← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

25 01

အပိုင်း (၂၅) ပြစ်မှတ်ထားခံရခြင်

အဆင့်အတန်းမြင့် လူနေနယ်မြေမျိုးတွင် နေထိုင်နိုင်သောသူများကလည်း အဆင့်အတန်းအရပင် ဖြစ်စေ၊ အရည်အသွေးအရပင် ဖြစ်စေ၊ မညံ့သော သူများဖြစ်သည်။ မြို့တော်A မှ အလယ်အလတ်တန်းစားနှင့် အထက်တန်းလွှာများ၏ ပမာဏက အလွန်နည်းပါးသည်။ သို့သော် ထိုနေရာတွင်မူ နေရာတိုင်းတွင် မြင်နိုင်နေ၏။ မည်သို့ပင်ဆိုစေ ဒါဟာ အနာဂတ်မှ ပူးပေါင်းမှုများလည်း ဖြစ်နိုင်သည်။

ရေအရင်းအမြစ် ပြတ်တောက်ကာစကာလ အတောအတွင်းတွင် လူအများစုက သူတို့၏ကိုယ်ပိုင် မျက်နှာကို ထိန်းသိမ်းနေသောကြောင့် ကိုယ်ပိုင် ပုံရိပ်ကို ထိန်းသိမ်းရန် ကြိုးစားနေကြသည်။ နောက်ကွယ်မှ အပြုအမူက မည်သို့ပင်ရှိရှိ မသိရသော်လည်း အနည်းဆုံး အပြင်အပေါ်ယံတွင်မူ အတွင်းပိုင်းနေရာမှ မည်သည့်အရာကိုမှ မပြစ်ချကြပါပေ။

နေရာလပ်နယ်မြေကဲ့သို့ လက်ဆောင်ကောင်းကို ပိုင်ဆိုင်ထားသော ရှုရှင်းတို့ကမူ ထိုကဲ့သို့သော စိုးရိမ်စရာလည်းမ ရှိပေ။

သူတို့သည် နေရာလပ်နယ်မြေ၏ဒုတိယထပ်သို့သာ ပစ်ထည့်လိုက်မည်ဆိုလျှင် နေရာလပ်နယ်မြေက အမှိုက်အဖြစ်သတ်မှတ်ကာ ရှင်းပေးပေလိမ့်မည်။

မိုးမုန်တိုင်းက ကြာရှည်သထက် ကြာရှည်လာသည်။ ရပ်ကွက်ထဲမှ ရေအမြင့်ကလည်း တဖြည်းဖြည်း တက်လာကာ အခြားသူများ၏အိမ်များက ရေလွှမ်းမိုးကုန်သည်။ ထို့ကြောင့် လူအချို့ကလည်း သူတို့အိမ်မှ ထွက်ကာ အမြင့်ပိုင်းမှ လျှောက်လမ်းများတွင် သွားနေရသည်။ အချို့သောသူများကဆိုလျှင် အခြားသောသူများအား ပိုက်ဆံကတိစကားကြောင့်ဖြစ်စေ၊ အခြားသောခြိမ်းခြောက်မှုကြောင့်ဖြစ်စေ၊ အကျိုးအမြတ်ကြောင့်ဖြစ်စေ ပြောင်းနေကြသည်။

အခြားသောသူများကို အိမ်တွင် နေခိုင်းရဲသော သူများကလည်း လောဘကြီးလွန်းသောသူများ၊ သို့မဟုတ် ဉာဏ်သိပ်မကောင်းသောသူများ သို့မဟုတ် သဘာဝအားဖြင့် ကြောက်တတ်သော သူများသာဖြစ်သည်။ သူတို့သည်လည်း အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ပေ။ သည်းထန်သောမိုးက တစ်လလုံးလုံး ရွာနေခဲ့ခြင်းဖြစ်ပြီး ရပ်တန့်မည့်လက္ခဏာမျိုးကို မပြသသေပေ။ တစ်တိုင်းပြည်လုံးကလည်း တစ်ကမ္ဘာလုံးဆိုင်ရာ ဒုက္ခကပ်ဘေးကို ခံစားနေရခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားသော မရင်းနှီးသောလူများက အိမ်ထဲသို့ ဝံပုလွေကို ခေါ်သွင်းသည်နှင့် မခြားနားတော့ပါပေ။

