အခန်း ၂၈
Vol. 3 Ch. 28
28 01
အပိုင်း (၂၈) ပြောင်းလဲခြင်း
ထိုညတွင် လူအများစုကလည်း ကျိုင်ရှင်းယွမ်တို့ အဖွဲ့က နှစ်ဆယ့်လေးလွှာသို့ တက်ပြီး ပြဿနာရှာမှန်း သိထားသည်။ သူတို့သည်လည်း ဝမ်းသာအားရ ဖြစ်နေကြပြီး နောက်ပိုင်း ရလဒ်ကို သိချင်စိတ် ပြင်းပြစွာ စောင့်ဆိုင်းနေကြ၏။
ကျိုင်ရှင်းယွမ်တို့ အဖွဲ့က တစ်ယောက်ကိုတစ်ယောက် တွဲပြီး တဖြည်းဖြည်းချင်းစီ ဆင်းလာရကြောင်း မြင်သောအခါ နှစ်ဆယ့်လေးလွှာကို နည်းနည်း ကြောက်သွားကြသည်။
နဂိုက စတင်ထွက်ပေါ်လာကာစ အမှောင်အတွေးများကလည်း ကွဲအက်၍ ပျောက်ကွယ်သွားကြသည်။ မည်သူကမှ မလှုပ်ရဲကြတော့ပေ။
ယန်မော့၏ ကြက်ကို သတ်ပြပြီး မျောက်ကို ခြောက်သည့် နမူနာမျိုးကြောင့် သူတို့နေသောအဆောင်က အပေါ်ယံတွင်မူ တည်ငြိမ်လုံခြုံသွားလေသည်။ သို့ရာတွင် ယဲ့ယွီအန်းနေသော အဆောင်ဘက်ကမူ ဝရုန်းသုန်းကား ဖြစ်နေသည်။ အမျိုးမျိုးသော ပြဿနာများက သူမဆီ ဆက်တိုက်လာနေ၏။
အမျိုးသမီးဇာတ်လိုက်ဆိုသော အရှိန်အဝါမျိုးကြောင့် ကံကောင်းမှုမျိုးသား ပိုင်ဆိုင်ရရုံတင် မဟုတ်ဘဲ။ ပြဿနာများကိုလည်း တွေ့ကြုံရမည် ဖြစ်သည်။
ထို့ကြောင့် ပြဿနာလာရှာသောသူများကလည်း သူမဟာ မိန်းကလေး တစ်ယောက်တည်း နေသည်။ အနိုင်ကျင့်ရလွယ်သည်ဟု ထင်ပြီး ပြဿနာလာရှာကြသည်။
ထိုထဲမှ တစ်ယောက်ချင်းစီတိုင်းက ယဲ့ယွီအန်း၏ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံရသည်။
သူမ၏ဘဝကို ထပ်ခါတလဲလဲ နှောက်ယှက်ခံရပြီးနောက် ယဲ့ယွီအန်း၏ ပြန်လည်မွေးဖွားလာသော စိတ်နေသဘောထားက တဖြည်းဖြည်းပြောင်းလာသည်။ သူမနှလုံးသားထဲတွင် ဖိနှိပ်ထားပြီးသားဖြစ်သော ခံစားချက်များက လှုံဆော်ခံရသည်။ သူမသည် စိတ်နေသဘောထားကို နှစ်သိမ့်ချင်သည့်အတွက်ကြောင့်သာ မည်သည့် လူကိုမှ မသတ်သေးခြင်း ဖြစ်သည်။ သို့သော် သူမ၏ အကျင့်စရိုက်မှ အပြောင်းအလဲကိုလည်း ကောင်းကောင်းခံစားမိနေသည်။ သူမ၏စိတ်နေသဘောထားမျိုးက အားသာချက်လည်း ရှိသည် အားနည်းချက်လည်း ရှိပြန်၏။
သူမ ပြန်လည်မွေးဖွားပြီးချိန်ကတည်းက စတင်ပြီး ဒီကာလ အတောအတွင်းတွင် ယဲ့ယွီအန်းသည် အချိန်တန်ကြာအောင်ယူကာ စိတ်ငြိမ်အောင် ထားပြီး တွေးတောခဲ့သည်။ ထိုသို့ဖြင့် ကိစ္စအများစုကို သိလာသည်။
သူမ ယခင်ဘဝတွင် သူမက တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့၏ လှည့်စားမှုကို ခံခဲ့ရပြီး ဇွန်ဘီအုပ်ထဲသို့ တွန်းချခံခဲ့ရကာ ဆိုးရွားစွာ သေသွားခဲ့ရသည်။ ထိုရလဒ်ကြောင့်လည်း ဖြစ်လောက်သည်။
