← Chapters

အခန်း ၂၀

Vol. 2 Ch. 20

အခန်း ၂၀

Vol. 2 Ch. 20

20 01

အပိုင်း (၂၀) ပြင်ဆင်မှု

ယန်မော့ ရှုရှင်းနှင့် ပထမဦးဆုံး တွေ့ဆုံခဲ့ချိန်က သူမ၏ခြားနားမှုကို သူက ပထမဦးဆုံး တွေ့ရှိခဲ့သည်။ ရှုရှင်းသည် လောကမှ ကွဲထွက်နေတတ်သော ခံစားချက်မျိုးကို အမြဲတစေ သယ်ဆောင်ထားတတ်သောကြောင့် ထိုကောင်မလေးနှင့် ပထမဦးဆုံး စတွေ့ကတည်းက ထိုကောင်မလေးကို သိကျွမ်းချင်စိတ် ပေါက်စေခဲ့သည်။

နောက်ပိုင်းတွင် ရှုရှင်းနှင့် အဆင်ပြေလာသောအခါ ထိုခံစားချက်က အားမနည်းသည့်အပြင် ပို၍သာပြင်းထန်လာသည်။ ရှုရှင်းက သူ၏အရှေ့တွင် ရှိနေသည်မှာ ရှင်းလင်းသည်။ သို့သော် ရှုရှင်းက အချိန်မရွေးပျောက်ကွယ်သွားနိုင်သည့် ခံစားချက်ကို အမြဲတစေ ရနေရသည်။ ထိုခံစားချက်က မည်သည့်နေရာက ရောက်လာမှန်းလည်း နားမလည်နိုင်ပေ။ သို့သော် သူ၏ ခံစားချက်က မှားမှန်း သေချာသည်။

သူ၏ ရှုရှင်းအပေါ်ခံစားချက် နက်ရှိုင်းလာလေလေ နှလုံးသားထဲမှ ထိတ်လန့်မှုက ကြီးလာလေလေ ဖြစ်သည်။ ရှုရှင်းကို ဆုံးရှုံးရမည်အား သူကြောက်သည်။

ယန်မော့သည် အခန်းထဲရှိ အိပ်ယာပေါ်တွင် သူမြင်ချင်နေသော လူကို မမြင်ရပေ။ ထို့ကြောင့် အလွန်အမင်း ထိတ်လန့်သွားသည်။ ရေချိုးခန်းထဲမှ အသံကို ကြားမှသာ စိတ်အေးသွားရသည်။

“ရှင်းပေါင် မင်း အထဲမှာလား”

ရေချိုးခန်းထဲမှ အသံများက ချက်ချင်း တိတ်သွားသည်။ ရှုရှင်းက အသံကိုမြှင့်ကာ လှမ်းဖြေသည်။

“ဒီမှာလေ ခေါင်းလျှော်နေတာ အခုမှ ပြန်လာတာလား”

“အင်း အရင်လျှော်လိုက်အုံး။ ငါလည်း ရေသွားချိုးပြီးမှ စကားပြောကြမယ်။”

အဖြေကို ရသည်နှင့် ယန်မော့ကလည်း စိတ်အေးပေါ့ပါးသွားသည်။ သူ၏ အဝတ်အစားများသည် မိုးများ စိုလာသည်။ အသားကိုလည်း ကပ်နေ၏။ ထို့ကြောင့် သူ့ကို မသက်မသာဖြစ်ပြီး စေးကပ်ကပ် ခံစားချက်ကို ပေးစွမ်းနေသည်။ သူသည် အသန့်ကြိုက်သောရောဂါ ရှိထားပြီးသူ ဖြစ်သည့်အလျောက် ပို၍သာ သဘောမကျ ဖြစ်နေတော့သည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် တစ်စက္ကန့်ခန့် ပိုနေလျှင်ပင် တစ်စက္ကန့်ခန့် နှိပ်စက်ရာ ရောက်သည်။ ထို့ကြောင့် ယန်မော့က သူ့အခန်းသို့ မြန်မြန်သွားပြီး ရေသွားချိုးလိုက်သည်။

