← Chapters

အခန်း ၃၄

Vol. 4 Ch. 34

အခန်း ၃၄

Vol. 4 Ch. 34

34 01

အပိုင်း (၃၄) နှိုးထခြင်း

သူမ၏ခံစားချက်များက တဖြည်းဖြည်းတည်ငြိမ်သွားသည်။ တိတ်ဆိတ်သော အခန်းထဲတွင် ပြောင်ရှင်းနေသော နံရံကို မျက်နှာမူနေရသည့်အခါ အငြိမ်းမရနိုင်သောနှလုံးသားကလည်း တဖြည်းဖြည်း တည်ငြိမ်သွားသည်။ ယန်မော့ပြောခဲ့သော စကားများက စိတ်ထဲတွင် ပေါ်လာသည်။

…

ရှုရှင်းက စိတ်ငြိမ်သွားသည်နှင့် ဒီအတောအတွင်းမှ အခြေအနေကို ပြန်တွေးကြည့်သည်။ လေ့ကျင့်နေခဲ့သည့် အချိန်အတောအတွင်း သူမက စိတ်အာရုံပြန့်လွင့်သည်။ သူမ၏ အပြစ်အခတ် လေ့ကျင့် စွမ်းရည်ကလည်း မတိုးတက်လာခဲ့ပေ။

ဒါဆိုရင် နှလုံးသားထဲက ဘယ်ကြိုးက ပြေလျော့သွားတာလဲ။

ကမ္ဘာကပ်ဘေးကာလ ပြီးသည့်တိုင်အောင် သူမ၏ဘဝက အတော်လေးကို လုံခြုံကာ သက်တောင့်သက်သာရှိနေခဲ့သည်။ ကမ္ဘာကပ်ဘေးကာလ၏ရက်စက်မှုကို သူမက တဖြည်းဖြည်းမေ့လာသည်။ နောက်ဆုံးသော အဖွဲ့လိုက်တိုက်ပွဲမှ အနိုင်က သူမအား ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရည်ရှိသည်ဟု ထင်သွားခဲ့ပုံရသည်။

ဒါပေမဲ့ တကယ်ပဲ အဲဒီလိုလား။

မဟုတ်ဘူး။

အဲဒီလူတွေက သာမာန်လူတွေ… အနိုင်ကလည်း သူမလုပ်တာမှ မဟုတ်တာ။ ဂရုတစိုက် စဉ်းစားကြည့်မယ်ဆိုရင် ဘာမှ ဂုဏ်ယူစရာ မရှိဘူး။

အနာဂတ်မှာ ရင်ဆိုင်ရမယ့် ရန်သူတွေက တိုက်ခိုက်နိုင်စွမ်းရည်အားနည်းတဲ့ သူတွေ မဟုတ်တော့ဘူး။ အဲဒီအစား မောပန်းနွမ်းနယ်ရမှန်း နာကျင်ရကောင်းမှန်းမသိတဲ့ ဇွန်ဘီတွေ။ ဇွန်ဘီတွေဆိုတာ ခေါင်းကို မရိုက်ခွဲသမျှ မသေဘူး။ နောက်ပြီး သဘာဝလွန်စွမ်းအားရှိတဲ့ အကျင့်ဆိုးတဲ့ သူတွေလည်း ရှိသေးတယ်။

သဘာဝလွန်စွမ်းအား နိုးထတာက လူ့ခန္ဓာကိုယ်ထဲက မျိုးရိုးဗီဇကို ဖွဲ့စည်းတာနဲ့ ညီမျှတယ်။ ခန္ဓာကိုယ်ရဲ့အခြေခံ အရည်အသွေးတွေအားလုံးက မြင့်တင်သွားမှာ။ နိုးထလာတဲ့ သဘာဝလွန်စွမ်းအားအလျောက် အခြေအနေက ပြောင်းလဲသွားအုံးမယ်။ အခြားသူတွေက အင်အားနည်းတဲ့ သဘာဝလွန်စွမ်းအားကို ရှိတယ်။ အခြားသူတွေကတော့ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုအားကို မြင့်တင်ပေးနိုင်သေးတယ်။ အတိုင်းအတာနဲ့လည်း ကွာခြားတယ်။

