← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

35 01

အပိုင်း (၃၅) ပုရှန်းဝမ် တစ်ယောက်တည်း နာကျင်ရသွားသောအခါ

“ငါမင်းကို ဆုံးရှုံးရမဲ့ဒဏ်ကို ငါတောင့်ခံနိုင်မှာ မဟုတ်ဘူး။ ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဆန္ဒတွေကြောင့် ငါမင်းကို သန်မာစေချင်တယ်။ ဒါပေမဲ့ မင်းရဲ့ကိုယ်ပိုင်ခံစားချက် မင်းရဲ့ ထင်မြင်ချက်ကိုတော့ မတောင်းခံခဲ့မိဘူး။ မင်းငါ့ကို အပြစ်တင်မှာလား။ မင်းရဲ့ နှလုံးသားထဲမှာ ငါ့ကို အငြိုးထားမှာလား။ မင်းငါ့ကို သဘောမကျတော့ဘဲ နေမှာလား”

ထိုအမျိုးသား၏အသံက နက်ရှိုင်းလာသည်။ သူက သူမနှင့် မျက်လုံးချင်းဆုံသောအခါ သူ၏အကြည့်တွင် နက်ရှိုင်းသော ချစ်ခြင်းများ ပါဝင်လေသည်။

ရှုရှင်း : ???

ယန်မော့က ဘယ်လိုများ အံ့အားသင့်စရာကောင်းတဲ့ စကားပြောနိုင်စွမ်းရည် ပိုင်ဆိုင်လာတာလဲ။

ဘာလို့ တစ်ခုခုမှားနေတယ်လို့ ခံစားမိတာလဲ။

ထိုအမျိုးသားက အဖြေကို မရသည့်အတွက် ပြာယာခတ်သွားသလို အမူအရာမျိုးကို မြင်ရသည့်အခါ ရှုရှင်းကလည်း များများစားစား မတွေးနိုင်တော့ပေ။ သူမက အထိတ်တလန့်နှင့်ထုတ်ပြောလာသည်။

“ဘယ်လိုဖြစ်လို့ ငါလဲ… ငါ ဘာလို့ နင့်ကို အပြစ်တင်ရမှာလဲ။ အင်အားပိုကြီးချင်တာက ငါ့ကိုယ်ပိုင်စိတ်ဆန္ဒ၊ငါ့ကိုယ်ပိုင် အကြံပဲ၊ ငါအမြဲ နင်တို့ရဲ့ နောက်မှာပဲ နေပြီး နင်တို့ တိုက်ခိုက်တာကိုပဲ နောက်ကပဲ မကြည့်ချင်ပါဘူး။ ငါလည်း ကူညီပေးနိုင်ချင်တယ်”

“မင်းငါ့ ကို သဘောမကျတော့ဘူးဆိုတဲ့အချက်ကို မင်းမငြင်းဘူး။ ရှင်းပေါင် မင်း…မင်းငါ့ကို စိတ်မဝင်စားတော့ဘူးလား။ ရပါတယ် ငါ့ကို ပြောပါ ငါ လက်ခံနိုင်ပါတယ်”

ယန်မော့ကရှုရှင်းကို အနီးကပ် စိုက်ကြည့်သည်။ သူမ၏မျက်နှာအမူအရာ လက်လျော့သွားမည်ကို ကြောက်နေ၏။

ရှုရှင်း၏မျက်နှာပေါ်မှ အမူအရာကို ရှင်းရှင်းလင်းလင်း မြင်ချင်နေသောကြောင့် ဖြစ်လောက်သည်။ ယန်မော့က အလွန်နီးကပ်အောင် ကပ်လာ၏။ ထိုအပြုအမူက ရှုရှင်းအတွက် မည်မျှပျက်ဆီးစေနိုင်သော အပြုအမူဖြစ်ကြောင်း သတိမထားမိချေ။

