← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

23 01

အပိုင်း (၂၃) အကြံအစည်

ယန်မော့က ရှုရှင်း၏ အနောက်ဖက်တွင် ရပ်နေသောကြောင့် ရှုရှင်း၏အကြည့်က အဝေးမှ ယဲ့ယွီအန်းဆီ ရောက်နေမှန်းလည်း မြင်လိုက်သည်။ သူသည်လည်း ယဲ့ယွီအန်းက တစ်ဖက်မှ လူနှစ်ယောက်ကို ကြည့်ချိန်တွင် မျက်လုံးထဲတွင် ရန်လိုသော အကြည့်မျိုး လဲ့သွားခဲ့ကြောင်းကို ကောင်းကောင်းမြင်လိုက်သည်။

ထိုရန်လိုလွန်းသော စိတ်ဆန္ဒက ဖြတ်ကနဲသာ ပေါ်လာခဲ့ခြင်းဖြစ်ပြီး ဖြတ်ကနဲသာ ပျောက်သွားသည်။ ဖမ်းယူရန်ပင် ခက်ခဲသည်။ သာမာန်လူများကသာဆိုလျှင် ထင်ယောင်ထင်မှားဖြစ်သွားသည်ဟုသာ ထင်လောက်သည်။ အမြင်မှားသည်ဟုသာ တွေးပေလိမ့်မည်။

သို့သော် ယန်မော့ကမူ စစ်မှန်ကြောင်းနားလည်သည်။ ယဲ့ယွီအန်းက ထင်သလောက် မရိုးရှင်းပေ။ သူမ၏မျက်လုံးထဲမှ ခံစားချက်များနှင့် ထုတ်ပြထားသော စိတ်နေသဘောထားမျိုးက အသက်အရွယ်နှင့်ပင် မလိုက်ဖက်ပေ။ ယခုလိုအကွာအဝေး တစ်ခုကပင် ရန်လိုမှုကို ခံစားမိနိုင်သည်။ သူမက ရည်ရွယ်ချက် ရှိရှိဖြင့် ဖုံးကွယ်ထားသည့်တိုင်အောင် သူမ၏အမူအရာနှင့် အခြေအနေများမှတဆင့် ယိုဖိတ်ကျလာသေးသည်။

ဒါက ဒီလိုရပ်ကွက်ထဲမှာဆိုရင် အန္တရာယ်များတဲ့ တည်ရှိမှုပဲ။ သူတို့ ဘယ်တော့မှ သတိလျော့ထားလို့ မရဘူး။

လူအများစုကမူ ထိုအခန်းကဏ္ဍျလေးကို အလေးအနက် မထားလိုက်ကြပေ။ ထို့နောက် သူတို့၏ အာရုံကလည်း ခွဲဝေပေးသော ရိက္ခာများထံသို့ ရောက်သွားလေသည်။

ဒီတစ်ခေါက်ခွဲဝေသော ရိက္ခာများကလည်း မြန်မြန်ဆန်ဆန်ပေး၍ ကုန်သွားသည်။ မနက်ရှစ်နာရီတွင် ပထမဦးဆုံး တန်းစီသောသူက ရိက္ခာထုပ်ကို ရရှိသည်။ ထိုရိက္ခာထုပ်က ကြီးမားသော အနက်‌ရောင်ပလပ်စတစ်အိတ်ဖြင့် ထုတ်ထားလေပြီး အတွင်းမှ ပစ္စည်းများကို မမြင်ရပါပေ။

ထိုလူက ပစ္စည်းကို ဖွင့်ကာ တစ်ချက်ကြည့်၏။ အတွင်းတွင် အသင့်စား ခေါက်ဆွဲထုတ် ဆယ်ထုပ်၊ အာလူး တစ်ဆယ်ကီလိုဂရမ်၊ ဂေါ်ဖီထုပ် တစ်ဆယ်ကီလိုဂရမ်၊ ဆယ်တစ်ဆယ် ကီလိုဂရမ် နောက်ပြီး ခေါက်ဆွဲ လက်နှစ်ဆုပ်စာအပြည့်၊ တစ်ကီလိုဂရမ် ကျော်ကျော်ရှိသော အသားတုံးကြီးတစ်တုံးနှင့် ဖယောင်းတိုင် ဆယ်တိုင်ပါသည်။ ထို့ကြောင့် ပစ္စည်းအမျိုးအစားများသည် စုံလည်း စုံသည်ဟု ပြောရပေမည်။

