်ဆောင်မှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်လို့ အန္တရာယ်ကြီးများတဲ့ ပြင်ပ လျှပ်စစ် ဓာတ်အား ထုတ်လွှင့်မှုများ နှင့် ပြင်ပ အလုပ်များကို ဆိုင်းငံ့ထားဖို့ အကြောင်းကြားထားတယ်။ အန္တရာယ်များတဲ့ နယ်မြေက အဖွဲ့တွေကလည်း အတန်းတွေ ရပ်ထားဖို့ အလုပ်တွေကို ရပ်ထားပြီး ကျောင်းသားကလေးများ အခြားသော အလုပ်သမားများရဲ့ လုံခြုံမှု အပြည့်အဝ ရှိတဲ့ နေရာတွေမှာ နေထိုင်ဖို့ သူတို့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ အကြောင်းကြားထားတယ် ရေလွှမ်းမိုးနိုင်တဲ့ မျိုးတွေ နယ်မြေတွေ စိုက်ခင်းတွေ နေရာကလည်း အသီးသီးသော ဖြစ်ပေါ်နိုင်တဲ့ သဘာဝ ကပ်ဘေးဖြစ်တဲ့ တောင်ပြိုကျခြင်း၊ မြေပြိုကျခြင်း၊ ရွံ့ပြိုကျခြင်း၊ ကျောက်တုံးပိခြင်း စသဖြင့် အမျိုးမျိုးသော အခြေအနေများ မဖြစ်ပေါ်စေရန်အလို့ငှာ ဘေးကင်းရာကို ရှောင်ရှားနေထိုင်စေရန်၊…”
မိုးက မမျှော်လင့်ထားဘဲ ရောက်လာသည်။ သတင်းကို ရသော လူအများစုက စူပါမားကပ်များသို့ အပြေးအလွှားသွားကြသည်။ ရှုရှင်း၏ သူငယ်ချင်းများကပင် ချွင်းချက်မရှိပေ။
သူတို့တွင်လည်း လုံလောက်သော ရိက္ခာရှိသော်လည်း သူတို့နေသော အိမ်တွင်လည်း အခန်းလွတ်များက ရိက္ခာများ ပြည့်နှက်နေသေးသော်လည်း အခြားသောသူများက အပြင်ထွက်ပြီး စားစရာများ ဝယ်နေကြလေရာ သူတို့ထဲက တစ်ယောက်ကမှ မလှုပ်ရှား၍ မရတော့ပေ။
ဒါဆိုရင် အိမ်မှာ အလုံလောက်ရှိတယ်လို့ အခြားသူကို ကြေညာသလို ဖြစ်သွားတော့မှာပေါ့။ ဟုတ်တယ်မလား။
ထို့ကြောင့်အ ခြားသော သူများက အပြင်သို့ထွက်ပြီး စားစရာဝယ်နေကြသောအခါ မဝယ်သော သူများကလည်း ပြစ်မှတ်ထားခံရလွယ်သည်။ မလိုလားအပ်သော ပြဿနာများလည်း ဖြစ်လာနိုင်သည်။
သူတို့သည် ပြဿနာကို မကြောက်ပေ။ သို့သော် ပြဿနာ မဖြစ်ချင်ပါပေ။ သူတို့သည် ဒီအတိုင်း သူတို့၏ ဘဝတွင်သာ အေးအေးဆေးဆေး နေလိုကြသည်။
15 03
ထိုအဖွဲ့က စူပါမားကတ်များထံသွားကာ ဈေးဝယ်သည့်အခါ သာမာန်သူများအတွက် ရှင်သန်ရေး အရင်းအမြစ်များကို ယှဉ်ပြိုင်ရန် မကြိုးစားကြဘဲ ခေါက်ဆွဲတစ်ဖာ ဆန်တစ်အိတ်ကိုသာ ကောက်ယူလိုက်ပြီး သူတို့၏ ဈေးဝယ် cart ထဲသို့ အခြားသော အဆာပြေမုန့်များ သောက်စရာများ သူတို့သဘောကျသော အရာများကိုသာ ကောက်ထည့်လိုက်ကြသည်။
အားလုံးကလည်း ဆန်ဆီဆား၊ အရွက်၊ သစ်သီး၊ အသား၊ ကြက်ဥ စသဖြင့် ဝယ်ရင်းအလုပ်များနေကြရာ ထိုအဆာပြေမုန့်အတန်းက တော်တော်လေးကို ရှင်းလင်းနေပြီး လူငယ်နည်းနည်းသာ ပတ်လျှောက်နေကြသည်။
