အခန်း ၂၇
Vol. 3 Ch. 27
27 01
အပိုင်း (၂၇) အတူအိပ်စက်ခြင်း
ရှုရှင်းက ယခုတလော ကောင်းကောင်း မအိပ်ပျော်နိုင်ဘဲ ဖြစ်နေသည်။ သူမသည်လည်း အိပ်ရေးပျက်ရောဂါကို ခံစားနေရသည်။
သူမက အပေါ်ဘက်တွင် တစ်ယောက်တည်းနေသည်။ ယခင် နှစ်ရက်လုံးလုံး တံခါးကို ဖွင့်ထားပြီး အောက်ဖက်မှ ဆူညံကိုကြားပြီး ချက်ချင်း နိုးနိုင်မည် ဖြစ်သည်။
ယန်မော့တို့ အကြားမှ တိုက်ပွဲကလည်း ရှုရှင်းကို သဘာဝကျကျပင် နိုးသွားစေလေသည်။
သို့သော် ရှုရှင်းက အောက်သို့် ချက်ချင်း ပြေးမဆင်းသွားချေ။ မည်သို့ပင်ဆိုစေ ယန်မော့ကပင် သူမကို အခုထိ လာမခေါ်သေးပါပေ။
ထို့ကြောင့် ညအိပ်ဝတ်စုံပေါ်မှ ကုတ်အင်္ကျီ တစ်ထည်ကိုသာ ကောက်ဝတ်လိုက်ပြီး အောက်ထပ်သို့သာ ဆင်းလိုက်ကာ ဧည့်ခန်းထဲတွင် ထိုင်နေလိုက်ပြီး ကင်မရာကတဆင့်သာ လှမ်းကြည့်နေလိုက်သည်။
ယန်မော့က ဝင်လာသည်နှင့် ဆိုဖာပေါ်တွင် ခပ်မတ်မတ်လေးထိုင်ကာ စောင့်နေသည့် ရှုရှင်းကို မြင်ရသည်။ သူက အနားသို့ သွားပြီး မျက်နှာလေးကို ထိသည်။
“ဘာလို့ ဆင်းလာတာလဲ နိုးလာတာလား”
“ငါ ကောင်းကောင်း အိပ်လို့ မပျော်ဘူး”
ရှုရှင်းက ခေါင်းကို ခါသည်။ ယန်မော့၏ သေးသိမ်ကာ သန်မာသော ခါးကို အသာဖက်လိုက်ပြီး သူမ နှစ်သက်ရသည့် ဝမ်းဗိုက်ကြွက်သားများတွင် မျက်နှာကို အပ်ကာ ခပ်အုပ်အုပ် ဖြေသည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ရှုရှင်းက မနက်စောစောစီးစီး ဧည့်ခန်းထဲတွင် ရှိနေကြောင်း မြင်လိုက်သည်နှင့် အလိုလျောက်ပင် သံသယများကို ရှောင်ရန်အလို့ငှာ အခန်းထဲသို့ ပြန်သွားကြသည်။
ဒီနှစ်ယောက်က သူတို့ကို အချိန်တိုင်းလိုလို ခွေးစာတွေပဲ ကျွေးတယ်။
သူတို့သည်လည်း လုံလောက်အောင် မစားသောက်ရမည့် အခြေအနေမျိုးကို စိုးရိမ်စရာ မလိုအပ်ပေ။ ခွေးစာများက အပြည့်ရှိနေတတ်သည်။
ယန်မော့က ရှုရှင်း၏ ခေါင်းကို အသာပုတ်လိုက်ပြီးနောက် ကိုယ်ကို ငုံ့ကိုင်းလိုက်ကာ ရှုရှင်းကို ပွေ့ချီလိုက်ပြီး အပေါ်ထပ်သို့ တက်ကာ သူမကို အိပ်ယာပေါ်သို့ ချပေးသည်။ သူ၏ရင်ခွင်ထဲမှ လူကလည်း သူ့ခါးကို ကပ်တွယ်ကာ ပွေ့ဖက်ထားပြီးမလွှတ်ပေးတော့ချေ။
“ကပ်တွယ်တဲ့ ကောင်မလေး လိမ္မာ အရင်လွတ်ပေးအုံး… ငါ မသွားပါဘူး။ ငါ ခြေလက်ဆေးပြီးတာနဲ့ ပြန်လာခဲ့မယ်နော်။ ဒီည မင်းနဲ့အတူ အိပ်မယ်”
“အင်း ကောင်းပြီ နင်ပြောတာနော် ပြီးမှ စကားကို ပြန်မရုတ်နဲ့”
ရှုရှင်းက ယန်မော့က ဒီည သူမကို အဖော်ပြုပေးမည်ဆိုသော စကားကို ကြားသည်နှင့် ချက်ချင်းဆိုသလို့ ယန်မော့၏ခါးကို ဖက်ထားသည့် လက်ကို ချက်ချင်းလွှတ်ပေးလိုက်ပြီး ရေမြန်မြန်သွားချိုးခိုင်းသည်။
ရှုရှင်းသည်လည်း ဘာမှားနေမှန်း မသိပေ။ သူမသည်လည်း ဒီည ယန်မော့နှင့်အထူးတလည် အတူရှိချင်နေသည်။ အချိန်တိုင်းလိုလို ယန်မော့၏ အငွေ့အသက်ကိုသာ ခံစားချင်နေ၏။ ဒါကတာ တစ်စုံတစ်ရာကို အတည်ပြုနိုင်မည့် နည်းလမ်းဟု ခံစားနေရလေသည်။