“ငါ….မဟုတ်ဘူး…ငါ…ငါ…ငါ နင့်ကို အရမ်းစိတ်ဝင်စားတယ်”

အခုတော့ အနီးကပ်အလှအပ တိုက်ခိုက်မှုကို ခံရသည့်အပြင် ထိုအမျိုးသား၏ ဆွဲဆောင်မှု ရှိသော အသံမျိုးနှင့် ပေါင်းစပ်လိုက်ပြီး‌ နောက်ဆုံးတွင် ရှုရှင်းကလည်း သူမက ပုံမှန်တွေးတောနိုင်စွမ်းရည်ပင် မရှိတော့သလို ခံစားလိုက်ရလေသည်။ ထို့ကြောင့် ထိုအမျိုးသား၏ စကားနောက်မှသာ လိုက်ပြောလိုက်မိ၏။ ထိုအမျိုးသား၏ မျက်ဝန်းထဲတွင် အနက်ရောင် အလင်းတစ်ချက် ဖြတ်ပြေးသွားကြောင်း သတိထားမိလိုက်သည်။

“အို ရှင်းပေါင်က ငါ့ကို စိတ်ဝင်စားတယ်။ ငါကလည်း တရားဝင် ယောကျ်ားဆိုမှတော့ ဇနီးလေး လိုအပ်တာကို ဖြည့်ဆည်းပေးသင့်တယ် ထင်တယ်။ ဒီနေ့ကစပြီး ငါ အပေါ်ထပ်ကို တက်ပြီး မင်းနဲ့အတူ နေတော့မယ်”

“ဟင် ရ…ရတယ်လေ”

ထိုသို့ ဖြေပြီးမှသာ ရှုရှင်း၏တွေးတောနိုင်စွမ်းရည်က နည်းနည်းပုံမှန်ပြန်ဖြစ်လာသည်။ သူမက ယန်မော့ကို တအံ့တဩကြည့်၏။ တစ်ဖက်သူက လှလှပပ ပြုံးနေသည်။ သူမက ပါးစပ်ကို လက်ဖြင့် အုပ်လိုက်တော့မှသာ တစ်ဖက်သူက တမင်တကာ လုပ်နေကြောင်းနားလည်သွားသည်။

ဒီနေ့ သူ့ရဲ့ လေသံနဲ့ စကားပြောပုံက ပြောင်းနေသော မအံ့ဩတော့ပါဘူး။ လက်စသတ်တော့ ဒီလို ရူးကြောင်ကြောင် ချစ်စရာကောင်းတဲ့ ယုန်ဖြူလေးလို ငါ့ကို ထောင်ချောက်ထဲ ဆွဲသွင်းနေတာကိုး …ထွီ…အကြံအစည်ကြီးတဲ့ ခွေးယောက်ျား။

35 02

သူတို့နှစ်ယောက်က ညဖက်တွင် တစ်ကုတင်တည်း အိပ်သောအခါ ရှုရှင်းက နံဘေးမှ သိသိသာသာပင် ပျော်ရွှင်နေပုံရသည့် အမျိုးသားကို တစ်ချက်ကြည့်လိုက်သေးသည်။ တစ်ဖက်သူ၏ နေ့စဉ်အသုံးအဆောင်ပစ္စည်းများကိုလည်း အိပ်ခန်းထဲသို့ ပြောင်းထည့်ထားပြီးသား ဖြစ်သည်။ သူမက ယန်မော့၏ ဝမ်းဗိုက်ကြွက်သားကို ကိုင်နေရင်း သဘောတကျ ဖြစ်စွာ သက်ပြင်းချသည်။

“အာ…”

သူမရဲ့ ခုခံမှုက အားနည်းတာ မဟုတ်ဘူး။ ရန်သူကကို ကောက်ကျစ်စင်းလဲတာ။ ဆိုတော့ နောက်ဆုတ်နိုင်စွမ်းရည်လည်း မရှိတော့ဘူးလေ… ဟီးဟီး ဒီဝမ်းဗိုက်ကြွက်သားက ကိုင်လို့ကောင်းတယ်။

