← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

40 01

အပိုင်း (၄၀) မူလဝတ္ထုရဲ့ အဓိက အမျိုးသား ဇာတ်လိုက် ပေါ်လာပြီ

ရေလွှမ်းမိုးခြင်း ရုတ်တရပ် အပူချိန်လျော့ကျခြင်းများက စည်ကားသော ပထမတန်းစား မြို့များ၏ယခင်က စည်ကား ကျော်ကြားမှုများအားလုံးကို အရောင်အသွေး ပျောက်ဆုံးသွားစေသည်။ ဘေးဘီကို ကြည့်လိုက်သော် တစ်လောကလုံးက ရေခဲနှင့် နှင်းကြောင့် ခဲနေသည်နှင့်တူပြီး အေးစက်ကာ လူသားဆန်မှု ပျောက်နေသည်။

ကောင်းကင်က သုန်မှုန်လွန်းသဖြင့် ပြိုလဲကျလုနီးပါးဖြစ်လာသည်။ လူအများက အလွန်အမင်းပင် သည်းမခံနိုင်လောက်အောင် ခံစားရစေသည်။

မြေပြင်က ရေခဲများ ဖွေးနေသည်။ ရေခဲပြင်တွင်ပင် သွားလာနိုင်သော ကားများကပင် ဝေးဝေးသို့ မြန်မြန်ဆန်ဆန် မသွားနိုင်ချေ။ ကားမောင်းသူကလည်း သတိထားရသည်။ သတိမထားမိလျှင် ဘီးချော်သွားနိုင်သည်။

“လမ်းက သွားဖို့ ခက်တယ်။ ဒီနေ့ရက်တွေ ဘယ်တော့ကျမှ အဆုံးသတ်မှာလဲ မသိဘူး”

ယာဉ်မောင်းသူ ဘေးခုံတွင် ထိုင်နေသော လန်ကျင်းမင်က သက်ပြင်းချရင်းပြောသည်။

“ဟုတ်တယ် ဒီလိုကပ်ဘေးကြီးကို ငါတို့က ဒုက္ခခံနေရတယ်။ နောက်ပြီး မိုးသည်းတာက သုံးလကြာတယ်။ အဲဒီနောက် အပူချိန်က ရုတ်တရပ်ကြီး ထိုးကျသွားပြီး တော်တော်လေးကို အေးနေပြန်ပြီ။ ဒါတွေကို ဘယ်တော့မှ ပုံမှန်ဖြစ်မှာလဲ။ သဘာဝ ကပ်ဘေးက နှစ်ဝက်တောင် ကြာနေပြီနော် နောက်ပြီး တော်တော်လေးကို အချိန်ကုန်နေခဲ့သလိုလည်း ခံစားနေရတယ်။ ငါ အရင်နေ့ရက်တွေကို လွှမ်းလိုက်တာ သဘာဝ ကပ်ဘေးကြီး မြန်မြန် အဆုံးသတ်ဖို့ မျှော်လင့်တယ်”

အနောက်ဖက်တွင် ထိုင်နေသော ခယ့်ဖေးကွမ်းကလည်း ဝင်ပြောသည်။ အခြားသော သူများက ဘာကိုမှ မပြောကြဘဲ ခေါင်းကိုအသာညိတ်ကြသည်။

ထိုနှစ်ယောက်၏ ပြောစကားကိုလည်း ထောက်ခံကြသည်။ ရုတ်တရပ် နောက်ခုံ အလယ်တွင် ထိုင်နေသော သူက မေးသည်။

“တကယ်လို့ အဆုံးမသတ်ခဲ့ရင်ရော ဘယ်လို ဖြစ်မလဲ”

အခြားသော လေးယောက်က ကြောင်သွားသည်။ ကားမောင်းနေပြီး ခေါင်းလှည့်မကြည့်သော ကျန်းဟုန်ကလွဲပြီး အခြားသော သူတိုင်းက သူ့ကို လှည့်ကြည့်ကြသည်။

