← Chapters

အခန်း ၁၄၂၇

Vol. 143 Ch. 1427

အခန်း ၁၄၂၇

Vol. 143 Ch. 1427

အခန်း (၁၄၂၇) ဒီရှန်းက အရေအတွက်မှာ ဘယ်တော့မှ မရှုံးဖူးဘူး

"..."

ဗုဒ္ဓကမ်းပါးအတွင်း၌ အစစ်အမှန် နတ်ဘုရားများက စကားပြောရန်အားအင်ကင်းမဲ့နေကြပြီဖြစ်ပြီး၊ သူတို့၏မျက်လုံးများက မှေးမှိန်နေကာ၊ကောင်းကင်တာအိုထဲသို့ သူတို့တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားခြင်းကို ရှင်းလင်းစွာ သိမြင်နေကြသည်။

သို့သော် ထိုကောင်းကင်တာအိုက ဗုဒ္ဓ အလင်းတန်းဖြင့် ဖုံးလွှမ်းခံနေရပြီဖြစ်သည်။

ယခုအခိုက်အတန့်ကဲ့သို့ပင်။ တောင်ပိုင်းဍုမေဏု အတွင်း၌မည်သူမျှမငြင်းပယ်နိုင်၊ မည်သူမျှ မေးခွန်းမထုတ်နိုင်သော ဗုဒ္ဓ၏အသံများဖြင့် လွှမ်းမိုးနေခဲ့သည်။

"ချန်ချင်း..." ချီဖုန်းက သူ၏ခေါင်းကို အားယူကာမော့လိုက်ပြီး ဘေးသို့ကြည့်လိုက်သည်။

သူ၏သူငယ်အိမ်များက အနည်းငယ်တုန်ခါသွားပြီး၊တစ်ဖက်လူပ တည်ငြိမ်နေဆဲဖြစ်ကာ သူမ၏ကိုယ်ပိုင်လုံခြုံရေးအတွက် လုံးဝစိုးရိမ်ပူပန်ပုံမပေါ်သည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ချန်ချင်းရုတ်တရက် မတ်တပ်ရပ်လိုက်သည်ကို ချီဖုန်းမြင်တွေ့လိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူနှင့် အလွန်ရင်းနှီးသော အသံတစ်ခုက တောင်ပိုင်းဍုမေဏုတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"မင်းတို့ဗုဒ္ဓရဲ့ သနားကရုဏာကဘယ်မှာလဲ။"

အသံက သိပ်မကျယ်လောင်သလို၊ စကားလုံးများကလည်းကြမ်းတမ်းခြင်းမရှိဘဲ၊ ရိုးရှင်းသော မေးခွန်းတစ်ခုမျှသာ ဖြစ်သည်။

သို့သော် ဤစကားတစ်ခွန်းတည်းကပင် တောင်တန်းများတစ်လျှောက်ရှိ ဘုန်းကြီးများအကြားဒေါသတကြီးတုံ့ပြန်မှုကို ဖြစ်ပေါ်စေရန် လုံလောက်ခဲ့သည်။

အစစ်အမှန် ဗုဒ္ဓတစ်ပါးကို မည်သူကများ မေးခွန်းထုတ်ရဲသနည်း။

သို့သော် နောက်တစ်ခဏတွင်၊ လေပေါ်မှ လျှောက်လှမ်းလာသော ထိုပုံရိပ်ကိုသူတို့ မြင်တွေ့လိုက်ရသောအခါ၊ သူတို့၏မျက်နှာများပြာနှမ်းသွားပြီး သူတို့၏မတ်မတ်ထိုင်နေသော ဟန်ပန်များက အနည်းငယ်စတင် တုန်ယင်လာခဲ့သည်။

ဂိုဏ်းနှစ်ခုစလုံးမှ လူတိုင်းက ထိုကြောက်မက်ဖွယ်ကောင်းသောနတ်ဘုရားကို မမြင်ဖူးခဲ့သည်မှာသေချာသော်လည်း၊ ရွှေရောင်ဆံထိုး နှင့် အနက်ရောင်တာအိုဝတ်ရုံရှင်၏ ဒဏ္ဍာရီက တပည့်များအားလုံး၏နှလုံးသားထဲတွင် အချိန်အတော်ကြာကတည်းက အိပ်မက်ဆိုးတစ်ခုဖြစ်လာခဲ့ပြီ ဖြစ်သည်။

