← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

30 01

အပိုင်း (၃၀) အပြင်ထွက်ခြင်း

အပူချိန်က ရုတ်တရက်ကြီး သုညအောက် 30°သို့ ထိုးကျသွားသည်။ မြို့တော် Aက တိုင်းပြည်၏ မြောက်ပိုင်း ဗဟိုနားတွင် တည်ရှိလေသည်။ အတိတ်တွင်ဆိုလျှင် အနိမ့်ဆုံးဆောင်းတွင်း၏ အပူချိန်က 0မှ 10℃ ဝန်းကျင်နားတွင်ဖြစ်ပြီး -30℃ဆိုသော အရာမျိုးက မြို့တော် A မှ ဘယ်သောအခါမှ မကြုံဖူးသော လွန်ကဲလွန်းသောအအေးဓာတ်မျိုး ဖြစ်နေသည်။

ထို့အပြင် အပူချိန်က ထိုထက်ထပ်ကျနေသေးသည်။ ဆက်တိုက်ဆိုသလို ထပ်ကျလာသော အပူချိန်က ပထမရက်တွင်လောက် မကြီးမားတော့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ထိုးကျခြင်းအားဖြင့် 50℃အထိ ဖြစ်သွားသည်။ သည်းထန်သောမိုးက တစ်လောကလုံးမှ စွမ်းအားအရင်းအမြစ် စနစ်ကို ဖျက်ဆီးထားပြီးသား ဖြစ်သည်။ လွန်ကဲလွန်းသောအပူချိန် ရောက်ရှိလာမှုကမူ ထိုစွမ်းအား စနစ်ကို လုံလောက်အောင် ပြန်ပြင်ချိန် မပေးသေးခင် ဖြစ်ပျက်လာခဲ့ခြင်း ဖြစ်နေသည်။ လျှပ်စစ်မီးကလည်း အပူပေးရန်အတွက် အသုံးမပြုနိုင်သောအခါ လူအများစုက ရှေးဦးအကျဆုံး နည်းလမ်းမျိုးဖြင့် မီးမွှေးကာ အပူပေးရသည်။

လွန်ကဲလွန်းသော အအေးကို တွန်းလှန်နိုင်ရန်အလို့ငှာ လူအများစုက သူတို့၏အိမ်မှ ထင်းအဖြစ် အသုံးပြုရသော ပစ္စည်းများကိုသာ ပုံကာ အပူပေးရသည်။

သူတို့၏ ရပ်ကွက်မှ စိမ်းလန်းမှုများမှာ အတော်လေး ကောင်းမွန်သေးသည်။ အစပိုင်းတွင် ရောင်းအား အကောင်းဆုံးနေရာ ဖြစ်စေခဲ့သည်။ ယခုအခါ ထိုအပင်များက လုံလောက်အောင်မခဲသေးလျှင် ထိုမခဲသေးသော အပင်များကိုသာ ထင်းအဖြစ် ယှဉ်ပြိုင်ကြလေသည်။ ထိုသို့ဖြင့် ရက်အနည်းငယ်တည်းနှင့် ရပ်ကွက်ထဲတွင်ပင် သွေးလွှမ်းသော ပုံရိပ်များက ပေါ်ထွက်လာသည်။ ထိုအခိုက်အတန့်တွင် ရပ်ကွက်ထဲမှ လူများကလည်း အန္တရာယ်ကို ခံစားမိနေပြီ ဖြစ်သည်။

သို့သော် ထိုအရာများကလည်း ရှုရှင်းတို့နှင့် မသက်ဆိုင်ပါပေ။ သူတို့သည် အပြင်သို့ ထွက်ကာ ပစ္စည်းအချို့ကို ရှာဖွေရန် ကြံစည်ထားသည်။ ဆိုးရွားသော ရာသီဥတုကိုလည်း ကျင့်သားရအောင် လုပ်ခြင်းအားဖြင့် အခြားသော သူများထံမှ ဖုံးကွယ်ရင်းအရင်းအမြစ် အချို့ကို ရအောင် ယူရန် ဖြစ်သည်။

သူတို့ လေးယောက်က တင်းတင်းကြပ်ကြပ် ထုပ်ပိုးကာ ဝတ်ဆင်ထားသည့်တိုင်အောင် အပြင်သို့ ထွက်လိုက်ရုံဖြင့် အလွန်အမင်းအေးစက်မှုကို ခံစားရသည်။

ရှုရှင်းသည် သူမ၏ အနွေးထည်ကို ခပ်တင်းတင်း ဖက်ထားသည်။ ကံကောင်းသည်မှာ သူမက အတွင်းတွင်လည်း အပူခံ အထုပ်များစွာကို ထည့်ထားသေးသည်။ သို့မဟုတ်ပါက -40℃ဆိုသော အပူချိန်ကို တောင့်မခံနိုင်လောက်ပေ။

“ဟစ် အေးလိုက်တာ”

ပုရှန်းဝမ်က တစ်ကိုယ်လုံးကို ခါယမ်းပြီး ချဲ့ကားလွန်းစွာ ပြောသည်။

“သွားမယ် ငါတို့ ဒီနေ့သွားမယ့် နေရာက ဒီနေရာနဲ့ နည်းနည်းဝေးတယ်ဆိုတော့ ဖိနပ်တွေကို လဲပြီးတာနဲ့ တစ်ခါတည်း မြန်မြန်သွားရအောင်”

ယန်မော့ကလည်း ပုရှန်းဝမ်၏ အမူအရာကို ရက်စက်စွာ ဖြတ်ပြောသည်။

“အင်း”

သူတို့အားလုံးက ခပ်မြန်မြန် လဲပြီးနောက် လက်ထဲတွင် ကိုင်ထားသော စကိတ်များကို လဲဝတ်လိုက်ကြသည်။ ယန်မော့က ဦးတည်ရာကို အတည်ပြုမည့်အချိန်ကို စောင့်ဆိုင်းပြီးသည်နှင့် နောက်မှ လိုက်သွားကြသည်။

မြေပြင်က သိပ်သည်းကာ ချောမွေ့သည့် ရေခဲများ ပြည့်နေသည်။ ထို့ကြောင့် သူတို့သည် ဤခရီးအတွက် စကိတ်ဖိနပ်ကိုသာ ရွေးချယ်ထားကြသည်။ ဒါဟာ မျက်စိဖမ်းစားလွန်းခြင်းလည်း မရှိသလို့ သင့်တော်လေသည်။

30 02

သာမာန်ဖိနပ်မျိုးကို လမ်းလျှောက်နေရင်း သတိမထားမိသည့်အခါ ချော်လဲကျသွားနိုင်ချေရှိသည်။ ထိုသို့လဲကျသွားသည်နှင့် ကြိုးကြိုးစားစားသယ်လာရသည့် ရိက္ခာများကို အခြားသောသူများက လာရောက်ဝိုင်းကာ လုနိုင်သေးသည်။ ရိက္ခာများကို သေချာမဖက်ထားနိုင်ချေ။ တစ်ဖက်သူများကို မပေးချင်ဟု ဆိုပါက ရိုက်နှက်ကန်ကျောက်ခံရအုံးမည် ဖြစ်သည်။ ထိုအခါ ဇနီးလည်းဆုံး စစ်တပ်လည်း ရှုံးသလို ဖြစ်ပေလိမ့်မည်။ ရိက္ခာများကို အစပိုင်းတွင် တိုက်ရိုက်အပ်လိုက်ခြင်းက ရိုက်နှက်ခံရမှုက ရှောင်ရှားနိုင်သည်။ ဉာဏ်ကောင်းသောသူက ဉာဏ်ကောင်းသော သူများသာ ဖြစ်နိုင်သည်။ ရှုရှင်းတို့အဖွဲ့၏ ဒီတစ်ခေါက် ပန်းတိုင်က အဆင့်အတန်းမြင့် ကုမ္ပဏီပေါင်းများစွာ၊ စိုက်ပျိုးရေး ကုမ္ပဏီပေါင်းများစွာ၊ ဇီဝ ကုမ္ပဏီပေါင်းများစွာ စုစည်းတည်ရှိသော ဈေးကွက်တွင်ကျယ်သည့် ရုံးအဆောက်အဦးကြီးဖြစ်သည်။ ထိုနေရာတွင် ကုမ္ပဏီအမျိုးအစား သုံးမျိုးလုံးကို တစ်ပေါင်းတည်းတစ်စည်းတည်း အတူရှိနေသောကြောင့် တစ်ခါတည်း ပစ်မှတ်ထား၍ ရလေသည်။

