အခန်း ၁၆
Vol. 2 Ch. 16
16 01
အပိုင်း (၁၆) ခန္ဓာကိုယ် လေ့ကျင့်မှု
ဝှား… ဝှား…ဝှား…
သည်းထန်သောမိုး၏ ခုနှစ်ရက်မြောက်တွင် မိုးမုန်တိုင်းကြီးက ရပ်တန့်မည့် လက္ခဏာကို မပြသချေ။ သည်းထန်သော မိုးက မှန်ပြတင်းပေါက်များကို လာရိုက်သည်။ လမ်းပေါ်မှ ရေများကလည်း လူခါးတစ်ဝက်ပင် ရှိလာသည်။
နဂိုက ပြင်းထန်သော အပူချိန်ကြောင့် ထိုးကျသွားခဲ့သည့် ရေအဆင့်ကလည်း ထပ်မြင့်သွားသည်။ ထို့ထက် မြင့်နေသေး၏။
အရာရှိများက ကြိုတင်အကြောင်းကြားသောကြောင့် နဂိုရေကြီးတတ်သော နေရာများမှသူများကလည်း ဘေးကင်းရာတွင် သွားရောက်နေထိုင်ကြသလို သူတို့၏ အိမ်တွင် စားနပ်ရိက္ခာများကို သိုလှောင်ထားကြသည်။ အွန်လိုင်းရုံးနှင့် အွန်လိုင်းသင်ကြားမှုများကလည်း အစီအစဉ်တကျ ဖြစ်နေကြသည်။ သည်းထန်သောမိုးကမူ သူတို့၏နေ့စဉ် လုပ်ဆောင်မှုများနှင့် သင်ကြားမှုဘဝများကို မသက်ရောက်စေခဲ့ပေ။
လူများက အိမ်တွင်သာ တစ်ချိန်လုံး နေကြသည်။ သို့သော် အထူးဖျော်ဖြေမှုများလည်း မရှိပေ။ သို့သော် မည်သို့မည်ပုံဖြစ်မှန်းမသိ အင်တာနက်ပေါ်တွင်လည်း သူတို့ စုဆောင်းထားသော ပစ္စည်းများ စားစရာများကို ကြွားဝါပြသည့်စနစ်က ကျော်ကြားလာသည်။ လူအများစုက အပြေးအလွှား ကျော်ကြားနေကြကာ ဝေ့ပေါ်နှင့် ဝေ့ရှင်း moment များတွင် ဆက်တိုက်တင်နေကြသည်။
ရက်အနည်းငယ်ခန့် ကြာပြီးနောက် သည်းထန်သောမိုးက မရပ်တန့်သေးဘဲ ထိုကြေညာထားသော တစ်ပတ်ဆိုသော ကာလကိုပင် ကျော်လွန်သွားကြောင့် သိလာကြသည်။ အိမ်တွင်သိမ်းထားသော စားစရာများက ကုန်တော့မည် ဖြစ်သည်။ ထိုအခါမှသာ လူအများသည်လည်း သူတို့၏ရိက္ခာများကို သိမ်းထားပြီး သိုသိုသိပ်သိပ်နေရန် ဆုံးဖြတ်ကြသည်။ သူတို့တင်ထားသော ပုံများကို အပြေးအလွှား သွားဖျက်ကြသည်။ သို့သော် အချို့သော သူများကမူ မှတ်မိနေကြပြီးသား ဖြစ်သည်။ ထို့ကြောင့် ဝရုန်းသုန်းကား ကိစ္စပြီးနောက် သူတို့က အရင်ဦးဆုံး ထိခိုက်ဒုက္ခရောက်သည့် အဖွဲ့ဖြစ်လာသည်။