အချို့သော ဘုန်းကြီးများက ထွက်ပြေးရန် ကြိုးစားလျက် အလိုအလျောက်ထရပ်လိုက်ကြသော်လည်း၊ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက်တွင်၊ သူတို့၏အထက်ရှိ များပြားလှသော ကြာပန်းပလ္လင်များကို ရုတ်တရက်သတိပြုမိသွားကြ၏။

ဤနေရာမှာ တောင်ပိုင်းဍုမေဏုဖြစ်ကာ၊ ဍုမေဏု တောင်ပေါ်တွင် အစစ်အမှန် ဗုဒ္ဓများ နှင့် ဗုဒ္ဓ များ အမြောက်အမြားနေထိုင်နေကြကြောင်းကို သူတို့ နားလည်သွားခဲ့ကြသည်။

၎င်းတို့က အလျင်အမြန်ပြန်ထိုင်လိုက်သော်လည်း၊ လေထဲတွင်လွင့်မျောနေသော ပုံရိပ်ကိုတိုက်ရိုက်ကြည့်ရန် ခေါင်းမမော့ရဲကြသေးပေ။

"..."

ရှန်းယီက ကောင်းကင်ယံတွင်တည်ငြိမ်စွာ လွင့်မျောနေပြီး၊ ဟိုထူဧကရီက သူနှင့်အတူ လိုက်ပါလာခဲ့သည်။

သူ၏မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှမရှိဘဲ၊ အရှေ့ရှိဘုန်းကြီးများကို အထက်စီးမှ တိတ်ဆိတ်စွာကြည့်နေခဲ့ကာ၊ မည်သည့် မှော်စွမ်းအင်ကိုမျှ အသုံးမပြုဘဲ၊ တောင်ပိုင်း ဍုမေဏု တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။

"ဒကာ‌လေးရှန်းရဲ့ လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ရင်တော့။ သတ္တဝါအားလုံးက သနားကရုဏာရှိတယ်လို့ သတ်မှတ်လို့ ရပါတယ်။"

ဧည့်သည်ကို မြင်သောအခါ၊ အတိတ် ဗုဒ္ဓက သိသိသာသာ အံ့အားသင့်သွားခဲ့သည်။ သူသည် ရှန်းယီ ကို ယခင်ကတစ်ခါမှ မမြင်ဖူးခဲ့သော်လည်း၊ ဤအခိုက်အတန့်တွင် သူ၏အနောက်ရှိ ဟိုထူကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အကြမ်းဖျင်း သဘောပေါက်သွားခဲ့သည်။

ဧကရီတစ်ပါးကို ခြေတစ်လှမ်းနောက်ဆုတ်သွားစေရန် စွမ်းဆောင်နိုင်သူမှာ လောကတွင် ဤကဲ့သို့သောလူခြောက်ဦးသာ ရှိပါသည်။

အနာဂတ်ဘုန်းကြီးက ဤအခြေအနေအထိ ရောက်နေချိန်မှာပင် ပြဿနာရှာရဲသေး၏။

သို့သော်... ဟိုထူကို ကယ်တင်ရန် ရှန်းယီစွန့်စားရခြင်းမှာ သူတို့၏ယခင် ပတ်သက်မှုများအရ လုံလောက်သော အကြောင်းပြချက်ဖြစ်နေပုံရပြီး၊ ဟိုထူအတွက် တာဝန်ရှိသော ဂိုဏ်းချုပ်ဖြစ်သည့် အနာဂတ် ဗုဒ္ဓ၏အကူအညီဖြင့် သတင်းစကားများ ပေးပို့ကာ၊ အနောက်တွင် ပုန်းအောင်း၍ ကူညီခြင်းက သူ့ကို ပိုမိုရဲတင်းလာစေခဲ့သည်။