သူတို့သည် အနာဂတ်တွင် ကိုယ်ပိုင် အခြေစိုက်စခန်းကို တည်ဆောက်ကြမည် ဖြစ်သည်။ ကမ္ဘာကပ်ဘေးကာလတွင် သူတို့၏ ဘဝနှင့်ကိုယ်ပိုင် ပိုင်ဆိုင်မှုကို လက်ထဲတွင် ကိုင်ဆောင်ထားနိုင်မှသာ အလုံခြုံဆုံး ဖြစ်ပေလိမ့်မည်။ အခြေစိုက်စခန်းဆိုသော တည်ရှိမှုမျိုးကလည်း အစောပိုင်းအဆင့်မှ ဒုက္ခများကို အချိန်ကုန် သက်သာစေနိုင်သည်။ ထို့ကြောင့် သူတို့အနေဖြင့် ဇွန်ဘီများကိုသာ သတ်ဖြတ်ပြီး သလင်းအမြူအတေကိုသာ စုဆောင်းရန် လိုအပ်လေသည်။

ထိုအခြေစိုက်စခန်းက သူတို့ လေးယောက်တည်းသာ နေထိုင်မည် မဟုတ်ပေ။ အခြားသော သူများလည်း ရောက်ရှိလာနိုင်သည်။ ထို့ကြောင့် ကျွေးမွေးသည့် ပြဿနာက ကိစ္စကြီး ဖြစ်လာနိုင်သည်။ ရှုရှင်း၏ နေရာလပ် နယ်မြေထဲတွင် ရိက္ခာအမြောက်အများကို ထည့်သွင်းထားသော်လည်း အသစ်ထပ်မံ မထည့်ထားသည့်အခါ ရိက္ခာများက ဆက်တိုက်ဆိုသလို ကုန်ဆုံးသွားအုံးမည် ဖြစ်သည်။ အကန့်အသတ်မဲ့ရရှိသော ရိက္ခာမျိုးလည်းမ ဟုတ်ပေ။ ထို့ကြောင့် ရေရှည်အများစုအတွက် စားဝတ်နေရေးကို ဂရုစိုက်ရန် ဖြစ်လာသည်။

နာရီဝက်ခန့် စကိတ်စီးသွားပြီးနောက် ပန်းတိုင်နေရာသို့ ရောက်သွားသည်။ သူတို့၏ အရှေ့မှ အဆင့်အတန်းမြင့် အဆောက်အဦးက မြို့လည်ခေါင်နှင့် အလွန်ဝေးကွာလေသည်။ အနားတွင်လည်း လူနေနည်းပါးသည်။ ရိက္ခာကို ထွက်ရှာသော သူများကလည်း ရှော့ပင်းမောလ်များ စူပါမားကတ်များအခြားသော ရိက္ခာအမြောက်အများရှိမည့် နေရာများကိုသာ အဓိက ထားကြသည်။ ဒီနေရာသို့ အခြားသောသူများ ဖောက်ဝင်နိုင်သော လက္ခဏာမျိုး မမြင်ရပါချေ။ ထို့ကြောင့် အတွင်းပိုင်း မပျက်ဆီးလောက်သေးချေ။

အကွယ်တစ်နေရာကို ရှာတွေ့သည်နှင့် မူချီမိုင်က သူ၏ အိတ်ထဲမှ ပစ္စည်းများကို ထုတ်လိုက်ပြီး မှန်ပြတင်းပေါက်ကို ခွဲလေသည်။

သူ၏ ကျွမ်းကျင်မှုအရ မည်သည့်အသံမှပင် မထွက်လာပါပေ။ ရှုရှင်းကလည်း ထိုမြင်ကွင်းကြောင့် မှင်သက်သွားသည်။ သူဟာ မည်မျှကျွမ်းကျင်နေကြောင်း မြင်သောအခါ သူသည် ယခင်က ယခုလို အကြိမ်ပေါင်းများစွာ လုပ်ခဲ့ရမည်ဟု တွေးတောမိလိုက်သည်။

မူချီမိုင်က သူမရဲ့ ကောင်လေးကို ကူညီဖို့အတွက် ဘယ်လောက်တောင် အရှက်မဲ့လိုက်တဲ့ ကိစ္စတွေကို လုပ်ခဲ့လဲ မသိပါဘူး။ ဖြစ်နိုင်တာက…

