ဆရာနတ်မင်း ပြန်လာပြီ
Vol. 6-10 Ch. 132
အခန်း (၁၃၂) : ဆရာနတ်မင်း ပြန်လာပြီ
ကျန်းယွင်ရှီး၏ စွမ်းအားကြောင့် ဧရာမ အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို လှဲချနိုင်လိုက်သည်။
ကျားဖြူပုံရိပ်သဏ္ဌာန်က အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို အမြစ်မှ ကိုက်ဖြတ်ပြီး တင်းကြပ်စွာ ချုပ်ကိုင်ထားလိုက်သည်။
နွယ်ပင်က ရုန်းနေသေးသော်လည်း အမြစ်ကနေ ဖြတ်ခံလိုက်ရသည့်အတွက် စွမ်းအားအများစု ဆုံးရှုံးလိုက်ရသည်။
ထို့နောက် နတ်မိုးကြိုးဖြင့် ပစ်ချလိုက်သည့်အတွက် ပျောက်ကွယ်သွားရသည်။ ကျန်းယွင်ရှီးက မြေကြီးထဲတွင် ကျန်နေသော အမြစ်ကို ဆွဲယူလိုက်သည်။ အံ့ဖွယ်ရစ်ပတ် နွယ်ကြိုး ပြုလုပ်ရန်အတွက် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ပေါ်ရှိ နတ်သင်္ကေတများ အကောင်းအတိုင်း ရှိနေသေးလျှင် အကောင်းဆုံး ဖြစ်၏။
ထိုနတ်သင်္ကေတများ တည်ရှိမှုက အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို ပိုမိုသန်မာအောင် လုပ်ပေးသည့်အတွက် နောက်ပိုင်း အပင်မှ နွယ်ကြိုးအဖြစ် ပြောင်းလဲစေသည့်အခါ ဒီထက်မက စွမ်းအားကြီးလာလိမ့်မည်။
အံ့ဖွယ်ရစ်ပတ်နွယ်ပင် တစ်ဝက်နှင့်ပင် နွယ်ကြိုး လုပ်နိုင်သော်လည်း နွယ်ကြိုး၏ စွမ်းအားကလည်း တစ်ဝက်သာရှိလိမ့်မည်။
စတုတ္ထအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို ဆွဲထုတ်ပြီးနောက် ဝိညာဉ်မြူခိုးက ရှန်ထျန်းတို့ အုပ်စုနှင့် အလွန်နီးကပ်လာပြီဖြစ်သည့်အတွက် မြူခိုးမြို့တော်ဆီ အမြန်ရောက်အောင် ပြေးရတော့သည်။
သူတို့ ဘေးကင်းလွတ်သည့်နေရာသို့ ရှောင်တိမ်းရသည်ကို စဉ်းစားပြီး PUBG ကစားနေရသလိုမျိုး ခံစားလာမိသည်။
ယခုလေးတင် ပြီးသွားခဲ့သော တိုက်ပွဲတွင် ကျန်းယွင်ရှီးက အလွန်အမင်း အပင်ပန်းခံလိုက်သည့်အတွက် မျက်နှာအရောင်အသွေးကား ဖျော့တော့နေသည်။ အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို လှဲချဖို့ အလျင်အမြန် လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် ကျန်းယွင်ရှီးအနေဖြင့် နွယ်ပင်၏ နောက်ဆုံး တိုက်ခိုက်မှုအချို့ကို ရှောင်ရှားဖို့ အချိန်မရလိုက်ပေ။ တိုက်ခိုက်သူ၏ စွမ်းအားက ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားပြည့် ဖြစ်သည့်အချိန်နှင့် နှိုင်းယှဉ်လို့ ရနိုင်သည်။ သူမဆီမှာ ငွေဖြူရောင် ချပ်ဝတ်တန်ဆာ ဝတ်စုံရှိလျှက်ပင် သူမအတွက် မလွယ်ကူခဲ့ပေ။
ကျန်းယွင်ရှီးက သူမ၏ ဒဏ်ရာတွေနှင့် ပတ်သက်ပြီး အပြစ်တင်ခြင်း မရှိသည့်အတွက် ရှန်ထျန်း စိတ်ထဲကနေ ချီးကျူးလိုက်မိသည်။