သို့သော် ယခုအခါတွင်မူ၊ သူက တောင်ပိုင်းဍုမေဏုအတွင်းသို့ ဝင့်ကြွားစွာဝင်ရောက်လာရန် ရဲဝံ့နေခဲ့သည်။

သူ့ကို သတ္တိပေးခဲ့မည်မှာ မည်သူနည်း။ သတင်းစကားပို့ပေးခဲ့သည်မှာ ဘယ်သူဖြစ်သနည်း။

ဤအရာကို တွေးမိသောအခါ၊ အတိတ်ဗုဒ္ဓက ပတ်ဝန်းကျင်ရှိ အစစ်အမှန် ဗုဒ္ဓအချို့ဆီသို့ လှမ်းကြည့်လိုက်ပြီး၊ အနာဂတ် ဗုဒ္ဓ၏ ဘေးတွင် အမြဲရှိနေတတ်သောနှစ်ပါးဆီသို့ အာရုံစိုက်လိုက်၏။

ဤအကြည့်၏ဖြတ်သန်းသွားခြင်းကို ခံလိုက်ရသောအခါ၊ အစစ်အမှန် ဗုဒ္ဓအချို့က သူတို့ စောင့်ကြည့်ခံနေရကြောင်း ရှင်းလင်းစွာသိရှိလိုက်ကြပြီး၊ ပြတ်သားစွာ ခေါင်းခါလိုက်ကြသည်။

ဗောဓိဂိုဏ်းတွင် ဗုဒ္ဓ သုံးပါး ရှိပြီး၊ အဆင့်အတန်း တူညီပုံရသော်လည်း၊ မည်သူက အမှန်တကယ် အမိန့်ပေးသည်ကို လူတိုင်း သိကြသည်။

ပစ္စုပ္ပန် ဗုဒ္ဓက ဤခေတ်တွင် လွတ်မြောက်ခြင်းကို ရရှိထားပြီးငြင်းဆို၍မရသော သာလွန်သည့် အဆင့်အတန်းတစ်ခုကို ကိုင်ဆောင်ထားကာ၊ အတိတ်ဗုဒ္ဓက တစ်ချိန်က လွတ်မြောက်ခြင်းကို ရရှိခဲ့ဖူးပြီး ပစ္စုပ္ပန် ဗုဒ္ဓ နှင့် အကျိုးစီးပွား ပဋိပက္ခမရှိဘဲ ပိုမိုမြင့်မားသောဝါရင့်မှုကို ရရှိထားသည်။

ကျန်ရှိနေသော အနာဂတ်ဗုဒ္ဓက ခွန်အား သို့မဟုတ် စွမ်းအား အရ၊ သုံးပါးထဲတွင် အားအနည်းဆုံးဖြစ်ပြီး၊ လက်ရှိအခြေအနေကိုကြည့်လျှင် သူ လာနိုင်၊ မလာနိုင် ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေဆဲပင်။

သူ့အတွက်နှင့် အခြား ဂိုဏ်းချုပ်နှစ်ပါးကို ဆန့်ကျင်ရဲသည်သူမှာ စိတ်ပိုင်းဆိုင်ရာပြဿနာ တစ်ခုခုရှိနေ၍သာဖြစ်ပါလိမ့်မည်။

"ထားလိုက်ပါတော့၊ ဒကာရှန်းသတင်းကို ဘယ်ကပဲ ရခဲ့ရခဲ့။ သူက လာရဲမှတော့ ဒီမှာ သင်္ဂြိုဟ်ခံရဖို့ သူ ပြင်ဆင်ထားပြီးသား ဖြစ်ရမယ်။"

"ကိစ္စနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်တာက အားစိုက်ထုတ်ရတာကို အတော်လေး သက်သာစေတယ်။"

အတိတ် ဗုဒ္ဓက သူ၏အကြည့်ကို ရုပ်သိမ်းလိုက်၏။ လောကကြီးကိုမွှေနှောက်နိုင်သော ရှန်းယီကို သူလူမိုက်တစ်ဦးအဖြစ် မမြင်သော်လည်း၊ အခြား ဘာလုပ်နိုင်ဦးမည်ကိုလည်း သူ မတွေးတတ်ပေ။