ထိုအိမ်ယာ၏အဆုံး အခြားသော အဆောက်အဦးတွင် နေသော ယဲ့ယွီအန်းကလည်း ဒီနေ့ အပြင်ထွက်သည်။ သို့သော် သူမက မနက်စောစောထွက်ခြင်း ဖြစ်သည်။ ထိုအချိန်တွင် အားလုံးက အိပ်နေပြီးသား ဖြစ်သည်။ ယဲ့ယွီအန်းက တစ်ယောက်တည်းနေသည်။ သူမက အပြင်ထွက်သောအခါ ရာဘာလှေကို ရွေးသည်။ နေ့အချိန်အတောအတွင်း အခြားသောသူများနှင့် အတူထွက်လျှင်မူ မကောင်းသော ရည်ရွယ်ချက်ရှိသူများ၏ အာရုံကို ဆွဲဆောင်မိနိုင်သည်။

မနက်အစောပိုင်း ထွက်သောအခါ လူတိုင်း၏အမြင်ကို ရှောင်နိုင်သည်။ သူမကလည်း‌ ပျော်ရွှင်ကာ သက်တောင့်သက်သာ ရှိနေသည်။

ယခင် ဘဝမှ တစ်ကြိမ် အတွေ့အကြုံ ရှိပြီးသား ဖြစ်သည့်အလျောက် အပြင်ဘက်က အခြေအနေကို ပို၍ ကောင်းကောင်းနားလည်လေသည်။

သို့သော် အချို့သော အခြေအနေများက ယခင်ဘဝနှင့် ခြားနားနေခဲ့သည့်တိုင် သူမက အလေးအနက် မထားလိုက်ပေ။ ခြုံငုံအခြေအနေ တိုးတက်မှုက မပြောင်းလဲသေးသမျှ ကိစ္စမရှိပါပေ။

ယဲ့ယွီအန်းက မနက်အစောပိုင်းထွက်သည်။ မီးမပျက်သေးသော နေရာများကြောင့် အချို့သော ပစ္စည်းများကို သိုလှောင်ထားရန် စဉ်းစားထားသည်။ သို့သော် အပြင်သို့ မထွက်သေးခင် ပစ္စည်းအချို့ကို အခန်းထဲကို ရွေ့လိုက်သည်။ ထိုသို့ဖြင့် သူမ၏ လက်ကောက်ထဲတွင် သိုလှောင်ရန် နေရာများများ ကျန်စေလေသည်။

20 02

သူမက ရိက္ခာများအတွက် ပြင်ဆင်ချိန်တအားနည်းခဲ့သည်။ အချိန်မီမစုဆောင်းနိုင်ခြင်း သို့မဟုတ် အလောတကြီး လုပ်ခဲ့သောကြောင့် ကျန်ရစ်ခဲ့သည်များလည်း ရှိသည်။ ပို၍ဆိုးသည်မှာ သူမက ကုန်ခြောက်ပစ္စည်းများကို ဝယ်ယူသောအခါ အစိုးရကလည်း ထိုပစ္စည်းများကို ထိန်းချုပ်ထားကြောင်း အလုံးအရင်းဖြင့် ဝယ်ယူခွင့်မပြုတော့ကြောင်း သတိထားမိခဲ့သည်။ သူမကလည်း အာဏာပိုင်များ၏အာရုံကို မဆွဲဆောင်ချင်ခဲ့ပေ။ ထို့ကြောင့် နေရာအများစုမှ အသုတ်လိုက် အသုတ်လိုက်ခွဲကာ ဝယ်ရသောကြောင့် အချိန်အများကြီး ကုန်သွားခဲ့ရသည်။

ဒီခရီးကမူ သူမ၏ ရိက္ခာကို ပြန်ဖြည့်ရမည့် အချိန်ဖြစ်သည်။ နောက်တစ်ခေါက်ဆိုလျှင် အစိုးက ထောက်ပံ့ရေးပစ္စည်းများ ဝေသည့် အချိန်ဖြစ်လောက်သည်။

ယဲ့ယွီအန်းက ရှော့ပင်းမောလ်၊ စားသောက်ဆိုင်နှင့် စူပါမားကတ်များကို အပြောင်မရှင်းခဲ့ပါချေ။ ထို့အစား သူမက ဒီရပ်ကွက်နှင့်ငါးကီလို မီတာခန့် ဝေးသော အစားအသောက်မြို့သို့ သွားလိုက်သည်။