ရှုရှင်းတို့ကမူ သည်းထန်သောမိုးက အချိန်ကြာမည်ဖြစ်ကြောင်း သိထားပြီးသား ဖြစ်သည်။ မမျှော်လင့်ထားသော အခြေအနေသာ မရှိလျှင် အာဏာပိုင်များက ရိက္ခာမဝေခင်အထိ သူတို့က ထွက်ကြတော့မည် မဟုတ်ပေ။
အိမ်ကို ပြန်ပြင်ဆင်သောအခါ လူအများက အချိန်တန်ကြာအောင် အပြင်ထွက်ရမည် မဟုတ်သည့်အချက်ကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် ယန်မော့က gym ကို ထည့်သွင်းတည်ဆောက်ထားသည့်အပြင် သေနတ်ပစ်လေ့ကျင့်သည့်အခန်းကိုပါ ပြင်ဆင်ထားသေးသည်။
ကမ္ဘာကပ်ဘေးကာလတွင် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် တိကျစွာ ပစ်ခတ်နိုင်မှု စွမ်းရည်က အလွန်အရေးကြီးသည်။
ကောင်းမွန်သော ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုးက ထွက်ပြေးရန် လိုအပ်လာသောအခါ ဓားများကို ယမ်းနေရင်း တစ်ချိန်တည်းတွင် ပြေးနိုင်စေလောက်သည်။ သေနတ်ပစ်လေ့ကျင့်ခြင်းကမူ ပို၍အရေးကြီးသည်။ ကမ္ဘာကပ်ဘေးကာလတွင် မည်သူကမှ ကျည်ဆံ ထုတ်ပေးနေမည် မဟုတ်ပေ။ ထို့ကြောင့် ပစ္စည်း အသစ်များ ထပ်မရနိုင်သည့်အခါ ရှိသောအရာများကိုသာ ချွေတာရပေမည်။ ဖြုန်းတီး၍ မရတော့ပေ။
ဖုတ်ကောင်က ပြေးလိုက်နေပြီး အသက်ဘေးက ထွက်ပြေးသည့်အခါ သူတို့ကို တိုက်ရိုက်မတိုက်ခိုက်နိုင်ဘဲ ကွက်တိထိအောင် မပစ်နိုင်ဘူးဆိုပါက ဒုက္ခရောက်ပေလိမ့်မည်။ ထို့ကြောင့် လုံလောက်အောင် ကံကောင်းပြီး ရှင်သန်နိုင်ခဲ့မည်ဆိုလျှင်ပင် အရံဇာတ်ကောင်သာ ဖြစ်ပေလိမ့်မည်။
ယန်မော့က ရှုရှင်းနှင့်ပုရှန်းဝမ်တို့အတွက် လေ့ကျင့်ရေးအကြံအစည်ကို အသီးသီးရေးဆွဲပေးသည်။ တစ်ယောက်ကမူ အလိုလိုက်ခံရသော အဆင့်အတန်းမျိုးမှ သယ်ထုတ်ခံလာရသူဖြစ်ပြီး အခြားတစ်ယောက်ကမူ တစ်နှစ်ပတ်လုံး ရုံးခန်းထဲတွင် ထိုင်နေခဲ့သူဖြစ်ကာ ခန္ဓာကိုယ် ကြံ့ခိုင်မှုများက အလွန်ဆိုးသည်။
ယန်မော့သည် ငယ်စဉ်ကတည်းက ထိုကဲ့သို့သော လေ့ကျင့်မှုများဖြင့် ကြီးပြင်းလာသူဟု ပြောလျှင် မှားရာ မရောက်ချေ။ မူချီမိုင်ကလည်း သူ့ကို ကူညီကာ လျှို့ဝှက်ကိစ္စများကို လုပ်ပေးနေကျ ဖြစ်သည်။ သူသည် နေ့တိုင်းလိုလို အန္တရာယ်ရှိသောအစွန်းနားတွင် လျှောက်လှမ်းနေကျဖြစ်သဖြင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် တုံ့ပြန်နိုင်စွမ်း စွမ်းရည်များက လေ့ကျင့်ပေးထားသည်မှာ ကြာပြီ ဖြစ်သည်။ ပုရှန်းဝမ်နှင့် ရှုရှင်းတို့ကမူ လုံးဝအားနည်းသူများ ဖြစ်သည်။