ထိုစဉ်က အင်ပါယာမြို့တော်၏ အနက်ရှိုင်းဆုံး သောအရာကို အားကိုးကာ၊ ပထမအဆင့် ဧရာမ ပုဂ္ဂိုလ်ကြီးနှစ်ဦးဖြစ်သော ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓ နှင့် အရှေ့ဘက်အစွန်းဧကရာဇ်တို့ကို သတ်ဖြတ်နိုင်ခဲ့ခြင်းက ကြောက်မက်ဖွယ် ကောင်းလောက်အောင် အမှန်တကယ်ပင်လုံလောက်ခဲ့ပါသည်။

သို့သော် အကဲဖြတ်နိုင်စွမ်းရှိသူများက ဘာဖြစ်သွားသည်ကို သိကြ၏။

လွတ်မြောက်ခြင်း နှင့် နှိုင်းယှဉ်နိုင်သော ထို ဧကရာဇ်ချီအောက်တွင်၊ ထိုနှစ်ဦးက သူတို့၏စွမ်းအားသုံးဆယ်ရာခိုင်နှုန်းကိုသာ အားထုတ်နိုင်ခဲ့သည်။

အဆိုးဆုံးအနေဖြင့်၊ ရှန်းယီ၏ ခွန်အားက ထိုကဲ့သို့သောအမြင့်များသို့ အမှန်တကယ် ရောက်ရှိသွားသည်ဟု ဆိုလျှင်ပင်။ ပထမအဆင့်တွင် ပိတ်မိနေရာ ဘိုးဘေးနတ်ဘုရားကို သူ တကယ်ပင်ကျော်လွန်နိုင်ပါ့မည်လော။

အတိတ် ဗုဒ္ဓ၏ အသံ ဆုံးသွားသည်နှင့်အမျှ၊ တောက်ပနေသော ရွှေရောင်ကြာပန်းပလ္လင်ငါးခုက လျင်မြန်စွာထွက်ပေါ်လာပြီး၊ ကောင်းကင် ကန့်လန့်ကာတွင် သူတို့ နှစ်ဦးကို တင်းကျပ်စွာ ဝိုင်းရံထားလိုက်သည်။

"ဝုန်း"

ဗုဒ္ဓကမ်းပါး အတွင်း၌ ခမ်းနားကြီးကျယ်သော ဧရာမပုံရိပ်ကြီးက အချိန်အတော်ကြာကတည်းက မျက်လုံးများကို ဖွင့်ထားခဲ့ပြီးဖြစ်သည်။ ထို လူငယ်လေးအပြင်၊ ဧကရီဖြစ်သော ဟိုထူပါ လာရောက်လိမ့်မည်ဟု ၎င်းမမျှော်လင့်ထားခဲ့ပေ။

ဤ ဧကရီ၏ခွန်အားက အနာဂတ် ဗုဒ္ဓ နှင့် မနှိုင်းယှဉ်နိုင်သော်လည်း၊ ၎င်းက မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို ဆောင်ကြဉ်းလာခဲ့၏။

ပြိုင်ဘက်က ဤဘုန်းကြီးများအုပ်စုကို အနိုင်ယူရန် မလိုအပ်ဘဲ၊ ထိုကြာပန်းဖြူကိုသာ ဆုတ်ဖြဲရန် ကူညီပေးဖို့ သူမ၏ကပ်ဘေးစွမ်းအား အားလုံးကိုသာ ထုတ်လွှတ်လိုက်မည်ဆိုပါက၊ အခြားဘိုးဘေး နတ်ဘုရားရှစ်ပါးကို နိုးထလာစေရန် အခွင့်အရေးတစ်ခု ရှိလာပေလိမ့်မည်။

"ငါ လွတ်မြောက်အောင် ကူညီပေးပါ။"