ထိုသို့ ရွေးချယ်ရသည့် ရည်ရွယ်ချက် နှစ်ခု ရှိသည်။ တစ်ခုကမူ မြေမျက်နှာသွင်ပြင်ပိုင်းက ပိုမြင့်သည်။ ထိုနေရာက အသစ်စက်စက် ဖွင့်ထားရာ နေရာလည်း ဖြစ်သည်။ ထိုနေရာက ပစ္စည်းများက အသစ်ဖြစ်သည်။ မိုးက လဝက်နီးပါး သည်းထန်လွန်းစွာ ရွာသွန်းပြီးသည့်တိုင်အောင် ထိန်းနိုင်လောက်သေးသည်။ ထို့ကြောင့် အတွင်းပိုင်းမှ ပစ္စည်းများ ထိခိုက်မှုကလည်း ထင်သလောက် မကြီးမားလောက်ချေ။ ထို့ကြောင့် အချိန်ကုန်လူပန်းဖြစ်မည့် အနေအထားမျိုးကို စိုးရိမ်စရာ မလိုအပ်ပါပေ။

အဓိက အကြောင်းပြချက်ကမူ သူမ နေရာနှင့် ဝေးကွာသည်။ ထို့ကြောင့် ရပ်ကွက်ထဲမှ လူများကလည်း အပြင်သို့ထွက်သည့်အခါ ပစ္စည်းစုဆောင်းရန် နေရာကိုသာ သွားကြမည် ဖြစ်သည်။ ပစ္စည်းကို ရှာတွေ့သည်နှင့် ဝရုန်းသုန်းကား ဖြစ်လိမ့်မည် မဟုတ်ပေ။ သူမကမူ ဒီရပ်ကွက်ထဲတွင် နေထိုင်မည် ဖြစ်သည်။ နောက်ပိုင်းတွင် ဝရုန်းသုန်းကားဖြစ်လာလျှင် ထိုသို့ မဖြစ်လာခင်အထိ ကြာကြာနေနိုင်သမျှ ကောင်းလေလေ ဖြစ်သည်။

ဘယ်သူက တည်ငြိမ်တဲ့ ဘဝမှာ မနေချင်လို့လဲ။ သတ်ဖြတ်ရတာ တိုက်ခိုက်နေရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်သလဲ။

သူမသည် ကမ္ဘာအဆုံးသတ်ကာလမှ လာပြီး ဘဝသစ်တစ်ခုတွင် နေထိုင်ချင်သူ ဖြစ်သည်။ ထို့ကြောင့် တည်ငြိမ်သော အချိန်ကာလတိုင်းကို တန်ဖိုးထားသည်။

ယဲ့ယွီအန်း၏ ခန့်မှန်းချက်က မှန်ကန်သည်။ အစားအသောက်မြို့မှ ဈေးဝယ်စင်တာ၏ ပထမ တစ်ထပ်က ပေါင်လောက်အထိသာ ရေတက်သေးသည်။ ထို့ကြောင့် စွမ်းအားစနစ်ကလည်း သူမတို့၏ရပ်ကွက်နှင့် တပြေးတည်း တူသည်။ မီးက ပြတ်တောက်သွားသည်နှင့် ဟော့ပေါ့စားသောက်ဆိုင်အတွင်းမှ အအေးခံ ခန်းကြီးကို ဖွင့်ထားသောကြောင့် အမျိုးမျိုးသော ပစ္စည်းများက ရှိနေလေရာ ဆက်တိုက်ဆိုသလို လေအေးများကိုပင် ထွက်နေသေးသည်။ ထို့အပြင် မီးဖိုခန်းထဲမှ ဟော့ပေါ့အနှစ်နှင့် ပက်သက်သော ပါဝင်ပစ္စည်းများကိုလည်း ရှာတွေ့ခဲ့သည်။

ယဲ့ယွီအန်းက လက်ကို တစ်ချက်ယမ်းလိုက်ပြီး ပစ္စည်းများအားလုံးကို သူမ၏နေရာလပ်နယ်မြေထဲသို့ ထည့်သည်။ သူမဟာ အစားအသောက်မြို့မှ ဆိုင်တိုင်းကို ပတ်သွားကာ အစားအသောက်များကို ထည့်သည်။ ယဲ့ယွီအန်းသည်လည်း အသုံးဝင်သော တစ်စုံတစ်ရာကို တွေ့လိုက်သည်နှင့် နေရာလပ်နယ်မြေထဲသို့ ပစ်ထည့်သည်။

ထိုသို့ဖြင့် အစားအသောက်မြို့ တစ်ခုလုံးကို ရှင်းလိုက်ပြီးနောက် နေရာလပ်နယ်မြေထဲတွင် စားစရာ အမြောက်အများရှိနေကြောင်း သိလိုက်သည်။ ထိုအခါမှသာ သူမက အိမ်ယာသို့ ပြန်ပြီး အခြားသော သူများမနိုးခင် အေးအေးဆေးဆေး ပြန်သွားလေသည်။

