အခန်း ၁၈
Vol. 2 Ch. 18
18 01
အပိုင်း (၁၈) စူပါမားကတ်မှ ဝရုန်းသုန်းကား အခြေအနေ
ယန်မော့တို့က ရာဘာလှေကို သုံးပြီး ထိုရေပေါ်တွင် တင်ကာသွားလာကြသည်။ အောက်ဖက်တွင် စုဝေးနေသော အခြားသောသူများကလည်း သူတို့ကို လှမ်းကြည့်ကြသည်။ အထူးသဖြင့် နှစ်ယောက်တည်းသာ ထွက်လာကြောင်း မြင်သောအခါ သူတို့၏မျက်လုံးများက ကြိုးစားကြည့်လိုစိတ်များ ပြည့်နှက်သွားကြသည်။
သူတို့၏မျက်လုံးက လက်ထဲမှ ရှည်လျားသော ဓားထံသို့ ရောက်သောအခါ အများစုက ကြောက်လန့်ကြပြီး ရှေ့မတိုးရဲကြတော့ပေ။
အကြည့်ပေါင်းများစွာ ဖလှယ်ကြပြီး နောက်ဆုံးတွင် ယန်မော့တို့က ထွက်ခွာရန် အသင့်ဖြစ်လာချိန်တွင် တစ်စုံတစ်ယောက်က မနေနိုင်တော့ဘဲ ရှေ့တက်ကာ မေးသည်။
“ဟယ်လို ငါတို့ကိုလည်း မင်းတို့နဲ့အတူ ခေါ်သွားလို့ရလား။ ငါတို့ ပိုက်ဆံပေးမှာပါ။ ဘယ်လို အခြေအနေမဆို ပြောလို့ရတယ်”
“ခေါ်သွားပေးလို့ရတယ် ပေးစရာလည်း မလိုဘူး။ ဒါပေမဲ့ မင်းတို့ နောက်ပိုင်းဝယ်လို့ ရတဲ့ ရိက္ခာရဲ့ တစ်ဆယ်ရာခိုင်နှုန်း ပေးရမယ်”
ယန်မော့ကလည်း အခြေအနေကို မငြင်းဆန်ဘဲ ထုတ်ပြောသည်။
“ရတယ် ငါသူတို့နဲ့ သွားပြောလိုက်မယ်”
ထိုလူကတည်း သိသာစွာပင် မတုံးပေ။ ယန်မော့ပြောသော အခြေအနေကလည်း လွန်ကဲလွန်းခြင်းမရှိမှန်း သိသည်။ တစ်ဆယ်ရာခိုင်နှုန်းဆိုသော ပမာဏကလည်း အသွားအပြန်လုံခြုံမည့် အခြေအနေမျိုးနှင့် ညီမျှသည်။ ထိုသူက သိပ်မကြာခင်မှာနှင့် အခြားသော ကောင်လေးနှစ်ယောက်နှင့်အတူ ပြန်လာသည်။
“ငါ့ရဲ့ နာမည်က ကျန်းစုန့်ပါ။ ဒါကတော့ ငါ့ရဲ့ ညီအစ်ကိုနှစ်ယောက် ဒါက မာကျန်းကျန်တဲ့။ ဒီတစ်ယောက်ကတော့ ပေါင်ရွှမ်းစွတ် ငါတို့ မင်းပြောတဲ့ အခြေအနေကို သဘောတူတယ်”
ကျန်းစုန့်က သူ၏နောက်မှ လိုက်လာသော လူငယ်နှစ်ယောက်ကို ညွှန်ပြပေးရင်း မိတ်ဆက်သည်။
“ယန်မော့”
ယန်မော့ကလည်း အများကြီး ပြောပြလိုစိတ်မရှိပေ။ သူသည် နာမည်ကိုသာ ပြောပြီး ရပ်လိုက်သည်။ ထို့နောက် ပုရှန်းဝမ်၏ အလှည့်ဖြစ်သည်။
“ငါ့နာမည်က ပုရှန်းဝမ်ပါ။ ကျေးဇူးပြုပြီး မြန်မြန်တက်လာကြပါ။ ငါတို့ သွားကြရအောင်နော်။ ဒီထက်ပိုစောင့်နေမယ်ဆိုရင် ဘာမှ မမီဘဲ နေလိမ့်မယ်”