သူတို့ မြူခိုးမြို့တော်သို့ ဦးတည်ပြေးနေရင် ကျန်းယွင်ရှီးက သူမ၏ မိုးကြိုးကို အသုံးပြုကာ အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးကို သန့်စင်လိုက်သည်။ မကြာခင်မှာပဲ နွယ်ပင်နှင့် အမြစ်တို့က ပြန်လည် ပေါင်းစည်းသွားကြသည်။
ကျန်းယွင်ရှီးက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်
“ ဂိုဏ်းတူမောင်လေး ဒါက အရမ်းတုတ်တဲ့ နွယ်ပင်ပဲ။ မောင်လေး ယူလိုက်လို့ ရတယ်။ နောက်ကျရင် ဆရာဒေါ်လေးရွှေကြာကို သန့်စင်ဖို့ ကူညီတောင်းလိုက်လေ။ ဒါက ကနဦးဝိညာဉ်အဆင့် အစဦးပိုင်းကို ရောက်ရင်တောင် အသုံးဝင်လိမ့်မယ်”
ရှန်ထျန်းက အလျင်အမြန်ခေါင်းယမ်းပြကာ ပြောသည်
“ ကျွန်တော် ဘယ်လိုလုပ်ပြီးတော့ ယူနိုင်မှာလဲ။ ဒါက ဂိုဏ်းတူအစ်မကြီးရဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေ”
ကျန်းယွင်ရှီးက ရှန်ထျန်း၏ မျက်လုံးထဲသို့ တည့်တည့်စိုက်ကြည့်ကာ ပြောလိုက်သည်
“ စတုတ္ထအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် ရှိထားရင် မောင်လေး ပိုပြီးတော့ လုံခြုံပါတယ်”
ရှန်ထျန်းက ထပ်ပြီး ခေါင်းယမ်းပြသည်
သူ ဒီနွယ်ကြိုးကို အရမ်းကြိုက်ပေမဲ့လည်း ဒါက ယွင်ရှီးရဲ့ ကံအပြောင်းအလဲ အခွင့်အရေးလေ။ သူသာ ဒါကို ဂိုဏ်းတူအစ်မကြီးဆီကနေ ယူလိုက်မယ်ဆိုရင် သူမရဲ့ ကံကောင်းမှုက ကျသွားပြီးတော့ သူ့ကို ဒီထက်ပိုပြီး ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး
ထို့ကြောင့် ရှန်ထျန်းက ခိုင်မာစွာ ပြောလိုက်သည်
“ ဂိုဏ်းတူအစ်မကြီး နားထောင်ပါဦး။ အစ်မကြီး ဘေးကင်းဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေးပါပဲ။ ကျွန်တော်တို့ အားလုံးထဲမှာ အစ်မကြီးက ကျင့်ကြံဆင့် အမြင့်ဆုံးလေ။ အဲဒါကြောင့် စတုတ္ထအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ရဲ့ စွမ်းအားတွေ အကုန်လုံးကို အစ်မကြီးပဲ အပြည့်အဝ အသုံးချနိုင်မှာလေ။
ဒါဆိုရင် ဒီမြူခိုးဟင်းလင်းပြင်ထဲမှာ စွန့်စားခရီးကိုလည်း ပိုပြီးတော့ လုံခြုံသွားစေလိမ့်မယ်။ အစ်မကြီး သဘောတူတယ် မဟုတ်လား”
ကျန်းယွင်ရှီး စည်းရုံးသိမ်းသွင်းခံလိုက်ရသည်။ ‘အစ်မကြီး ဘေးကင်းဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေးပါပဲ’ ဆိုသည့် စကားကြောင့် အထူးစိတ်လှုပ်ရှားသွားရသည်။
ဒါဆို…ဂိုဏ်းတူမောင်လေးက ငါ့ကို အများကြီး ဂရုစိုက်တာပဲ
“ ဂိုဏ်းတူမောင်လေး ပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါဆို ဒီဟာကို သိမ်းထားလိုက်ပါ့မယ်”
