← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

22 01

အပိုင်း (၂၂) အဓိက အမျိုးသမီးဇာတ်လိုက်ရဲ့ ဖရဲသီးစားမယ်

စောင့်ဆိုင်းသော ကာလက ကြာရှည်သည်။ ရှုရှင်းက အနားမှသူများကို ဦးတည်ရာမဲ့ လိုက်ကြည့်နေလိုက်သည်။ မျက်နှာပေါ်ရှိ အမူအရာများက အေးဆေးပေါ့ပါးနေကြပြီး ယခင် ရက်အနည်းငယ်တွင် တွေခဲ့ရသည့် တင်းအားများက ပျောက်နေကြပြီး ဖြစ်သည်။ အစိုးရ၏ ကယ်ဆယ်ရေးစီမံမှုကလည်း သူတို့၏ အထိတ်တလန့် ဖြစ်မှုကို လျော့ကျစေပြီး စိတ်ငြိမ်သွားစေကြသည်။

ထို့ကြောင့် အခြေအနေက မည်မျှပင်ဆိုးဆိုး နိုင်ငံက သူတို့ကို လျစ်လျူမရှုဟု ယုံကြည်သွားကြလောက်၏။

အများ၏ခံစားချက်များကို တည်ငြိမ်ရန်အလို့ငှာ အာဏာပိုင်များက ရိက္ခာများကို ဝေပေးသည်။ သို့သော် နိုင်ငံ့၏ ရိက္ခာက အကန့်အသတ်နှင့် ဖြစ်သည်။ ဝေပေးနိုင်သော ပမာဏက အမျိုးအစားအမျိုးမျိုး ဖြစ်သော်လည်း အကန့်အသတ်နှင့် ဖြစ်ပြန်သည်။ ကပ်ဘေးကာလက ဒီတစ်မြို့တည်းမဟုတ်ချေ. တစ်တိုင်းပြည်လုံးဖြစ်သည်။

ထိုကပ်ဘေးကြီးကလည်း တိုတောင်းသော ကာလအတွင်း အဆုံးသတ်အုံးမည် မဟုတ်ချေ။ အခုမှ စတင်ပြီး ကပ်ဘေးကာလထဲသို့ ဝင်ရောက်တော့မည် ဖြစ်သည်။

ဒီနှစ် ရာသီဥတုကြောင့် ရိက္ခာအများကြီး မထိန်းသိမ်းနိုင်ခဲ့ချေ။ ထို့ကြောင့် စုဆောင်းထားသော ပစ္စည်းများကို ထုတ်သုံးရတော့ပေမည်။

အထက်မှ လူများကလည်း ယန်မော့ပြောသည့်စကားကို ယုံကြည်သောကြောင့် အရင်းအမြစ်များအားလုံးကို စုစည်းထားပေလိမ့်မည်။ သို့သော် ဒီတစ်ကြိမ်တွင် ထိုအရင်းအမြစ်များကို အလကား ဖြန့်ဝေပေးမည်လော မည်သည့် အခြေအနေမျိုးဖြင့် ပြုလုပ်မည်လောဆိုသည့် ကိစ္စကမူ မသေချာပါပေ။

အစိုးရဘက်မှ ဖြန့်ဝေပေးသော ရိက္ခာများက ရပ်တန့်သွားသည်နှင့် ဆိုရွားလွန်းသော ကပ်ဘေးကြီးက ကုန်လွန်သေးခြင်း မရှိကြောင်း အားလုံးက သိကြပေလိမ့်မည်။ ထို အခါမှသာ လူမှုအသိုင်းဝိုင်းကြီးတစ်ခုလုံး၏ အစီအစဉ်တကျ ဖြစ်နေသော အခြေအနေမျိုးက ဝုန်းကနဲ့ တိုက်ရိုက် ပြိုကျပေလိမ့်မည်။

ရင်းနှီးကျွမ်းဝင်သော ခေါ်သံကိုကြားရခြင်းက ရှုရှင်းအား အသိပြန်ဝင်သွားစေသည်။ သူမက တစ်ဖက်သို့ လှည့်လိုက်ပြီး အသံလာရာဘက်သို့ ကြည့်လိုက်သည်။ ထိုအခါ အမျိုးသားနှင့် အမျိုးသမီးတစ်ယောက်က သဘာဝကျကျ လုံလုံခြုံခြုံ ဝတ်ထားသော အမျိုးသမီး တစ်ယောက်ကို မျက်နှာချင်းဆိုင်ကာ ရပ်နေကြောင်း မြင်ရသည်။

