← Chapters

အခန်း(၁၂၉)

Vol. 6-10 Ch. 129

အခန်း(၁၂၉)

Vol. 6-10 Ch. 129

အခန်း (၁၂၉)

ထူးခြားဆန်းပြားသော ဝိညာဉ်မြူခိုးက မြူခိုးဟင်းလင်းပြင်ကို တစ်နှစ်ပတ်လုံး ဖုံးလွှမ်းထားသည့်အတွက် အင်မတန် ဆန်းကြယ်လှသည်။

ထိုဟင်းလင်းပြင်မှာ အလျားလိုက်အရ ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားပြီး ထူးခြားသော အတွင်းအားတစ်မျိုး၏ လွှမ်းခြုံခြင်းကို ခံထားရသည်။ တစ်စုံတစ်ယောက်သာ မြူခိုးဟင်းလင်းပြင်၏ အနီးသို့သွားပါက စိတ်စွမ်းအင်အားလုံးကို ထိန်းချုပ်ခံလိုက်ရပြီး ဓားပျံစီးနင်းပျံသန်းမှုကိုလည်း ထိခိုက်စေနိုင်သည်။

တစ်နေ့အတွင်း ဓားပျံစီးနင်းပျံသန်းမှုဖြင့် ကီလိုမီတာ ထောင်ပေါင်းများစွာကို ခရီးသွားနိုင်သော ကျင့်ကြံသူများလည်း ထိုနယ်မြေပေါ်သို့ ရောက်သည့်အခါ ဘာမှမတတ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ရသည်။

နှစ်နှစ်ဆယ်နေမှ တစ်ခါဖြစ်ပေါ်တတ်သော မြူခိုး အတက်အကျ အချိန်ကာလ ရောက်ရှိနေပြီဖြစ်သောကြောင့် ကျင့်ကြံသူများလည်း မြူခိုးဟင်းလင်းပြင်တွင် စုရုံးနေကြသည်။

ရှန်ထျန်းတို့ မြူခိုးဟင်းလင်းပြင်သို့ ရောက်သွားသည့်အခါ စည်ကားသော မြို့လေးတစ်မြို့ကို တွေ့လိုက်ရသည်။

ဟုတ်တယ်… ကျင့်ကြံသူတွေအတွက် မြို့လေးတစ်မြို့ တည်ဆောက်ဖို့ဆိုတာ အရမ်းကို လွယ်ကူတယ်လေ။ ရေ၊ သစ်သားနဲ့ မြေ ဓမ္မဂါထာအနည်းငယ်ကိုပဲ လိုအပ်တာပါ

ဓမ္မကျင့်စဉ်များ အသုံးပြုကာ လေးခန်း အခန်းတွဲကို ဖန်တီးနေသည့် ကျင့်ကြံသူအချို့ကိုလည်း ရှန်ထျန်း မျက်စိနှင့်တပ်အပ် တွေ့ခဲ့သေးသည်။

မြူခိုးအတက်အကျ အချိန်ကာလတွင် ဝိညာဉ်မြူခိုးများက နေ့ဘက်တွင် အဘက်ဘက်သို့ ပျံ့နှံ့သွားတတ်ပြီး ညဘက်မှ ပြန်ရောက်လာလေ့ ရှိသည်။ ထို့ကြောင့် ဤမြို့ကို နေ့ဘက်တွင်သာ မြင်နိုင်သည်။

မနက်ဝေလီဝေလင်းအချိန် မြူခိုးမြို့ငယ်လေးပေါ် နေရာင်ခြည်ကျရောက်သည်နှင့် တစ်ပြိုင်နက် ဈေးသည်များနှင့် ကျင့်ကြံသူများက သူတို့ရောင်းချမည့် ပစ္စည်းများကို ထုတ်ပိုးကာ ရောင်းချဖို့ အဆင့်သင့်ဖြစ်နေလေပြီ။