ယန်မော့ကလည်း မခံစားမိဘဲမနေပေ။ သူ၏ ရှုရှင်းအပေါ် နားလည်မှု၊ ပူပန်မှုများကြောင့် ဒီည သူ၏ ကောင်မလေးက စိတ်အခြေအနေ မကောင်းမှန်း သိသည်။ သူသည်လည်း သူမကို ကိုယ်တိုင်ကိုယ်ကျသာ စောင့်ကြည့်မနေရလျှင် စိတ်အေးနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူဟာ အခြားသောသူမကို ရိုက်နှက်ထားသောကြောင့် ပေကျံနေသမျှကို သွားရောက်ဆေးကြောပြီးသည်နှင့် ရှုရှင်း၏ အခန်းသို့ ချက်ချင်း ပြန်လာသည်။
ယန်မော့နှင့် ရှုရှင်းက တစ်ခန်းတည်းနေပြီး ရေချိုးခန်းကို အသုံးပြုနေကြောင်း သိနေသောကြောင့်လား မသိ အိပ်ယာပေါ်တွင် လဲအိပ်နေရုံဖြင့် ရေချိုးခန်းထဲမှ ရေကျသံကို ကြားသောအခါ ရှုရှင်းကလည်း တစ်မျိုးတစ်မည် ဖြစ်ကာ မျက်နှာပူလာသည်။
သူမ ယခင်က ဖတ်ဖူးသော Pron ဝတ္ထုများထဲမှ အမျိုးမျိုးသော မြင်ကွင်းများက ပြန်ပေါ်လာသည်။ ထိုထဲတွင် အမျိုးသားနှင့် အမျိုးသမီးကလည်း ရေချိုးပြီးသည်နှင့် ခံစားချက်ကို ပြသသော အခန်းများ ဆက်တိုက်ဆိုသလို ပေါ်လာ၏။ ရှက်စရာအကောင်းဆုံး အပိုင်းကလည်း သူမ၏ စိတ်က အလိုလျောက်ပင် သူမနှင့် ယန်မော့အဖြစ် ပုံသဏ္ဍာန်ပြောင်းပေးသောကြောင့် ဖြစ်သည်။
27 02
ရှုရှင်း၏မျက်နှာက ပိုနီလာသည်။ ပို၍လည်း ရဲလာသည်။ သူမက မသင့်တော်သော ပုံရိပ်များကို ဖယ်ရှားလိုသည်။ ထို့နောက် တစ်ဖန် အတော်လေးလည်း မျှော်လင့်မိပြန်သည်။
ထိုကဲ့သို့သော အရှက်ရသည့် ခံစားချက်မျိုးက ရေချိုးခန်းထဲမှ ရေချိုးဝတ်စုံ ဟပြဲနှင့် ထွက်လာသော ယန်မော့ကို မြင်ပြီး ပို၍သာ ဆိုးရွားသွားသည်။ ရှုရှင်းကလည်း ခန္ဓာကိုယ်မှ အပူချိန်က သူမကိုပင် နေရာတင်ပင် ပေါက်ကွဲအောင် လုပ်တော့မည်ဟု ခံစားလိုက်ရသည်။
ရှုရှင်းက သူမ၏အာရုံကို ယန်မော့၏ ရင်ဘတ်မှ နေ၍ ပြန်ပြောင်းလိုက်သည်။
တကယ်တော့ ပုံသဏ္ဍာန်တွေဆိုတာက ဗလာကျင်းနေတဲ့ ဖြစ်တည်မှုပဲ ဗလာကျင်းတယ်ဆိုတာက ပုံသဏ္ဍာန် …
ရှုရှင်း၏ တပ်မက်မှုကို လှုံ့ဆော်နိုင်သော အမျိုးကောင်းသား တစ်ယောက်အနေနှင့် သူသည် ကိုယ့်ကိုယ်ကိုယ်လည်း အသိစိတ်ရှိနေပုံမရချေ။ အိပ်ယာပေါ်သို့ပင် ထိုအတိုင်း ကုန်းတက်လာသောအခါ သူ၏ ကိုယ်ပေါ်မှ လတ်ဆတ်သန့်ရှင်းသော မွေးရနံ့က ရှုရှင်း၏ နှာခေါင်းပေါက်ကို လာရောက်ကျီစယ်သည်။ အနံ့က ကောင်းပြီး ရင်းနှီးကျွမ်းဝင်လွန်းနေသဖြင့် ရှုရှင်းကလည်း နှာခေါင်းကိုပင် တရှုံ့ရှုံ့လုပ်ကာ ရှူရှိုက်လိုက်သည်။
“ဟင်း…”
ရှုရှင်း၏ အပြုအမူသေးသေးလေးကိုလည်း ယန်မော့က မြင်လိုက်သည်။ သူသည် သာယာစွာ ရယ်ပြသည်။
ယန်မော့ကို မှီထားရသောအခါ အလွန်အမင်း သက်တောင့်သက်သာရှိသည်။ သူ၏နှလုံးသားမျ တုန်ခါမှုကိုလည်း ခံစားမိနိုင်၏။ ရင်ဘတ်မှ တစ်ဆင့် ပြန်ကြားရသည့် သူ၏ အသံက ပို၍သာ နားထောင်၍ ကောင်းလေသည်။
ရှုရှင်းသည်လည်း အသံကြားရုံနှင့် ကိုယ်ဝန်ရနိုင်သည်ဆိုသော အဓိပ္ပာယ်ကို ကောင်းမွန်စွာ နားလည်သွားလေသည်။
******