“ယဲ့ယွီအန်း နင်ဘဲ ဖြစ်နေတာကိုး နင် ဘယ်လိုဖြစ်ပြီး ဒီရပ်ကွက်ကို ရောက်လာတာလဲ”

ဝမ်ယာယွန်၏ နည်းနည်းအံ့ဩပြီး စူးရှသောအသံက ထွက်လာကာ အနားမှ လူများ၏ အာရုံကို ဆွဲဆောင်သည်။

အပျော်ကြည့်ချင်လိုကြသည်မှာ လူအများ၏ မွေးရာပါ စိတ်ဆန္ဒဖြစ်သည်။ ဒါဟာ တရုတ်လူမျိုးတိုင်း၏ အကျင့်မျိုးလည်းဖြစ်သည်။ သူတို့၏ မျက်လုံးကလည်း အလိုလျောက်ပင် ထိုအသံလာရာဘက်သို့ ကြည့်လိုက်ကြ၏။ သူတို့သည်လည်း မည်သို့ကဲ့သို့သော ဖရဲသီးမျိုးကို စားနိုင်မည်နည်းဟု သိချင်နေကြသည်။

ဝမ်ယာယွန်၏ နံဘေးတွင် ရပ်နေသော တုဟန်ရွှီက ပျော်ရွှင်နေပုံ မရပေ။ သူဟာ ယဲ့ယွီအန်းကို မုန်းတီးမှုအပြည့်ဖြင့် ကြည့်သည်။

သူတို့ နောက်ဆုံးတစ်ခေါက် ယဲ့ယွီအန်းက သူ၏အိမ်စာကို အများရှေ့တွင် လုပ်ပေးထားကြောင်း အဖော်ခံရပြီး ချိန်ကတည်းက သူသည်လည်း အကယ်ဒမီတွင် မျက်နှာပျက်ခဲ့ရပြီး သူ၏ ဂုဏ်သတင်းက ထိုခိုက်သွားခဲ့သည်။

မူလကမူ သူသည် ကျောင်းမှ ဒီစာသင်နှစ်တွင် အတော်ဆုံး ကျောင်းသား သုံးယောက်ထဲမှ နေရာတစ်နေရာကို သေချာရရန် အသင့်ဖြစ်နေခဲ့သည်။ သို့ရာတွင် ယဲ့ယွီအန်းက ပြဿနာ ရှာခဲ့ပြီးနောက် သူသည်လည်း ထိုအရွေးချယ်ခံထဲမှ တိုက်ရိုက်ပင် ပယ်ထုတ်ခံခဲ့ရပြီး အခြားတစ်ယောက်နှင့် အစားထိုးသွားသည်။ ထိုလူကလည်း သူနှင့် အဆင်မပြေသူ ဖြစ်သည်။ ထိုသို့ဖြင့် အခွင့်အရေးရတိုင်းလိုလို လှောင်လာတတ်၏။ သူသည် အားလုံးကို ယဲ့ယွီအန်းအပေါ်သာ ဒေါသပုံချသည်။

22 02

ယဲ့ယွီအန်းကသာ ရုတ်တရပ် ရူးသွားခဲ့ပြီး အိမ်စာကို ပြီးအောင် လုပ်ပေးခဲ့သည့်အကြောင်းကို အခြားသူများကို လျောက်မပြောခဲ့ပါက မည်သည့်ကိစ္စကမှ ဖြစ်ပျက်လာခဲ့မည် မဟုတ်ပေ။