ဆိုတော့ အောက်က ရေသူမ ကောက်ကြောင်းဆိုတာကလည်း အတူတူပဲများလား။

သူမက ခပ်မြန်မြန် တစ်ချက် ကြည့်လိုက်သည်။ နံဘေးမှ အမျိုးသားက ကုတင်းခေါင်းရင်းကို မှီပြီး စာအုပ်ကိုသာ ဖတ်နေကာ သူမ၏လှုပ်ရှားမှုကို သတိမထားမိသေးပေ။ ထို့ကြောင့် သူမ၏ လက်လေးက အောက်ဖက်သို့ တဖြည်းဖြည်းရွေ့သည်။ ပြစ်မှတ်နားနှင့် နီးသွားချိန်တွင် သူမ၏ ပျော်ရွှင်နေသော မျက်ဝန်းက ပို၍ တောက်ပလာသည်။ သူမက အောင်မြင်တော့မည့်အချိန်တွင်ပင် သူမ၏ မိစ္ဆာလက်လေးကို လက်ကြီးတစ်ဖက်က လာကိုင်သည်။

“ရှင်းပေါင် မင်းသာ ထပ်ထိနေမယ်ဆိုရင် ငါ ဒီမှာလာနေတဲ့ ပထမဦးဆုံး ညက တစ်ခုခု ဖြစ်သွားမှာကို ကြောက်တယ်နော်… ဒါမှမဟုတ်ရင် ရှင်းပေါင်ကများ အရိပ်အမြွက်ကို ပြနေတာများလား”

ယန်မော့၏အသံက ပုံမှန်ထက် နည်းနည်းဩရှနေသည့်တိုင်အောင် ထိုအမျိုးသား၏ ကောင်းမွန်လွန်းသော အသံအပေါ် မသက်ရောက်သွားခဲ့ချေ။ သို့သော် ဖော်ပြရန်ခက်ခဲသော ခံစားချက်မျိုးကို ထပ်ပေါင်းထည့်လိုက်သလို ဖြစ်သွားသည်။

ဆိုးသွမ်းသော အရာမျိုး လုပ်နေသည်အား လက်ပူးလက်ကြပ်မိသွားသေးကာ ရှုရှင်း၏ ခန္ဓာကိုယ်က တောင့်ခဲသွားပြီး တောက်ပစွာ ပြုံးသည်။

“မ..မဟုတ်ဘူး”

ယန်မော့က ရှုရှင်းကို အဓိပ္ပာယ်အပြည့်နှင့် ကြည့်သည်။ ထို့နောက် ထိန်းထားသော လက်ကို လွှတ်ပေးလိုက်ပြီး ပြုံး၍ ပြောသည်။

“မင်း နှာဗူးမလေး အတွေးတော့ရှိတယ် သတ္တိတော့ မရှိဘူး”

ရှုရှင်းက ထိုသို့အပြောခံရပြီးနောက် မျက်နှာက ရဲသွားသည်။ သူမက သူမကိုယ်ကို လှည့်ကာ ဖုန်းကိုသာ ကောက်ကိုင်လိုက်ပြီး လျှပ်စစ် သစ်သားငါးလေးကိုသာ တတောက်တောက်ခေါက်၍ စိတ်ထဲမှ အတွေးများကို ဖယ်ရှားနေတော့သည်။

သူမသည် စိတ်ထဲတွင်သာ တိတ်တဆိတ် ကြိမ်ဆိုလိုက်သည်။

“ဟင့် ငါ အသက်နှစ်ဆယ် ပြည့်ပြီးတာနဲ့ ဒီဆိုးသွမ်းတဲ့ လူဆိုးကောင်ကို အနှေးနဲ့အမြန် သင်ခန်းစာ ပေးရမယ်။ ဟမ့်… နောက်မှ မြင်ပဲမြင်ရတယ်။ စားလို့မရဘူးဆိုတဲ့ ခံစားချက်ကို မြည်းခိုင်းရမယ်။