ကမ္ဘာကပ်ဘေးမှ ရက်စက်သော ရှင်သန်မှု စည်းမျဉ်များအောက်တွင် နေထိုင်ရန် အလွန်ခက်ခဲသည်။

သိပ်မကြာခင်ကမှ အစိုးရက ခွဲဝေထားသော ရိက္ခာများက ပထမဆုံးတစ်ခေါက်နှင့် ခြားနားသွားသည်။ ရှင်းလင်းစွာပင် နောက်တစ်ခေါက် ရိက္ခာအရင်းအမြစ်ကလည်း ပိုက်ဆံ သို့မဟုတ် ရွှေနှင့်ပင် လဲရလောက်သည်။

အချို့သောသူများ၏ ရိက္ခာများက အိမ်သို့ပြန်လာသည့် လမ်းတွင် လုယက်ခံရသည့် သတင်းက ထွက်လာပြီးနောက် လူတိုင်း၏ ပထမဦးဆုံး တုံ့ပြန်မှုက ရိက္ခာကို ရသည်နှင့် လက်မောင်းထဲတွင် ခပ်တင်းတင်း ပိုက်ထားပြီး ပတ်ဝန်ကျင်ကို သတိအပြည့်ကပ်ကာ ကြည့်ခြင်း ဖြစ်သည်။ ထို့နောက် သူတို့သည် အိမ်ကို အပြေးပြန်ကြပေလိမ့်မည်။ ထိုနည်းအားဖြင့် နောက်ထပ်ကံဆိုးသော လူဖြစ်မည်ကို ကြောက်နေကြသည်။

ရှုရှင်းနှင့်အဖွဲ့သည် နောက်ရက်အနည်းငယ်အတွင်း ရိက္ခာများကို ထွက်ကာ မစုဆောင်းခဲ့ပေ။ အခြားတစ်ဖက်တွင်မူ သည်းထန်သောမိုးကြောင့် ထွက်ရန် အလျှင်းမသင့်သောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အပြင်သို့ထွက်သည်နှင့် မိုးက တန်းစိုမည် ဖြစ်ပြီး လေကလည်း ပြင်းထန်သေးသည်။ သူတို့ကလည်း ရိက္ခာမရှားပေ။ ထို့ကြောင့် အပြင်သို့ထွက်ရန် မလိုအပ်ပါပေ။

အခြားတစ်ဖက်တွင်မူ အပြင်ဘက်မှ အခြေအနေကို အတော်လေး နားလည်ထားပြီးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အပြင်သို့ ထွက်ရန် မလိုအပ်သေးပေ။ အပြင်သို့ထွက်ကာ ရိက္ခာများကို သွားယူမည့်အစား အိမ်တွင်သာ သုံးနားရီလေးနာရီ ဆက်တိုက်လေ့ကျင့်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထိုသို့ဖြင့် နောက်ထပ် လဝက်ခန့်က ကုန်သွားသည်။ ရိက္ခာခွဲဝေမှုကလည်း ရပ်တန့်သွား၏။ လူမှုအသိုင်းအဝိုင်းမှ နေထိုင်မှု စနစ်ကလည်း ကမောက်ကမ ဖြစ်လာသည်။ ရပ်ကွက်တစ်ခုလုံးက မသက်မသာ ဖြစ်လာကြသည်။ ထိုအချိန်ကာလ အတောအတွင်းတွင် လူလေးဖွဲ့၊ငါးဖွဲ့ခန့်က နှစ်ဆယ့်လေးလွှာ၏ ဝင်ပေါက်တံခါးကိုလည်း လာခေါက်သည်။

25 02

ထိုလူများ၏အပြုအမူကလည်း အစောပိုင်း ရင်းနှီးကျွမ်းဝင်သည့် စကားလုံးများမှ နောက်ပိုင်း လှောင်ပြောင်ခြိမ်းခြောက်မှုအထိ ရောက်လာသည်။

သူတို့တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိသည်။ နှစ်ဆယ့်လေးလွှာနှင့်နှစ်ဆယ့်ငါးလွှာတွင် နေထိုင်ကာ ထိုလူများ၏ရိက္ခာကို ခိုးရန်ဖြစ်သည်။