သူကိုယ်တိုင်ကလည်း လူတိုင်း၏မျက်လုံးထဲမှ ထူးချွန်ကျောင်းသာ ဆက်ဖြစ်နေပေလိမ့်မည်။ ဝမ်ယာယွန်ကလည်း သူမ၏ နှလုံးသားထဲတွင် ယဲ့ယွီအန်းကို မုန်းတီးမှုအပြည့်ရှိနေသည်။ သူမသည်လည်း ယဲ့ယွီအန်းက သူမနှင့် ဟန်ရွှီကောတို့ အတူတွဲနေသည့် အကြောင်းကို မည်သို့ မည်ပုံ သိသွားမှန်း မသိပေ။ သို့သော် သိသာစွာပင် သူတို့နှစ်ယောက်က သူမ၏အရှေ့တွင် မသင့်တော်သော ကိစ္စမျိုးကို လုပ်လျှင်ပင် သတိမထားမိခဲ့ပါချေ။ တုဟန်ရွှီက သူတို့ကြားမှ ဆက်ဆံရေးကောင်းသောကြောင့်သာ သူမအပေါ် ချစ်ခြင်းမျိုးကြောင့် သူငယ်ချင်းအပေါ် ကောင်းပေးသည်ဟု တုံးအစွာ ထင်နေခဲ့သူ ဖြစ်သည်။

ဒါပေမဲ့ ယဲ့ယွီအန်းက ရုတ်တရပ်ကြီး အသိပြန်ဝင်လာပြီးတော့ သူတို့ တွဲနေတာ ကြာပြီဆိုတဲ့အကြောင်း သိသွားမှာလဲ ။

သိသွားရုံနှင့်တင် မဟုတ်သေးပေ။ ဟန်ရွှီကောနှင့် အဆက်အသွယ်ဖြတ်လိုက်ရုံဆိုလျှင် သူမအတွက် ပိုကောင်းပေလိမ့်မည်။ တုဟန်ရွှီကဲ့သို့ ကြွယ်ဝသော မိသားစုမှ လာပြီး ပညာလည်း ကောင်းကောင်းသင်နိုင်သည်။ ရုပ်ရည်လည်း ကြည့်ကောင်းသည်။ ကျော်ကြားသော သူမျိုးလည်းဖြစ်လျှင် အကောင်းဆုံးသော ရွေးချယ်ခံကြီး ဖြစ်သွားသည်။

မိန်းကလေးအများစုကလည်း သူမ၏နေရာကို မနာလို အားကျကြပေလိမ့်မည်။ သို့သော် ယခုမူ တုဟန်ရွှီ၏တရားဝင် ချစ်သူကောင်မလေးဆိုသော နေရာကို မရခဲ့တော့ဘဲ။ ထိုခွေးမယဲ့ယွီအန်းက ဟန်ရွှီအန်း၏ဂုဏ်သတင်းကို ဖျက်ဆီးခဲ့သောကြောင့် တံတွေးခွက်ထဲသာ ရောက်သွားရသည်။

သို့သော် ထိုကိစ္စကလည်း အထူးတလည် အရေးမကြီးသေးပေ။ သူမက ဟန်ရွှီကောနှင့်သာ အတူရှိနိုင်မည်ဆိုလျှင် ဟန်ရွှီကောက သူမက သူ့ကို အမှန်တကယ် သဘောကျကြောင်း ယုံကြည့်သွားပေလိမ့်မည်။ ထိုအခါ သူက ရင်ထဲထိသွားပြီး လက်ထပ် ယူချင်စိတ် ပေါက်လာပေလိမ့်မည်။

“ငါက ဘာလို့ ဒီရပ်ကွက်မှာ မနေနိုင်ရမှာလဲ။ ဘာဖြစ်လို့လဲ ဒီရပ်ကွက်က နင်တို့ ပိုင်လို့လား”

ယဲ့ယွီအန်းကလည်း ထိုမျှအထိ ကံဆိုးမည်ဟု မထင်ထားခဲ့ချေ။

သူမက ရှည်လျားသော အနက်ရောင်ဆံပင်ကို အတိုညှပ်ပြီး နားရွက်အနောက်ဖက်သို့ သိမ်းထားသည်။ အမျိုးသား ဝတ်ရုံကိုလည်း ဝတ်ထားသည့်အပြင် ဦးထုပ်နှင့် မက်စ်ကိုလည်း တပ်ထားသေးသည်။ သို့တောင်အောင် ဝမ်ယာယွန်က မှတ်မိသွားသေးလေသည်။ သူမက အလွန်ကံဆိုးသည်ဟု ခံစားလိုက်ရသည်။