လူတစ်ယောက်တည်းအတွက် ခုနှစ်ရက်စာစားရန် လုံလောက်သည်ထက်ပင် ပိုသောပမာဏမျိုးဖြစ်သည်။ ခုနှစ်ရက်စာ စားမည်ဆိုလျှင်ပင် ပိုလျှံလောက်သေး၏။ သို့တိုင်အောင် အချို့သောသူများက မကျေမနပ် ဖြစ်ကြပြီး လောဘကြီးကာ များများလိုချင်ကြသည်။ အစိုးရက ကပ်စေးနဲသည်ဟု ပြောကြသည်။

ရိက္ခာခွဲဝေမှုများက အပတ်တိုင်းလိုလို တည်ရှိမည် ဖြစ်သည်။ သို့သော် နောက်တစ်ခေါက် ခွဲဝေသည့်အခါ မည်သည့်ပစ္စည်းများ ပါလာမည်ဆိုသောကိစ္စကမူ မေးခွန်းသင်္ကေတ အကြီးကြီး ဖြစ်နိုင်သည်။ အလကား ရသော ပစ္စည်းများက နည်းသထက် နည်းသွားမည်။ ဆိုးသထက် ဆိုးလာမည် ဖြစ်သည်။

ရိက္ခာများအားလုံးကို ကုန်ဆုံးသွားခဲ့သော် ပစ္စည်းများ ဆိုးသည့်အကြောင်းကို မည်သူကမှ အထွန့်တက်နိုင်တော့မည် မဟုတ်ပေ။ ယခုလို စားစရာရှိနေသည်ကိုပင် ကျေးဇူးတင်ရပေမည်။

နံဘေးတွင် လက်နက်ကိုင်ကာ စောင့်နေသော စစ်သားများက အစီအစဉ်ကို ပုံမှန်တကျ ဖြစ်အောင် ထိန်းသိမ်းပေးနေကြသည်။ မည်သူကမှ ပြဿနာ မရှာရဲကြပေ။ ထိုသို့ဖြင့် ရိက္ခာဖြန့်ဝေခြင်းက အလွန်အမင်း ချောမွေ့စွာ ပြီးဆုံးသွားသည်။ ရှုရှင်းတို့၏ အသင်းကလည်း အရှေ့ဖက်နား အတော်ရောက်သည်။ ထို့ကြောင့် နာရီဝက်ပင် မကြာခင် ပစ္စည်းရလိုက်သည်။

သူတို့သည် အပြင်ဘက်တွင် အချိန်အကြာကြီး မနေချင်ကြပေ။ ထို့ကြောင့် ပစ္စည်းများကို ကောက်ယူပြီးသည်နှင့် အိမ်သို့ ခပ်မြန်မြန် ပြန်ကြသည်။ အပြန်လမ်းတွင်လည်း သူတို့က မိုးကာများ အထပ်ထပ် ဝတ်ထားသေးသည့်တိုင်အောင် မိုးများစိုသွားကြသေးသည်။ ခန္ဓာကိုယ်ပေါ်တွင် ခြောက်သွေ့သော နေရာဟူ၍ မရှိပါပေ။

အအေးမမိစေရန်အလို့ငှာ အားလုံးက အိမ်ထဲသို့ ခပ်မြန်မြန်ဝင်လိုက်ကြပြီး ရေပူဖြင့် ရေချိုးကြသည်။ ထို့နောက် အဝတ်အစားများ လဲပြီးနောက် ဆိုဖာပေါ်တွင် သက်တောင့်သက်သာစွာ ထိုင်ကြသည်။ သူတို့သည်လည်း အိမ်တွင် လေ့ကျင့်ရသည်ထက်ပင် ပင်ပန်းနေသလို ခံစားရသည်။

23 02

အပြင်သို့ ထွက်သောအခါ စိတ်ကလည်း ပင်ပန်းသည်။ အိမ်တွင်နေသောအခါ ခန္ဓာကိုယ်ကလည်း ပင်ပန်းသည်။ ထိုနေ့လည်တွင် ရှုရှင်းက နေရာလပ်နယ်မြေထဲမှ သံမဏိအိုးများကို သွားရှာလိုက်သည်။ ထို့နောက် ယန်မော့ကို ခိုးကာ မေးလိုက်သည်။ သူ၏ခွင့်ပြုချက်ကို ရသောအခါ နေရာလပ်နယ်မြေထဲမှ ပစ္စည်းများကို ထုတ်ကာ ယန်မော့အား ယူသွားစေလိုက်သည်။ ထိုသို့ဆိုလျှင် အကျိုးအကြောင်း သင့်လျော်သွားပေမည်။