သူမကသာ တုံးအမနေခဲ့လျှင် သူမ၏ ရိုးသားမှုနှင့် ယုံကြည်မှုကို အခြားသောသူများထံသို့ အလွယ်တကူ မပေးမိခဲ့လျှင် ယခုလို အရူးလုပ်ခံရမည် မဟုတ်ချေ။ ထိုနှစ်ယောက်က မည်မျှအထိ နီးကပ်နေကြောင်း မြင်သည့်တိုင်အောင် သူမအတွက်ကြောင့် ဆက်ဆံရေးကောင်းသည်ဟုပင် မျက်ကန်းယုံကြည့်ခဲ့သေးသည်။
သူမ၏ဘဝကို ပြန်လည် ထပ်ရှင်ခွင့်ရလာသောအခါ အတိတ်ဘဝမှ မုန်းတီးမှုမျိုးကို မလိုချင်တော့ပေ။ ထိုဘဝကကဲ့သို့ ဒုက္ခဆင်းရဲမျိုးကိုလည်း မတွေ့ကြုံချင်တော့ပြန်ချေ။ ထိုရက်များက ပြန်မကြည့်ချင်လောက်အောင် ဆိုးရွားရက်စက်ခဲ့သည်။ နတ်ဘုရားက သူမအား ပြန်လည်စတင်ရန် အခွင့်အရေး ပေးထားသည်။ ထို့ကြောင့် ခြားနားသောဘဝတွင် သေချာပေါက် ရှင်သန်မည် ဖြစ်သည်။ သို့ရာတွင် တုဟန်ရွှီနှင့် ဝမ်ယာယွန်ကိုမူ သေချာပေါက် ကလဲ့စားချေရပေမည်။ လူတိုင်းသည် ကိုယ်တိုင် အမှားများအတွက် တန်ကြေးကို သေချာပေါက် ပေးရသည်။
ရေက ဆယ့်သုံးလွာအထိ တက်လာသည်။ ပို၍များပြားသော သူများကလည်း အိမ်မှ ထွက်ကာ အိပ်ယာခင်းများ နေထိုင်မှုပစ္စည်းများ၊ နည်းပါးသော စားစရာများကို သယ်ပြီး အမြင့်ပိုင်းမှ လျှောက်လမ်းသို့ ပြောင်းရွေ့ကာ နေထိုင်ကြသည်။
28 02
ပို၍များပြားသော သူများကလည်း လျှောက်လမ်းတွင် အုံလာသည်။ ထိုနေရာက နဂိုကတည်းက ကျဉ်းမြောင်းပြီးသား ဖြစ်သည်။ ထို့ကြောင့် လူအများကြောင့် အရှုပ်အထွေးက ပိုများသည်။ အကြီးအသေးကိစ္စတိုင်းက ဝရုန်းသုန်းကား ဖြစ်နေကြ၏။
ထိုကဲ့သို့သော ဝန်းကျင်မျိုးတွင် အကြာကြီး နေထိုင်ရသော် လူအများ၏ စိတ်ကလည်း သိသိသာသာကိုပင် အကျင့်ပျက် ခြစားလာသည်။ နဂိုက အဆင့်အတန်းမြင့်ဝတ်စုံများကို ဝတ်ဆင်ပြီး အဆင့်အတန်းမြင့် ရုံးခန်းမျိုးတွင်သာ နေတတ်ကာ ကျော့ရှင်းကြည့်ကောင်းသောပုံစံများ၊ ပြောဆိုနိုင်စွမ်းရည်များကလည်း ပျက်ဆီးလာကြသည်။ သူတို့သည် ယခင်ကကဲ့သို့ စိတ်နေသဘောထားများးကို မပိုင်ဆိုင်ကြတော့ပေ။ သူတို့၏ ပုံစံများက အကျည်းတန်လာသည်။ အရှက်ရဖွယ် ပုံစံများ ဖြစ်လာသည်။ မကြာခဏဆိုသလို့ ဆဲဆိုတတ်လာကာ ကြည့်ရလည်း ခက်သည်။
ယဲ့ယွီအန်းက ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် အိမ်၏အတွင်းပိုင်းပုံစံကိုလည်း သေချာပြင်ဆင်ထားခဲ့သည်။ သို့သော် သူမက လှေကားတွင် သံတံခါးတပ်ရမည့် ကိစ္စကိုမူ မေ့သွားခဲ့သည်။ ရလဒ်အနေဖြင့် မကြာခဏဆိုသလို ပြဿနာလာလာရှာတတ်သည်။ မည်သို့ပင် ဆိုစေ ထိုလှေကားက နှစ်ဆယ့်ငါးလွှာသို့ တိုက်ရိုက်ရောက်လေသည်။ မူလက လုံခြုံသော တံခါးက ခုခံရန် သက်ရောက်မှု အများကြီး မပေးနိုင်ပေ။