အပြင်မထွက်ခင် မျက်ခွံလှုပ်နေတာ မအံ့ဩတော့ပါဘူး။

“ယဲ့ယွီအန်း မင်းက ငါ့အရှေ့မှာ ပေါ်လာရဲသေးတယ်ပေါ့။ အတော်သတ္တိရှိနေတယ်ပေါ့ ဟုတ်လား”

အနီးအနားမှ အခြားသော သူများကလည်း တုဟန်ရွှီက မည်မျှ ဒေါသထွက်နေကြောင်း ခံစားမိကြသည်။ ထို့ကြောင့် စိတ်ဝင်စားသွားကြသည်။

“ဟုတ်တယ် ယဲ့ယွီအန်း နင်က ဟန်ရွှီကောကို ဘယ်လောက်တောင် လွန်ကဲတဲ့ ကိစ္စလုပ်ခဲ့လဲဆိုတာ ပြောစမ်းပါ။ ဒါတောင်မှ အရှေ့မှာ ပေါ်လာရဲသေးတယ် ဟုတ်လား”

“အဲ့ဒီစကားကို ပြောရမှာ ငါ မဟုတ်ဘူးလား။ ငါက ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းနဲ့ ချစ်သူကောင်လေးအပေါ်မှာ ဖောက်ပြန်ခဲ့တဲ့သူလည်း မဟုတ်ဘူး။ နောက်ပြီး ငါ့ရဲ့ချစ်သူကောင်လေးက အိမ်စာကို ခိုးရေးခိုင်းပြီး နာမည်ကောင်းဝင်ယူချင်တာမျိုးကို အားပေးခဲ့တဲ့သူလည်း မဟုတ်ဘူး။ နင်တို့ကသာ အကျင့်ပျက် ခြစားနေကြတာ။ မကောင်းတဲ့ သီးသန့်အကျင့်ဆိုးတွေ ရှိနေတာ ဟုတ်ပြီလား… ဘယ်လိုကြောင့်များ ငါ့အရှေ့မှာ လာရပ်ပြီး ယုံကြည်မှု အပြည့်နဲ့ စွပ်စွဲနေရတာလဲ။ အို…ငါနားလည်ပြီ ဘယ်လိုပဲဖြစ်ဖြစ် နင်တို့က အရှက်မဲ့တဲ့အရာတွေ အများကြီး လုပ်ထားတာ ဆိုတော့ အရေကတော့ တော်တော်လေးကို ထူနေမှာပေါ့။ ဆိုတော့ ရှိသမျှ အမှားတွေ အကုန်လုံးကို သူများအပေါ် အပြစ်တင်လိုက်ခြင်းအားဖြင့် အပြစ်ကို ရှောင်ဖို့ ကြိုးစားမှာပေါ့လေ”

ယဲ့ယွီအန်း၏လေသံက အေးစက်သည်။ မျက်လုံးကလည်း ခံစားချက် ကင်းမဲ့သည်။ သို့သော် လူတိုင်းအား ခြောက်ခြားသွားစေလောက်သည်။

22 03

အနားမှ သူများကလည်း နားကို စွင့်ထားသည်မှာ ကြာပြီဖြစ်သည်။ ထိုဒရမ်မာက အချစ်ဆုံးသူငယ်ချင်းနှင့် ချစ်သူကောင်လေးတို့က ဖောက်ပြန်သွားခြင်းဖြစ်ကြောင်း ကြားသောအခါ အားလုံး၏ မျက်လုံးကလည်း တောက်ပသွားကြသည်။

ထိုကဲ့သို့သော ဇာတ်ကြောင်းမျိုးက ခေတ်နောက်ကျနေပြီး ဖြစ်သော်လည်း စိတ်လှုပ်ရှားစရာ ကောင်းသေးသည်။ အထူးသဖြင့် အခုလိုမျိုး ရန်ငြိုးနှင့် လွန်ဆွဲမှုများအား တိုက်ရိုက်ကြည့်ရှုရချိန်တွင် ဆိုလျှင် ပို၍ပင် ဆိုးသေးသည်။

လူအုပ်ထဲမှ အကြည့်မျိုးက ရင်ဆိုင်ရသည့်အခါ တုဟန်ရွှီနှင့်ဝမ်ယာယွန်တို့က ပါးနှစ်ချက်ခန့် ဆက်တိုက် ဖြတ်ရိုက်သလို ခံစားလိုက်သည်။