ရေက ကိုးလွှာအထိပင် တက်နေပြီ ဖြစ်သည်။ လက်ရှိအခြေအနေက သိပ်မကြာခင်မှာတင် အမြင့်ပိုင်းသို့ ထပ်တက်နိုင်သည်။ ထို့ကြောင့် ဆယ့်ခြောက်လွှာတွင် နေသော ကျိုင်ရှင်းယွမ်နှင့်အဖွဲ့က ရှင်းလင်းစွာဖြင့် ခြိမ်းခြောက်မှုကို ခံစားလာရသည်။ ဆယ့်ခြောက်လွှာကပင် တစ်ရာရာခိုင်နှုန်းအပြည့် မလုံခြုံတော့ပေ။ သူတို့သည်လည်း အမြင့်ပိုင်းသို့ ထပ်တက်လိုသည်။ ထို့ကြောင့် နှစ်ဆယ့်လေးလွှာနှင့် နှစ်ဆယ့်ငါးလွှာကို မျက်စိကျလာသည်။

သူတို့သည်လည်း နှစ်ဆယ့်လေးလွှာနှင့် နှစ်ဆယ့်ငါးလွှာမှ လူများကို စောင့်ကြည့်ထားပြီးသား ဖြစ်သည်။ သူတို့သည် အောက်ထပ်သို့ တစ်ကြိမ်သာ ဆင်းကာ ရိက္ခာသွားစုသည် အပြင်သို့မ ထွက်သည်မှာလည်း ကြာပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ရိက္ခာအများကြီး သိုလှောင်ထားလောက်သည်။ သူတို့ကသာ အောင်မြင်စွာ ဖောက်ဝင်နိုင်ခဲ့ပါက အကျိုးအမြတ် အများကြီး ရရှိပေလိမ့်မည်။

သူတို့သည် ယခင်က ရာဘာလှေကိုလည်း အသုံးပြုခဲ့သေးသည်။ ရေလွှမ်းမိုးချိန်ကာလမှ ရာဘာလှေများ၏ အသုံးဝင်မှုကလည်း သိသိသာသာ ထင်ရှားလေသည်။ ရာဘာလှေတစ်စီးက သူတို့၏အသက်ရှင်သန်ရန် ပိုရှိသည့် လက္ခာဏာမျိုးကိုလည်း ဖြစ်သည်။

လူက ငါးယောက်ရှိသည်။ ကျိုင်ရှင်းယွမ်အပါအဝင် ကျောင်းဆောင်တွင် နေထိုင်သော လူငါးယောက်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် မိုးမုန်တိုင်းမကျခင် ထိုထဲမှ တစ်ယောက်၏ မွေးနေ့က ဖြစ်လာသောကြောင့် သူတို့သည် နေရာတစ်ခုကိုရှာကာ တစ်ညလုံး ပျော်ပါးချင်ခဲ့ကြသည်။ ကျိုင်ရှင်းယွန်ကလည်း ဒီနေရာမှ အိမ်က သူတို့၏လိုအပ်ချက်နှင့် ကိုက်ညီသည်ဟု ထင်သည်။ ထို့အပြင် ကြီးလည်းကြီးသည်။ လုံလောက်အောင်လည်း နေနိုင်သည်။ မည်သူကမှလည်း ပုံမှန်အားဖြင့် လာနေလေ့မရှိပေ။ သန့်ရှင်းရေးလုပ်သော ဒေါ်လေးဂွမ်ကလည်း မကြာခဏသာ လာတတ်သည်။ ထို့ကြောင့် သူသည်လည်း သူငယ်ချင်းများအားလုံးကို ထိုနေရာသို့ ခေါ်လာခဲ့ခြင်းဖြစ်သည်။

ခေါ်လာခဲ့လိုက်လေ။

သူတို့ငါးယောက်လုံးက အခြားသော သက်လတ်ပိုင်းအရွယ် လူအိုကြီးများထက်ပင် ပတ်ဝန်းကျင်နှင့် လွယ်လွယ်ကူကူအသားကျသော လူသန်မာကြီးများဖြစ်သည်။