ဒီနေ့တွင် တစ်စုံတစ်ယောက်က မီးပုံးထဲမှ ပုဆိန်ကိုပင် သုံးကာ ယဲ့ယွီအန်း ပိတ်ထားသော တံခါးကို လာခွဲဖွင့်သည်။ ယဲ့ယွီအန်းက တံခါးခုတ်ပိုင်းခံရသည့် ဆူညံသံကို ကြားပြီးသည်နှင့် အခြေအနေကို သိရရန် အပြင်သို့ ချက်ချင်းမထွက်ပေ။ ထို့အစား သူမက ဆိုဖာဘေးဘက်တွင် ထားထားသော အဝတ်အစားများကို ချက်ချင်းကောက်ဝတ်လိုက်ပြီး တံခါးပွင့်သွားမည့် အချိန်ကို စောင့်နေလိုက်သည်။
ယဲ့ယွီအန်း မျှော်လင့်ထားသည့်အတိုင်းပင် ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် အပြင်ဘက်မှ ကြမ်းတမ်းသောသူက သူမ၏တံခါးကိုသာ လာခေါက်တော့သည်။ မခေါက်နေသောသူဆီမှ တဆင့် ဒေါသကို ခံစားမိနိုင်သည်။
ယဲ့ယွီအန်းက တည်ငြိမ်စွာဖြင့် ထရပ်လိုက်ပြီး တံခါးနားသို့ ဓားတစ်လက်ကို ကိုင်၍ လျှောက်သွားသည်။ ထို့နောက် တံခါးကို ဖွင့်သည်။ တစ်ဖက်သူက မတုန့်ပြန်သေးခင် အရှေ့ဆုံးတွင် ရပ်နေသော သူက နံရံကို ဆောင့်ရိုက်ခံရပြီးသည်နှင့် အနောက်ဖက်သို့ လှန်ကျသွားသည်။
ယဲ့ယွီအန်း၏ ကန်ချက်က လျှောက်လမ်းမှ လူတိုင်းကို အံ့ဩသွားစေခဲ့သည်။ သူတို့၏ မျက်လုံးက မျက်အိမ်ထဲမှ ကျွတ်ထွက်မတတ် ဖြစ်သွားသည်။
“ဘယ်လိုဖြစ်ပြီး မိန်းကလေးတစ်ယောက်က အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ကို ခပ်အေးအေး ကန်ထုတ်နိုင်လောက်အောင် အင်အားကြီးမားနေတာလဲ”
ဒါဟာ သူတို့၏ သာမာန် အမျိုးသမီးများကို နားလည်နိုင်စွမ်းအားက ကျော်သွားသည်။
ကန်ထုတ်ခံရသောသူကလည်း အခြားသောသူများ အကူအညီဖြင့် ခပ်မြန်မြန် ပြန်ထသည်။ သူသည် အသားကုန် နာကျင်နေကာ မျက်နှာအမူအရာကိုမပင် မထိန်းချုပ်နိုင်ခဲ့ပေ။ မျက်နှာကလည်း တင်းမာနေသည်။ အရှိန်အဟုန်ကလည်း အများကြီး လျော့နည်းသွား၏။ သူက သူ့ကို တွဲပေးထားသော ညီငယ်လေးများကို ဆောင့်တွန်းထုတ်လိုက်ပြီး ယဲ့ယွီအန်းဆီ အပြေးဝင်လာကာ လက်သီးဖြင့် ထိုးသည်။ ထို့နောက် တစ်စက္ကန့်တွင် ခန္ဓာကိုယ်တစ်ခုလုံးက နေရာတွင်ပင် တောင့်ခဲသွားသည်။ ရယ်စရာကောင်းသော ပုံစံမျိုးကိုလည်း ထိန်းသိမ်းထားသေး၏။ လည်ပင်းမှ အေးစက်သော အထိအတွေ့က သူ၏ဒေါသနှင့် မိုက်ရူးရဲဆန်စိတ်ကို ချက်ချင်း ပျောက်သွားစေသည်။ သူဟာ ဒီထက်ပို၍ပင် စိတ်မငြိမ်နိုင်တော့သော အတိုင်းအတာအထိပင် စိတ်က အေးဆေးသွားလေသည်။ အကြောင်းမူကား ခဲသွားသောကြောင့် ဖြစ်သည်။
******