စိတ်စွမ်းအားအင်အားနဲ့ အလားအလာကောင်းတဲ့ အနာဂတ်တိုးတက်မှုက အဆုံးအဖြတ်ပေးလိမ့်မယ်။

“ရှုရှင်း”က နဂို မူလ စာအုပ်ထဲမှာ ဒီအတိုင်း အရန်အမြောက်စာ ဇာတ်ကောင်လေးပဲ။ သူမရောက်လာတာက မူလခန္ဓာကိုယ်ပိုင်ရှင်လို သဘာဝလွန်စွမ်းအားလုံးဝ မပိုင်ဆိုင်ထားတဲ့ အနေအထားမျိုးကို ပြောင်းလဲသွားစေမလား ဆိုတာတောင် အာမခံ ချက်မပေးနိုင်ဘူး။ သူမကသာ ထူးခြားတဲ့စွမ်းအား မရလာခဲ့ရင် လက်ရှိ အင်အားမျိုးနဲ့ အပြင်ထွက်ပြီး တိုက်ခိုက်တာက ဇွန်ဘီတွေကို စားစရာအလကား သွားပို့သလို ဖြစ်သွားလိမ့်မယ်။

သူမကသာ လုံလောက်အောင် ကံကောင်းပြီး သဘာဝလွန်စွမ်းအား နိုးထလာခဲ့ရင်တောင်မှ ဒီလိုထူးဆန်းပြီး မယုံနိုင်စရာ ကောင်းတဲ့ သဘာဝလွန်စွမ်းအား အမျိုးမျိုးအပြင် ဆင့်ကဲပြောင်းလဲလာတဲ့ အပင်တွေ တိရစ္ဆာန်တွေကတင် လုံလောက်တဲ့အင်အား မရှိဘဲ ရင်ဆိုင်ဖို့ခက်အုံးလိမ့်မယ်။

သူမက လေ့ကျင့်ချိန်အတောအတွင်း လုပ်ခဲ့သည့် ရူးကြောင်ကြောင်ကိစ္စများကို ပြန်တွေးမိသောအခါ ရှုရှင်းသည်လည်း တွင်းတစ်တွင်းကိုသာ ရှာကာ အတင်းဝင်တိုးချင်သွားသည်။

အာ…ရှက်စရာပဲ…

ရှုရှင်းကလည်း ယန်မော့က မည်သည့်အတွက်ကြောင့် သူမကို ပြန်လည်သုံးသပ်ခိုင်းကြောင်း နားလည်သွားသည်။ အကြောင်းပြချက်ကိုလည်း သိသည်။ ထို့ကြောင့် သူမသည်လည်း နံရံကို မျက်နှာမူ ရပ်နေရသည့် တစ်နာရီကိုလည်း ကောင်းကောင်း ရပ်နေလိုက်သည်။ အချိန်ပြီးသွားသည်နှင့် ယောက်ျားဖြစ်သူဆီသွားကာ တောင်းပန်ရပေမည်။