သူတို့ နေသောအိမ်ယာက တစ်ထပ်လျှင် လှေကားထစ် တစ်ခုရှိသည်။ အဆောက်အဦးအသီးသီးမှ နေထိုင်သူများကလည်း နေ့စဉ်နှင့်အမျှ ဓာတ်လှေကားကိုသာ အသုံးပြုကြသည်။ ထို့ကြောင့် ထိုအရေးပေါ် လှေကားများက အလှဆင်ထားသကဲ့သို့သာ ဖြစ်သည်။
16 02
ပုံမှန်အခြေအနေအတိုင်းဆိုရင် မည်သူကမှ လှေကားကို မသုံးကြပေ။ ဆိုလိုသည်မှာ ရှုရှင်းနှင့် အခြားသောသူများ လေ့ကျင့်ရန် သင့်လျော်သည်။
အဆောက်အဦးကြီး တစ်ခုလုံးက နှစ်ဆယ့်ငါးထပ် မြင့်သည်။ ယန်မော့ကလည်း ထိုနှစ်ယောက်အား ပထမဦးဆုံး နားရက်တွင်ပင် နေ့တိုင်းတိုင်းလိုလို အခေါက်နှစ်ဆယ် တက်လိုက်ဆင်းလိုက် လုပ်ခိုင်းသည်။ နောက်ပိုင်းတွင်လည်း သူဟာ အလေးချိန်ကို ပိုတိုးစေရန်အလို့ငှာ အချိန်အကန့်အသတ်ကို ပိုမြှင့်လိုက်သည်။ ထိုသို့ဖြင့် သူတို့၏ အရှိန်နှုန်းကို မြန်အောင်လေ့ကျင့်ခိုင်းသည်။
လှေကားတက်ရခြင်းအပြင် အခြားသော အခြေခံလေ့ကျင့်မှုများလည်း ရှိသေးသည်။ ယန်မော့နှင့် မူချီမိုင်တို့က သူတို့အား အမျိုးမျိုးသော သေနတ်များ၏ အချက်အလက်များနှင့် အသုံးပြုပုံများကို သင်ကြားပြသပေးပြီး ပစ်ခတ်မှုကို လေ့ကျင့်ခိုင်းလေသည်။
ယန်မော့နှင့် မူချီမိုင်တို့ကလည်း ရေသာမခိုနေခဲ့ပါချေ။ သူတို့သည်လည်း ရှုရှင်းတို့နှင့်အတူ အမြဲတစေ လေ့ကျင့်မှုကို လိုက်လုပ်သည်။ အပိုသုံးနာရီကိုပင် ထပ်ယူကာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကိုလုပ်ပြီး နောက်ထပ် နှစ်နာရီကမူ ပစ်ခတ်မှု လေ့ကျင့်ရန်အတွက် အသုံးချခြင်းအားဖြင့် သူတို့၏လက်ရည်ကို အထွတ်အထိပ်တွင် ရှိနေအောင် လေ့ကျင့်ပေးသည်။
ထိုသို့ဖြင့် နေ့တိုင်းလိုလို လေ့ကျင့်ပြီးနောက် ရှုရှင်းနှင့်ပုရှန်းဝမ်တို့က ခွေးသေကောင်များအလား ပင်ပန်းကြသည်။ သူတို့က ဗိုက်ဆာလွန်းနေသောကြောင့်သာ မဟုတ်လျှင် လက်ညိုးပင် မလှုပ်ချင်ကြတော့ပေ။