“ လာကြ လာကြ ဒီအခွင့်အရေးကို လုံးဝ လက်လွတ်မခံနဲ့နော်။ ပြန်လည်ကုသနိုင်စွမ်းကောင်းစေတဲ့ အကောင်းဆုံးဆေးနော်… ။ သေတဲ့သူကို ပြန်ရှင်လာအောင် လုပ်နိုင်ပြီး ယင်ဓာတ်ကို အားဖြည့်ပေးပြီး ယန်ဓာတ်ကို သန်မာလာစေတယ်”

“ မြူခိုးဟင်းလင်းပြင်ထဲက မြူခိုးဆေးဖက်ဝင်အပင်တွေနော်။ ထိပ်သီး ဒုတိယအဆင့် ဝိညာဉ်ဆေးပင်က အခု တစ်ခုဝယ် တစ်ခုလက်ဆောင် လျှော့ဈေး ရှိနေပါပြီနော်”

“ မြူခိုးဟင်းလင်းပြင်ရဲ့ ထူးခြားတဲ့ ကာမဝိညာဉ် ဂန္ဓမာ တွေရှိတယ်နော်။ ဝယ်ပြီးရင် အရည်ကျိတ်လိုက်ပါ။ အဲဒါက မင်းတို့ တာအိုလက်တွဲဖော်နဲ့ အချိန်ကို ကြာစေပြီးတော့ အချိန်ကောင်းလေးတွေကို ကုန်ဆုံးနိုင်အောင် ကူညီပေးပါလိမ့်မယ် ”

“ လူငယ်လေး ဒီ အံ့ဖွယ်ရစ်ပတ် နွယ်ပင်ကို လိုချင်လို့လား။ ငါ့မှာ အံ့ဖွယ်ရစ်ပတ် နွယ်ပင်ရဲ့ အစေ့ရှိတယ်။ မင်းနဲငါက ကံစပ်တဲ့ပုံပေါ်လို့ မင်းကို ၂၀ရာခိုင်နှုန်း လျှော့ဈေးပေးလိုက်မယ်လေ ဘယ်လိုလဲ”

ရှန်ထျန်းတို့ မြူခိုးမြို့ငယ်လေးထဲသို့ ဝင်ရောက်လာသည့်အခါ လူအများ၏ အာရုံကို ဆွဲဆောင်သွားသည်။ ကျန်းယွင်ရှီးနှင့် ရှန်ထျန်း၏ ပုံပန်းသွင်ပြင်ကြောင့် သူတို့ ဘယ်နေရာရောက်ရောက် လူအများ၏ အာရုံစိုက်ခြင်းကို ခံရလေ့ ရှိသည်။

သို့သော် ကျန်းယွင်ရှီးက သူမ၏ ရက်စက်ပြင်းထန်သော ကျားဖြူအရှိန်အဝါကို လွှတ်ထုတ်လိုက်ပြီးနောက် စုရုံးနေသည့်သူများလည်း ကြောက်ရွံ့စွာဖြင့် ထွက်သွားကြသည်။

ကျောက်ဟောင်က သူတို့ကို ဖျောင်းဖျဖို့ ကြိုးစားနေသည်

“ ညီအစ်ကိုရှန် တကယ်ပဲ မြူခိုးဟင်းလင်းပြင်ထဲကို ဝင်သွားတော့မလို့လား။ အဲဒီထဲမှာ အရမ်းထူးဆန်ပြီး မူမမှန်ဘူးလို့ ကြားထားတယ်”

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ အော်… ညီအစ်ကိုကျောက်က မြူခိုးဟင်းလင်းပြင်နဲ့ ပတ်သက်ပြီး သိထားတာတွေ ရှိတာလား”

ကျောက်ဟောင်က ခေါင်းညိတ်ပြလိုက်သည်

“ ကျုပ်ရဲ့ သူငယ်ချင်းတစ်ယောက်က မြူခိုးဟင်းလင်းပြင်ထဲကို မတော်တဆ ရောက်သွားပြီး အဲဒီထဲမှာ မိန်းမလှလေး တစ်ယောက်ကို တွေ့ခဲ့တာလေ။

