← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

32 01

အပိုင်း (၃၂) တိုးတက်ဖို့လိုသေးတယ်

ရန်သူနှင့်သူတို့အကြားတွင် ကွာဟချက် အကြီးကြီးရှိနေသည်။ ရှုရှင်းတို့အဖွဲ့က ရေခဲပေါ်တွင် စကိတ်ကို စီးထားသောကြောင့် ပို၍ပင် ဖြတ်ဖြတ်လတ်လတ်ရှိသည်။ ထိုသူဆယ်ယောက်ကျော်ကမူ သူတို့အတွက် သွေးပူအောင် လုပ်ရန်ပင် မလိုအပ်ဘဲ မြေပြင်ပေါ်တွင် လဲသွားကြသည်။

သူတို့သည် ထွက်သွားရန် တွန့်ဆုတ်နေသောခံစားချက်မျိုးဖြင့် အိမ်သို့ ပြန်သွားကြသည်။ သို့သော် မည်သူကမှ ကန်းမနေသည့်အတွက် သူတို့ကို လာပြီးရန်မစရဲကြတော့ပေ။

သူတို့သည် လမ်းမပေါ်မှ လုယက်သည့်အဖွဲ့ကို သင်ခန်းစာပေးပြီးနောက်တွင် တူညီသောအဆောက်အဦးမှ ပစ္စည်းသွားရှာသော သူများကလည်း တိုက်တိုက်ဆိုင်ဆိုင် ထွက်သွားခြင်းကြောင့် အခြေအနေအားလုံးကို မြင်သွားသည်။ ထို့နောက် သူတို့က ပြန်သွားပြီးသည်နှင့် အခြေအနေများအားလုံးကို အများသိအောင် ပြောပြခဲ့သည်။ ထိုနေရာမှသူများ သူတို့ကိုရန်စခဲ့သောသူများ၏အချက်နှင့် ပေါင်းထည့်ခဲ့ပြီးနောက် သူတို့ကို ရန်စ၍မရသောခေါင်းစဉ်အောက်သို့ ထည့်သွင်းလိုက်ကြသည်။ မသိလိုက်မသိဘာသာပင် သူတို့အတွက် ဒုက္ခက အလွန်သက်သာသွားသည်။ ဘဝကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သို့တိုင်အောင် သူတို့သည် မကြာခဏဆိုသလို အပြင်ထွက်ကြသေးသည်။

ယဲ့ယွီအန်း၏ဘဝကမူ အများကြီး ရှုပ်ထွေးလာသည်ဟု ပြောရပေမည်။ အပြင်သို့ထွက်ကာ စားနပ်ရိက္ခာများကို ရှာဖွေချိန်တွင်လည်း မတော်တဆဆိုသလို ပစ္စည်းများကို ရှာဖွေရင်းမှ ထိပ်တန်းအဆင့် အရည်အသွေးရှိသော ကျောက်စိမ်း၏ သက်ရောက်မှုကို သိခဲ့ရသည်။ ထိုကျောက်စိမ်းကို နေရာလပ် နယ်မြေထဲသို့ ထည့်လိုက်သောအခါ အပိုနယ်မြေတစ်ခုကို ရရှိလာသည်။

အနည်းငယ်သာလျှင် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။ နေရာလပ် နယ်မြေ၏ အသုံးဝင်နိုင်စွမ်းရည်ကို ပို၍မြင့်မားအောင် လုပ်နိုင်ရန်အတွက်ကြောင့်သာ မဟုတ်ပါက ယဲ့ယွီအန်းကလည်း အပိုနေရာများကိုပင် မထားချင်ကြပေ။ ထို့ကြောင့် လွန်ကဲလွန်းသော အပြောင်းအလဲမျိုးများဖြစ်လျှင်ပင် ချက်ချင်း သတိပေးတတ်သည်။

ယဲ့ယွီအန်း၏စိတ်အတွင်း အတင့်ရဲသောအတွေးမျိုးက ပေါ်ထွက်လာသည်။ သူမ၏လက်ကောက်နယ်မြေကို ချဲ့၍ ရသည်။ သူမ၏ခန့်မှန်းချက်ကို အတည်ပြုလိုလျှင် အလွန်ရိုးရှင်းသည်။ ကျောက်စိမ်း သို့မဟုတ် အလားတူ ပစ္စည်းများကို နေရာလပ် နယ်မြေထဲသို့ ထည့်ခြင်းအားဖြင့် တုန့်ပြန်မှုကိုကြည့်၍ ရသည်။

ထိုအချိန်တွင် ယဲ့ယွီအန်းက ရှော့ပင်းမောလ် အကြီးကြီးထဲသို့ ရောက်နေသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုရှော့ပင်းမောလ်၏ ထိပ်ဆုံးထပ်တွင် ကမ္ဘာ့အနှံ့ကျော်ကြားသော အဆင့်အတန်းမြင့် ရတနာဆိုင်များက ရှိနေလေရာ သူမ၏ စမ်းသပ်မှုအတွက် သင့်လျော်သွားသည်။