ယန်မော့က ရှုရှင်းကို ခွံကျွေးရန် တာဝန်ယူသည်။ သို့သော် ရှုရှင်းက ငြင်း၏။
အိမ်တွင်လည်း သူတို့နှစ်ယောက်တည်းကသာ ရှိနေခဲ့ခြင်း မဟုတ်ပေ။ အပြင်လူများလည်း ရှိနေသည်။
ရှုရှင်းအနေဖြင့် အပြင်လူများ၏အရှေ့တွင် ရယ်စရာကောင်းအောင် မနေချင်ပါပေ။ ထို့အပြင် သူမသည်လည်း ခြေထောက်ဖြင့် ရဲတိုက်ဖြင့် တည်ဆောက်နိုင်သည်အထိ မရှက်နေချင်ပေ။ ယန်မော့က မကြာခဏဆိုသလို လှမ်းလှမ်းကြည့်သောအခါ ထိုနှစ်ယောက်လုံးက ခေါင်းကို ငုံ့ပြီး တိတ်တဆိတ်သာ စားနေကြသော်လည်း သိသာထင်ရှားနေလေသည်။
ညနေပိုင်းတွင် ယန်မော့က ရှုရှင်းအား ကြွက်သားပြေလျော့စေရန် နှိပ်ပေးသည်။ ထိုအချိန်တွင် ရှုရှင်း၏အော်သံက ကောင်းကင်ကိုပင် ထိုးဖောက်နိုင်လောက်သည်။ အောက်ထပ်မှ ပုရှန်းဝမ်ကလည်း တူညီသော ဒုက္ခကို ခံရသည်။
သူတို့အိမ်ကို အခန်းများ ပြန်ပြင်သောအခါ အသံလုံသော စနစ်ကို ထည့်သွင်းထားသောကြောင့်သာ မဟုတ်ပါက အနားမှသူများကလည်း သူတို့တွင် ထူးခြားသောအကြိုက်ရှိသည်။ သို့မဟုတ် အလုံးအရင်းဖြင့် လူသတ်မှုကို ကျူးလွန်နေသည်ဟုပင် သံသယဝင်ကြလောက်လေသည်။
ရှုရှင်းနှင့်ပုရှန်းဝမ်တို့က နေ့တိုင်းလိုလို ငရဲဆန်သော လေ့ကျင့်မှုများကို သည်းခံကြသည်။ သူတို့သည်လည်း ခက်ခဲကြမ်းတမ်းတမ်းမှုပင်ပန်းမှုများကို အထွန့်တက်သော်လည်း ဘယ်သောအခါမှ လက်မလျော့ကြပါပေ။
သူတို့နှစ်ယောက်သည်လည်း ထိုလေ့ကျင့်မှု၏ အရေးပါမှုကိုသိသည်။ ဒါ သူတို့၏အသက်အတွက် လုပ်နေရမှန်းလည်း နားလည်၏။ သူတို့သည် လေ့ကျင့်ခိုင်းသည်များကို လေ့ကျင့်သည်။ မလုပ်နိုင်လျှင်ပင် အံကို ကြိတ်ပြီး ပြီးအောင် လုပ်လေသည်။
ယန်မော့က ရှုရှင်း၏ ခန္ဓာကိုယ်မှ အရှိုးရာများနှင့် နီရဲမှုများကို မြင်သောအခါ စိတ်မကောင်းဖြစ်လွန်းသဖြင့် သူမကို လက်လျော့ခိုင်းစေလုနီးပါး ဖြစ်သွားသည်။ ထို့နောက် သူ့ကိုယ်သူ မနည်းထိန်းခဲ့ရသည်။
အဆုံးသတ်ကာလတွင် နေရာတိုင်းတွင် အန္တရာယ်များရှိသည်။ သူကိုယ်တိုင်ကပင် သူမကို တစ်ချိန်လုံး စောင့်မကြည့်ပေးနိုင်လောက်ချေ။ သူကိုယ်တိုင်ကပင် သူမ၏နံဘေးတွင် တစ်ချိန်လုံး ရှိနေပါမည်ဟု အာမမခံနိုင်ချေ။ သူမကသာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သည့် လုံလောက်သောအခြေအနေမျိုးကို မပိုင်ဆိုင်ထားပါက သူ စိတ်အေးနိုင်မည် မဟုတ်ပေ။