အဲဒီမိန်းမလှလေးက ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဂါထာကို အသုံးပြုပြီးတော့ ကျုပ်ရဲ့ သူငယ်ချင်းကို ဖြားယောင်းခဲ့တာ။ ဖြားယောင်းမှုမှာ ကျရှုံးတော့မလို ဖြစ်နေပေမဲ့ သူငယ်ချင်းက မြန်မြန်နောက်လှည့်ပြီး ထွက်သွားဖို့ ပြင်လိုက်တယ်။ ဒါပေမဲ့ သူ ထွက်သွားမလို့လုပ်တုန်း မိန်းမလှလေးက ရုတ်တရက် အရမ်းကြီးမားတဲ့ နွယ်ပင်အဖြစ် ပြောင်းလဲသွားတယ်။

အဲဒီနွယ်ပင်ကြီးက သူငယ်ချင်းကို ချုပ်ထားပြီးတော့ ပါးစပ်ထဲကို အတင်းထိုးဖောက်ဝင်ဖို့ လုပ်ခဲ့တာ။ မုတ်ဆိတ်မွေးနဲ့ ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက်သာ သူ့ကို မကယ်ခဲ့ဘူးဆိုရင် သူ သေတာကြာလောက်ပြီ”

ရှန်ထျန်းက ကျောက်ဟောင်ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။

ဒီကောင်လေး မရှိတဲ့ သူငယ်ချင်းကို အရှိလုပ်ပြောနေတာလား

ခင်ဗျား မြူခိုးဟင်းလင်းပြင်ကို သွားချင်တာ သေချာလို့လား။ ခင်ဗျား လန်လောဘုရားကျောင်းကိုလည်း သွားချင်မယ်ဆိုတာကို ကျွန်တော် လောင်းရဲတယ်

ရှန်ထျန်းက မေးလိုက်သည်

“ မြူခိုးဟင်းလင်းပြင်ထဲမှာ ညီအစ်ကိုရဲ့ သူငယ်ချင်းက အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတယ်ဆိုရင် ဘာလို့ လူအများသိအောင် မလုပ်ရတာလဲ”

ကျောက်ဟောင်က ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်

“ လူအများသိအောင် လုပ်ရင်ရော ဘာများအသုံးဝင်မှာ မလို့လဲ။ ကျင့်ကြံသူအများစုက စွန့်စားခရီးထွက်နေကြတာဆိုတော့ မစွန့်စားဘဲ နေဖို့ အကြောင်းအရင်းလည်း မရှိဘူးလေ။

အနည်းဆုံးတော့ ဒီနှစ်ပေါင်းထောင်ချီအတွင်း မြူခိုးအတက်အကျအချိန်ကာလမှာ လေ့ကျင့်ဖို့ မြူခိုးဟင်းလင်းပြင်ထဲ ဝင်သွားတဲ့သူတိုင်း အကျိုးအမြတ်တွေ အများကြီး ရလာကြတယ်လေ။

လူတွေက ဝိညာဉ်ဆေးပင်နဲ့ တချို့ကံကောင်းတဲ့သူဆိုရင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေတောင် ရတာကိုပဲ မြင်ကြတယ်… အဲဒီမြူခိုးထဲမှာ လူသေအလောင်း ဘယ်နှစ်လောင်းမြုပ်နှံထားပြီးပြီလဲဆိုတာကိုတော့ သူတို့မမြင်နိုင်ကြဘူး”

ကြောက်ရွံ့မှုက ကျောက်ဟောင်၏ အကြည့်မှာ ထင်ဟပ်နေသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် မုတ်ဆိတ်မွေးရှိတဲ့ ပြိုင်ဘက်ကင်းပညာရှင်ကတော့  အဲလိုမြူခိုး ဖုံးလွှမ်းတာမျိုးကို မခံသင့်ဘူးလို့ ပြောသွားတာ ကြားထားသေးတယ်။

အဲဒီနွယ်ပင်အကြီးကြီးတွေက မြူခိုးဖုံးလွှမ်းထားတဲ့ နေရာကနေ မထွက်နိုင်ဘူးဆိုတော့ ကျုပ် မြူခိုးရှိတဲ့ နယ်ပယ်ထဲ မဝင်သွားသ၍ ဘာပြဿနာမှ ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူး။