ထိုအမျိုးသားက အလယ်တွင် မျက်လုံးမှိတ်၍ လဲနေခြင်း ဖြစ်သည်။ အားလုံး၏အကြည့်ကို ခံစားမိသည့်အလျောက် မျက်လုံးကို တဖြည်းဖြည်းဖွင့်လာ၏။ အပြင်ရေခဲမျက်နှာပြင်ပေါ်မှ အလင်းရောင်က သူ၏ မျက်လုံးကို လာဟပ်သည်နှင့် တူသည်။ သူဟာ မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ အနက်ရောင် မျက်ဝန်းတစ်စုံက နက်ရှိုင်းကာ ရေတွင်းကြီးကဲ့သို့ တည်ငြိမ်ပြန်သည်။ သို့သော် လူအများကို ခြောက်ခြားသွားလောက်အောင်လည်း ကြောက်စရာကောင်းသည်။

ခယ့်ဖေးကွမ်းက မနေနိုင်ဘဲ မေးသည်။

“ခေါင်းဆောင် မင်းဘာကို ဆိုလိုတာလဲ အတွင်းသတင်းများ ရထားလို့လား”

“ဟုတ်တယ်”

ရှောင်းလုံက သူ၏ နာကျင်နေသော နဖူးကို အသာ ပွတ်လိုက်ပြီး ယခုလေးတင် ရလာကာစသတင်းကို ပြောပြလိုက်သည်။ အထက်က ရထားတဲ့ သတင်းအတိုင်းဆိုရင် ငါတို့က ကမ္ဘာကပ်ဘေးခေတ်ထဲကို ဝင်ရောက်တော့မယ်ဆိုတဲ့ ကောလဟာလတွေ ရှိနေတယ်။ သဘာဝ ကပ်ဘေးတွေ ဆိုတာက ကမ္ဘာကပ်ဘေးရဲ့ အစဦး လက္ခဏာတွေပေါ့”

“လူတွေရဲ့ အဓိက အဖွဲ့ဝင်တွေက ဒီကိစ္စအကြောင်းကို ဆွေးနွေးနေပြီး ရန်ဖြစ်နေကြပြီ နှစ်ဖက်ကွဲသွားတယ်။ အဓိကအားဖြင့်တော့ နှစ်ဖက်ပေါ့… ယုံကြည်တဲ့ ဘက်ကတော့လူတွေကို မစွန့်ပစ်ပဲ မြန်မြန် ကယ်ဆယ်သင့်ကြောင်း ပြောနေတယ်။ အခြားတစ်ဖက်ကတော့ တည်ရှိပြီးသား အရင်းအမြစ်တွေကို စုစည်းထားပြီး အနာဂတ်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စုဆောင်းသင့်တယ်လို့ ပြောတယ်”

40 02

ရှောင်းလုံက လေးနက် တည်ကြည်သော မျက်နှာထားမျိုးနှင့် ခပ်မတ်မတ် ထထိုင်သည်။ လူလေးယောက်လုံးကလည်း ရှောင်းလုံ၏ စကားကြောင်း တိတ်သွားကြသည်။ ကားကြီး တစ်စီးလုံးက သိပ်သည်း လေးလံသော လေထု အခြေအနေမျိုးဖြင့် လေးလံသွား၏။

ထူးချွန်သော စစ်သည်ထောင်ကျော်ထဲမှ ထင်းထွက်ပြီး အထူးလှုပ်ရှားသည့် အသင်းဝင်များ ဖြစ်လာရန်အလို့ငှာ စွမ်းရည်ကသာ အကောင်းဆုံး ဖြစ်နေရမည် မဟုတ်ဘဲ ဉာဏ်အကောင်းဆုံးလည်း ဖြစ်ရန် လိုအပ်သည်။ အခြေအနေကိုလည်း ဂရုတစိုက် အကြည့်နိုင်ဆုံး အခြားသော သူများထက် အတွေးအနက်ဆုံး လူများ ဖြစ်လေသည်။