သူတို့သည် အဆာပြေမုန့်များကို ဝယ်ရာတွင်မူ တုံ့ဆိုင်းမနေကြချေ။ သူတို့သဘောကျသော မုန့်များကို တွေ့သည်နှင့် ဈေးဝယ်ခြင်းထဲသို့ အသားကုန် ထိုးထည့်ကြသည်။ ယခင်က မစားဖူးသော မုန့်များကိုပင် ထည့်ကြည့်ကြသေးသည်။ ရှုရှင်းက ကြီးမားလွန်းသော ရေခဲမုန့်ဗူးကြီး နှစ်ဗူးကို ဝယ်လာပြီး ဈေးဝယ်ခြင်းထဲသို့ ထည့်လိုက်သည်။ ချစ်သူကောင်လေး၏ သဘောကျသော အကြည့်ကို လျစ်လျူရှုလိုက်သည်။
သူ၏ ကောင်မလေးက သူ့ကို ခိုးခိုး ကြည့်နေသော်လည်း လက်ကမူ မတုံ့ဆိုင်းကြောင်း မြင်သောအခါ ယန်မော့ကလည်း ကူကယ်ရာမဲ့သို့ သက်ပြင်းချသည်။ ကြည့်ရသည်မှာ သူသည် သူမကို တစ်ချိန်လုံး စောင့်ကြည့်နေရတော့မည်။ ထိုမှသာ ရေခဲမုန့်ကို အများကြီးခိုးစားပြီး အထူးကာလ အတောအတွင်း ဗိုက်အောင့်သည်ဟု လာရောက် အထွန့်မတက် မည်ဖြစ်သည်။
သူမလေးပဲ ခံစားရမှာ…
သူတို့လေးယောက်က တွန်းလှည်းလေးလှည်းကိုတွန်းသည်။ လက်ထဲမှ အထုတ်များကိုမူ ယန်မော့နှင့် မူချီမိုင်ကသာ သယ်ထားပြီး ရှုရှင်းနှင့်ပုရှန်းဝမ်တို့ကမူ တွန်းလှည်းကို တွန်းနေသော်လည်း ထိုနှစ်ယောက်ကသာ အဓိက ထားတွန်းရလေသည်။
အကြောင်းမူကား ထိုနှစ်ယောက်က မုန့်များဝယ်ထားကာ မဆန့်တော့သောကြောင့် ဖြစ်သည်။
ဘေလ်ရှင်းသော နေရာနားတွင် လူအနည်းစုသာ မြင်ရသည်။ သို့သော် သူတို့ဝယ်ထားသော ပစ္စည်းများကို မြင်သောအခါ အကုန်လုံးက အံ့အားသင့်သွားကြသည်။
လူကြီးများ အဒေါ်ကြီးများအဖွားကြီးများကဆိုလျှင် ရွံရှာသလို အပြစ်တင်သလို အကြည့်မျိုးဖြင့် ကြည့်ကြသေးသည်။ ပုံမှန်အခြေအနေများတွင် ဆိုလျှင် တစ်စုံတစ်ယောက်က အပြေးအလွှားလာပြီး
“ဒီလူငယ်တွေကို ကြည့်စမ်း အသက်ဘယ်လို ရှင်ရမလဲတောင် မသိဘူး။ အရေးပါတဲ့ ပစ္စည်းတွေကို လျှောက်ဝယ်ထားတယ် ဒါက ဗိုက်ပြည့်နိုင်မှာလား” ဟု ပြောကြလောက်သည်။ သို့သော် ယခုမူ အကုန်လုံးက ပစ္စည်းဝယ်ရန် အလုပ်များနေသည့် အလျောက် သူတို့၏ အကြံကို လာရောက်ပြီး မကြေညာနိုင်ပေ။
သူတို့လေးယောက်က ပြန်ထွက်လာပြီးနောက် သူတို့၏ ကနိုက် HP ကို မောင်းကြသည်။ သူတို့အနေဖြင့် ထိုအိတ်ပေါင်းများစွာကို ထိုးထည့်ရန်လည်း ပြဿနာ မရှိပါပေ။
သည်းထည်သော မိုးကြောင်း အပြင်ထွက်ရန် မသင့်တော်မည့် အခြေအနေကို တွေးခြင်းအားဖြင့် သူတို့သည်လည်း အကြမ်းဖြင်းဆွေးနွေးကြပြီး ဒီနေ့လည်း အပြင်သို့ ထွက်ကာ ကောင်းကောင်းစားသောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
စားသောက်ရသော ဝန်းကျင်မျိုးက အတော်လေး ကောင်းမွန်သောကြောင့် ဖြစ်လောက်သည်။ ယန်မော့ကပင် ရှားရှားပါးပါး အများကြီး စားလိုက်သည်။
ရင်းနှီးတဲ့ သူငယ်ချင်းတွေရန် ချစ်ရတဲ့ သူရယ်က အနားမှာ ရှိနေတဲ့အခါ ဘယ်လောက် ကောင်းလိုက်သလဲ အခုလိုပဲ တည်ငြိမ်ပြီး ပျော်ရွှင်တဲ့ ဘဝမျိုးမှာ နေထိုင်နိုင်ရင် ကောင်းမှာပဲ။
*******