နေ့ရောညပါ အတူရှိလာပြီးနောက် နေရာလပ် နယ်မြေဆိုသော ကိစ္စက အကြာကြီး ဖုံးကွယ်ထား၍ မရနိုင်ပေ။ ဖုံးကွယ်ထားရန်လည်း မလိုအပ်ပါပေ။ ယန်မော့နှင့်ရှုရှင်းတို့ကလည်း ဆွေးနွေးလိုက်ကြပြီးနောက် ပုရှန်းဝမ်နှင့် မူချီမိုင်တို့အား နေရာလပ်နယ်မြေ၏တည်ရှိမှုကို ဖွင့်ပြောရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးကလည်း ယုံကြည်၍ ရသည်။ သစ္စာဖောက်မည် မဟုတ်ပေ။ သို့ရာတွင် ဇွန်ဘီကပ်ဘေးက ဖြစ်ပေါ်လာခဲ့သော် လူအများ၏ သဘာဝလွန်စွမ်းအားက အမျိုးမျိုးသော နည်းလမ်းများဖြင့် ဖြစ်တည်လာနိုင်သည်။ တစ်စုံတစ်ယောက်က အခြားသောသူများ၏ မှတ်ဉာဏ်ကို ဖတ်နိုင်မည်ကိုလည်း ကြောက်ကြသည်။ ထို့ကြောင့် ယန်မော့သည် နေရာလပ်နယ်မြေ၏ ပိုင်ရှင်အား သူအဖြစ် အစားထိုး ပြောရန် ဆုံးဖြတ်လိုက်သည်။ ဒီနည်းအားဖြင့် ရှုရှင်း၏ လုံခြုံမှုကို သေချာစေပေမည်။

ရှုရှင်းကလည်း ယန်မော့က အနာဂတ်တွင် အင်အားကြီးမားလွန်းသော စိတ်စွမ်းရည်ကို ရရှိမည်မှန်း သိထားသည်။ ထို့ကြောင့် သူ၏ ခံစားချက်ကို အပြည့်အဝ လက်ခံလိုက်သည်။

စောင့်ကြည့်ခံရချိန်တွင်ဖြစ်စေ၊ လူအများ၏ မှတ်ဉာဏ်ကို ဖတ်ချိန်တွင် ဖြစ်စေ၊ မည်သို့ပင် ပြောပြော ဒါဟာ စိတ်စွမ်းရည်နှင့် ပတ်သက်သည်။ မိမိ၏စိတ်စွမ်းရည်က တစ်ဖက်သူထက် သာလွန်နေသမျှ ထိုလူ၏ စိတ်ကို ဖတ်နိုင်ပေလိမ့်မည်။

သို့သော် ယန်မော့ကမူ စာအုပ်ထဲတွင် အဆင့်မြင့် အဆင့်ရှိသော စိတ်စွမ်းရည်စွမ်းအား ပညာရှင်မျိုး ဖြစ်သည်။ ထို့ကြောင့် အနည်းဆုံး သူမ ဖတ်ထားသည့်အတိုင်းဆိုလျှင် မည်သူ၏စိတ်စွမ်းအင်ကမှ ယန်မော့ကို မသာလွန်နေခဲ့ချေ။ ထို့ကြောင့် ယန်မော့၏ မှတ်ဉာဏ်ကို ဖျက်ရန် မဖြစ်နိုင်ပါပေ။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း တစ်စုံတစ်ယောက်က သူတို့၏ မှတ်ဉာဏ်ကို လာဖတ်လျှင်ပင် နေရာလပ်နယ်မြေအကြောင်း သိသွားလျှင်ပင် သူတို့ သိထားသည်မှာ ထိုပိုင်ရှင်ဟာ ယန်မော့ဆိုသော အချက်သာ ဖြစ်သည်။

ယန်မော့၏တိုက်ခိုက်နိုင်စွမ်းရည်ကလည်း လူတိုင်းက အလွယ်တကူ အနိုင်ယူနိုင်သည့် အဆင့်မျိုးမဟုတ်ပါပေ။

