အခန်း ၂၄
Vol. 3 Ch. 24
24 01
အပိုင်း (၂၄) ရေ အရင်းအမြစ် ပြတ်တောက်
ရှုရှင်းက ပုံမှန်လေ့ကျင့်သည့်အစီအစဉ်အတိုင်း ရေချိုးခန်းထဲသို့ ငေးငိုင်ကာ ဝင်သွားပြီးနောက် ရေပန်းကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။ သို့သော် မည်သည့် ရေမှ ကျမလာခဲ့ချေ။
သူမက အပြည့်အဝ အသိမဝင်သေးသောကြောင့် စိတ်ကလည်း မကြည်လင်သေးချေ။
ရေပြတ်သွားပြီ။
ရေဟာ လူသားများ ရှင်သန်ရန်အတွက် အရေးကြီးသော အရာဖြစ်သည်။ လူတစ်ယောက်သည် ရေမသောက်ဘဲ နှစ်ရက်မှခုနှစ်ရက်အထိသာ ရှင်သန်နိုင်သည်။ ထို့အပြင် ဒါဟာ မြေမျက်နှာသွင်ပြင် အနေအထားနှင့် လူခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံခြင်းနှင့်လည်း သက်ဆိုင်သေးလေသည်။
မီးပြတ်တောက်မှုနှင့် နှိုင်းယှဉ်ကြည့်လျှင် ရေပြတ်တောက်မှုက ပို၍ပြင်းထန်စွာ သက်ရောက်ပေလိမ့်မည်။
ရေက လူသားများအတွက် အရေးပါသည့်အချက်က သံသယဝင်စရာပင် မရှိချေ။
ရှုရှင်းသည်လည်း ရေပြတ်တောက်နေမှန်း သိသည်။ မျှော်လင့်ထားပြီးသားလည်း ဖြစ်သည်။
သိပ္ပံနှင့်နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကြောင့် မြို့ပြမှ ဖွဲ့စည်းတည်ဆောက်ပုံများက အမျိုးမျိုးသော သဘာဝကပ်ဘေးများကြောင့် ဖြစ်ပေါ်လာနိုင်သော အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ကာ တည်ဆောက်ထားသည့်တိုင်အောင်၊ ယခုလို သည်းထန်သောမိုးက အချိန်တန်ကြာအောင် ရွာသွန်းခဲ့ပြီးသည့်အပြင် မီးကလည်း ပြတ်တောက်သွားသည့်အချက်တို့ကို ထပ်ပေါင်းထည့်လိုက်သော်… အခြားသော ကြိုတင်ထားထားသည့်စက်များ ပစ္စည်းများက အင်အားကုန်ခမ်းသွားနိုင်သေးသည်။ ရေအရင်းအမြစ် ပြတ်တောက်မှုကလည်း ခန့်မှန်းကြည့်ရန် မခက်သော ကိစ္စမျိုးဖြစ်သည်။ အသိစိတ်နည်းနည်းရှိသော မည်သူကမဆို တွေးမိနိုင်လောက်သည်။
လတ်ဆတ်သော ရေများကိုလည်း နေရာလပ် နယ်မြေထဲတွင် အပြည့်ထားထားပြီးသား ဖြစ်သည်။ သူတို့ လေးယောက်အတွက် အသုံးပြုရန်ပင် လုံလောက်၏။ ထို့ကြောင့် အစပိုင်း အနည်းငယ် ဝမ်းနည်းရုံကလွဲပြီး နောက်ပိုင်းတွင်မူ ထိုရေပြတ်တောက်မှုအတွက် ဂရုမစိုက်တော့ပေ။ ရှုရှင်းအတွက်လည်း အထူးတလည် ပြဿနာမရှိပါပေ။
ရှုရှင်းက မျက်နှာကို ခပ်မြန်မြန်သစ်လိုက်ပြီး နောက်ဆံပင်ကို စည်းသည်။ အားကစားဝတ်စုံကို ဝတ်ပြီးသည်နှင့် အပြင်သို့ ထွက်လာကာ အခြားသော သူများနှင့် ဆုံသည်။
“ရေက ဘယ်အချိန်က ပြတ်သွားတာလဲ”
“မနေ့က မနက်အစောပိုင်းက”
ယန်မော့က ရှုရှင်းအတွက် ကုလားထိုင်ကိုလည်း ဆွဲထုတ်ပေးပြီး ပြင်ဆင်ထားပြီးသား မနက်စာကိုလည်း သူမအတွက် အထူးတလည် ချပေးသည်။
“ဒီမနက် ခေါင်းလျှော်ထားတာလား”
ရှုရှင်းက သူမချစ်သူကောင်းလေး၏ဂရုစိုက်မှုကို ကျင့်သားရနေပြီးသား ဖြစ်သည်။ ထို့ကြောင့် ယန်မော့ကပေးသော မနက်စာကို ယူပြီး ချောမွေ့စွာစားသည်။