ပုရှန်းဝမ်က ထိုသုံးယောက်ကို ရင်းနှီးကျွမ်းဝင်စွာနှင့် ခေါ်လိုက်သည်။ ထိုသို့ဖြင့် သူတို့ငါးယောက်က အခြားသော သူများ၏ များပြားသော အကြည့်အောက်တွင်ပင် ရပ်ကွက်ဝင်ပေါက်မှ ပျောက်သွားသည်။
ပုရှန်းဝမ်သည်လည်း လမ်းတစ်လျှောက်လုံး စကားအပြောမရပ်တော့ပေ။ သူသည် အခြားသော သုံးယောက်နှင့်အတူ သဘောတကျ စကားပြောဆွေးနွေးသည်။ ထိုသို့ဖြင့် သူတို့ ကြားချင်သမျှ အချက်အလက်များအားလုံး ပြောလာရန် လမ်းညွှန်ပြသပေးနေခဲ့သည်။ ယန်မော့ကမူ နံဘေးတွင် တိတ်တဆိတ်သာ ထိုင်ပြီး ရာဘာလှေကို လှော်နေခဲ့သည်။ သို့သော် ထိုရာဘာလှေက လူထိန်းချုပ်မှု အင်အားမျိုး မလိုအပ်ပါပေ။ သူဟာ ထိုလူများ ပြောစကားကို ခပ်အေးအေးနားထောင်နေခဲ့ခြင်းသား ဖြစ်သည်။
သူတို့အဖွဲ့က သိပ်မဝေးသော တစ်နေရာရှိ စူပါမားကပ်သို့ ရောက်သွားသောအခါ ထိုနေရာက လူများပြည့်နေပြီး အပြေးအလွှား ဝယ်ယူနေကြကြောင်း မြင်ရသည်။ အချို့သော သူများက သူတို့နည်းတူ ရာဘာလှေကို သုံးကြသည်။ ထို့ကြောင့် သူတို့သည် သီးသန့် ခွဲထွက်မနေတော့ချေ။
ဆွေးနွေးပြီးနောက်တွင် လှေကို အရင်ဦးဆုံး လေလျော့အောင် လုပ်ထားပြီး ပြန်ရောက်တော့မှသာ ပြန်ထုတ်သုံးရန် ဆုံးဖြတ်လိုက်ကြသည်။
18 02
အပြင်ဘက်တွင် လူအမြောက်အများရှိနေသည်ကို ကြည့်ရုံနှင့်တင် အတွင်းဘက်က အခြေအနေက မည်မျှဝရုန်းသုန်းကား ဖြစ်နေနိုင်ကြောင်း နားလည်နေလေသည်။ သူတို့ကသာ အတူလှုပ်ရှားမည်ဆိုလျှင်မူ မကောင်းသော ရည်ရွယ်ချက်ရှိသော သူများက သူတို့ကို ရှောင်ကြပေလိမ့်မည်။ သူတို့ကို မျက်ကန်းဝင်တိုးသောသူများ ရှိလျှင်လည်း ကြောက်နေစရာ မလိုအပ်တော့ပေ။
စူပါမားကတ်က အခြေအနေက ယန်မော့ မျှော်လင့်ထားသည်ထက် အများကြီးပို၍ ဆိုးရွားကာ ဝရုန်းသုန်းကာ ဖြစ်လွန်းနေသည်။ သည်းထန်သောမိုးနှင့် ရေလွှမ်းမိုးဒဏ်ကို ခံစားရပြီးသူများ ဖြစ်သည့်အလျောက် အစိုးရ သတိပေးချက်များကြောင့် တစ်ပတ်စာကိုသာ ကြိုတင်မစုဆောင်းထားခဲ့လျှင် ဒုက္ခရောက်ပေလိမ့်မည်။ ဥပမာအားဖြင့် ဆန်နှင့် ခေါက်ဆွဲကဲ့သို့သော ပစ္စည်းများက ကြီးမားလေရာ အလွယ်တကူ ကုန်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်ပတ်စာ ထိန်းထားရန် ပြဿနာ မရှိပါပေ။ အနည်းငယ် ချွေတာမည်ဆိုလျှင်လည်း တစ်လခန့် ထိန်းနိုင်ရန် လုံလောက်သည်။ သို့သော် မိုးက မရပ်တန့်သေးချေ။ အာဏာပိုင်များကလည်း မည်သည့်သတင်းမှ မထုတ်ပေးလာသလို ကယ်ဆယ်မည့်အခြေအနေကိုပင် အကြောင်းမကြားတော့ပေ။ ထို့ကြောင့် သာမာန်လူများက စိုးရိမ်ထိတ်လန့်သည်မှာလည်း ပုံမှန်သာလျှင် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဖွင့်ထားသမျှသော စူပါမားကတ်များထံမှ အပြေးအလွှားသွားကာ ဝယ်ကြသည်မှာလည်း ပုံမှန်သာလျှင် ဖြစ်သည်။
သို့သော် ခေါက်ဆွဲခြောက်အိတ်ကြီးတစ်ထုတ်အတွက် အပြေးအလွှားတိုက်ခိုက်သည့် အခြေအနေမျိုးကမူ မဖြစ်သင့်သေးပါပေ။
အိမ်တွင် အချိန်တန်ကြာအောင် နေသည်။ သည်းထန်သော မိုးကလည်း မတိတ်သောကြောင့် လူအများ၏ ခံစားချက်ကို ပြင်းထန်သယောင် ဖြစ်လာစေသည်။ ထို့ကြောင့် လူအများသည် စိတ်ဓာတ်ကျလာသည်။ မိုက်ရူးရဲဆန်လာသည်။ သည်းမခံနိုင်အောင် ဖြစ်လာသည်။ အချို့ကမူ ပြင်းထန်ပြီး ဒေါသထွက်လွယ်လာသည်။ ထိုကဲ့သို့သော ခံစားချက်များ၏ လွှမ်းမိုးမှုအောက်တွင် ဒေါသကို ဖောက်ထုတ်သည့် အခြေအနေမျိုးကို လုပ်တတ်ကြသည်။
ယန်မော့ကမူ လူအများ၏ ခံစားချက်အကြောင်း မစဉ်းစားခဲ့ဖူးသည်မှာ မှန်ကန်လေသည်။ ဒါဟာ လျော့တွက်ခဲ့မိသည့်အချက်လည်း ဖြစ်သည်။
အစိုးရကသာ အချိန်တစ်ခုကြာသည်အထိ မည်သည့် လှုပ်ရှားမှုမှ မပြုလာခဲ့လျှင် အိမ်တွင် စားစရာ ရှိနေသေးလျှင်ပင် ဝရုန်းသုန်းကား အခြေအနေကတော့ဖြင့် သေချာပေါက် ဖြစ်လာပေတော့မည်။
သူတို့၏ ပစ်ချက်ကို မပေါ်စေရန် အလို့ငှာ ယန်မော့နှင့် ပုရှန်းဝမ်တို့ကလည်း တက်တက်ကြွကြွ အပြေးအလွှား လုဝယ်လိုက်ကြသည်။
နှစ်ယောက်လုံးက အရပ်ရှည်သည်။ လူအုပ်ထဲမှ ထင်းထွက်နေပြီးသားဖြစ်သည်။
အရပ်ရှည်နေခြင်းကလည်း အားသာချက်ဖြစ်ပြန်သည်။ သူတို့၏ ရှည်လျားသော လက်မောင်းကို တစ်ချက် ဆန့်လိုက်ရုံဖြင့် အမြင့်တစ်နေရာတွင် တင်ထားသော ပစ္စည်းကို အလွယ်တကူ ကောက်ယူ၍ ရသည်။ အခြားသော အနိမ့်ပိုင်းမှ သူများကိုမူ အနိမ့်ပိုင်းမှ ပစ္စည်းများကိုသာ ချန်ထားပေးခဲ့လိုက်သည်။ သူတို့နှစ်ယောက်က လက်အပြည့် ပစ္စည်းများ သယ်ထားသေးသည့်တိုင်အောင် လူအုပ်ထဲသို့ အတင်းဝင်တိုးမိနေသောကြောင့် ပြန်မထွက်နိုင်ကြသေးပေ။ ထို့ကြောင့် လူအုပ်နောက်သို့ လိုက်ကာ ကောက်ဝယ်လိုက်ရသည်။