ကျန်းယွင်ရှီးက အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကို သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားကာ မြို့ပြန်ရောက်မှ ထပ်မံသန့်စင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုနွယ်ပင်က ယခုအထိ အရမ်းကြီးလွန်းနေသေးသည်။ သန့်စင်ခြင်း ပြီးမြောက်သွားသည့်အခါ အကောင်းဆုံးအပိုင်းသာ ကျန်ရှိတော့မည် ဖြစ်၏။ ထိုအခါ နွယ်ပင်၏ အရှည် ကျုံ့သွားမည်ဖြစ်သော်လည်း စွမ်းအင်က တိုးလာလိမ့်မည်။
ရှန်ထျန်းက ရောင်ဝါစက်ဝန်းများထဲတွင် မြင်ခဲ့သည့် မြင်ကွင်းအတိုင်း မြူခိုးဟင်းလင်းပြင်ထဲတွင် အဖွဲ့ကို ဦးဆောင်ကာ သွားလာနေသည်။
သူတို့ တတိယအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် ဒုတိယအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် နှစ်ပင်တို့ကိုလည်း ထပ်မံရှာတွေ့ခဲ့သေးသည်။ သူတို့ကိုတော့ အလွယ်တကူ အနိုင်ယူလိုက်နိုင်သည်။
တတိယအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်သည် ချင်ယွင်တိ၏ ကံအပြောင်းအလဲ အခွင့်အရေးဖြစ်ပြီး ကျန်နှစ်ပင်မှာ ချင်ကောင်းနှင့် ကွေ့ကုန်းကုန်းတို့၏ ကံအပြောင်းအလဲ အခွင့်အရေး ဖြစ်သည်။
ကျန်းယွင်ရှီး၏ အားကောင်းသော အရည်အချင်းများကြောင့် နွယ်ပင်များကို အားစိုက်ထုတ်စရာမလိုဘဲ ရရှိလိုက်သည်။
တစ်ချိန်တည်းမှာပဲ ရှန်ထျန်းက ရတနာတွေ ရှိနေသော နေရာကို ခန့်မှန်းသည့်နေရာမှာ အရမ်းတိကျသည့်အတွက် ရှန်ထျန်းကို မြင်သော အမြင်တွေ ပြောင်းလဲသွားကြသည်။ ယခုတော့ ရှန်ထျန်းက အနာဂတ်ကို ကြိုမြင်နိုင်ပြီး ကံအပြောင်းအလဲ အခွင့်အရေးကို ခန့်မှန်းနိုင်သည့် အရည်အချင်း ရှိကြောင်း လုံးဝ ယုံကြည်သွားကြသည်။
ဒါက အရမ်းကို ထူးဆန်းတယ်။ ပုံမှန်ဆိုရင် တစ်လအတွင်း မြူခိုးဟင်းလင်းပြင်တစ်ခုလုံးမှာမှ နွယ်ပင်၁၀ ခုလောက်ပဲ တွေ့နိုင်တာပါ
သူတော်စင်ရဲ့ ဦးဆောင်မှုကြောင့် ငါတို့က နာရီအနည်းငယ်အတွင်းမှာပဲ နွယ်ပင်လေးပင်တောင် ရှာတွေ့နိုင်ခဲ့တယ်။ အဲဒီထဲက တစ်ခုက ပြီးခဲ့တဲ့နှစ်တစ်ထောင်လုံးမှာ သုံးခါသာ ပေါ်လာခဲ့တဲ့ နွယ်ပင်တစ်မျိုးဖြစ်တဲ့ စတုတ္ထအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်လေ
ဒါကိုသာ ကနဦးဝိညာဉ်အဆင့် အထွတ်အထိပ်ရှင်တွေသာ သိသွားရင် မနာလိုဖြစ်ပြီး သေသွားလောက်တယ်
ရှန်ထျန်းက ကျန် အံ့ဖွယ်ရစ်ပတ်နွယ်ပင်သုံးခုကိုလည်း မယူထားခဲ့ပေ။ ပစ္စည်းကောင်းကို ပိုင်ဆိုင်ရဖို့ထက် ကံကြမ္မာကို တိုးတက်လာအောင် လုပ်ဖို့က သူ့ဦးစားပေး ဖြစ်၏။ အနာဂတ်တွင် မြူခိုးဟင်းလင်းပြင်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ဘယ်သူမှ ပုံသေမတွက်နိုင်ပေ။ ထိုအထဲတွင် ရှန်ထျန်းလည်း အပါအဝင် ဖြစ်သည်။