သူတို့သည်လည်း ဒီနှစ်၏ သဘာဝ ကပ်ဘေး ပုံမှန် မဟုတ်မှုများကို သတိမထားမိခြင်း မဟုတ်ပေ။ သို့သော် မျော်လင့်ချက်ရေးရေးကို ဖမ်းဆုပ်ထားသည်။ သို့မဟုတ် လောကကြီးက အမှန်တကယ် ပြောင်းလဲသွားသည့်အချက်ကို ဝန်မခံရဲခြင်း မယုံကြည်လိုရဲခြင်းမျိုးကြောင့် ဖြစ်လောက်သည်။

ရှောင်းလုံ၏စကားလုံးများက သူတို့၏ စိတ်ကူးယဉ်အိပ်မက်တိုင်းကို ဖျက်ဆီးပစ်လိုက်သည်နှင့် တူသည်။ သို့သော် လက်ခံရလည်း မခက်ခဲပါပေ။ မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်အတွက် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဒီအတိုင်း အချိန်အတိုင်းအတာ တစ်ခုအတွင်း စိတ်ကို မပြောင်းလဲနိုင်ရုံသာ ဖြစ်သည်။

တိတ်ဆိတ်မှုက နောက်ဆုံးတွင် ပြိုကွဲသွားသည်။

ဘမ်း ဘမ်း ဘမ်း

ကားက လေးလံသော ပစ္စည်းများနှင့်တိုက်မိသံက ဆက်တိုက်ထွက်လာသည်။ လျိုဖွဲ့က အရှေ့ဘက်သို့ ကြည့်သည်။

ရှောင်းလုံတို့က ခရီးထွက်လာနေချိန်တွင် ယန်မော့တို့အဖွဲ့က လက်နက်တိုက်သို့ အရင်ရောက်သည်။

“ကျွတ် ကျွတ်ကျွတ် ဒီနေရာက တော်တော်လေးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားတာပဲ။ အပြင်ဘက် နံရံတွေက တအားမြင့်တယ်။ နောက်ပြီး အပေါ်ဘက်မှာတောင် လျှပ်စစ် ခြံစည်းရိုးတွေ ဝါယာကြိုးတွေ ရှိနေသေးတယ်။ ဒီမှာ လျှပ်စီး မရှိဘဲ ဘယ်သူကမှ စောင့်ကြပ်နေတာမျိုးကြောင့်သာ မဟုတ်ရင် ဘယ်သူကလာပြီး ပြဿနာရှာရဲမှာလဲ။ သေချင်နေလို့လား”

ပုရှန်းဝမ်က လက်နက်တိုက်ကို ကြည့်ပြီး သက်ပြင်းချသည်။

“မေးခွန်းက ဘယ်လို ဝင်မှာလဲ”

ရှုရှင်းက ယန်မော့၏အနောက်မှ လှမ်းမေးသည်။

ယန်မော့က လက်ကို ထုတ်လိုက်ပြီး နံရံကို ထိကြည့်သည်။ ထို့နောက် ဘေးဘီကို ကြည့်လိုက်သောအခါ သင့်တော်သော နေရာကို ရှာတွေ့သွားသည်။ သူဟာ အိပ်ထဲမှ ဖောက်ခွဲရေး ပစ္စည်းများကို ထုတ်လိုက်သည်။

“ဖောက်ခွဲလိုက်”

“ဘယ်လောက်တောင် ရိုးရှင်းပြီး အကြမ်းထည်ဆန်တဲ့ နည်းလမ်းလဲ။ ဒါပေမဲ့ ရိုးရှင်းတယ်လေ”

ရှုရှင်းက နှေးကွေးစွာ တုံ့ပြန်သည်။ သူမသည်လည်း အမြဲတစေ အရင်းအမြစ် အပြည့်ရှိသော သူမ၏ချစ်သူကောင်လေးက ရုတ်တရပ် ရိုးရှင်းပြီး ကြမ်းတမ်းသော နည်းလမ်းကို သုံးမည်ဟုမ ထင်ထားမိပေ။

“အင်း မြို့တော် A ရဲ့ အပေါ်က လူတွေကို လက်နက်တိုက်ကို ယာယီအားဖြင့် မေ့နေတာ။ ဘာပဲဖြစ်ဖြစ် သူတို့ကလည်း အရူးတွေ မဟုတ်ဘူး။ တစ်စုံတစ်ယောက်ကသာ လက်နက်တိုက်ရဲ့အရေးပါပုံကို သိသွားမှာ သူတို့မသိသွားသေးခင် အရင်ဝင်ရအောင်”