နှစ်ယောက်လုံးက အရပ်ရှည်သောကြောင့် ဖြစ်လောက်သည်။ အချင်းချင်း ကပ်လျှက်နေသည့်အပြင် သူတို့၏ကျောကုန်းတွင်လည်း ဓားရှည်များကို လွယ်လာကြသောကြောင့် မည်သူကမှ သူတို့ထံမှ မလုရဲကြပေ။ ထိုသို့ဖြင့် လမ်းတောက်လျှောက် တွန်းနေကြသောကြောင့် ရိက္ခာမလုနိုင်ဘဲ ရှိသောသူထံမှ ပြန်လုနေကြသော သူများကိုလည်း မြင်ရသည်။
စူပါမားကတ်သို့ မဝင်ခင်ကတည်းက သူတို့ပြန်ထွက်လာသောအခါ လူစုမည့်နေရာကို တိုင်ပင်ထားပြီးသား ဖြစ်သည်။ အရင်ထွက်လာသော သူများက စူပါမားကတ်၏ အဝင်နား တောင်ဘက်ခြမ်းရှိ လှေကားထစ်ထောင့်နားတွင် စောင့်နေရန် ပြောထားသည်။
ထိုလှေကားထစ်က အကွယ်နေရာမျိုး ဖြစ်သည်။ အရှေ့ဖက်တွင်လည်း ဗုံးကြီးများ ပုံထား၏။ ထို့ကြောင့် ဂရုစိုက် မကြည့်ပါက မြင်ရန် ခက်သည်။ တော်တော်လေးလည်း လုံခြုံသော နေရာမျိုးဖြစ်သည်။ တစ်စုံတစ်ယောက်က ပုန်းနေမည် ဆိုလျှင်ပင် အလုခံရမည် မဟုတ်ပါပေ။
18 03
ယန်မော့နှင့်ပုရှန်းဝမ်တို့က စောစောထွက်လာသည်။ လူအများကလည်း အုပ်လိုက်အဝင်အထွက် ရှိနေကြသည်။ ကံကောင်းသည်မှာ သူတို့က လူအုပ်နှင့် ရောနှောကာ ထွက်လာသောကြောင့် မည်သူကမှ သတိမထားမိကြဘဲ ထိုလှေကားထစ်နားသို့ လုံလုံခြုံခြုံရောက်သွားသည်။
သူတို့က လူအုပ်အနောက်သို့ လိုက်လာသည်နှင့်အမျှ ပုရှန်းဝမ်ကလည်း အနားမှ သူများကို ကြုံရင် ကြုံသလို စကားလိုက်ပြောရန် မမေ့ပါပေ။ ယန်မော့ကလည်း သူတို့၏ စကားပြောခန်းကတစ်ဆင့် အသုံးဝင်သော အချက်အလက်ကို သိလိုက်ရသည်။ သူက ပိုသိလာလေလေ သူတို့၏မျက်လုံးများက ပို၍သာ တည်ကြည်လာလေလေ ဖြစ်လာသည်။
လှေကားထစ်နားသို့ ရောက်သွားသည်နှင့် ပုရှန်းဝမ်က တစ်စုံတစ်ရာ ပြောရန် စောင့်လိုက်သည်။ သို့သော် ယန်မော့က တစ်ချက်ကြည့်သည်။ ထို့ကြောင့် ပုရှန်းဝမ်က တံတွေးကို မြိုချလိုက်သည်။ သူ့တွင် ပြောစရာအများကြီး ရှိသည်။ သို့သော် မပြောနိုင်သေးပေ။ ထို့ကြောင့် ထိန်းထားရသောအခါ အမှန်တကယ် မသက်မသာ ဖြစ်လာသည်။ သူသည် လှေကားထစ်နားတွင် ဖိအားအပြည့်နှင့် ရှေ့ပြန်နောက်ပြန် ပတ်လျှောက်နေသည်။ နာရီဝက်ကျော်ကျော်ခန့်ကြာပြီးမှသာ လူသုံးယောက်က ထွက်လာတော့သည်။