ထိုသို့ဖြင့် မသိလိုက်မသိဘာသာဖြင့် နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးနေခဲ့သည်။ နေ့ရက်များကလည်း သူတို့အတွက် အတော်လေးကို အလုပ်ရှုပ်ပြီး အဓိပ္ပာယ်အပြည့်ရှိခဲ့လေသည်။
သို့သော် အခြားသော သူများကမူ ထိုကဲ့သို့ အခြေအနေ မကောင်းကြပေ။
ကောင်းကင်က အပေါက်ကြီးတစ်ပေါက် ဖြစ်နေသည်နှင့် တူသည်။ မိုးက ဆက်တိုက်ကို ရွာကျနေ၏။ သည်းထန်သော မိုးက ဆယ့်ငါးရက်မြောက်နေ့အထိ မတိတ်သေးပေ။
16 03
မြို့မှ ရေထိန်းသိမ်းရေးစနစ်ကလည်း ထိုကဲ့သို့သော သည်းထန်သည့် မိုးဒဏ်ကို မခံနိုင်တော့ပေ။ အနိမ့်ပိုင်း နေရာများကဆိုလျှင် ငါးထပ်တိုက် ခြောက်ထပ် တိုက်အထိ မြုပ်နေခဲ့ပြီ ဖြစ်သည်။
ရှုရှင်းတို့ နေသောအထပ်ကလည်း အမြင့်ပိုင်းတွင် တည်ရှိသည်။ ထိုနေရာက ရေက ပထမ တစ်လွှာကိုသာ မြုပ်သေးသည်။
လဝက်နီးပါးလေ့ကျင့်ပြီးနောက် ရလဒ်များက အလွန်သိသာသည်။ အနည်းဆုံး လေ့ကျင့်ပြီးချိန်တွင် ရှုရှင်းကလည်း ခွေးသေကောင်ကဲ့သို့ မထိုင်တော့ဘဲ မလှုပ်နိုင်သလို မဖြစ်တော့ဘဲ ဖုန်းသုံးနိုင်စွမ်းအားပင် ရှိလာပြီ ဖြစ်သည်။
သူမသည် ဒီအိမ်ယာအတွင်းမှ ပိုင်ရှင်အဖွဲ့ကို အာရုံမစိုက်နေသည်မှာ ကြာပြီ ဖြစ်သည်။ ထိုနေ့လည်စာ နားချိန်အတောအတွင်း ရှားရှားပါးပါး ဖုန်းကို စစ်ကြည့်လိုက်သည်။
ထို့သို့ ဖုန်းကို ဖွင့်လိုက်သည်နှင့်ဖုန်းကပင် တောင့်ခဲသွားမတတ် မြောက်များလွန်းသော စာများကို တွေ့ရသည်။ ထိုသို့ဖြင့် restart ပင် ပြန်စရသည်။
ဖုန်းခေါ်ဆိုမှုများ စာများနှင့် ဝေ့ရှင်းမှ စာများ 99+ ဖြစ်နေသည်။ ဖုန်းခေါ်ဆိုမှု အများစုနှင့် စာအများစုက မရင်းနှီးသော နံပါတ်များထံမှ ဖြစ်၏။ သို့သော် အားလုံးက ဦးလေးမိသားစုမှ ဖြစ်ကြောင်း သိနိုင်လောက်သည်။ အဆက်အသွယ် ပြတ်တောက်ပြီးနောက် သူမက ထိုမိသားစုမှ သူတိုင်း၏ နံပတ်ကို ဘလော့ကာ ဖျက်ပစ်ခဲ့ခြင်းဖြစ်သည်။ သူတို့က သူမ၏ နံပါတ်ကို မဆက်သွယ်နိုင်သောအခါတွင် နံပတ်တစ်ခုကို ပြောင်းလိုက်ခြင်း ဖြစ်လောက်သည်။