ရှုရှင်းက သူမ၏ ကိုယ်ပိုင်မှတ်ဉာဏ်ဖတ်ခံရမည့် အခြေအနေကို မစိုးရိမ်ပေ။ အကြောင်းမူကား ထိုအရာက ကျောက်စိမ်းဆွဲပြား၏ နေရာလပ် နယ်မြေမျိုးဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အပြင်လူများက ချောင်းမြောင်းကြည့်ရှုနိုင်စွမ်းရည်ပင် မရှိပါပေ။ ထို့ကြောင့် ရှုရှင်း၏ ထိုနယ်မြေနှင့် ပတ်သက်‌သော မှတ်ဉာဏ်ကို အလိုလျောက် ပိတ်ထားပြီးသား ဖြစ်သည့်အလျောက် မည်သူကမှ မသိနိုင်တော့ပေ။

ယန်မော့၏ အကာအကွယ်ကတဆင့် ပြီးပြည့်စုံသော အာမခံကဲ့သို့သော အရာမျိုးကြောင်း ရှုရှင်းသည်လည်း သူမ၏ နေရာလပ်နယ်မြေက ပေါ်သွားမည့်အကြောင်းကို မကြောက်တော့ချေ။ သူမကသာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုစိတ် အပြည့်နှင့် ထုတ်မပြောသမျှ ပြဿနာ မရှိပါပေ။ တစ်ဘဝလုံး လုံလုံခြုံခြုံ နေနိုင်ပေလိမ့်မည်။

ထိုသို့ဖြင့် အားလုံးက သူတို့၏ သဘာဝလွန်စွမ်းအားများကို အသက်သွင်းနိုင်သော အခါတွင်လည်း ရှုရှင်းက သူမကိုယ်သူမ နေရာလပ် နယ်မြေ အသက်သွင်းနိုင်သလို ဟန်ဆောင်လိုက်ပေမည်။ ထို့နောက် မည်သူ၏ သံသယကိုမှ မဝင်စေဘဲ ပစ္စည်းများကို အသာလေး အထုတ်အသွင်းလုပ်ပေးနိုင်သည်။

မည်သို့ပင်ဆိုစေ နေရာလပ်နယ်မြေပိုင်ဆိုင်သော စွမ်းအားများက ရှားပါးသော်လည်း မရှိတော့သည်တော့မ ဟုတ်ပေ။

လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ယန်မော့၊ပုရှန်းဝမ်နှင့် မူချီမိုင်တို့က နေရာလပ်နယ်မြေရှိသည့် အကြောင်းကို အချင်းချင်း ပြောထားပြီးသားဖြစ်သည်။ ထို့ကြောင့် ယန်မော့ကလည်း ကမ္ဘာအဆုံးသတ်ကာလကို ဝန်ခံချိန်ကလောက် မအံ့ဩကြတော့ပါပေ။

ပထမဦးဆုံးအကြိမ်လောက် အံ့ဩကြပေ။ ထို့နောက် တဖြည်းဖြည်း လက်ခံသွားကြသည်။ ယန်မော့ကသာ မနက်ဖြန် တစ်ကမ္ဘာလုံး ပေါက်ကွဲမည်ဟု ပြောလာမည်ဆိုလျှင်ပင် သူတို့က အများကြီး မတုံ့ပြန်လောက်တော့ပေ။

23 03

ရှုရှင်းကလည်း ယခင်ရက်များအတွင်း ကိုယ့်ကိုယ်ကိုယ် လုံးဝ လွှတ်ထုတ်ပေးလိုက်သည်။ သူမက နေရာလပ်နယ်မြေထဲတွင် ထူထောင်ထားသော အရသာရှိသော စားစရာများကိုလည်း ဆက်တိုက်ဆိုသလို စားနေခဲ့သည်။ သူမ၏ စားသောက်လိုစိတ်ကို ကျေနပ်စေခြင်းအပြင် မချက်ချင်သောကြောင့်ဖြစ်သည်။ အနာဂတ်တွင်လည်း အရသာရှိသော စားစရာများကို ထုတ်ရာတွင်လည်း အဆင်ပြေနိုင်သည်။ ဒါဟာ နှစ်ဖက်လုံး အနိုင်ရသော အခြေအနေမျိုး ဖြစ်သည်။ ရှုရှင်းကလည်း အလွန်အမင်းကို ကျေနပ်နေခဲ့၏။

******

All Chapters