ရှုရှင်းကလည်း မတုံးအချေ။ သူမကလည်း လှည့်ကွက်ကို ချက်ချင်းနားလည်သွားသည်။

40 03

လက်နက်တိုက်က မြို့ပြနေရာနှင့် အလွန်ဝေးသည်။ တစ်ဆယ်ကီလိုမီတာခန့် ဝန်းကျင်တွင်လည်းမည်သူကမှ မနေထိုင်ပေ။ ထို့ကြောင့် ဖောက်ခွဲမှုများကလည်း နံရံကို တုန်ခါစေခြင်းပင် မရှိဘဲလုံးဝ ပေါက်ကွဲသွားစေရန် လုံလောက်နေပြီးသားဖြစ်သည်။

အတွင်းပိုင်းကမူ သေချာပေါက် အကောင်းအတိုင်း ကျန်ရစ်ပေလိမ့်မည်။ ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော လက္ခဏာများပင် ရှိမနေသောကြောင့် လက်နက်တိုက် တံခါးအတွင်းဘက်က သေချာပေါက်ကို ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ အတွင်းတွင်လည်း လက်နက်များ ဖောက်ခွဲရေး ပစ္စည်းများက ရှိနေသေးသောကြောင့် မီးကို အသုံးပြုသောအခါတွင် သတိထားရပေမည် ဖောက်ခွဲရေး ပစ္စည်းများဆိုလျှင် ပို၍ပင် ဆိုးသေးသည်။

ယန်မော့က ရှုရှင်းကို တစ်ချက် ကြည့်သည်။ ရှုရှင်းကလည်း နားလည်သွားပြီး ယန်မော့က ယခင်ညက ပြင်ဆင်ထားသော ပစ္စည်းများက ထုတ်လိုက်သည်။

မြေပြင်မှ ပစ္စည်းများကို ကုန်းယူလိုက်ချိန်တွင် ယန်မော့နှင့် မူချီမိုင်တို့ကလည်း တံခါးတစ်ဖက်သို့သွားကာ အလုပ်လုပ်နေကြပြီ ဖြစ်သည်။ လက်နက်တိုက်၏ တံခါးတွင်လည်း အပေါက်တစ်ပေါက်က ပေါ်လာ၏။ ပုံမှန်အားဖြင့် ထိုတံခါးက ဘဏ်မှ လုံခြုံရေး တံခါးနည်းတူ ခိုင်မာခြင်း ဖြစ်သည်။ လူတစ်ယောက်သာလျှင် အဝင်အထွက်လုပ်နိုင်သည်။

ရှုရှင်းနှင့် ပုရှန်းဝမ်တို့ကလည်း သူတို့၏ လုပ်ဆာင်မှုကြောင့် အံ့ဩသွားသည်။

“ဘာရပ်လုပ်နေတာလဲ ဝင်လာလေ”

မူချီမိုင်က နောက်မှ နှစ်ယောက်ကို လှမ်းခေါ်သည်။ ထိုသို့ဖြင့် ယန်မော့၏နောက်မှ အပြေးလိုက်ဝင်သွားသည်။

“ဝိုး”

“ဝိုး”

ရှုရှင်းနှင့် ပုရှန်းဝမ်တို့က အနောက်မှ ခပ်မြန်မြန် လိုက်သည်။ အတွင်းသို့ ရောက်သွားသည်နှင့် တအံ့တဩအသံ ထွက်သွားသည်။ အကြောင်းမူကား အမျိုးမျိုးသော လက်နက်များကို အစီအစဉ်တကျ နေရာချထား၍ ဖြစ်သည်။ မြို့တော်A ၏ အကြီးမားဆုံးသော လက်နက်တိုက်ကြီး ဖြစ်ထိုက်သည်ဟု ပြောရပေမည်။ အတွင်းဘက် နေရာကလည်း ဘက်စကတ်ဘေးကွင်းငါးကွင်း ခြောက်ကွင်းစာလောက်ပင် ကျယ်ကာ ငါးမီတာခန့်မြင့်သည်။ ထိုနေရာတွင် သေနတ်သေတ္တာများ၊ ကျည်ဆံ သေတ္တာများ၊ ဖောက်ခွဲရေး ပစ္စည်းများကို အထပ်လိုက် ထားထားသည်။ ဖွံ့ဖြိုးပြီးကာစလက်နက် အသစ်များပင် ရှိသေးသည်။

