← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

33 01

အပိုင်း (၃၃)

ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က မြို့တော်Aသည် ငွေကြေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ဦးဆောင်နေသော အရေးပါသည့် ပထမတန်းစားမျိုးကြီးလည်းဖြစ်သလို ထိုသို့ဖြင့် ခိုလှုံရေးစင်တာများကို တည်ထောင်မည့် မြို့များ၏ ပထမစာရင်းတွင်ပင် ပါဝင်လေသည်။

ထိုတည်ထောင်မှုဆိုသော သတင်းက ပြန့်နှံ့သွားသည်နှင့်အမျှ လူအများက ထိုနေရာကို ခပ်မြန်မြန် ရှာဖွေကြသည်။ ထို့နောက် သူတို့၏ ပိုင်ဆိုင်မှုများကို သိမ်းကာ ထိုနေရာသို့ မိသားစုများနှင့်အတူ သွားကြသည်။ ထိုနေရာတွင်နေပါက သူတို့၏အသက်ကို ကာကွယ်နိုင်မည်ဟု ယူဆနေကြသည်။

သို့သော် မြို့တော် A ၏ လူဦးရေကတင် ခြောက်သိန်းနီးပါးရှိကြောင်း အာလုံးက မေ့လျော့နေကြသည်။ အမျိုးမျိုးသောအကြောင်းပြချက်များကြောင်း မိုးမုန်တိုင်းနှင့်အေးစက်သော ရာသီဥတုကြောင့် သေသွားခဲ့သော ပမာဏကို ထည့်မတွက်လျှင်ပင် အချို့သော မသွားလိုသောသူများကို ဖယ်ထုတ်ထားလျှင်ပင် လူအတော်များနေပြီ ဖြစ်သည့်အကြောင်းကို သိရပေမည်။ ထိုအချက်အပြင် စစ်တပ်ကလည်း အနီးအနားမြို့များမှ ဒုက္ခသည်များကို သွားရောက်ခေါ်ဆောင်သေးသည်။ ထို့အပြင် ထိုစင်တာများကလည်း အလျှင်စလို တည်ဆောက်ထားရသည့်အလျောက် နေရာကလည်း အကန့်အသတ်နှင့် ဖြစ်သည်။ အခြေအနေကလည်း ကိုယ်ပိုင်အိမ်တွင် နေထိုင်သလောက် ကောင်းမွန်နိုင်မည် မဟုတ်ပေ။

သွားရောက်ခိုလှုံရန် ကြိုးစားသောသူများ၏ အနည်းဆုံးသော နေထိုင်မှုအခြေအနေက ငတ်မသေရုံ ခဲမသေရုံသာဖြစ်သည်။ အရာရှိမည်မျှပင် ရှိနေစေကာမူ သူတို့က ဂရုစိုက်နိုင်သောစွမ်းရည် သို့မဟုတ် အင်အားအပြည့်အဝ ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ပေ။

စင်တာတည်ထောင်ထားသော သတင်းက ရပ်ကွက်များအနှံ့ ပျံ့နှံ့လာသောအခါ ဖိနှိပ်ခံထားရသော နေထိုင်သူများကလည်း မျှော်လင့်ချက်ကို တွေ့သွားကြသည်။ လဝက်ကျော်ကျော်တည်းနှင့်တင် အဖွဲ့များက တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာကြသည်။ ရပ်ကွက်တစ်ခုလုံးက ရုတ်ချည်း တိတ်ဆိတ်သွားလေသည်။

ရှုရှင်းတို့အဖွဲ့ကမူ ထိုအတောအတွင်းအပြင်သို့သာ နှစ်ကြိမ်ထွက်သည်။ သို့သော် စောင့်ကြည့်နေသော မျက်လုံးများစွာက အများကြီးလျော့သွားသလို ခံစားရသည်။ ကျန်သောသူအများစုက အသက်ကြီးလွန်းသောကြောင့် လှုပ်လှုပ်ရှားရှားဒဏ်ကို မခံနိုင်သောကြောင့် မထွက်သွားကြသူများ၊ သို့မဟုတ် ဒီကပ်ဘေးကာလ အတောအတွင်း လူမိုက်လုပ်နေသောကြောင့် မထွက်သွားလိုသူများ၊ သို့မဟုတ် တုံ့ဆိုင်းသူများသာ ကျန်တော့သည်။

ဘမ်း..