အိမ်သို့ ပြန်ရောက်သည်နှင့် ယဲ့ယွီအန်းက သက်တောင့်သက်သာရှိစွာ ရေပူဖြင့် ရေချိုးလိုက်သေးသည်။

မီးက ပျက်တောက်သွားပြီးနောက် ရေအထောက်အပံ့ စနစ်ကလည်း သိပ်မကြာခင် ပြတ်တောက်တော့မည် ဖြစ်သည်။ ထို့သို့ဖြင့် ရေပူဖြင့် ရေချိုးနိုင်သော အရည်အတွက်ကလည်း နည်းပါးသထက် နည်းပါးလာမည် ဖြစ်သည်။

သူမ၏ နေရာလပ်နယ်မြေက ထင်သလောက် မကြီးချေ။ ထို့ကြောင့် ထိုရေပူများကို သိုလှောင်ရင်းနှင့် နေရာဖြုန်း၍ မရပါပေ။

သို့ရာတွင် ယဲ့ယွီအန်းသည်လည်း အခြားသော လိုအပ်သည့် ရိက္ခာများကို ကောင်းကောင်းသိုလှောင်ထားနိုင်သည့်အတွက် အလွန်အမင်း ကျေနပ်နေပြီ ဖြစ်သည်။

20 03

အဆုံးသတ်ကာလမျိုးတွင် စားစရာနှင့် အဝတ်အထည်ကပင် ပြဿနာဖြစ်သည်။ ထို့ကြောင့် မည်သူကမှ အဝတ်အထည်က သန့်ရှင်းခြင်း ရှိမရှိ ဂရုစိုက်မနေကြပါပေ။

ရေအရင်းအမြစ်က ပြတ်တောက်သွားလျှင် ရေဖြုန်းရန်အလို့ငှာ မည်သူကမှ ရေချိုးချင်ကြတော့မည် မဟုတ်ပေ။ မည်သူကမှလည်း ရေချိုးရန် ရေဖြုန်းချင်ကြတော့မည် မဟုတ်ပေ။ ထို့ကြောင့် ခေါင်းလျှော်ရန် ရေရခြင်းကတင် အလွန်အမင်း ဂုဏ်ယူစရာပင် ဖြစ်နေလောက်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးက နောက်ပိုင်းတွင် ပို၍သာဆိုးရွားသွားပေလိမ့်မည်။ သို့သော် ရေစွမ်းအင်ဆင့်ကဲပြောင်းလဲသူများ ပေါ်ပေါက်လာသည့် အချိန်ရောက်ပြီးမှသာ အနည်းငယ် သက်သာလာခြင်း ဖြစ်သည်။

သူမသည် တစ်ဖန်ပြန်လည် ရှင်သန်ရန် အခွင့်အရေးရခဲ့သည်။ အနာဂတ်တွင် ဖြစ်လာမည့် ကိစ္စကိုလည်း ကြိုသိနေ၏။ ထို့ကြောင့် အခြားသော သူများ၏ရှေ့မှ ကြိုလျှောက်နိုင်စွမ်းရည် ရှိလောက်သည်။

တိုက်ဆိုင်သည်လားမသိ သူမတွင်လည်း နေရာလပ်နယ်မြေကို ပိုင်ဆိုင်ထားသောကြောင့် ပစ္စည်းများကို သိုလှောင်နိုင်သည်။ ထို့ကြောင့် သူမသည် အလွန်ကျေနပ်နေပြီးသား ဖြစ်သည်။

ယခင်ဘဝတွင် သူမကို သေဆုံးစေခဲ့သော ရန်သူများအတွက်ကမူ သူမသည်လည်း တုဟန်ရွီနှင့် ဝမ်ယာယွန်တို့အား ထာဝရအသက်ရှည်ရန် မျှော်လင့်မိ၏။ ဒီဘဝမှာ ဘယ်သူက သူတို့အတွက် ကျွန်လို အလုပ်လုပ်ပြီး ရိက္ခာတွေ ရှာပေးမလဲ ဆိုတာကိုတော့ သိချင်သား။