သူတို့ကလည်း လက်နက်များ၏အရေအတွက်ကို အကြမ်းဖျင်း ရေတွက်ကြည့်လိုက်ကာ ဒီတစ်ခေါက်၏ အကျိုးအမြတ်ကို ကောင်းကောင်း နားလည်လိုက်သည်။ ယန်မော့နှင့်ရှုရှင်းတို့က ထိုနေရာကို ပတ်ပတ်လည်ပြီး ပစ္စည်းများကို ယူကြသည်။

ထိုနေရာတွင် ဆယ့်ငါးမိနစ်ပင် မကြာသေးခင် အတွင်းမှ လက်နက်များအားလုံးက ရှုရှင်း၏ နေရာလပ် နယ်မြေထဲသို့ ရောက်သွားသည်။ သူတို့ လေးယောက်က အပြင်သို့ ထွက်လာပြီးနောက် သိပ်မဝေးသော တစ်နေရာမှ ကားသံကို ကြားရသည်။

သူတို့လေးယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ခပ်မြန်မြန် ဝင်ပုန်းကြသည်။

ထိုနေရာက စိမ်းလန်းသော အပင်များဖြင့် အုံ့ဆိုင်းနေသည်။ ရာသီဥတုက ဆိုးဆိုးရွားရွား ထိုးကျသွားသောကြောင့် ရေခဲက အုပ်နေသလို ဖြစ်နေသည်။ ထို့ကြောင့် ရေခဲအကာရှိနေသည်။ ရှုရှင်းတို့က ရေခဲ အကာအနောက်ဖက်တွင် ပုန်းနေလိုက်သောအခါ လုံးဝ ကွယ်သွားသည်။

ထိုကားထဲမှလူများကလည်း သိသာစွာပင် လက်နက်တိုက်သို့ ရောက်လာခြင်း ဖြစ်သည်။ သူတို့ကသာ တိုက်ရိုက်ထွက်သွားခဲ့မည် ဆိုလျှင် သေချာပေါက် ထိပ်တိုက်တိုးပေလိမ့်မည်။ လက်နက်တိုက်က ဗလာကျင်းနေခဲ့သော် သူတို့က ဒီနေရာကို ရောက်ရှိနေခဲ့သည့်အချိန်နှင့် တွေးပြီး သံသယဝင်သွားပေလိမ့်မည်။

စစ်တပ်သုံးထိုကားက တဖြည်းဖြည်းရပ်တန့်သွားပြီးနောက် လူငါးယောက်က ထွက်လာသည်။ သူတို့ကလည်း ပြင်းပြင်းထန်ထန်ပင် ဖောက်ခွဲထားပုံရသည့် အပြင်ဘက် နံရံကို မြင်ပြီး မျက်နှာပျက်သွားကြသည်။

“ခေါင်းဆောင် နံရံက ဖောက်ခွဲခံထားရတယ်။ ကြည့်ရတာ တစ်ယောက်ယောက်က ငါတို့ထက် မြန်သွားတာပဲ အရင်ရောက်သွားပြီ”

လီဟုန်ရှန်းက မျက်မှောင်ကြုတ်ရင်း ပြောသည်။

ရှောင်းလုံက ဘာကိုမှ မပြောချေ။ သူဟာ ဖောက်ခွဲထားသော နံရံနားသို့ ဂရုတစိုက် စစ်ဆေးကြည့်ပြီးနောက် အနှစ်ချုပ် ပြောပြသည်။

“ဒီနေ့မှ လုပ်သွားတာ”

******

All Chapters