ကျုပ်တို့ မြူခိုးဖုံးလွှမ်းခံထားရတဲ့ နေရာထဲကို ဝင်သွားတာနဲ့ ကနဦးဝိညာဉ်အဆင့် အထွတ်အထိပ်ရှင်တွေတောင် လမ်းပျောက်ပြီးတော့ အထဲမှာ ပိတ်မိသွားတတ်ကြတယ်တဲ့။ ပြီးတော့ အဲဒီနိမိတ်က ကောင်းတာထက် မကောင်းတာ များတယ်”

ရှန်ထျန်းက အံ့ဩမှင်သက်စွာဖြင့် မေးလိုက်သည်

“ ကနဦးဝိညာဉ်အဆင့် အထွတ်အထိပ်ရှင်တွေတောင် သေနိုင်တယ်လား”

ကျောက်ဟောင်က ခေါင်းညိတ်ပြကာ ဖြေလိုက်သည်

“ ကျုပ် သိထားတာအရဆိုရင်တော့ ဒီနှစ်ပေါင်းရာချီအတွင်း လောဘကြောင့် ဝိညာဉ်မြူခိုး ဖုံးလွှမ်းတာခံလိုက်ရတဲ့သူတွေထဲမှာ တစ်ယောက်မှ အသက်ရှင်လျက် ပြန်မထွက်လာနိုင်ကြဘူးတဲ့”

ရှန်ထျန်းက နှုတ်ခမ်းကို တွန့်ချိုးကာ ပြောလိုက်သည်

“ မင်းက လူ မဟုတ်တာကျလို့”

ကျောက်ဟောင်က မြန်မြန်ငြင်းလိုက်သည်

“ ကျုပ်က ဖြားယောင်းသွေးဆောင်မှုကို ခံနိုင်ရည်ရှိခဲ့ပြီးတော့ ပညာရှင်ကယ်တာကိုလည်း ခံယူခဲ့ရတယ်လေ။ မဟုတ်ရင် သေတာကြာပေါ့”

ရှန်ထျန်း အလေးအနက်တွေးတောရင်း ပြောလိုက်သည်

“ အဲဒီ ပညာရှင်က မင်းကို ကျင့်ကြံနည်းစနစ်တွေ သင်ပေးသွားပြီးတော့ သူ့ကို မြင်ဖူးတယ်ဆိုတာ တခြားသူတွေကို မပြောဖို့ မှာသွားတာလား”

ကျောက်ဟောင်က ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်သည်

“ ဟင်…ညီအစ်ကို..ဘယ်လိုလုပ်ပြီးတော့ သိသွားတာလဲ။ မဟုတ်ဘူး…ကျုပ် မဟုတ်ဘူးနော်… ကျုပ်ရဲ့ သူငယ်ချင်းပါ။ ကျုပ်က အဲဒီ ပညာရှင်ကို တစ်ခါမှ မမြင်ဖူးဘူး”

ရှန်ထျန်းက အသိအမှတ်ပြုကြောင်း ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဟုတ်ပါတယ်… ဟုတ်ပါတယ်။ မင်းက အဲဒီ ပညာရှင်ကို တွေ့ဖူးတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ သူ့ကို မြင်ခဲ့တာက မင်းရဲ့သူငယ်ချင်းလေ ဟုတ်တယ်မလား။

ညီအစ်ကိုကျောက် အဲဒီကျင့်ကြံနည်းကြောင့် ချီဖောက်ပြန်ခြင်းဖြစ်ပြီးတော့ ကျင့်ကြံဆင့်ကို ဆုံးရှုံးလိုက်ရတာလား”

ရှန်ထျန်း၏ စကားကို ကြားပြီး ကျောက်ဟောင် လုံးဝ အံ့အားသင့်နေသည်

“ ညီအစ်ကိုရှန်က အရမ်းအံ့ဩဖို့ ကောင်းတာပဲနော်”

ကျောက်ဟောင် ချီဖောက်ပြန်ခြင်းခံစားနေရသည့် အကြောင်းအရင်းက ဓားအသျှင် ချန်းယန်က သင်ကြားပေးထားသော ကောင်းကင်လောင်ကျွမ်း မီးဓားပညာရပ်ကို ကျင့်ကြံခဲ့သောကြောင့် ဖြစ်သည်။