“ဟေး ဘာလို့ ရပ်လိုက်တာလဲ”

ရုတ်တရပ် နဖူးအတောက်ခံရပြီး နဖူးကို အုပ်လိုက်သည်။ ယန်မော့ကို ပြန်ကြည့်သည်။

“ဘာတွေ တွေးနေပြန်ပြီလဲ။ တိတ်တဆိတ်နဲ့ ပြတင်းပေါက် မှန်ခွဲတယ်ဆိုတာက ငါတို့ ပုံမှန်လေ့ကျင့်မှုထဲမှာ ပါဝင်တဲ့ အကြောင်းအရာတစ်ခုပဲ။ အရေးပေါ် အခြေအနေမျိုးမှာ အခြားသူတွေ သတိမထားမိခင် ပြတင်းပေါက်မှန်ကို ခပ်မြန်မြန် ခွဲပြီး ထွက်သွားရမယ်လေ မဟုတ်ဘူးလား ဒါက မင်းရဲ့စိတ်ထဲက အဲဒီ ရှုပ်ထွေးတဲ့ အတွေးတွေနဲ့ လုံးဝ မသက်ဆိုင်ဘူး”

ယန်မော့ကလည်း ရှုရှင်း၏မျက်လုံးထဲမှ အမူအရာသေးသေးလေးများကို ကောင်းကောင်းနားလည်သည်။ သူမက ထိုသို့သော အမူအရာမျိုးကို ပြသည်နှင့် သူမ၏ စိတ်ထဲတွင် ပုံမှန်မဟုတ်သော အကြောင်းအရာများ တွေးနေကြောင်းကိုလည်း နားလည်သည်။

“ဆိုတော့ ဒီလိုကိုး”

ရှုရှင်းက ခေါင်းကို အုပ်သွားပြီး ခေါင်းကို လှည့်သွားသည်။ ထို့နောက် လက်သင့်မခံသလို ပြန်လှည့်လာသည်။

“အရင်က ငါတွေးမိတဲ့ အခြေအနေမျိုးက တကယ်မရှိဘူးလား”

30 03

“မရှိဘူး”

“အို ကောင်းပြီလေ”

ခိုင်မာသော အဖြေကို ရသောအခါ ရှုရှင်း၏ အသံတွင် နည်းနည်း နောင်တရသော အသံက ပါလာသည်။

မူချီမိုင်က တံခါးကို ဖွင့်နေချိန်တွင် ရှုရှင်းတို့ကလည်း အအား မနေကြပါချေ။ သူတို့သည်လည်း ဖိနပ်များကို ခပ်မြန်မြန်လဲလိုက်သည်။ ယန်မော့၏နေရာလပ်နယ်မြေပိုင်ထား‌သည်ဟု အယောင်သည့် အပြုအမူကတဆင့် စကိတ်ဘုတ်များနှင့် အခြားသော ကျောပိုးအိတ်များအားလုံးကို ခပ်မြန်မြန် ပြန်သိမ်းလိုက်သည်။

သူတို့လေးယောက် တစ်ယောက်ချင်းစီတိုင်းက အနက်ရောင် ကျောပိုးအိတ် တစ်လုံးစီ လွယ်ထားသည်။ ရှုရှင်းနှင့်ယန်မော့၊ ပုရှန်းဝမ်နှင့်မူချီမိုင်တို့က နှစ်ဖွဲ့ခွဲ့ကာ ရိက္ခာသွားစုကြမည် ဖြစ်သည်။ သီးသန့် လှုပ်ရှားခြင်းအားဖြင့် ပို၍ အဆင်ပြေသည်။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကမူ ယူစရာ ကြီးကြီးမားမားရှိနေခဲ့လျှင် အရင်ဦးဆုံး အမှတ်အသား ပြုထားနိုင်ပြီး ယန်မော့တို့ ရောက်ရှိလာမှသာ ယူကြမည် ဖြစ်သည်။