ကျန်းစုန့်က စဝင်သွားချိန်က ဝတ်ကောင်းစားလှ ဝတ်ထားကြသည်။ သို့သော် ပြန်ထွက်လာသောအခါ ဒုက္ခသည်များနှင့်ပင် တူသည်။ သူတို့၏ အဝတ်အစားများက ပြင်းထန်သော ရုန်းကန်မှုကို ကြုံတွေ့ခဲ့ပုံရသည်။ ယခင်က သပ်သပ်ရပ်ရပ် အဝတ်အစားများကလည်း တွန့်ကြေ ရှုပ်ပွနေသည်။ လက်ချောင်းရာများကိုပင် မြင်နိုင်ကာ နဂို အရောင် ပျောက်နေသည်။
သူတို့ကလည်း ပင်ပန်းနေပုံရသည်။ အမောတကော အသက်ရှူနေကြသည်။ သို့သော် လက်ထဲတွင် ရအောင်လုလာသည့် ပစ္စည်းများကို တင်းတင်းကြပ်ကြပ် ကိုင်ထားသေးသည်။
သူတို့ကပင် အသက်ရှူပင် မချောင်သေးခင် အပြင်ဘက်မှ လူများ၏ စကားပြောသံကို ကြားရသည်။
“အစ်ကို သူတို့ အဲဒီထဲကို ဝင်သွားတာ တွေ့လိုက်တယ်။ ဒါပေမဲ့ ပြန်ထွက်လာတာ မတွေ့သေးဘူးဆိုတော့ အထဲမှာ ရှိလိမ့်မယ်။ နောက်ပြီး သူတို့ရဲ့ လက်ထဲမှာ ပစ္စည်းတွေ အများကြီး သယ်သွားတာနော်။ ငါတို့သာ လုနိုင်မယ်ဆိုရင် အချိန်တော်တော်ကြာကြာတော့ ထိန်းနိုင်မှာပဲ”
“တော်လိုက်တဲ့ကောင် မင်းပြောသလိုသာဆိုရင် ငါ ဒီတစ်ခေါက် ပြန်ရောက်တဲ့အခါ မင်းကို များများ ပိုပေးမယ်”
ထိုသို့ဖြင့် ခြေသံများကို ကြားရသည်။ ယန်မော့ကလည်း ချက်ချင်းဆိုသလို ထွက်ကာ ထိုလှေကားတံခါးကို အတွင်းဘက်မှ လှမ်းပိတ်လိုက်၏။ ထို့နောက် နှုတ်ခမ်းနားသို့ လက်တင်လိုက်ပြီး အခြားသောသူများကို တိတ်တိတ်နေခိုင်းလိုက်သည်။ ထို့နောက် အပေါ်ဘက်သို့ လျှောက်တက်သွားကာ အနောက်မှ လူများကို လိုက်တက်လာရန် မျက်လုံးဖြင့် အရိပ်အမြွက်ပြသည်။
အနောက်မှ လိုက်လာသော လူသုံးယောက်က သေချာနားမလည်ပေ။ သို့သော် သူတို့ကမူ ပစ်မှတ်ထားခံရသည်။ သူတို့က သတိမဲ့လွန်းသည်။ နောက်မှ လိုက်လာသော သူများကို သတိမထားမိခဲ့ပေ။
ယန်မော့က ရှေ့မှ ဦးဆောင်ကာ တက်သွားသည်။ စူပါမားကတ်အထပ်တွင်လည်း နောက်ထပ် ရောင်းချသော အထပ်တစ်ထပ် ရှိနေသေးမှန်း သူသိထားပြီးသား ဖြစ်သည်။ ယခုအခါ ရေအဆင့်က အလွန်မြင့်နေသည်။ ထို့ကြောင့် ဒုတိယထပ် ပြတင်းပေါက်မှ တဆင့် ခုန်ထွက်သွားလျှင်ပင် ပြဿနာ မရှိပါပေ။
******