← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

31 01

အပိုင်း (၃၁) ရလဒ်များကို သင်ယူခြင်း

အပေါ်ထပ်သို့ တက်သွားမှသာ ရှုရှင်းနှင့် ယန်မော့တို့သည်လည်း ထိုကုမ္ပဏီက အင်တာနက်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်ရန် ပြင်ဆင်နေကြောင်း တွေ့လိုက်ရသည်။ သူတို့၏ ကုမ္ပဏီသည် ပစ္စည်းအများကြီးကို သိုလှောင်ထားပုံကို ကြည့်ခြင်းအားဖြင့် အစားအသောက်ကို တိုက်ရိုက်ထုတ်လွှင့်မည့် အနေအထားမျိုး ဖြစ်လောက်သည်။ သိုလှောင်အိမ်ထဲတွင်လည်း စားစရာများက ပြည့်နှက်နေသည်။ အခဲခန်းကြီးများစွာထဲတွင်လည်း စားစရာများက အပြည့်ရှိနေသည်။ သူတို့၏ ဒီနေ့ထွက်လာရသည့် ရည်ရွယ်ချက်က စားစရာ စုဆောင်းရန် မဟုတ်ချေ။ သို့သော် အခုလိုမျိုး ပက်ပင်းတိုးသည့်အခါတွင်လည်း အရူးများ မဟုတ်သည့်အတွက် သေချာပေါက် လက်ခံပေးမည် ဖြစ်လေသည်။

ရှုရှင်းနှင့် ယန်မော့တို့က အပြောင်ရှင်းလင်းပြီးသည်နှင့် ထိပ်ဆုံး ဆယ်ထပ်လုံးက ပြောင်ရှင်းသွားသည်။ ထို့နောက် သူတို့သည် ထိုနေရာတွင် အကြာကြီး မနေတော့ဘဲ အောက်ထပ်သို့ ဆက်ဆင်းလာသည်။

အောက်ပိုင်းဆယ်ထပ်က သည်းထန်သောမိုးနှင့် ရေလွှမ်းမိုးဒဏ်ကို သုံးလခန့် ကြုံတွေ့ခဲ့ပြီးနောက် အကောင်းအတိုင်း ကျန်ရစ်နေသော ပစ္စည်းက သိပ်မများတော့ချေ။ သုံးလွာကျော်ကျော်ခန့်ကလည်း ရေခဲနေသေး၏။ ထို့ကြောင့် ပုရှန်းဝမ်နှင့်မူချီမိုင်တို့ ရှာဖွေနိုင်သော အထပ်က ခုနှစ်ထပ်သာ ကျန်တော့သည်။

သပ်ရပ်သန့်ရှင်းသော ရုံးခန်းကပင် ရေကြီးပြီး စိုရွဲနေခဲ့သောကြောင့် မမှတ်မိနိုင်လောက်အောင် ဖြစ်နေခဲ့သည်။ အချို့သော ပစ္စည်းများဆိုလျှင် နဂို မူလ ပုံသဏ္ဍာန်ကိုပင် မသိနိုင်တော့ပေ။ ကံကောင်းသည်မှာ ထိုပစ္စည်းများက သူတို့ရှာဖွေသော ဝန်းကျင်တွင် ပါဝင်ခဲ့သည်။ သို့မဟုတ်ပါက ရူးသွားလောက်သည်။

ရေဖြင့် ဆေးကြောပြီး ရေစိုနေသော ပစ္စည်းများကလည်း တန်ကြေး မမြင့်ချေ။ အဓိက သိပ္ပံ သုတေသန နည်းပညာကို မှီခိုနေသော ကုမ္ပဏီ ဖြစ်သည့်အလျောက် အရေးပါသော ပစ္စည်းများကို အပြင်တွင် စိတ်ထင်တိုင်း ချန်ထားရစ်မည် မဟုတ်ပေ။ ထို့ကြောင့် သာမာန်လူများက လက်လှမ်မမှီနိုင်ဘဲ အကြွင်းမဲ့ လုံခြုံမည်ဟု ယုံကြည်သောနေရာမျိုးတွင်သာ တည်ရှိနေပေလိမ့်မည်။

ထိုအမျိုးသား နှစ်ယောက်က အမှိုက်ပုံကဲ့သို့ ဖြစ်နေသော လျှောက်လမ်းကို ကျော်ဖြတ်ပြီး နောက်ဆုံးတွင် ဥက္ကဌ ရုံးခန်းအတွင်းမှ လျို့ဝှက် နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။

ကျန်သော ကုမ္ပဏီများကလည်း အလားတူသာလျှင် ဖြစ်သည်။ ရှုရှင်းနှင့် ယန်မော့တို့ကလည်း အောက်ထပ်သို့ ဆင်းကာ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကို သွားရှာခဲ့ချိန်တွင် ထိုလူနှစ်ယောက်၏ နံဘေးနားတွင်ပုံနေသော အမျိုးမျိုးသော အရွယ်အစားခန့်ရှိသော မီးခံသေတ္တာ ရှစ်ခု၊ကိုးခုခန့်ကို မြင်ရသည်။ ထို့အပြင် အသစ်စက်စက် မျိုးဖောက်ထားပုံရသော ပျိုးပင်ပေါက်များနှင့် ပြည့်နှက်နေသောအလုံပိတ် ဖန်အိမ်ဆယ်ခုကျော်ကျော်ကိုလည်း မြင်ရသည်။ သို့သော် အချိန်အတိုင်းအတာအတွင်း မည်သည့် အပင်ဖြစ်ကြောင်း မသိနိုင်သေးပါပေ။