ဓားအသျှင် ချန်းယန်က နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး တော်ဝင်နေမင်းကျမ်း၏ တစ်စိတ်တစ်ပိုင်းကို မထင်မှတ်ဘဲ ရရှိခဲ့သူ ဖြစ်သည်။

သူ နားလည်တတ်ကျွမ်းသော ဓားတာအိုနှင့် ပေါင်းစပ်ပြီးနောက် နှစ်တစ်ထောင်ကြာသည့်အခါ ကောင်းကင်လောင်ကျွမ်း မီးဓားပညာရပ် ဖြစ်သည့် ပြိုင်ဘက်ကင်း တော်ဝင်ကျမ်းကို ဖန်တီးနိုင်ခဲ့သည်။

ဓားပညာရပ်ကို ကျင့်ကြံသည့်အခါ ကျင့်ကြံဆင့် တစ်ဆင့်တက်သွားသည့် အခါတိုင်း သူတို့၏ ခန္ဓာကိုယ်နှင့် စွမ်းအင်ဗဟိုချက်ကို ပြန်လည်ထိန်းသိမ်းရန်အတွက် တောက်လောင်မီးဓား အငွေ့အသက်ကို အသုံးပြုရမည်ဖြစ်သည့်အတွက် အင်မတန် အန္တရာယ်များလှသည်။

သို့သော် အောင်မြင်စွာ လုပ်ဆောင်နိုင်သည့် အခါတိုင်း ခန္ဓာကိုယ်နှင့် စွမ်းအင်ဗဟိုချက်က အလွန်အမင်း စွမ်းအားပြည့်ဝလာသည်။ ချီနှင့်ခန္ဓာကိုယ်ကို တစ်ချိန်ထဲ ကျင့်ကြံအားထုတ်ရင်း မိုင်အနည်းငယ် အကွာအဝေးရှိ အဆင့်တူ ကျင့်ကြံသူကို အနိုင်ယူနိုင်သည်အထိ ဖြစ်လာနိုင်သည်။

ဓားအသျှင် ချန်းယန်က ထိုကျင့်ကြံနည်းကို ၉ဆင့်မြောက် မီးဓားသန့်စင်ခြင်းဟု ခေါ်တွင်စေသည်။ ကျောက်ဟောင်ကတော့ ထိုကျင့်ကြံနည်းကို  ၂ဆင့်မြောက် သန့်စင်ခြင်းတွင် အမှားလုပ်မိသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ ကျင့်ကြံနေစဉ် သူ့အဖေ ပျောက်ဆုံးသွားကြောင်း သိလိုက်ရသည့်အတွက် ကျင့်ကြံခြင်းကို အာရုံမစိုက်နိုင်တော့ပေ။ ထိုအခါ မီးဓားသည်လည်း ဟိုဟိုဒီဒီယမ်းခါရင်းမှ သူ့ဆီ တိုးဝင်သွားကာ စွမ်းအင်ဗဟိုချက် ပျက်စီးသွားရသည်။

ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ချီက အဘက်ဘက်သို့ ပျံ့နှံ့သွားကာ ဓမ္မအုတ်မြစ်သည်လည်း မီးဓား၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီး ကျင့်ကြံဆင့်ကို ဆုံးရှုံးသွားခြင်း ဖြစ်၏။

ကျောက်ဟောင် ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြဖူးပါဘူး။ ရှန်ထျန်းက ဘယ်လိုလုပ်ပြီးတော့ သိသွားတာပါလိမ့်

ကျောက်ဟောင် မလိုအပ်ဘဲ ရေးကြီးခွင်ကျယ်လုပ်နေသည့်အတွက် သူ့အကြောင်းကို သိဖို့ လွယ်ကြောင်း ရှန်ထျန်းက အသာမဲ့ပြုံးပြုံးပြလိုက်သည်။

အဲလိုအရာမျိုးကို ခန့်မှန်းဖို့တောင် လိုလို့လား … ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံထားရတဲ့ သားတော်အနေနဲ့ ဆရာ မရှိဘူးဆိုတာမှ ထူးဆန်းနေမှာ မဟုတ်ဘူးလား …