ရှုရှင်းက တစ်ဖက်လှည့်သွားသောအခါ ယန်မော့၏မျက်လုံးက သူ၏ခန္ဓာကိုယ် အောက်ဖက်ဆီ ရောက်သွားပြီး သက်ပြင်းအသာ ချသည်။

အင်း..နောက်တစ်နှစ်လောက်တော့ စောင့်လိုက်ပါအုံး။

ရှုရှင်းက အရမ်းငယ်သေးတယ်။ ခန္ဓာကိုယ်က အပြည့်အဝ ဖွံ့ဖြိုးသေးတာ မဟုတ်ဘူး။ အရမ်းစောသွားခဲ့ရင် သူမရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်။ သူတို့ ဒီတစ်ဘဝလုံး အတူရှိနေမှာပဲ ဆိုတော့ တစ်ခဏလောက်တော့ အလျှင် မလိုပါဘူး။

ယန်မော့က နောက်တစ်နေ့မနက် အောက်ထပ်သို့ ဆင်းသွားသောအခါ သူ၏ ညီအစ်ကိုကောင်းနှစ်ယောက်က လာဝိုင်းသည်။ သူတို့၏ မျက်လုံးထဲတွင် ပြင်းထန်သော အတင်းအဖျင်း ပြောလိုစိတ်များက ပြည့်နှက်နေသည်။ ပုရှန်းဝမ်က ပို၍ပင်တည့်တိုးဆန်သေးသည်။ ယန်မော့ကိုပင် တစ်ပတ်ပတ်လျှောက်ကြည့်သည်။

“ကျွတ်ကျွတ် ကျွတ် ဘယ်လောက်တောင် ပျော်နေလဲ ကြည့်စမ်းပါအုံး…တကယ်ကို လက်ထပ်ပြီးသား အမျိုးသားဆိုတာ သေချာနေတာပဲ။ ဒီလို အထီးကျန်ပြီး အေးစက်တဲ့ ညမှာ ချီမိုင်နဲ့ ငါကတော့ တစ်ယောက်ကို တစ်ယောက်ပဲ မှီခိုပြီး နေရတယ်။ ဆိုးသွမ်းလိုက်တာ အရမ်းကို ဆိုးသွမ်းတာပဲ…. မော့ကော မင်း အောက်ထပ်မှာ ချန်ထားရစ်ခဲ့တဲ့ မင်းရဲ့ ပုယွီဟယ်လေးကို သတိရသေးရဲ့လား”

“မင်းက ဒီလောက်ထိ အင်အားရှိနေပြီး သရုပ်ဆောင်နိုင်သေးတယ် ဆိုမှတော့ ဒီနေ့ လေ့ကျင့်မှုကို တစ်ခုပိုတိုးလိုက်မယ်”

“အာ..မဟုတ်ဘူး နောက်ထပ် တစ်ခုဆို ငါသေတော့မယ်”

ပုရှန်းဝမ်က သူ၏လက်ကို ထွက်သွားသော ယန်မော့ဘက်သို့ ဝမ်းနည်းစွာ လှမ်းလိုက်သည်။ ယန်မော့က မီးဖိုခန်းထဲ ရောက်သွားပြီ ဖြစ်သည်။ မူချီမိုင်က သရုပ်ဆောင်ခန်းတစ်ခန်းကို ကြည့်ပြီးကာစ လက်ခုပ်တစ်ချက် တီးလိုက်ပြီး သူ၏ဘလက်ကော်ဖီကို ဖျော်ရန် ထွက်သွားသည်။

ထိုသို့ဖြင့် ပုရှန်းဝမ်တစ်ယောက်တည်းကသာ ဝမ်းနည်းရင်း ကျန်ရစ်ခဲ့ရသည်။

******

All Chapters