နှစ်ဆယ့်လေးလွှာက သူတို့၏ ပထမဦးဆုံးပစ်မှတ် မဟုတ်ပေ။ သူတို့၏ ပထမဦးဆုံး ပစ်မှတ်က နှစ်ဆယ်သုံးလွှာတွင် ပထမဦးဆုံးနေသော ကောင်မလေးဖြစ်သည်။ ထိုကောင်မလေးက သူတို့နှင့် အိပ်ဆောင်တူသည်။ ထို့အပြင် ကြည့်ရလည် မဆိုးချေ။ ကောင်းမွန်သော စကားလုံးအနည်းငယ်နှင့် သူမကို ချော့မြူပေးနိုင်ပြီး တံခါးကို ဖွင့်ပေးလေသည်။

ထိုသို့ဖြင့် ထိုလူငယ်များက အနည်းငယ်အားစိုက်ထုတ်ရုံဖြင့် အောင်မြင်သွားသည့် အစကြောင့် စိတ်လှုပ်ရှားသွားပြီး ပို၍ပင်ရမ်းကားကာ အတင့်ရဲလာကြသည်။

ထိုသို့ဆက်တိုက်ဆိုသလို အောင်မြင်မှုများကလည်း သူတို့၏ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဖောင်းကားသွားစေလေပြီး သူတို့က သူ့ကိုယ်သူတို့ တီဗီစီးရီးများထဲမှ အဓိက အမျိုးသားဇာတ်လိုက်များဟု ထင်သွားကြပုံရသည်။ လူမှုအသိုင်းအဝိုင်းက ကစဉ်းကလျားဖြစ်နေခြင်းက သူတို့အား ဦးမော့ရန် အခွင့်အရေးပေးသည်ဟု ယူဆပြီး သူတို့က ဒီလောကကြီးကို မင်းမူနိုင်တော့မည်ဟု သတ်မှတ်နေကြသည်။

သူတို့၏အာရုံက နှစ်ဆယ့်လေးလွှာသို့ ရောက်သွားခဲ့ပြီးနောက်တွင် မည်သည့် လေးနက်သည့် ဆွေးနွေးမှုကိုမှ မလုပ်ခဲ့သေးပေ။ ယခင် ခက်ခဲမှုအတိုင်း တူညီမည်ဟုသာ ထင်ထားသည်။ သူတို့သည်လည်း ဒီမနက်စောစောတွင် တံခါးကို ခပ်အေးအေး သွားဖွင့်ပြီးမှ ဆက်လက်ပြီး လှုပ်ရှားရန် ဆုံးဖြတ်ထားကြသည်။ ထိုနှစ်ဆယ့်လေးလွှာကိုပင် အလေးအနက် မထားပါချေ။

မနက် တစ်နာရီထိုးပြီးနောက် ကျိုင်ရှင်းယွမ်နှင့် အဖွဲ့က ဆယ့်ခြောက်လွှာမှ စတင်ကာ တက်လာသည်။ သူတို့သည်လည်း နှစ်ဆယ့်လေးလွှာမှ ထိုလှေကားတံခါးကို သေချာလေ့လာထားပြီးသား ဖြစ်သည်။ ထိုတံခါးက အလွန်ခိုင်မာသည်။ သာမာန်ပုံစံမျိုးဖြင့် ဖွင့်၍ မရချေ။

25 03

သူတို့သည် ယခင် ဆိုင်ကို ရိက္ခာများသယ်ရင်း ကြုံယူခဲ့ချိန်က ဖြတ်တောက်သောစက်နှင့် ဘက္ထရီကို လိုရမယ်ရ သယ်ဆောင်ယူလာနိုင်ခဲ့သည်။

ထိုဖြတ်တောက်သောစက်၏အသံက အတော်လေးကျယ်သည်။ထို့ကြောင့် ထိုည ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် အိပ်ရန် တာဝန်ကျသော မူချီမိုင်ကလည်း အသံကို ကြားသည်နှင့် ချက်ချင်းတန်းနိုးသည်။

သူသည် ဆိုဖာပေါ်မှ တိတ်တဆိတ်ထပြီး လှေကားမှ စောင့်ကြည့်ကင်မရာကို ဖွင့်လိုက်သည်။ ထို့နောက် ယန်မော့နှင့် ပုရှန်းဝမ်တို့၏အိပ်ခန်းတံခါးကို သွားခေါက်ကာ နိုးလိုက်သည်။