သူတို့ မြူခိုးမြို့ငယ်လေးထဲသို့ ဝင်သွားသည်နှင့် ရှန်ထျန်းလည်း ပုံမှန်နှင့် မတူကွဲပြားသော မြင်ကွင်းမျိုးကို တွေ့လိုက်ရသည်။ သူ့အဖွဲ့ထဲရှိ လူတိုင်း၏ ခေါင်းပေါ်တွင် ကံအပြောင်းအလဲ အခွင့်အရေးမြင်ကွင်းများ ပေါ်လာခြင်းဖြစ်သည်။

အထူးသဖြင့် ကျောက်ဟောင်ပေါ့…

ကျောက်ဟောင်၏ ကံအပြောင်းအလဲ အခွင့်အရေး မြင်ကွင်းမှ ကျောက်ဟောင်နှင့် ထိုပညာရှင်တို့ ပြန်လည်ဆုံစည်းမည့် နေရာကို ရှန်ထျန်း မြင်လိုက်ရသည်။

အဲဒီလူကို ဆရာဘိုးဘိုးလိုမျိုးကို ပါးမွှားတည်ရှိမှုမျိုးလို့ ဘယ်လိုလုပ် ထင်ပါ့မလဲ။ ဒါက အဓိက ဇာတ်ကောင်တစ်ယောက်ကို ဆက်ဆံတဲ့ပုံစံပဲ

အထင်ကြီးစရာကောင်းတဲ့ အစ်ကိုကြီးက အရမ်းစွမ်းအားကြီးတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့လည်း ကံမကောင်းစွာနဲ့ပဲ ကျောက်ဟောင်ရဲ့ ခေါင်းပေါ်မှာ မြင်နေရတဲ့ မြင်ကွင်းထဲမှာ သေမလို ဖြစ်နေပြီ

ဆရာ သေသွားရင် တပည့်က အမွေအနှစ် ဆက်ခံရမှာပေါ့ ...

ရှန်ထျန်းကတော့ သူ့ကို ကယ်ဖို့ စိတ်ကူးလည်းမရှိသလို သူ့ကို ကယ်ဖို့ နည်းလမ်းလည်း မရှိဘူး။ အဲဒီအဖိုးကြီး ဘယ်မှာလဲဆိုတာကို မသိသလို သူ ဘယ်လိုသေသွားလဲဆိုတာကိုလည်း သူ မသိဘူး

သူ မြင်နိုင်တဲ့အရာတစ်ခုကတော့ အဲဒီအဖိုးကြီးရဲ့ ဝိညာဉ်က ကျောက်ဟောင်ရဲ့ခေါင်းပေါ်မှာ မီးတောက်လေးတစ်ခုလိုမျိုး ဆင်းသက်သွားတာကိုပဲ တွေ့လိုက်ရတယ်။ ပြီးတော့ သူတို့နှစ်ယောက် မတွေ့တာကြာတော့ အတိတ်အကြောင်းတွေကို ပြန်ပြီးမြင်ယောင်လာတယ်။ ပြီးတော့ ကျောက်ဟောင်ကို သူ့ဆရာက အတင်း ချီပြီး ခေါ်ဆောင်သွားတယ်

ထိုကဲ့သို့သော ကံအပြောင်းအလဲ အခွင့်အရေးကို ရှန်ထျန်း အရမ်းအားကျမိသည်။

မဟုတ်သေးဘူး… ဒီလောက်ကြီးမားတဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ကပ်ယူရမယ်

ထိုအတွေးကြောင့် ရှန်ထျန်းက တည်ကြည်သော မျက်နှာထားဖြင့်ပြောလိုက်သည်

“ ညီအစ်ကိုကျောက် အချိန်ကျပြီ။ ကောင်းကင်တာအိုရဲ့ တန်ပြန်သက်ရောက်မှုကြောင့် ရလာတဲ့ အန္တရာယ်တွေကို သည်းခံပြီး နောက်ဆုံးတော့ ညီအစ်ကိုအတွက် မျှော်လင့်ချက်တစ်ခု ယူဆောင်ပေးလာနိုင်ခဲ့ပြီ”

All Chapters