ထို့ကြောင့် ယခု ကံကြမ္မာကို တိုးတက်အောင်သာ လုပ်ထားပြီး ထိုအရာကို ရှေ့လျှောက် ပြဿနာများ ဖြေရှင်းသည့်အခါ အသုံးချဖို့ ဆုံးဖြတ်ထားလိုက်သည်။ တခြားစွန့်စားသူများထက် ရောင်ဝါစက်ဝန်းကို ပိုပြီးအစိမ်းရောင်သန်းလာအောင် ပြုလုပ်ပြီးနောက် သတိထားလိုက်ပါက အန္တရာယ်ကြုံရလျှင်တောင် အသက်တော့ ဆုံးရှုံးနိုင်မည် မဟုတ်ပေ။
ငါ့လောက် မစိမ်းတဲ့ ရောင်ဝါစက်ဝန်းပိုင်ရှင်တွေကတော့ အရင်သေလိမ့်မယ်။ ဟုတ်တယ်…ဒါက ငါ့ရည်ရွယ်ချက်ပဲ
ရှန်ထျန်းက ပြေးနေစဉ် အိပ်ကပ်ထဲမှ မှန်ထုတ်ကာ ကြည့်လိုက်ပြီး အစိမ်းရောင် ရောင်ဝါစက်ဝန်းနှင့် ချောမောသည့်မျက်နှာလေးကို မြင်လိုက်ရသည့်အတွက် အင်မတန် စိတ်ချမ်းသာသွားသည်။
ရှန်ထျန်းက သူ့အဖွဲ့သားတွေကို အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေ့အောင် ကူညီပေးခဲ့သည့်အတွက် သူ့ရောင်ဝါစက်ဝန်းက ပိုပြီးတော့ အစိမ်းရောင် တောက်ပလာသည်။ သက်ဝင်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသော အစိမ်းရောင် တောက်တောက် ဖြစ်သည်။
ဒီလောက် အစိမ်းနဲ့တင် ငါ စိတ်ချမထားနိုင်ဘူး။ ဒါက မလုံလောက်သေးဘူး။ ဒီနေရာမှာ အသက်ရှင်ကျန်ရစ်ဖို့အတွက် ဒီထက်ပိုပြီး စိမ်းလာဖို့ လိုအပ်တယ်။ ငါ အနီရောင် ရောင်ဝါစက်ဝန်းကိုတောင် လိုအပ်ချင် လိုအပ်လာနိုင်တယ်
ပိုပြီးတော့ စိမ်းလာအောင် ဒါမှမဟုတ် နီအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ
ရှန်ထျန်း အတွေးထဲ နစ်မြောနေရင်း အကြံတစ်ခုရသွားသည်။
ငါက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်မှာတုန်းက သတ္တုရိုင်းတုံးတွေ ကူညီပြီးတော့ ရှာပေးနိုင်ခဲ့သေးတာပဲ … ဒီမှာလည်း ဘာလို့ ဝိညာဉ်ဆေးပင်တွေ ကူပြီးတော့ မရှာပေးနိုင်ရမှာလဲ။ သူတို့ရဲ့ ရောင်ဝါစက်ဝန်းထဲမှာ ကံအပြောင်းအလဲ အခွင့်အရေးတွေ အကုန်လုံးကို မြင်နေရတာပဲလေ။
ငါ့ရဲ့ နတ်ဘုရားအသိစိတ်ကို အသုံးပြုပြီးတော့ ဆေးပင်ရဲ့ တည်နေရာကို ပြောပြလိုက်ရုံပဲလေ။ ကျန်တာက သူတို့ဘာသာသူတို့ ဆက်လုပ်လိမ့်မယ်
မြူခိုးတွေက အန္တရာယ်ရှိနိုင်သည်ဟု ကျောက်ဟောင်က ပြောထားသည့်အတွက် ရှန်ထျန်းက မြူခိုးထူသော နေရာထဲဝင်ဖို့ ဆုံးဖြတ်ထားခြင်း မရှိပေ။
ရှန်ထျန်းလည်း ကံမကောင်းစွာဖြင့် ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးနှင့် လွဲချော်ခဲ့ရသည်။ ထို ကံအပြောင်းအလဲ အခွင့်အရေးကလည်း ရွှေရောင် ရောင်ဝါစက်ဝန်းပိုင်ရှင်တစ်ယောက် ပိုင်ဆိုင်သောအရာ ဖြစ်နေပြန်သည်။
မြင်ကွင်းထဲက အရည်က ဘာမှန်း ရှန်ထျန်း မသိပေမဲ့…အဲဒါက ရှေးဦးအဆီအနှစ် လေးလံရေစင်ထက်တော့ ပိုပြီးကောင်းမှာပဲ ဟုတ်တယ်မလား
ဖန်ချန်း၏ ကံအပြောင်းအလဲ အခွင့်အရေးမှ ဝေစု မရလိုက်သည့်အတွက် ရှန်ထျန်း ယူကြုံးမရ ဖြစ်နေမိသည်။
