အခန်း ၃၈
Vol. 4 Ch. 38
38 01
အပိုင်း (၃၈) လွဲချော်မှု
ယဲ့ယွီအန်းက အပြေးလာသောအခါ မြေပြင်တွင် အလောင်းများ ပုံနေသော မြင်ကွင်းကိုသာ မြင်ရသည်။ နံဘေးရှိ အဆောက်အဦးထဲမှ ဖိနှိပ်ထားပုံရသော တရှုံ့ရှုံ့ငိုသံများကိုလည်း ကြားရသည်။
မည်သည့်အန္တရာယ်မှ မရှိကြောင်း အတည်ပြုပြီးသောအခါ ကွဲနေသော ပြတင်းပေါက်မှတဆင့် အဆောက်အဦးပေါ်သို့ ကုန်းတက်သည်။
ယဲ့ယွီအန်းက အဆောက်အဦးထဲသို့ ဝင်လာချိန်တွင် ရှုရှင်းကလည်း အဆောက်အဦး၏ အခြားတစ်ဖက်ခြမ်းရှိ လုံခြု့သော ကြိုးကဆင့် ခုန်ဆင်းသွားပြီ ဖြစ်သည်။ ထို့ကြောင့် ယဲ့ယွီအန်းနှင့် လုံးဝလွဲသွားသည်။ ရှုရှင်းနှင့် အမျိုးသားများက ထိုလူမိုက်တစ်အုပ်အား ခပ်အေးအေး ကိုင်တွယ်လိုက်သည်။ ထို့နောက် သူတို့၏လက်ထဲမှ သေနတ်များကိုလည်း လုသည်။ ကျည်ဆန်တစ်တောင့်ပင် မချန်ထားခဲ့ချေ။
ထိုအဖွဲ့ကလည်း ရဲစခန်းကို ဝင်လုခဲ့ခြင်း ဖြစ်လောက်သည်။ ကျည်ဆန်နှင့်သေနတ်များကလည်း သိပ်မများချေ။ သို့သော် ခြင်ကလည်း အသားဖြစ်သည်။ ထို့ကြောင့် မည်မျှသေးသေး စားရပေမည်။
လက်နက်ပူများကလည်း ပြန်အသစ်ထုတ်မည် မဟုတ်သော အရင်းအမြစ်မျိုး ဖြစ်နေ၏။ မည်မျှပင် ပုံထားစေကာမူ ဇွန်ဘီအရေအတွက် အမြောက်အများကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ဇွန်ဘီများကလည်း နဂိုမူလ ပုံစံအတိုင်း ထာဝရ နေလိမ့်မည် မဟုတ်ပေ။ သူတို့သည်လည်း ဆင့်ကဲပြောင်းလဲပေအုံးမည်။ ပို၍ရိုးရိုးသားသား ပြောရသော် ဇွန်ဘီများသည်လည်း လူသားများနည်းတူ သဘာဝလွန်စွမ်းအားများကို ပိုင်ဆိုင်ထားမည် ဖြစ်သည်။ တချို့သော ပြင်ပ ကဏ္ဍရပ်မျိုးနှင့် မျိုးရိုးဗီဇမျိုးဖြင့် လျှင်မြန်စွာ ဆင့်ကဲပြောင်းလဲလာပြီးနောက်တွင် ရှင်သန်နေထိုင်မှု ဝန်းကျင်ကိုလည်း ကျင့်သားရရန် အလို့ငှာ ပစ္စည်းများကို အားကိုးရပေမည်။
ကောင်းမွန်သော ခန္ဓာကိုယ် ကြံ့ခိုင်မှု ရှိသော လူအနည်းစုကသာ ရုတ်တရပ် မျိုးရိုးဗီဇ အပြောင်းအလဲဒဏ်ကို တောင့်ခံနိုင်ကြသည်။ ထိုကဲ့သို့သော သူမျိုးကသာ အပူချိန်မြင့်မားသော ကာလမှ နာကျင်မှုနှင့်နှိပ်စက်မှု ဒဏ်ကို ကျော်ဖြတ်နိုင်ကြသည်။ တချို့ဆိုလျှင် အထူးသဘာဝလွန်စွမ်းအားများကို နိုးထ၍ စိတ်စွမ်းအားပညာရှင်များ ဖြစ်လာနိုင်ကြသည်။