၎င်းက ရုတ်တရက်ခုန်ထွက်လိုက်ပြီး၊ ဗုဒ္ဓကမ်းပါး ၏နွယ်ပင်များကို အပြည့်အဝဆန့်ကျင်ကာ၊ လောက၏မီးအားလုံးကို ကိုယ်စားပြုသော အမြင့်မြတ်ဆုံး ယန်နတ်ဘုရားမီးတောက်ကို ထုတ်လွှတ်လိုက်၏။

သို့သော်၊ ဟိုထူဧကရီက ၎င်းမျှော်လင့်ထားသကဲ့သို့ လှုပ်ရှားခြင်းမရှိခဲ့ပေ။ ယင်းအစား သူမက ထိုလူငယ်လေး၏အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

ဘိုးဘေး နတ်ဘုရားက ဗုဒ္ဓအလင်းတန်း၏ ရိုက်ချခြင်းကို နောက်တစ်ကြိမ်ခံလိုက်ရပြီး၊ ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေသောမျက်နှာဖြင့် အထက်သို့ မော့ကြည့်နေခဲ့သည်။

"..."

ဟိုထူဧကရီက တိတ်ဆိတ်နေခဲ့ပြီး၊သူမ လှုပ်ရှားမှု မရှိခြင်းမှာ ရှန်းယီထံမှ မည်သည့် ညွှန်ကြားချက်မျှ မရရှိခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ ဤနေရာတွင်ရှိနေသော အခြားလူများနည်းတူ သူမလည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။

အစစ်အမှန် နတ်ဘုရားများကို ရှာဖွေရန် သူမ အကြံပြုပြီးနောက်၊ ရှန်းယီက သူမကိုတောင်ပိုင်း ဍုမေဏုသို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။

သူတို့ အမှန်တကယ်ရှာတွေ့လိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့သလို၊ အစစ်အမှန် နတ်ဘုရားများအပြင်၊ အတိတ်ဗုဒ္ဓ နှင့် အစစ်အမှန် ဗုဒ္ဓ ငါးပါးတို့ပါ ဤနေရာတွင် ရှိနေလိမ့်မည်ဟုလည်း သူမ မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တွင် သူမသည် သူမ၏ပတ်ဝန်းကျင်ကို အေးစက်စွာ ဝေ့ကြည့်လိုက်ရာ၊ တည်ငြိမ်နေပုံပေါ်သော်လည်း အမှန်တကယ်တွင်နှလုံးသားထဲ၌ မည်သည့် ယုံကြည်မှုမျှ မရှိခဲ့ပေ။

ရှန်းယီ ယခင်က ပြသခဲ့သော စွမ်းအားက အမှန်တကယ်ပင် အံ့မခန်းဖွယ်ကောင်းလှသော်လည်း၊ တစ်ချိန်က လွတ်မြောက်ခြင်းကို ရရှိခဲ့ဖူးသော ဧရာမ ပုဂ္ဂိုလ်ကြီးဖြစ်သည့် အတိတ် ဗုဒ္ဓက လောက၏ထိပ်တန်းအင်အားကြီး သုံးပါးစာရင်းတွင် အလွယ်တကူပါဝင်နိုင်ပြီး၊ ကျန်ရှိနေသော အစစ်အမှန် ဗုဒ္ဓငါးပါးအနက် မည်သူမျှလည်း ကိုင်တွယ်ရလွယ်ကူလိမ့်မည်မဟုတ်ပေ။

သူတို့ နှစ်ဦးတည်းသာဆိုလျှင် အောင်ပွဲရရန် အခွင့်အရေးမှာ အလွန် နည်းပါးလှသည်။

"မိုက်မဲလိုက်တာ..."