သူမသည်လည်း သူတို့၏ ခေါ်ဆိုမှုများကို လုံးဝဖြေလိမ့်မည် မဟုတ်ပေ။ သူတို့၏ ပေါက်ကရ စကားများကို နားထောင်လောက်အောင် အားမနေချေ။ ထို့ကြောင့် သူတို့၏ နံပါတ်အသစ်များကိုလည်း ဘလော့ပြီး တန်းဖျက်လိုက်သည်။
အိမ်ရှင်အဖွဲ့ထဲမှ သတင်းများကလည်း ပေါက်ကွဲနေပြီးသား ဖြစ်သည်။ ရှုရှင်းသည် အစောပိုင်းကတည်းက ယန်မော့ကို ခေါ်သွင်းထားပြီးသား ဖြစ်သည်။ သို့သော် ယန်မော့၏ အကျင့်စရိုက်အရ သူသည်လည်း ထိုကဲ့သို့သော အရေးမပါသောအဖွဲ့မှ စကားပြောခန်းများကို ဝင်ဖတ်လိမ့်မည် မဟုတ်ပေ။
အဖွဲ့ထဲမှ လူတိုင်းက ဒီအိမ်ယာမှ ထိန်းသိမ်းစီမံရေးရုံးသို့ ခေါ်ကာ ဆက်တိုက်ဆိုသလို အကူအညီ တောင်းသည်။ အခြားသောသူ၏ အခန်းတွင် နေချင်ကြောင်း စသဖြင့် ပြောကြသည်။
ဒီနေ့ကမူ ပထမ တစ်လွှာက ရေမြုပ်နေပြီ ဖြစ်သည်။ သူတို့၏အိမ်ယာများကလည်း အသစ်စက်စက် အိမ်ယာဖြစ်ပြီး ငါးဆယ်ရာခိုင်းနှုန်းကသာ အခန်းပြည့်နေသည်။ ထို့ကြောင့် ကျန်သော လွတ်နေသောအိမ်ခန်းပေါင်းများစွာ ရှိနေသည်။ ရောင်းထွက်သေးခြင်းပင် မရှိပေ။ ထို့ကြောင့် ထိုပိုင်ဆိုင်မှု စီမံရေးဌာနတွင် သော့များ ရှိနေသည့်အလျောက် ရေမြုပ်သွားသော အိမ်နေရာများကလည်း ထိုအိမ်အလွတ်များတွင် ပြောင်းရွေ့နေထိုင်ချင်ကြသည်။ သို့သော် အဖွဲ့ထဲမှ မည်သူကမှ အခြားသော စကားများကို မပြောကြပါပေ။
ဘယ်သူက ဒီလို အခြေအနေမျိုးမှာ အပြင်ထွက်ပြီးတော့ အသက်ကို ရင်းပြီး သူတို့ရဲ့ သော့ကို သွားပေးမှာလဲ။
ထို့ကြောင့် ထိုအဖွဲ့က မည်မျှပင် ကျိန်ဆဲနေစေကာမူ မည်သူကမှ သူတို့ကို အာရုံမစိုက်ကြပေ။
ထိုသို့ဖြင့် ဆက်သွယ်ရေးလည်း မရသည့်အခါ အောက်ထပ်မှ နေထိုင်သူများကလည်း အဆောက်အဦးတစ်ခုတည်းမှ နေထိုင်သူများကို အာရုံပြန်စိုက်ကြသည်။ အချို့သော သူများကဆိုလျှင် အခန်းငှားချင်သည်ဟု ပြောကြသည်။
တက်ကြွလွန်းသောအဖွဲ့က ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားပြီး မည်သူကမှ စကားပြန်မပြောကြတော့ချေ။
******