34 02

ကလစ်

သူမ၏ ချစ်ရသောယောက်ျားက ဧည့်ခန်းထဲတွင်လည်းမရှိ မည်သည့်နေရာတွင်မှ မရှိသောအခါ ယန်မော့၏အိပ်ခန်းတံခါးကိုသာ တွန်းဖွင့်လိုက်သည်။ အိပ်ခန်းထဲမှ အခြေအနေကို စစ်ဆေးရန် အလို့ငှာ ခေါင်းလေးကို ဆန့်ထုတ်လိုက်သည်။ ထိုအချိန်တွင် ယန်မော့က စားပွဲနောက်တွင် ထိုင်နေရင်း သူ၏ဇနီးလေး၏ လှုပ်ရှားမှု သေးသေးလေးများကိုလည်း သေချာမြင်သည်။ သူ၏မျက်လုံးထဲတွင်လည်း အပြုံးက ပေါ်လာသည်။ ရှုရှင်း၏ ခေါင်းလေးက ပြန်လှည့်ထွက်တော့မည့်အချိန်တွင် သူက ချက်ချင်းဆိုသလို အမူအရာကို တည်လိုက်ရင်း လက်ထဲမှ စာအုပ်ကို ဖတ်ချင်ဟန် ဆောင်လိုက်ကာ သူမလာလုပ်မည့် လှုပ်ရှားမှုလေးများကို စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ ယန်မော့ကို လှမ်းမြင်လိုက်သည်နှင့် ရှုရှင်းကလည်း အခန်းထဲသို့ ခပ်မြန်မြန် ဝင်လာပြီး အနောက်ဖက်မှ တံခါးကို ပိတ်သည်။ ယန်မော့က သူမကို ကြည့်လာသောအခါ ဖားယားသော အပြုံးမျိုးကို ကောက်ဆွဲလိုက်၏။ သူမက ဘာမှမ ဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ပြီး နံဘေးသို့ လျှောက်လာကာ သူ့ကို ဖက်သည်။

“ဟီးဟီး”

“ဘာလဲ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီးပြီလား”

“အင်း အင်းအင်း ငါ သုံးသပ်ပြီးပြီ။ တစ်နာရီလုံးလုံး တကယ်ကို နက်နက်ရှိုင်းရှိုင်း သုံးသပ်ပြီးတဲ့ နောက်မှာ ဒီအတောအတွင်းမှာ ငါ့ရဲ့စိတ်အခြေအနေက တော်တော်လေးကို ပေါ့လျော့နေခဲ့တယ်ဆိုတာကို ခံစားမိလိုက်တယ်။ ငါ သေချာပေါက် သူတို့ဆီကနေ သင်ယူပြီး တူညီတဲ့ အမှားကို ထပ်မလုပ်စေရဘူး”

ရှုရှင်း၏ လေသံက ရိုးသားလွန်းသဖြင့် သူမသည် ရင်ဘတ်ကိုပင် ပုတ်ပြီး ကတိပေးလုနီးပါး ဖြစ်သွားသည်။ ထိုကဲ့သို့သော ရှုရှင်းကို မြင်ရသည့်အခါ ယန်မော့ကလည်း ဟန်မဆောင်နိုင်တော့ပေ။ သူက သက်ပြင်းကိုချသည်။ သူ၏နှလုံးသား နောက်သို့သာ လိုက်ပြီး သူမလေးကို ပေါင်ပေါ်သို့ ဆွဲတင်ကာ ပွေ့ဖက်လိုက်ရသည်။

“ရှင်းပေါင် ကမ္ဘာအဆုံးသတ်ကာလရဲ့ ရက်စက်မှုကို မင်းသိရမယ်နော်.. ငါမင်းရဲ့ နံဘေးမှ တစ်ချိန်လုံးနေပြီး ကာကွယ်ပေးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားမှာ။ ဒါပေမဲ့လို့ ငါတို့ မတွေးထားတဲ့ အခြေအနေမျိုးတွေက ဖြစ်လာနိုင်သေးတယ်။ ကမ္ဘာအဆုံးသတ်ကာလက အရာအားလုံးက ဘာမှန်း သေချာသိနိုင်တာမှ မဟုတ်တာ။ အကြိမ်တစ်သောင်းမှာ တစ်ဆိုတဲ့ အခွင့်အရေးမျိုး ရှိနေခဲ့လို့ မတော်တဆ ငါတို့ လူစုကွဲသွားခဲ့ရင် မင်းကိုယ့်ကိုယ်ကိုယ် အကြွင်းမဲ့ ကာကွယ်နိုင်စွမ်းရည် ရှိနေပြီး ငါမင်းကို လာရှာနိုင်တဲ့အထိ တောင့်ထားနိုင်ဖို့ပဲ ငါ မျှော်လင့်တယ်”

******

All Chapters