အခန်း ၃၆
Vol. 4 Ch. 36
36 01
အပိုင်း (၃၆) သေနတ်ပစ်သံ
နေ့စဉ်လေ့ကျင့်မှုများကလည်း ပီတိဖြာစေလောက်သည်။ သို့သော်လည်း ပျင်းစရာကောင်း၏။ အလွန်အမင်း စိတ်ဓာတ်မကျစေရန်အလို့ငှာ အချို့သော ရာသီစာများကို စားသောက်ခြင်းဖြင်း နည်းနည်းပေါ့ပေါ့ပါးပါး ဖြစ်အောင်လုပ်ရသည်။
ငယ်စဉ်ကတည်းက အထူးလေ့ကျင့်မှုကို ရရှိခဲ့သော ယန်မော့နှင့် နောက်ပိုင်းတွင် ပြင်းထန်သော လေ့ကျင့်မှုကို ကြုံတွေ့ခဲ့သော မူချီမိုင်တို့ကမူ လက်ရှိဘဝက ပျင်းစရာ ကောင်းသည်ဟု မခံစားရပါပေ။ သူတို့ ယခင်လေ့ကျင့်သည့် ဘဝနှင့်နှိုင်းယှဉ်လျှင် လက်ရှိဘဝက အတော်လေးကို သက်တောင့်သက်သာရှိသည့် သုခဘုံနှင့်ပင် တူသေးသည်။
သူတို့နှစ်ယောက်က ရှုရှင်းနှင့် ပုရှန်းဝမ်တို့အတွက် သင့်တော်သော စီစဉ်မှုမျိုးကို ချိန်ညှိပေးရန် လိုအပ်သည်။ အပတ်တိုင်းလိုလို တစ်ရက်ပိတ်ပေးသည်။
ထိုသို့ နားသည့်တစ်ရက်တိုင်းလိုလို ရှုရှင်းက အမျိုးမျိုးသော ဖျော်ဖြေမှုများကို လုပ်လေ့ရှိသည်။ ဒေါင်းလုတ်ဆွဲထားသော ရုပ်ရှင်နှင့် တီဗီစီးရီးများကိုလည်း လှန်လှောကာ ကြည့်တတ်၏။
တီဗီဂိမ်းကစားခြင်းဖြစ်စေ၊ အမျိုးမျိုးသော E-sport များဖြစ်စေ၊ ပါဆယ်ဂိမ်းများပင်ဖြစ်စေ ယန်မော့ကလည်း အမြဲတစေ ကူညီကာ ကစားပေးတတ်သည်။ ယန်မော့ကဲ့သို့သော အသင်းဖော်ကို ရထားကတည်းက ဂိမ်းကို နိုင်မည်မှာ ရှစ်ဆယ်ရာခိုင်နှုန်းအပြည့် သေချာသည်။ ကျန်သော နှစ်ဆယ်ရာခိုင်နှုန်းကမူ ယန်မော့က မရင်းနှီးသေးသည့် ပထမဦးဆုံးပွဲလောက်သာ ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင်သာ ယန်မော့ကို နိုင်နိုင်ချေ ရှိနိုင်လေသည်။
ထိုညနေတွင် သူတို့လေးယောက်က ဂိမ်းတစ်ပွဲပြီး၍ ညစာ အတူစားရန် ပြင်ဆင်နေကြသည်။ အနီးအနားတွင်လည်း အမျိုးမျိုးသော ရုပ်ရှင်များထဲမှ ကမ္ဘာကပ်ဘေးကို ရွေး၍ ပေါင်းဖွင့်ထားသော တီဗီကို မြင်ရသည်။
အစပိုင်းတွင်မူ ရှုရှင်းနှင့် ပုရှန်းဝမ်တို့က စားသောက်နေချိန်တွင် ထိုသို့သော သွေးသံရဲရဲ့ ရုပ်ရှင်များကို ကြည့်ရသည်အား သဘောမကျပေ။ သွေးသံရဲရဲမြင်ကွင်းများနှင့် သွေးကြောများ တောင့်တင်းကာ နောက်ခံလိုမျိုး သီချင်းမျိုးက သူတို့ကို စားသောက်ရန် ခက်ခဲစေသည်။ သို့သော် ယခုအခါ အေးအေးဆေးဆေးကျင့်သား ရလာပြီဖြစ်ပြီး ဇွန်ဘီ သရုပ်ဆောင်များ၏ ပြေးလွှားနေပုံကို ကြည့်ရုံနှင့်တင် စားသောက်နေနိုင်ပြီ ဖြစ်သည်။
ဆိုတော့ လူသားတွေရဲ့ လိုက်လျောညီထွေ နေနိုင်စွမ်းရည်က ကြောက်စရာ ကောင်းတယ်လို့ ပြောရမယ်။
“ဒိုင်း”
မနက်အစောပိုင်းတွင် တိတ်ဆိတ်နေသော ရပ်ကွက်တစ်ခုလုံးကို သေနတ်ပစ်သံက လှုံ့ဆော်ပစ်လိုက်သည်။
အိပ်ယာထဲတွင် လဲနေသော ယန်မော့နှင့် ရှုရှင်းတို့က ရုတ်တရပ် နိုးထလာကြပြီး မျက်လုံးပြူးသွားကြသည်။ ယန်မော့က ချက်ချင်းဆိုသလို တစ်ဖက်သို့လှန်ကာ ကုတင်ပေါ်မှ ထွက်သည်။ လိုက်ကာကို အနည်းငယ်ဟ၍ အပြင်ဘက်မှ အခြေအနေကို စောင့်ကြည့်သည်။