နေရာလပ် နယ်မြေထဲမှ ပစ္စည်းအများစုက ဒီသုံးလအတွင် ကုန်ဆုံးသွားခြင်းပင် မရှိသေးပါချေ။ အများစုက ချက်ထားပြီးသား စားစရာများသာ ကုန်သွားသည်။ အခြားသောအရာများကမူ အိမ်တွင် အပြည့်ရှိနေသေးသည်။ သိုလှောင်ခန်းများထဲတွင်လည်း အပြည့်ရှိသည်။ ရှုရှင်းက အပြင်သို့ မထွက်လာသေးခင် သိုလှောင်းခန်းထဲသို့သွားကာ ပစ္စည်းများကို ပြန်ဖြည့်ခဲ့သေး၏။ မည်သို့ပင်ဆိုစေ ရှုရှင်းက ထိုသို့ လုပ်ရသည့် ခံစားချက်ကို အလွန်မွေ့လျော်နေခြင်း ဖြစ်သည်။

နေရာလပ်နယ်မြေထဲမှ ပစ္စည်းများကို ထုတ်ထားလိုက်သော် နောက်ထပ် ပစ္စည်းအသစ်များထည့်ရန် နေရာပိုကျယ်သွားမည် ဖြစ်သည်။

ရှုရှင်းနှင့် ယန်မော့တို့က ထိပ်ဆုံး ဆယ်ထပ်ကို သွားရှာကြရန် ရွေးထားသည်။

ဓာတ်လှေကားက ဆယ့်သုံးလွှာအထိ ရောက်သည်။ ထိုဆယ့်သုံးလွှာက အဆင့်မြင့် နည်းပညာသုံး စိုက်ပျိုးရေး ကုမ္ပဏီက ဖြစ်လေသည်။ သူတို့အသစ်စက်စက် တီထွင်ထားသော ကောက်ပဲသီးနှံများကို တွေ့ရ၏။ ထိုကောက်ပဲသီးနှံက မနှစ်ကလေးတင် ဆုရထားခြင်း ဖြစ်သည်။

ထိုကောက်ပဲသီးနှံများသည် မိုးခေါင်၊ရေရှားသည့် ဒဏ်ကိုလည်း ခံနိုင်သည်။ လွန်ကဲလွန်းသော အအေးဒဏ်ကိုလည်း ခံနိုင်သည်။ ပိုးကောင်များ ဒဏ်ကိုလည်း တွန်းလှန်နိုင်သည်။ အခြားသော ရောဂါများဒဏ်ကိုလည်း ခံနိုင်သည်။ ထို့အပြင် ဆိုးရွားလွန်းသော မြေဆီလွှာအခြေအနေမျိုးတွင် ဆိုလျှင်ပင် အမြောက်အများ စိုက်ပျိုးနိုင်သော အနေအထားမျိုး ဖြစ်လေသည်။

ဒီနှစ်မှသာ စတင်ကာ အမြောက်အများ ထုတ်လုပ်လာခြင်း ဖြစ်သည်။ ကုမ္ပဏီ၏ သိုလှောင်အိမ်ထဲတွင်လည်း မျိုးစေ့အမြောက်အများကို သိုလှောင်ထားသည်။ ထို့ကြောင့် ရှုရှင်းက အားလုံးကို သူတို့၏ နေရာလပ် နယ်မြေထဲသို့ ကောက်ထည့်သည်။

ရှုရှင်းသည် ထိုအရာများနှင့် ပတ်သက်သော အခြားသော သင့်တော်သည့် အချက်အလက်များ စာအုပ်များ ကွန်ပျူတာများကို တောက်လျှောက် ထည့်သွင်းလာခဲ့သည်။ ဒီနည်းအားဖြင့် လက်တွေ့စမ်းသပ်မှုနှင့် ပတ်သက်သည့် အရာအားလုံး ပါဝင်လာမည် ဖြစ်သည်။

ထိုကဲ့သို့သော အရာမျိုးများအရ အနာဂတ်တွင် သုတေသန လုပ်ရန် လိုအပ်လာခဲ့သော် စိုးရိမ်စရာ မလိုအပ်မည် ဖြစ်သည်။ အရာအားလုံးက အဆင်သင့်ဖြစ်ပြီး အချိန်ကျလာသည်နှင့် ဒီအကြောင်းအရာများကို သိသော အရူးတစ်ကောင်ကို ကောက်ရှာကာ ပစ္စည်းများပေးပြီး လေ့လာခိုင်း၍ ရသည်။

(အနာဂတ်မှ ရန်သူကြီး : ဒီလောက်အစောကြီး အရာအားလုံးကို တည်ဆောက် ပြင်ဆင်ထားတာပဲ ကျေးဇူးတင်လိုက်တာ… လှောင်ပြောင်)

******

All Chapters