သူတို့သည် ရိက္ခာလာယူခြင်း ဖြစ်သည်။ ထို့ကြောင့် မက်စ်ကိုသာ ကောက်တပ်လိုက်ရပြီး လူအုပ်ထဲသို့သာ ဝင်ကာ တန်းစီလိုက်ရသည်။

ယဲ့ယွီအန်းအပေါ် မုန်းတီးမှုကလည်း ပို၍သာ နက်ရှိုင်းသွားသည်။

သူတို့သည် ဒီနေရာသို့ ပြောင်းလာကစ ဖြစ်သည်။ ပစ္စည်းအများကြီးကိုလည်း မဝယ်လာခဲ့ပေ။ သို့သော် သည်းထန်သောမိုးမှ အကြောင်းကြားစာက မရောက်လာသေးခင် စူပါမားကတ်သို့ သွားခဲ့ကြသည်။ သို့သော် သူတို့သည် လူအုပ်ထူနေခြင်းကို သဘောမကျသည့်အတွက် များများစားစား မဝယ်ခဲ့ဘဲ ပြန်လာခဲ့ခြင်း ဖြစ်သည်။ ဒီမိုးကလည်း သိပ်မကြာလောက်ဟု ထင်ထားခဲ့ကြသည်။

တုဟန်ရွှီပင် ဖြစ်စေ ဝမ်ယာယွန်ကပင် ဖြစ်စေ ဟင်းမချက်တတ်ကြပေ။ ဝယ်လာသမျှ အသင့်စားပစ္စည်းများနှင့် အဆာပြေမုန့်များသာ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်အထိ ထိန်းထားနိုင်ခြင်းကတင် တုဟန်ရွှီ၏မိသားစုမှ ပစ္စည်းလာပို့သောကြောင့်သာ ဖြစ်လေသည်။

အိမ်မှ စားစရာကလည်း ကုန်တော့မည် ဖြစ်သည်။ တုဟန်ရွှီ၏ မိသားစုကလည်း မည်သူ့ကိုမှ ပစ္စည်းမပို့ပေးနိုင်တော့ချေ။ သို့မဟုတ်ပါက ယခုလိုမျိုး ပစ္စည်းလာယူရန် လိုအပ်လိမ့်မည် မဟုတ်ပါပေ။

ရှုရှင်းက သိပ်မဝေးသော တစ်နေရာတွင်ရပ်ပြီး ဖရဲခင်းထဲမှ ခွေးတူဝက်တူတစ်ကောင်ကဲ့သို့ ဖရဲစေ့ကို အားရပါးရ စားနေသည်။

နောက်ဆုံးတော့ ယဲ့ယွီအန်း…. မူလဝတ္ထုက ပြန်လည်မွေးဖွားလာပြီး သတ်ဖြတ်ဖို့ကို ဆုံးဖြတ်ချက် ပြတ်သားနေတဲ့ မင်းသမီးနဲ့ ဆုံပြီပဲ။ နာမည်နဲ့ရုပ်ရည်ကတော့ လိုက်ဖက်ပါပဲ။ ဒါပေမဲ့ စာအုပ်ထဲက ပြောတာတော့ မင်းသမီးက ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ အခြားရပ်ကွက်မှာ နေတာပါ။ လက်စသတ်တော့ ဒီရပ်ကွက် ဖြစ်နေတာကိုး။ ကျွတ်ကျွတ် ကျွတ် ရပ်ကွက်တူတာကတင် တော်တော်လေးကို ရှုပ်ထွေးတယ်။ အဆောက်အဦးတော့ မတူဖို့ မျှော်လင့်ရတာပဲ အဲဒီလိုမှ မဟုတ်ရင် အဆုံးအစမဲ့တဲ့ ပြဿနာတွေ ပြည့်နေတော့မှာ။ သိတဲ့အတိုင်းပဲ အဓိက ဇာတ်လိုက် မင်းသမီး တွေ့ကြုံရတဲ့ ပြဿနာတွေက အပြည့်ပဲလေ။ သူ့လို အမြောက်စာ ဇာတ်ကောင်လေးက ဒီပြဿနာမျိုးကို ရင်မဆိုင်နိုင်လောက်ဘူး။

******

All Chapters