အနီးအနားပတ်ဝန်းကျင်က ဝရုန်းသုန်းကား ဖြစ်လာပြီးချိန်ကတည်းက ယန်မော့ကလည်း နေ့တိုင်းလိုလို ဧည့်ခန့်တွင် တစ်ယောက်စီ ညစောင့်အိပ်ရန် အစီအစဉ် ဆွဲထားပြီးသားဖြစ်သည်။ ဆူညံသံကို ကြားသည်နှင့် အားလုံးက ချက်ချင်းနိုးနိုင်မည် ဖြစ်သည်။ အခန်း၏အသံလုံမှုက ကောင်းလွန်းသဖြင့် ညဖက်တာဝန်ကျသောသူမျိုးသာမဟုတ်လျှင် မည်သူကမှ ကြားနိုင်မည် မဟုတ်ပေ။

ယန်မော့နှင့် ပုရှန်းဝမ်တို့က ခပ်မြန်မြန် ထွက်လာကြသည်။ သူတို့သည် ရောက်လာသောလူများ၏ အရေအတွက်နှင့် သူတို့သယ်ဆောင်လာသည့် လက်နက်များကို သေချာကြည့်သည်။ ထိုထဲမှ တစ်ယောက်က ဓားရှည်ကြီးကို ကိုင်လာသည်။ ခါးတွင်လည်း သေနတ်ရှိ၏။ ထို့နောက် တံခါးကို ဖွင့်ကာ ထွက်သွားသည်။

လှေကားတံခါးက ရုတ်တရပ် ပွင့်သွားသောအခါ ကျိုင်ရှင်းယွန်နှင့်အဖွဲ့ကလည်း နည်းနည်း မှင်သက်သွားသည်။ အတွင်းတွင် ပေါ်လာသော လူကိုမြင်သောအခါ ကြမ်းတမ်းသောမျက်နှာထားများနှင့် တုံ့ပြန်သည်။

“ဟေး ကြည့်ရတာ မင်းက တော်တော်လေးကို သတိကြီးတာပဲ။ မင်းတို့သာ ဉာဏ်ကောင်းမယ်ဆိုရင် တံခါးကို ချက်ချင်းဖွင့်လိုက်… ငါတို့ကို အချိန်ကုန်အောင် မလုပ်နဲ့ အဲ့ဒီလိုမှ မဟုတ်ရင်တော့ အကျိုးဆက်ကို သိရလိမ့်မယ်”

ကျိုင်ရှင်းယွမ်က ခပ်ပေါ့ပေါ့ထရပ်ရင်း ကြမ်းတမ်းသော မှတ်ချက်ကို ချသည်။

“ဟ…”

တုံးအသော စကားလုံးများကို အသက်နှစ်ဆယ်ပင် မရှိသေးသောလူတစ်ယောက်က ထပြောသည်။ သူသည် ဦးနှောက်မဲ့သည့် တီဗီဒရမ်မာအများစုကို ကြည့်ထားပုံရပြီး ဆိုးဆိုးရွားရွားကို အဆိပ်သင့်နေပုံပေါ်လေသည်။

ယန်မော့၏ လှောင်ရယ်သံက ကျိုင်ရှင်းယွမ်အား အလွန်အမင်း ဒေါသထွက်သွားစေသည်။

“မင်းက ငါ့တို့ရဲ့ ကြင်နာမှုကို ဘယ်လိုများ ကျေးဇူးတင်ရမလဲဆိုတာကို နားမလည်တဲ့ အကောင်ပဲ။ ငါတို့ကို ရိုင်းပြတယ်လို့ အပြစ်လာမတင်နဲ့နော်… အခုချက်ချင်း ဒီသံတံခါးကို ဖွင့်စမ်း ဟမ့်… ဒီကောင် ဘယ်လိုများ ထောင်လွှားမလဲ ကြည့်မယ်”

တံခါးကို ဖြတ်တောက်နေသော သူကလည်း လက်၏အရှိန်ကို မြင့်တင်လိုက်သည်။ ထိုသို့ဖြင့် အမြင့်ဆုံးသော မြန်ဆန်သည့်အားဖြင့် အတွင်းမှ လူများနိးထမည့်အချိန်ကို စိတ်ပူရန် မလိုအပ်တော့ဘဲ တောက်လျှောက်ပင် ဖြတ်တောက်လေသည်။

******

All Chapters