ရှုရှင်းက အာရုံလွင့်နေချိန်တွင် ယန်မော့ကြောင့် ကျောပြင်မှ ကိုင်ပေါက်ခံရသည်။ အသားက အောက်ဖက်မှ ကူရှင်ကို ထိသွားသောအသံနှင့်အတူ နာကျင်မှုမျိုးကြောင့် ရှုရှင်းက အာရုံပြန်စိုက်လိုက်မိသည်။

“မင်း တိုက်ခိုက်နေတဲ့အချိန်မှာ မလုပ်သင့်ဆုံးက အာရုံလွင့်တာပဲ။ မင်းအခု ရင်ဆိုင်နေရတဲ့ ရန်သူကသာ အခြားတစ်ယောက်ဆိုရင် မင်းသေသွားပြီးလောက်ပြီ”

ရှုရှင်းက အရှေ့မှ ချောမောသော အမျိုးသား၏မျက်နှာကို ကြည့်သည်။ မျက်ခုံးများက ကြုတ်နေသည်။ သူ၏ အမူအရာက ကြည့်မကောင်းချေ။ လေသံကလည်း ပုံမှန်လောက် မညင်သာပါပေ။

ယန်မော့သည် သူမကို ပထမဦးဆုံးအကြိမ်အဖြစ် ဒေါသထွက်သောအမူအရာမျိုးကို ပြသခြင်း ဖြစ်သည်။ ရှုရှင်းကလည်း သူမ၏ ပြဿနာကို သိလိုက်ပြီး ပြန်မငြင်းရဲတော့ချေ။ ပြန်လည် ထရပ်လိုက်ပြီး စိတ်ငြိမ်အောင် လုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူမက အနောက်ဖက်မှ ဖျာပေါ်သို့ လက်ကို တင်လိုက်ရုံဖြင့် အရှေ့မှ အရိပ်တစ်ခု ကျလာကြောင်း ခံစားလိုက်မိသည်။ ထိုအမျိုးသား၏ ထူးခြားသော ဝင်သက်တစ်ခုက သူမထံသို့ တိုးဝှေ့လာသည်။ ပူနွေးသော လက်ဖဝါးကလည်း အဝတ်ကတဆင့် ခါးထဲသို့ ဝင်ရောက်ဖြတ်သန်းလာကာ သူမကို အလွယ်တကူ ကူညီပြီး ထူမပေးသည်။

33 02

“ငါ မှားမှန်း ငါသိပါတယ်။ ငါ အာရုံမလွင့်ခဲ့သင့်ဘူး။ ငါ ထပ်မလုပ်တော့ပါဘူး ကတိပေးပါတယ်… ဒေါသမထွက်ပါနဲ့”

ရှုရှင်းကလည်း သူမ၏ကျောပြင်သို့ လက်လေးကို လိမ်လိမ်မာမာလေး ပို့ထားရင်း အတန်းထဲတွင် ဖမ်းမိထားသော ကျောင်းသူတစ်ယောက်ကဲ့သို့ ပြုမူသည်။ သူမက လေးနက်တည်ကြည်သော ဆရာ၏အရှေ့တွင် အသက်ကိုပင် ပြင်းပြင်း မရှူရဲချေ။ ခေါင်းကိုသာ ငုံ့ပြီး အမှားကို ဝန်ခံရသည်။

ယန်မော့က မျက်လွှာကို ချ၍ အရှေ့မှ ငုံ့ထားသောခေါင်းလေးကို ကြည့်သည်။ သူ၏ရင်ဘတ်ထဲက ဒေါသကလည်း ချက်ချင်းဆိုသလို အများကြီးလျော့သွားသည်။ သို့သော် သူသည်လည်း မလျော့သေးပေ။ ရှုရှင်းက ထိုကိစ္စကို အလေးအနက်ထားရန် လိုအပ်ကြောင်း သူနားလည်လိုက်သည်။ သူမက ယခုအမှားကို ဝန်ခံသည်မှာ သူဒေါသထွက်နေသော ကြောင့်သာ ဖြစ်သည်။