အဓိကပြဿနာက သူ့ ကံကြမ္မာက အဲလောက်ထိ မကောင်းဘူး။ သူ့ ရောင်ဝါစက်ဝန်းသာ ရွှေရောင်ဆိုရင် အဲဒီနေရာကို တစ်ယောက်ထဲသွားဖို့လည်း ဝန်လေးမှာ မဟုတ်ဘူး
ငါ အခုပဲ ကံကြမ္မာကို မြှင့်တင်ဖို့ လိုအပ်နေပြီ… ငါ မစောင့်နိုင်တော့ဘူး
ဝိညာဉ်မြူခိုးကြောင့် ရှန်ထျန်းတို့ မြူခိုးမြို့တော်သို့ အမြန်ပြန်လာရသည်။
မြူခိုးမြို့တော်က ညအချိန်တွင် အရမ်းတိတ်ဆိတ်ပြီး မြို့ပြင်တွင် ဝိညာဉ်မြူခိုးများ ရွေ့လျားနေသည်။ ဝိညာဉ်မြူခိုး အများဆုံးပျံ့နှံ့သည့်အချိန်တွင် မြို့နှင့် ကီလိုမီတာ အနည်းငယ်သာ ကွာဝေးတော့သည်။ ထိုအချိန်တွင် မြူခိုးကြောင့် လေထုစိုစွတ်လာသည်ကိုပါ ခံစားလို့ရနိုင်သည်။
မြူခိုးထဲတွင် အရိပ်များစွာ ရွေ့လျားနေသည့်အတွက် ခြောက်ခြားစရာကောင်းလှသည်။
နောက်ဆုံးမှာတော့ နေမြင့်တက်လာပြီး အမှောင်ထုကို ဖြိုခွင်းလိုက်သည်။ ရှန်ထျန်းတို့အုပ်စုလည်း မြူခိုးမြို့တော်၏ ဂိတ်တံခါးဖွင့်သည်နှင့် တစ်ပြိုင်နက် မြို့မှ ထွက်ခွာသွားကြသည်။
တစ်ညတာ သန့်စင်ပြီးနောက် ချင်ကောင်း၊ ကွေ့ကုန်းကုန်း၊ ချင်ယွင်တိနှင့် ကျန်းယွင်ရှီးတို့က အံ့ဖွယ်ရစ်ပတ်နွယ်ကြိုးကို ဘယ်လိုအသုံးပြုရမလဲဆိုသည့် အကြမ်းဖျင်း စဉ်းစားထားမိကြသည်။ ယခု ဒီအထွတ်အထိပ်အဆင့် ဓမ္မရတနာ၏ အကူအညီကြောင့် သူတို့ ပိုပြီးတော့ စွမ်းအားကြီးလာကြသည်။
ကျန်းယွင်ရှီးက နွယ်ကြိုး၏ သန့်စင်ခြင်းလုပ်ငန်းစဉ် တစ်ဝက်သာ ပြီးမြောက်သေးသော်လည်း လက်တွေ့အသုံးဝင်လှသည်။ သူမသာ အပြည့်အဝ သန့်စင်ပြီးသွားပါက ပြိုင်ဘက်ကို အလွန်အားကောင်းသော စွမ်းအားဖြင့် ကြောက်သွားအောင် လုပ်လို့ရနိုင်ပြီ ဖြစ်သည်။
သူတို့ ငါးယောက်ထဲအနက် လေးယောက်က စွမ်းအားတွေ တိုးတက်သွားကြပြီဖြစ်သည်။
ရှန်ထျန်းက သူ၏ တာအိုဝတ်ရုံကို ဝတ်ဆင်ကာ နှုတ်ခမ်းမွေးအတုကို ထပ်မံတပ်ထားလိုက်ပြန်သည်။ ထို့နောက် သူက ဆိုင်ခန်းငယ်နှင့် ဆိုင်းဘုတ်များကို ပြင်ဆင်ထားပြီး မတူညီသောလူ တစ်ယောက်အဖြစ် စတင်ဟန်ဆောင်တော့သည်။ ယခင်နှင့် မတူညီတာတစ်ခုက အခု သူက ကျန်းယွင်ရှီးရဲ့ ဇာမဏီငှက်မွေး မျက်နှာဖုံးကိုပါ တပ်ဆင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဒီတစ်ခါ ရုပ်ဖျက်ထားတာ ပိုပြီးတော့ ထိရောက်မှု ရှိနေသည်။
ကျန်းယွင်ရှီးက ရှန်ထျန်း၏ မျက်နှာပေါ်မှာ မျက်နှာဖုံးကို ကြည့်ပြီး ထူးဆန်းနေသည်။
အဲဒီမျက်နှာဖုံးရဲ့ နှုတ်ခမ်းနေရာကို ငါ့နှုတ်ခမ်းနဲ့ ထိထားဖူးတယ်လေ…
အခု ဂိုဏ်းတူမောင်လေးရှန်က အဲဒီမျက်နှာဖုံးကို သုံးနေတာဆိုတော့…
ကျန်းယွင်ရှီး အရှက်သည်းသွားရသည်။
ခံစားချက်… ကောင်းလိုက်တာနော်