ဘိုးဘေး နတ်ဘုရားက မကျေမနပ်ဖြင့် လက်သီးကို ဆုပ်လိုက်သည်။

'ရောက်လာပြီးမှတော့၊ ဘာလို့ သေတဲ့အထိ မတိုက်ခိုက်ဘဲ နောက်ဆုံးမျှော်လင့်ချက်လေးကို မဆုပ်ကိုင်ရမှာလဲ။'

"ကျေးဇူးပြုပြီးစိတ်ချပါ ဘိုးဘေးနတ်ဘုရား။ ဘိုဘေးရဲ့ အသက်သွေးကြောတွေကို မထိခိုက်စေနဲ့။"

ချင်းဟွာသခင်မက နောက်သို့ မလှည့်ကြည့်ဘဲ၊ ကောင်းကင်ကန့်လန့်ကာထဲရှိ ပုံရိပ်ကို နက်နက်နဲနဲ စိုက်ကြည့်နေပြီး၊ သူမ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ရှိနေခဲ့သည်။

ဤလူငယ်လေး ဆင်းသက်လာသရွေ့၊ လောကကြီးတွင် မည်သည့်ပြဿနာမျှစိုးရိမ်စရာမလိုတော့သည့်အလား ထင်ရပါသည်။

ချင်ပြည်နယ်မှ ယခုအချိန်အထိ၊ နောက်ဆုံးတွင် သူမ၏သခင်က လောကကြီးကို လွှမ်းမိုးထားသည်ကို သူမ မျက်မြင်တွေ့ရှိခဲ့ရပြီဖြစ်ရာ၊ ဤဘဝတွင် နောင်တရစရာ မရှိတော့ပေ။

"စိတ်ချရမယ်"

လောကကြီးကိုကာကွယ်ပေးထားသော အသက်သွေးကြောကိုးခုအနက်မှ တစ်ခုအနေဖြင့်၊ မီးဘိုးဘေးနတ်ဘုရားက ဤကဲ့သို့ဘယ်သောအခါမှ စကားပြောဆိုမခံခဲ့ရဖူးပေ။

၎င်းက သူမကိုဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး၊ တောင်ပံအောက်တွင် ပုန်းအောင်းရန်သာ လိုအပ်သောကြက်ပေါက်လေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရသည်။

သို့သော ထိုတောင်ပံတစ်စုံက မည်သူနည်း။

တစ်ချိန်တည်းမှာပင်။ အစစ်အမှန်ဗုဒ္ဓငါးပါးက သူတို့၏ဖွဲ့စည်းပြံများကို ပြင်ဆင်ပြီးသွားကြပြီ ဖြစ်သည်။

"ဒါက အရှေ့ပိုင်းတိုက်ကြီး ဆွေးနွေးပွဲလိုမျိုးပဲလို့ မင်း တကယ် ထင်နေတာလား..."

ဆေးလုံးအစစ်အမှန် ဗုဒ္ဓက လက်ဖဝါးများကို ဖြည်းညှင်းစွာမြှောက်လိုက်ပြီး၊ အလယ်ဗဟိုရှိ ထိုလူငယ်လေးကို စူးစိုက်ကြည့်နေခဲ့သည်။

သူက ယခုအခါလုံးဝနောင်တရနေပြီး၊ ထိုစဉ်က သူ၏ပြတ်သားမှု မရှိခဲ့ခြင်းကို နောင်တရနေခဲ့သည်။ ဤသူက ဗောဓိဂိုဏ်းဝင်များကို လက်ပါခဲ့ချိန်တွင်၊ သူ ဤကောင်လေးကို ရွှင်ပျော် အစစ်အမှန် ဗုဒ္ဓနှင့်အတူ တစ်ကြိမ်တည်းဖြင့် ဖိနှိပ်ခဲ့သင့်သည်။

ကံကောင်းထောက်မစွာဖြင့်၊ အမှားကို ပြင်ဆင်ရန် အခွင့်အရေး ရှိနေသေးသည်။

သူ၏မျက်နှာပေါ်တွင် ကြမ်းကြုတ်သော ရည်ရွယ်ချက်တစ်ခု ပေါ်လာခဲ့၏။ "ဗောဓိဂိုဏ်းရဲ့ တပည့်တွေကို မင်း တစ်ယောက်ပြီးတစ်ယောက် သတ်နေတာကို ငါတို့က အေးအေးဆေးဆေး စောင့်ကြည့်နေမယ်လို့ မင်း ထင်နေတာလား။"