“အင်း လျှော်လိုက်တာ။ အပြင်ဘက် ရေတိုင်ကီထဲက ရေကို သုံးလိုက်တာလေ။ အဆောက်အဦးကို ပြန်ပြင်တုန်းက ခေါင်းမိုးထပ်မှာ ပြင်ထားတဲ့ တိုင်ကီကြီးထဲမှာ ရေရှိတယ်ဆိုတာ သိတယ်မလား.. ဟီးဟီး ဒီအတိုင်း မနက်စောစော စနိုးလာတော့ စိတ်က မရှင်းလင်းဘူး ဖြစ်နေတာ”
24 02
“ငါတို့က ထိပ်ဆုံးထပ်မှာ နေတာ။ အောက်ထပ်မှာလည်း နေထိုင်သူတွေအများကြီးပဲ။ ငါတို့ကသာ အိမ်သာအတွက် ရေကို ဆွဲချမယ်ဆိုရင် အောက်ထပ်က သူတွေ သေချာပေါက် ကြားနိုင်မှာဆိုတော့ အနာဂတ်မှာ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကြောင်သဲတွေကို သုံးဖို့ လိုအပ်လာတယ်။ အားလုံးပဲ ဒီနေ့ကစပြီး ကျင့်သားရအောင် နည်းနည်းစီ သုံးထားကြ”
ရှုရှင်းကလည်း ယန်မော့အား ထိုစကားလုံးမျာကို တည်ငြိမ်စွာ ပြောနိုင်သည့်အတွက် အလွန်လေးစားမိသည်။ သူမသာဆိုလျှင် မည်သို့စပြောရမှန်း မသိလောက်ပေ။ သူမက အခြားသောသူများ၏ မျက်နှာအမူအရာကို ကြည့်သည်။ ထိုနှစ်ယောက်လုံးက ထူးထူးခြားခြား မတုန့်ပြန်ကြပေ။
ဘာလို့ သူမတစ်ယောက်တည်းကပဲ ရှက်နေတာလဲ။
မဟုတ်သေးပါဘူး။
သူမသည် ထူးဆန်းသောမျက်နှာထားကို ပြသ၍ မရပေ။ သို့မဟုတ်ပါက သူမကို မိုက်မဲရာကျသည်ဟု ထင်ကြပေလိမ့်မည်။ ထို့ကြောင့် သူမ၏ မျက်နှာသွင်ပြင် အမူအရာကို တည်ငြိမ်အောင် ထိန်းသည်။ သို့သော် ယန်မော့က သူမ၏မျက်နှာပေါ်မှ အပြောင်းအလဲများကို မြင်သွားကြောင်း သတိမထားမိခဲ့ပေ။
ယန်မော့၏ မျက်လုံးထဲတွင် အပြုံးက ဖြတ်ပြေးသွားသည်။
အာ…သူ့ရဲ့ ကောင်မလေးက တစ်ခါတလေမှာ တကယ်ကို ရူးကြောင်ကြောင်နဲ့ ချစ်စရာလေး…
ရှုရှင်း မသိသည်မှာ ပုရှန်းဝမ်နှင့် မူချီမိုင်တို့က မည်သည့်စကားကို ကြားကြား အမူအရာ မပြတတ်ရာတွင် ကျွမ်းကျင်နေကြခြင်းသာ ဖြစ်သည်။ သို့သော် သူတို့ကို အမှန်တကယ် လုပ်ခိုင်းသောအခါ အိမ်သာထဲက ထွက်လာပြီးတိုင်း ပြသတတ်သည့် ထိုနှစ်ယောက်၏ မျက်နှာအမူအရာက တော်တော်လေးကို ရယ်ရလေသည်။
ရှုရှင်းကလည်း ထိုနှစ်ယောက်ကို ကြည့်ပြီး အချိန်တန်ကြာအောင် အရယ်မရပ်တော့ပေ။
ထိုနှစ်ယောက်ကလည်း အတော်လေးကို ရှက်သည်။ မျက်နှာလည်းပူ၏။
လွန်ခဲ့သော နှစ်နှစ်ဆယ်အတွင်းတွင် သူတို့၏နောက်ခံများက သူတို့အား ထိုကဲ့သို့ အရှက်ရဖွယ်ရာ အခြေအနေများကို မတွေ့ကြုံဖွယ်အောင် ဖြစ်စေခဲ့သည်။ သူတို့ လက်ခံရရှိထားသော ကောင်းမွန်သော ပညာရေးနှင့်လည်း ဆန့်ကျင်ဘက်ဖြစ်နေ၏။ ယန်မော့ကိုယ်တိုင်ကပင် အလွန်အမင်း မသက်မသာ ဖြစ်ရသည်။ သူဟာ ငယ်စဉ်ဘဝက မည်မျှပင် လေ့ကျင့်ခံထားရစေကာမူ သူ၏ ကိုယ်ပိုင်အရည်အချင်းများကိုမူ တစ်ခါမှ မကိုင်တွယ်ခဲ့ရပါပေ။ ဒီတစ်ခေါက်တွင်မူ ကိုယ်တိုင်လုပ်နေရသည်။
အချိန်တစ်ခုကြာမှသာ ထိုအခြေအနေမျိုးနှင့် ကျင့်သားရသွားကြလေသည်။
******