ယန်မော့က ကာထားပေးသောကြောင့် ရှုရှင်းက ပစ္စည်းများအားလုံးကို နေရာလပ်နယ်မြေထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် သူမ အင်တာနက် အနုပညာရှင်ကုမ္ပဏီတွင် ရရှိခဲ့သော ပစ္စည်းအချို့ကို ထုတ်ကာ ကျောပိုးအိတ် လေးခုထဲသို့ ဖြည့်လိုက်သည်။

သူတို့က လူနေအိမ်ခြေနားသို့ ရောက်သောအခါ အနက်ရောင် ကျောပိုအိတ်ကြီး လေးခုကို ထုတ်လိုက်ပြီး ကျောတွင်ပြန်လွယ်၍ ပြန်ထွက်လာခဲ့သည်။

သူတို့ တစ်ယောက်ချင်းစီတိုင်က ကျောပိုးအိတ်တစ်လုံးစီ လွယ်ထားပြီး အလွန်ငယ်ရွယ်ပုံ ပေါက်သောကြောင့်လားမသိ အချို့သော သူများကအနိုင်ကျင့်ရန် လွယ်ကူမည်ဟု ယူဆကြသည်။ သူတို့ကပင် ထိုရပ်ကွက်ထဲသို့ မဝင်ရသေးခင် လူတစ်အုပ်က လာပိတ်သည်။

ထိုလူများက ယောက်ျားများသည် လက်ထဲတွင် သူတို့အိမ်မှ အမျိုးမျိုးသော လက်နက်များကို ကိုင်ဆောင်ထားကြသည်။ အဆောက်အဦးတစ်ခုတည်းမှ သူများက အတူစုကာ ပစ္စည်းထွက်ရှာသော သူများကို လုယက်နေခြင်းပင် ဖြစ်နိုင်သည်။

ရှုရှင်းတို့က ရှေ့သို့ ဆက်မသွားဘဲ ရပ်တန့်လိုက်ကြသည်။ ရှုရှင်းက ယန်မော့၏ အနောက်တွင် ရပ်ကာ ထိုလူဆယ်ယောက်ကျော်ကို ကြည့်သည်။

31 02

တစ်ဖက်သော သူများ၏ မျက်လုံးများကို ကြည့်ရုံနှင့် တိုက်ပွဲက သေချာပေါက် ဖြစ်မည်ဖြစ်ကြောင်း နားလည်နိုင်သည်။ တစ်ဖက်မှ ခေါင်းဆောင်က ဉာဏ်ကောင်းသော သူ ဖြစ်သည်။ သူသည် ခေတ်ဟောင်းဆန်နေသော လုယက်သည့်စကားလုံးများကိုပင် ထုတ်မပြောတော့ဘဲ ခေါင်းကိုသာ တစ်ချက်စောင်း၍ အခြားသောသူများကို အမူအရာပြသည်။ လက်နက်များကို မြောက်၍ ပြေးဝင်သွားစေသည်။

ရှုရှင်း၊ ယန်မော့နှင့် အခြားသောနှစ်ယောက်အကြားမှ အချင်းချင်း နားလည်မှုမျိုးက သူတို့၏ နေ့စဉ် အပြောအဆို အဆက်အသွယ်လုပ်ပုံ လေ့ကျင့်ခန့် လုပ်ပုံများကတဆင့် တိုးတက်လာခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် အပိုစကား၊ အပိုအပြုအမူ ပြောဆိုလုပ်ကိုင်ရန် မလိုအပ်တော့ပါချေ။ သူတို့သည် နားလည်မှုအပြည့်နှင့်သာ ဓားများကို ဆွဲထုတ်လိုက်ကြသည်။

ရှုရှင်းက အစစ်အမှန် ဓားတစ်လက်ကို သုံးကာ အပြင်ဘက်တွင် ပထမဦးဆုံး အကြိမ်တိုက်ခိုက်ဖူးခြင်း ဖြစ်သည်။ နည်းနည်းမသက်မသာဖြစ်ကာ စိုးရိမ်ထိတ်လန့်နေရုံကလွဲပြီး စိတ်လှုပ်ရှားမှုက ပို၍ များသည်။

မရင်းနှီးသော လှုံ့ဆော်မှုတစ်မျိုးက ရှုရှင်း၏သွေးများကို လှုံ့ဆော်လာကာ စိတ်ကို အထူးတလည် အာရုံစိုက်ထားမိစေသည်။

သုံးလကျော်ကျော်ခန့် နတ်ဆိုးတစ်ကောင်၏ လေ့ကျင့်မှုကို ခံခဲ့ရပြီး နောက်ဆုံးတွင် သူမဟာ ကြွားဝါရန် အခွင့်အရေးကို ရရှိလာလေသည်။ ဒါဟာ သူမ၏ သင်ကြားမှု ရလဒ်ကို စမ်းသပ်ရမည့် အခွင့်ကောင်းလည်း ဖြစ်သည်။

******

All Chapters