ရှန်းယီက စည်းမျဉ်းများကို ကိုယ်တိုင်ကိုယ်ကျ ချိုးဖျက်ခဲ့သော်လည်း၊ စည်းမျဉ်းများ၏အကာအကွယ် မရှိလျှင်၊ သူက မည်သည့်အရာများ အရေးပါနိုင်ဦးမည်နည်း။

အတိတ်ဗုဒ္ဓက လွင့်မျောလာပြီး၊ နောက်ဆုံး ကွက်လပ်ကို ဖြည့်လိုက်၏။

"မင်းတို့ဘုန်းကြီးတွေအုပ်စုက အနည်းစုကို အများစုနဲ့ အနိုင်ကျင့်ရတာကို နှစ်သက်ပုံရတယ်။"

ဗုဒ္ဓ ခြောက်ပါး၏ဝိုင်းရံမှုကို ရင်ဆိုင်နေရစဉ်၊ ရှန်းယီက ရုတ်တရက် ရယ်မောလိုက်သည်။

အတိတ် ဗုဒ္ဓက မျက်ခုံးကို အနည်းငယ်ပင့်လိုက်သည်။ ဤလူငယ်လေးက အခြေအနေ၏ကြီးလေးမှုကို မမြင်တွေ့ပုံရဘဲ၊ ဤအရာကို ကလေးကစားစရာအဖြစ် သဘောထားနေဆဲဖြစ်ကာ၊ စကားအနည်းငယ်က အခြားသူများ၏ယှဉ်ပြိုင်လိုစိတ်ကို လှုံ့ဆော်ပေးနိုင်ပြီး သူ့အတွက် လွတ်လမ်းတစ်ခုချန်ထားပေးနိုင်မည်ဟု ထင်နေခြင်းမှာ၊ ၎င်းက အလွန်ရိုးအလွန်းနေသည် မဟုတ်လော။

သို့သော် နောက်တစ်ခဏတွင်၊ ဗုဒ္ဓများစွာတို့သည် လူငယ်လေးက သူ၏ရယ်မောမှုကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်ကို စောင့်ကြည့်နေခဲ့ကြသည်။

"တိုက်ဆိုင်လိုက်တာ။"

ရှန်းယီ သူ၏လက်ဖဝါးကို ခံစားချက်ကင်းမဲ့စွာ မြှောက်လိုက်၏။ "ကျုပ်လည်း အဲဒီလိုပဲ ခံစားရတယ်။"

တောင်ပိုင်းတိုက်ကြီးမှ ထွက်ခွာလာကတည်းက၊ သူက အမြဲတမ်းတစ်ကိုယ်တည်းတိုက်ပွဲဝင်နေခဲ့ရရာ၊ ဤကဲ့သို့သော အရသာမျိုးက အမှန်တကယ်ပင် မနှစ်မြို့ဖွယ် ကောင်းလှသည်။

လူတိုင်း၏မျက်စိရှေ့တွင်။

လူငယ်လေး၏အနောက်မှ အရိပ်များစွာ တဖြည်းဖြည်းထွက်ပေါ်လာခဲ့သည်။

ရွှင်ပျော်အစစ်အမှန် ဗုဒ္ဓ၊ အရှေ့ဘက်အစွန်း ဧကရာဇ်၊ မြောက်ဘက်အစွန်း ဧကရာဇ် တို့ဖြစ်ကြပြီး၊ လူများ၏နှလုံးသားထဲတွင် ကျဆုံးသွားပြီဟု ယူဆထားသော ပထမအဆင့်ဧရာမပုဂ္ဂိုလ်ကြီး သုံးဦးက လောကကြီးတွင် တိတ်ဆိတ်စွာပြန်လည် ပေါ်ထွက်လာခဲ့သည်။

အကယ်၍ ဗုဒ္ဓကမ်းပါးအတွင်းရှိ ဟိုထူဧကရီ နှင့် ဘိုးဘေး နတ်ဘုရားတို့ကိုပါ ထည့်ပေါင်းလိုက်ပါက၊ ဗောဓိဂိုဏ်းက မမျှော်လင့်ဘဲ အားနည်းချက်ရှိသောအခြေအနေသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

All Chapters