သို့သော် ထိုထဲမှ လူတဝက်ကျော်ကျော်ကလည်း သာမာန်ခန္ဓာကိုယ် အနေအထားမျိုးသာ ပိုင်ဆိုင်ထားသည့် အလျောက် ရုတ်တရပ် အပြောင်းအလဲဒဏ်ကို တောင့်မခံနိုင်ကြဘဲ အပြောင်းအလဲ အတွင်းတွင်ပင် သေသွားတတ်ကြသည်။ လူများက သေသွားသည်။ သို့သော် ခန္ဓာကိုယ်မှ မျိုးရိုးဗီဇ ပြောင်းလဲမှုများက မသေသွားခဲ့ပေ။ ဆက်လက်ပြီး တက်ကြွနေခဲ့၏။ ထိုသို့ဖြင့် ထူးဆန်းသောဘက်သို့ ရောက်ကာ ဇွန်ဘီ ဖြစ်လာသည်။
ကျန်သော လူများအတွက်ကမူ သူတို့၏ ကံက ကောင်းသည်လည်း မဟုတ် ဆိုးသည်လည်း မဟုတ်သော အနေအထားမျိုးတွင် သူတို့သည် ရှားပါးလွန်းသော သဘာဝလွန်စွမ်းအားမျိုးများ မရပေ။ ထို့အပြင် ကံဆိုးပြီး ဇွန်ဘီလည်း မဖြစ်သွားခဲ့ချေ။ ထိုသို့ဖြင့် လူလည်းမဟုတ် သရဲလည်း မဟုတ်သော အနေအထားမျိုး ဖြစ်သည်။ သူတို့သည် သာမာန်လူသာ ဖြစ်နေကြလေသည်။ ထို့အပြင် သူတို့ဟာ မျိုးရိုးဗီဇ ပြောင်းလဲမှု၏ ထုတ်ကုန်အဖြစ်လည်း သတ်မှတ်၍ ရသည်။ မျိုးရိုးဗီဇများကို ဇွန်ဘီများ၏ ဦးနှောက်အတွင်းရှိ သလင်းအမြူအတေများကို မှီခိုကာ အဆင့်မြင့်တင်နိုင်သည်။ ဇွန်ဘီများကပင် ချွင်းချက် မရှိပေ။
လူ့အသွေးအသားများကို ဝါးမြိုစားသောက်ရသည် ဖြစ်စေ၊ သူတို့၏ မျိုးတူ ဇွန်ဘီများ၏ သလင်းအမြူအတေများကို ပြန်လည် စားသောက်၍ ဖြစ်စေ ဆင့်ကဲပြောင်းလဲနိုင်သည်။ ပို၍ပင် အင်အားကြီးလာအုံးပေမည်။ ဆင့်ကဲပြောင်းလဲမှုအဆင့်က မြင့်လာလေလေ ဇွန်ဘီ၏ ပုံသဏ္ဍာန်က လူသားများနှင့်တူညီလာလေလေ ဖြစ်သည်။ ထို့ကြောင့် အထူးစစ်ဆေးမှု နည်းလမ်းများသာ မရှိခဲ့ပါက သာမာန်မျက်စိဖြင့် ခွဲခြားရန် ခက်ခဲနိုင်သေး၏။
ဇွန်ဘီများ၏အဆင့်က မြင့်လာသည်နှင့်အမျှ ဇွန်ဘီများကို သတ်ရန် အသုံးပြုရသော ကျည်ဆန်များကလည်း များပြားလာမည် ဖြစ်သည်။ ထို့အပြင် ကျည်ဆန်ဆိုသော အရာများကလည်း ကုန်ဆုံးသွားနိုင်သေး၏။ သူတို့အနေဖြင့် အနာဂတ်တွင် ကိုယ်ပိုင်အင်အားစုကို တည်ထောင်ရန်အလို့ငှာ အရင်းအမြစ် အမြောက်အများ လိုအပ်ပေလိမ့်မည်။