ရှုရှင်းကလည်း မျက်လုံးပြူးသွားသည်။ သို့သော် သူမ၏စိတ်က အိပ်မက်ထဲတွင်သာ ရှိနေသးပြီး သေချာမကြည်လင်သေးပေ။ ဒုတိယမြောက် ကြားလိုက်ရသည့် အမျိုးသမီးတစ်ယောက်၏ နာကျင်စွာ အော်ဟစ်သံများက ရှုရှင်း၏ နှလုံးသားကို ကြောက်လန့်သွားစေသောကြောင့်သာ စိတ်က အလွန်အမင်း ကြည်သွားလေသည်။ သူမက အိပ်ယာပေါ်မှ ချက်ချင်း ခုန်ထပြီးနောက် ယန်မော့ကို လိုက်ရှာသည်။
ယန်မော့က ပြတင်းပေါက်နား ရပ်နေကြောင်းမြင်သောအခါ အံ့အားသင့်မှုကြောင့် အသားကုန် အရှိန်နှုန်းမြန်ဆန်နေသည့် နှလုံးသားက တဖြည်းဖြည်း ပြန်ငြိမ်သည်။ ဦးနှောက်ကလည်း အလုပ်စလုပ်သည်။
“ဘာဖြစ်တာလဲ”
36 02
“အခြားနေရာက လူရမ်းကားတွေ ငါတို့ ရပ်ကွက်ထဲ ဝင်လာတာ လက်ထဲမှာ သေနတ်တွေပါတယ်။ အသံအရ ငါတို့အဆောက်အဦးနဲ့တော့ နည်းနည်းဝေးသေးတယ်။ ရပ်ကွက်ထဲမှာ လူဘယ်လောက်များများ ကျန်သေးလဲတော့ မသိဘူး။ ထတော့ အသင့်ပြင်ရအောင်… သူတို့ လာခဲ့ရင်တော့ အငိုက်ဖမ်းခံလို့ မဖြစ်ဘူး”
ယန်မော့က လိုက်ကာကို ပြန်ဆွဲလိုက်ပြီး အိပ်ယာထဲသို့ လျှောက်လာကာ ကိုယ်ကို ငုံ့ကိုင်း၍ ဇနီးလေး၏ နူးညံ့သော မျက်နှာသေးသေးလေးကို အသာနမ်းရှိုက်လိုက်သေးသည်။ ထို့နောက် အပြင်ဘက်မှ အခြေအနေအကြောင်းကို ပြောပြသည်။
ယန်မော့၏လှုပ်ရှားမှုအတိုင်းပင် ရှုရှင်းက ယန်မော့၏ဝမ်းဗိုက်ကြွက်သားထဲကို မျက်နှာကို အပ်လိုက်ပြီး အသာပွတ်သပ်ပြီးမှသာ စပြီး အဝတ်အစားလဲတော့သည်။
“ဟီးဟီး”
ယန်မော့က သူမကို အလိုလိုက်ပြီး ဘာမှ မလုပ်ရက်သည့်အခြေအနေမျိုးကို ထည့်သွင်းခြင်းအားဖြင့် သူတို့နှစ်ယောက် အတူနေသည့်အချိန်တိုင်းလိုလို ရှုရှင်းက ယန်မော့ကို အခွင့်ကောင်း ယူလေ့ရှိသည်။ ယန်မော့ကလည်း သူမကို အလိုလိုက်ရခြင်းကိုပင် ပျော်ရွှင်နေခြင်း ဖြစ်သောကြောင့် ရှုရှင်း၏ အပြုအမူများက ပို၍ လွန်ကဲလာသည်။
အထူးသဖြင့် အခွင့်ကောင်းယူတာမျိုး…
ရှုရှင်းနှင့် ယန်မော့တို့ အောက်ထပ်သို့ ဆင်းသောအခါ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သေချာပြင်ဆင်ပြီး ထွက်လာသည်နှင့် တိုးသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်သည်။ သူတို့ကလည်း နားလည်မှုအပြည့်နှင့် သိုလှောင်ခန်းထဲသို့ သွားလိုက်ကာ လက်နက်များကို ယူပြီးထွက်လာသည်။
သူတို့အဆောက်အဦးမှ လူတိုင်းနီးပါးက ထွက်သွားကြပြီ ဖြစ်သည်။ ဒီလောကအကြောင်းကို သိသောသူများက ပြောင်းလဲလာသည်။ သူတို့က အောက်ထပ်သို့ ဆင်းသွားသောအခါ ယခင်ကလောက် လျှို့ဝှက်နေစရာ မလိုအပ်တော့ချေ။ လူအများ၏ အာရုံကို ဆွဲဆောင်မိမည့် အခြေအနေကို ကြောက်နေရန်လည်း မလိုအပ်တော့ပါပေ။
မကြာခဏဆိုသလို သေနတ်ပစ်သတ်များကို ကြားနေရသေးသည်။ ဦးတည်ရာဘက်ကို ခန့်မှန်းမိသည်နှင့် ယန်မော့တို့၏ အဖွဲ့က ခပ်မြန်မြန်သွားသော်လည်း တိတ်ဆိတ်သည့်အရှိန်နှုန်းဖြင့် သေနတ်သံ ထွက်လာရာဘက်သို့ ဦးတည်လိုက်ကြသည်။
******