သူမက နှစ်ဆယ့်ငါးထပ်မှ နေ၍ အောက်ဖက်သို့ ဂရုတစိုက်ကြည့်သည်။

ယဲ့ယွီအန်းက ဒီနေရာမှ အိမ်ကို ဝယ်ယူသောအခါ တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ကိုလည်း ဒီရက်ကွက်ထဲတွင် အိမ်ငှားနေရန် လမ်းညွှန်ပြသပေးခဲ့သေးသည်။ သူမကလည်း သူတို့အတွက် အိမ်ရှာပေးသည့် အေ့ဂျင့်ကိုပင် လာဘ်ထိုးကာ သူမနှင့် အဆောက်အဦးတစ်ခုတည်းမှ အိမ်ကို ပြခိုင်းထားသည်။

စောင့်ကြည့်ရမယ့်သူတွေကို မျက်စိအောက်မှာ ထားတာက သူတို့ ဘယ်လို ဒုက္ခရောက်ပြီး အခက်အခဲတွေ ကြုံတွေ့ရသလဲဆိုတာကို အေးအေးဆေးဆေး ထိုင်ကြည့်ပြီး ပျော်မွေ့နိုင်တာမျိုးပဲ။

မိုးက သည်းထည်စွာ ရွာသွန်းသဖြင့် မိုးကာအင်္ကျီများကို ဝတ်ဆင်ထားလျှင်ပင် စိုသွားနိုင်သည်။ ရှုရှင်းက သူတို့ကို အအေးမမိစေရန် အလို့ငှာ ဂျင်းပြုတ်ရည်ကို ပြုတ်တိုက်သည်။

ရှုရှင်းသည်လည်း သူတို့က ဒီနေ့ မိုးမိလာသော်လည်း အပူချိန်က သိပ်မမြင့်သောကြောင့် ဟော့ပေါ့ ပူပူနွေးနွေးကို စားလိုက်လျှင် အဆင်ပြေသွားလောက်မည်ဟု ထင်သည်။ ထို့ကြောင့် မူချီမိုင်နှင့်အတူ ဟော့ပေါ့ ပါဝင်ပစ္စည်းများကို ပြင်ဆင်နေလိုက်သည်။

ယန်မော့နှင့် ပုရှန်းဝမ်တို့က ရေသွားချိုးပြီးသည်နှင့် အဝတ်အစားလဲပြီး ပြန်ထွက်လာကြသည်။ ထိုအခါ စားပွဲပေါ်တွင် ဟော့ပေါ့အတွက် ပြင်ဆင်ထားပြီးသား ဖြစ်နေသည်။

အိုးကပင် ပွက်ပွက်ဆူနေ၏။ ထမင်းစားခန်း တစ်ခုလုံးက နွေးထွေးသော ဟင်းအနံ့များနှင့် ပြည့်နှက်နေသည်။ ယန်မော့နှင့် ပုရှန်းဝမ်တို့က အပြင်ဘက်တွင် အကြာကြီး နေထားသည်။ တော်တော်လေးလည်း ဗိုက်ဆာနေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အရင်ဦးဆုံး ခပ်များများ စားလိုက်ကြပြီး ဗိုက်ကို သက်တောင့်သက်သာ ရှိသွားအောင် လုပ်သည်။ ထို့နောက်မှသာ သတင်းကို ပြောနိုင်တော့သည်။

“အပြင်ဘက်က အခြေအနေက ငါတို့ ထင်ထားတာထက် တော်တော်လေးကို ဆိုးနေတယ်။ အာဏာပိုင်တွေရဲ့လှုပ်ရှားမှု ကြန့်ကြာမှုကတင် ပြည်သူတွေကို တော်တော်လေးကို ဒုက္ခဖြစ်စေတယ်။ နောက်ပြီး ဒီလို ကြာရှည် သည်းထန်တဲ့ မိုးရွာသွန်းမှုက လူတွေရဲ့ စိတ်အခြေအနေကိုလည်းအ များကြီး သက်ရောက်တယ်။ ငါတို့ ကြိုပြီး ပြင်ဆင်ထားရမယ်။”

“ဒီညနေ ငါတို့ နှစ်ဆယ့်လေးလွှာနဲ့ နှစ်ဆယ့်ငါးလွှာအကြားက ပြန်ပြင်ထားတဲ့ အဲဒီ လှေကားနံရံတွေမှာ အသင့်ပြင်ထားပြီးသား သံမဏိတံခါးတွေကို တပ်ရမယ်။ ဒါမှ အပြင်လူတွေ အလွယ်တကူ တက်လို့ မရမှာ”

******

All Chapters