“မင်းက အမှားကို ဒီလောက် အမြန်ကြီးဝန်ခံတာ မင်းကအမှားကို လုပ်တယ်။ ဒါပေမဲ့ နောက်ထပ် မလုပ်ရဲတော့ဘူးလို့ ပြောတယ်။ ဟုတ်တယ်မလား.. မင်း နံရံကို မျက်နှာမူနေလိုက် ကိုယ့်ကိုယ်ကိုယ် ပြန်လည် သုံးသပ်ပြီး ဘာဖြစ်လို့ ဒီအမှားကို လုပ်လဲ ဘာလို့ လုပ်နေလဲ အကြောင်းပြချက်က ဘာလဲဆိုတာကို စဉ်းစား”

ထိုသို့ပြောပြီးသည်နှင့် ယန်မော့က လေ့ကျင့်ရေးခန်းထဲမှ ထွက်သွားကာ နောက်ပြန်မလှည့်ကြည့်တော့ချေ။ ရှုရှင်းကို တစ်ယောက်တည်း ချန်းထားရစ်ခဲ့သည်။

သူမသည် ယန်မော့ကို သိကျွမ်းလာသည်မှာ ကြာပြီ ဖြစ်သည်။ သို့သော် ပထမဦးဆုံးအကြိမ်အဖြစ် ထိုကဲ့သို့ ဆက်ဆံခံရဖူးခြင်း ဖြစ်သည်။ ယန်မော့၏ ထွက်သွားသော ကျောပြင်ကို ကြည့်ပြီး ရှုရှင်းကလည်း သူမ၏လည်မြိုက တစ်ချက် လှုပ်ခါသွားသလို ခံစားရသည်။ နာကျဉ်းမှုများကပင် ပုံအောရောက်လာသလို ခံစားရသည်။ သူမက နံရံနားသို့သွားကာ ခပ်မတ်မတ်သာ ရပ်နေလိုက်သည်။

အခြားသောအခန်းတစ်ခုမှ လူသုံးယောက်က စောင့်ကြည့်ကင်မရာကတဆင့် အရာအားလုံးကို မြင်သည်။

“မော့ကော မင်းဘာလို့ အခြားနည်းလမ်းကနေ မချဉ်းကပ်ကြည့်တာလဲ။ ဒီနည်းလမ်းက မရီးက မင်းကို နားလည်မှု လွဲသွားစေနိုင်တယ်။ အဲ့ဒလိုမှ မဟုတ်ရင်လည်း မရီးက မင်းကို နားမလည်ရင် ဘယ်လိုလုပ်မလဲ”

ပုရှန်းဝမ်က ယန်မော့ကို စိုးရိမ်မှု အပြည့်ဖြင့် ကြည့်သည်။

မူချီမိုင်က ဘာကိုမှ မပြောချေ။ သို့သော် သူ၏ မျက်လုံးကလည်း အလားတူ ဖော်ပြသည်။

ယန်မော့ ဆိုဖာပေါ်တွင် ထိုင်ကာ မော်နီတာကတဆင့် မြင်နေရသော ကောင်မလေး၏ ရဲနေသော မျက်လုံးကို ကြည့်သည်။ သူကိုယ်တိုင်လည်း ချက်ချင်း အပြေးသွားပြီး ဖက်လိုစိတ်ကို ထိန်းထားရသည်။ သူထိုသို့လုပ်၍ မရပါပေ။ သူသည်လည်း ယခုတလော ရှုရှင်း စိတ်ပိုင်းဆိုင်ရာအားဖြင့် ရေသာခိုနေခဲ့ကြောင်း နားလည်သည်။ သူမက အချိန်မှီ သိနားလည်ရန် ပြင်ညှိရန် လိုအပ်သည်။ ဒီနေ့က အကောင်းဆုံးအခွင့်အရေးဖြစ်၏။ ကမ္ဘာအဆုံးသတ်ကာလ၏ ရက်စက်မှုက တိုက်ခိုက်နေချိန်အတောအတွင်း အာရုံလွှင့်ခွင့် မပြုထားပေ။ အသေးစိတ်အခြေအနေမျိုးက အနိုင်အရှုံးကို တန်း၍ ဆုံးဖြတ်သွားမည် ဖြစ်သည်။

ဒီလို ခက်ခဲကြမ်းတမ်းသောကာလတွင် ဝင်ဆန့်ရန် ရှင်သန်လွတ်မြောက်ရန်အတွက် စကားဖြင့် ပြောနေ၍ မရပါပေ။

******

All Chapters