အောက်ထပ်တွင် ပစ်ခတ်ခံရသော လူလေးယောက်ကလွဲပြီး ကျန်သော သူတိုင်းကို အနီးကပ် ရင်ဆိုင်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့သော အမှိုက်ကောင်များက လူများကို ဒုက္ခပေးရန် ကျည်ဆန်ကိုသာ သုံးသည်။ ဒါဟာ ကျည်ဆန်ကို အရှက်ခွဲရာ ရောက်သည်။
38 02
ဒီနေ့ ရပ်ကွက်ထဲသို့ ဖောက်ဝင်လာခဲ့သော ထိုလူအုပ်ကတဆင့် အပြင်ဘက်ကလည်း ဝရုန်းသုန်းကား ဖြစ်နေကြောင်းကို မြင်နိုင်သည်။
သူတို့ နေထိုင်သော နေရာက မြို့လည်ခေါင်နှင့် အလွန်ဝေးကွာသောနေရာဖြစ်သည်။ အခုလို ဂတ်စ်က အလွန်အဖိုးတန်နေသော ကာလမျိုးတွင် ထိုလူမိုက်အဖွဲ့က အလွန်ဝေးသော နေရာသို့ လာရောက်ကာ လုယက်သည်။ ဆိုလိုသည်မှာ ကျန်သော အခြားသော နေရာများကိုလည်း အခြားသော အင်အားစုများက သိမ်းယူပြီးလောက်လေပြီ။ ထို့နောက် သူတို့သည် ရွေးချယ်စရာ မရှိဘဲ ဒီနေရာသို့ လာရောက်ခဲ့ရခြင်း ဖြစ်လောက်သည်။
အပြင်ဘက်မှ အခြေအနေကမူ သူတို့အပေါ် မသက်ရောက်ပေ။ သူတို့ကလည်း အများကြီး ဂရုမစိုက်ပေ။ သူတို့သည်လည်း လိုက်ကာအနောက်ဖက်မှ ပျော်ရွှင်သော ဘဝတွင်သာ ဆက်လက်နေထိုင်နေမည် ဖြစ်သည်။ ကျန်သောမည်သည့်ကိစ္စကမှ အရေးမကြီးပါပေ။
အခြားတစ်ဖက်မှ ယဲ့ယွီအန်းကမူ ထိုကဲ့သို့ စိတ်အခြေအနေ မကောင်းနေချေ။ ထိုလူအဖွဲ့ကို မည်သူသတ်သွားကြောင်းကို သူမက မသိချေ။ ရှင်သန်သူများကို မေးသည့်အခါတွင်လည်း မမြင်လိုက်ဟု ဆိုသည်။ ထိုအခြေအနေကြောင်း ယဲ့ယွီအန်း၏ နှလုံးသားမှ အချက်ပေးခေါင်းလောင်းသံများက မြည်ဟီးလာသည်။
သူမသည်လည်း အောက်ထပ်တွင် အသတ်ခံရသော နေထိုင်သူများ၏ခန္ဓာကိုယ်များကို စစ်ဆေးကြည့်လိုက်သည်။ သေနတ်ဒဏ်ရာက အောက်ဖက်မှ အသတ်ခံရသော သေနတ်ဒဏ်ရာများနှင့် မတူညီပေ။ ထို့ကြောင့် တစ်ဖက်သူက ဒီအဖွဲ့ကို သတ်ပြီး လုယက်သွားခဲ့ခြင်း မဟုတ်နိုင်ပေ။
ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေက ရပ်ကွက်ထဲမှ တစ်စုံတစ်ယောက်က သေနတ်ရှိသည်။
မှင်သက်ဖွယ်ကောင်းသော စွမ်းရည်မျိုးလည်း ရှိနေခဲ့၏။ ထို့အပြင် ထိုအချိန်အတွင်းတွင်ပင် ဒီလူအုပ်ကို ရင်ဆိုင်ပြီး အသာလေး ထွက်ပြေးသွားခဲ့သေးသည်။
တစ်ဖက်သူက သူမ၏ရန်သူလား မိတ်ဆွေလား မသိရလေရာ သေချာပေါက် သတိကပ်ထားရတော့ပေမည်။
******