နောက်ဆုံးရလဒ်ကလည်း ယဲ့ယွီအန်း၏ ခန့်မှန်းချက်နှင့်လုံးဝ မှန်ကန်ကြောင်း သက်သေပြလိုက်သည်။ ကျောက်စိမ်းပစ္စည်းများကိုသာ လက်ကောက်ထဲသို့ ထည့်လိုက်သည်နှင့် နေရာလပ် နယ်မြေက အလိုလျောက်ပင် စုတ်ယူသွားမည် ဖြစ်သည်။ ကျောက်စိမ်းအရည်အသွေးနှင့် အရေအတွက်ပေါ် မူတည်၍ အမျိုးမျိုးသော အနေအထားမျိုးအထိ ပြန့်သွားပေလိမ့်မည်။

ရတနာဆိုင်များကို ရှာဖွေပြီး နောက်ဆုံးတွင် လက်ကောက်၏ နေရာလပ် နယ်မြေက ငါးဆယ် စတုရန်း မီတာခန့် နီးပါးပင် ကျယ်သွားသေးသည်။ ပိုကျယ်သွားသောအခါ ပစ္စည်းများများပိုဆန့်သည့် အဓိပ္ပာယ်မျိုး ဖြစ်သည်။ ထို့ကြောင့် ယဲ့ယွီအန်းသည်လည်း အရေးပါမှုကို ကောင်းကောင်းနားလည်လာသည်။

လက်ကောက်မှ နေရာလပ် နယ်မြေကို ချဲ့၍ ရကြောင်း သိထားပြီးသည်နှင့် ယဲ့ယွီအန်းက မကြာခဏဆိုသလို အပြင်ထွက်ကာ ပစ္စည်းများ ရှာတော့သည်။

ရတနာဆိုင်အများစုက ရှော့ပင်းမောလ်၏ ပထမထပ်တွင် ရှိနေကတည်းက များများစားစား မရထားသော ယဲ့ယွီအန်း၏အာရုံကလည်း လူချမ်းသာ ရုံးခန်းသို့သာ အာရုံစိုက်ရတော့သည်။ ကြွယ်ဝသော လူလေးယောက်၏ သီးသန့် ပိုင်ဆိုင်မှုများကို အောင်မြင်စွာ ရှာဖွေပြီးနောက်ဆုံးတွင် အကျိုးအမြတ်ကလည်း အတော်လေး များပြားသည်။ ကြွယ်ဝသော သူများက အခုလိုပစ္စည်းများကို စုဆောင်းရန် ဝယ်ယူရသည်အား သဘောကျသည်။ ထိုထဲမှ သုံးယောက်က ယဲ့ယွီအန်းလိုချင်သော ကျောက်စိမ်းတုံးများကို သိမ်းထား၏။ တစ်ယောက်ကမူ ရွှေချောင်းများ အပြည့်ရှိသည်။ သူမက မီးခံသေတ္တာကို ဖွင့်ပြီးနောက် ရွှေချောင်းများကြောင့် ကန်းလုနီးပါးပင် ဖြစ်သွားသည်။ အရမ်းကို လွန်ကဲလိုက်တာ။

32 02

ယဲ့ယွီအန်း၏ နှုတ်ခမ်းထောင့်ကပင် ခပ်ကြမ်းကြမ် ကော့တက်သွားသည်။ ရွှေစုဆောင်းမှုက အလွန်အမင်း မြန်ဆန်သည်။

ကြီးမားသောကာလမျိုးတွင်‌ ရှေးဟောင်းပစ္စည်းများက အသုံးဝင်သလို ဒုက္ခရောက်နေသော ကာလတွင် ရွှေက အသုံးဝင်သည်။ ထိုအမှန်တရားကလည်း မည်သည့် ခေတ်ကာလတွင်မဆို မှန်ကန်ကြောင်း ဖော်ပြသည်။

အရင်းအမြစ်က ရှားပါးသောကမ္ဘာအဆုံးသတ်ကာလမျိုးတွင် အမျိုးမျိုးသော ပစ္စည်းများ၏ တန်ကြေးက မိုးသို့ မြင့်တက်နေသည်။ အဖိုးတန်သတ္ထုများဖြစ်သည့် ရွှေကပင် ချွင်းချက်မရှိပေ။ ယဲ့ယွီအန်းက သူ၏နေရာလပ်နယ်မြေကို ချဲ့ထွင်ရန် အလုပ်များနေပြီး ပစ္စည်းများကို စုဆောင်းနေခဲ့ချိန်တွင် ရပ်ကွက်အတွင်းတွင်မူ တုဟန်ရွှီနှင့်ဝမ်ယာယွန်တို့က ယဲ့ယွီအန်းကို တိုက်ခိုက်ရန် လူများကို စုစည်းရင်း အာရုံများနေလေသည်။

လပေါင်းများစွာ တိတ်ဆိတ်နေပြီးနောက်ဆုံးတွင် အစိုးရက ပြန်လည်ပြီး လှုပ်ရှားပြန်သည်။ တိုင်းပြည်တခွင်လုံးအနှံ့ ခိုလှုံရေး စင်တာ ဆယ်ခုကျော်ခန့်ကို တည်ဆောက်ခဲ့ပြီး တပ်ဖွဲ့အမြောက်အများကို စေလွတ်ကာ ကယ်ဆယ်ရမည့် တာဝန်များကို ထမ်းဆောင်စေသည်။ ထိုနေရာများသို့ သွားလိုသောသူများကိုလည်း လာရောက်ရန် ခေါ်ဆောင်ပေးမည် ဖြစ်သည်။

******

All Chapters