ဆန်းကြယ် ကျောက်တုံးနီ
Vol. 13 Ch. 178
အခန်း (၁၇၈) ဆန်းကြယ် ကျောက်တုံးနီ
“မင်းက မကျင့်ကြံပဲနဲ့ ကျင့်ကြံခြင်းက ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး အဟန့်အတားဆိုတာကို ဘယ်လိုလုပ်ပြီး သိလဲ” ဟန်ကျွယ်ဟာ ပြန်လှည့်ပြီး ချူရှီရန်ကို စိုက်ကြည့်ကာ မေးလိုက်ပါတယ်။
ချူရှီရန်က ဖြေပါတယ် “စွမ်းအားက မတရားမှုကို ကိုယ်စားပြုတယ်၊ သေမျိုးတွေရဲ့ အကြီးမားဆုံးစွမ်းအားက ဧကရာဇ်ရဲ့အာဏာပဲ၊ လောကမှာ အကြီးမားဆုံးစွမ်းအားက ကျင့်ကြံမှုပဲ၊ လောကလူတိုင်းသာ သေမျိုးတွေဆိုရင် ကျင့်ကြံမှုနောက်ကို လိုက်စရာမလိုဘူး၊ လူတိုင်းသာ ညီတူမျှတူဆိုရင် အင်အားကွာခြားတာ ဘယ်လိုလုပ်ပြီး ရှိနိုင်တော့မှာလဲ”
ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းပြောသလို လူတိုင်းက သေမျိုးတွေပဲ ထားပါတော့၊ လောကမှာ တစ်ချို့လူတွေက ခန္ဓာကိုယ်မပြည့်စုံဘဲ မွေးဖွားလာတဲ့အတွက် သာမန်လူတွေရဲ့ ပျော်ရွှင်မှုမျိုးကို မခံစားရဘူး၊ လောကကြီးက သူတို့အတွက် တရားလို့လား၊ မင်းက တိုက်ခိုက်ခြင်းမရှိတဲ့ လောကကို ရှာနေတာလား ဒါမှမဟုတ် လူတိုင်းပျော်ရွှင်ရယ်မောတဲ့ သုခဘုံကို ရှာနေတာလား”
ချူရှီရန်ဟာ မှင်သက်သွားပြီး အလိုလို ပြန်ဖြေမိလိုက်ပါတယ် “လူတိုင်းပျော်ရွှင်ရယ်မောကြတဲ့ သုခဘုံပေါ့”
“ထာဝရအသက်ရှင်ချင်တဲ့ လူတွေက အမြဲတမ်းရှိတယ်၊ ထာဝရအသက်မရှင်ဘူးဆိုရင် သူတို့ရယ်နိုင်မှာ မဟုတ်ဘူး၊ မင်းက အဲဒီလိုလူတွေကို ဘယ်လိုပြောင်းလဲမှာလဲ”
ဟန်ကျွယ်က ဆက်မေးပါတယ်။ တစ်ခြားသူတွေကလည်း သေသေချာချာ နားထောင်ရင်း ဟန်ကျွယ်ရဲ့ တာအိုနှလုံးသားကို စကားလုံးတွေကနေ တစ်ဆင့် ခံစားလိုက်ကြရပါတယ်။
ချူရှီရန်က ပြောလိုက်ပါတယ် “ကျွန်တော်က သူတို့ကို တစ်ခြားပုံစံနဲ့ ပျော်ရွှင်ဖို့ ဦးဆောင်ပေးမယ်”
“ဘာကို မူတည်ပြီးတော့လဲ”
ဆရာဘိုးဘိုးက ဘာကိုဆိုလိုချင်တာလဲ”
“မင်းမှာ ဘာရှိလို့ တစ်ခြားသူတွေရဲ့ ရည်မှန်းချက်ကို ပြောင်းလဲခွင့်ရှိတာလဲ၊ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ၊ မင်း အဲဒီလိုလုပ်မယ်ဆိုရင် မင်းကို အနိုင်ကျင့်ချင်တဲ့လူတွေ မကောင်းမှုလုပ်တဲ့လူတွေမှာလည်း အဲဒီလိုလုပ်ဖို့ အခွင့်အရေး မရှိသွားဘူးလား”
“ဘာဖြစ်လို့လဲဆိုတာ သူတို့က မှားလို့လေ”
“သူတို့က မှားတယ်လို့ မင်းက ဘာကြောင့် ပြောနိုင်ရတာလဲ၊ အဲဒါက မင်းအမြင်မဟုတ်ဘူးလား၊ မဟုတ်ရင် ကောင်းကင်တာအိုက သူတို့တွေ မှားနေတယ်လို့ မင်းကို လာပြောလို့လား၊ အကျဉ်းချုပ်လိုက်ရင် မင်းက လောကကြီးကို မင်းစကား နားထောင်ချင်တာပဲ၊ လောကကြီးကို မင်းလိုချင်တဲ့ပုံစံဖြစ်အောင် ပုံသွင်းချင်နေတာပဲ”
“ကျွန်တော် ပုံမသွင်းပါဘူး”
“တကယ်တော့ မင်းတွေးတာ မမှားပါဘူး”
ဟန်ကျွယ်ဟာ လေသံပြောင်းလိုက်ပြီး ထူဆန်းစွာ ပြုံးလိုက်ပါတယ်။
ချူရှီရန်ဟာ မှင်သက်သွားပါတယ်။ ချူရှီရန်ဟာ ဟန်ကျွယ်က သူ့ကို ဆူပူကြိမ်းမောင်းတော့မယ်ဆိုပြီး တွေးထားတာပါ။ အခုတော့ အပြောင်းအလဲက အရမ်းမြန်ဆန်လွန်းပါတယ်။
“မင်းရဲ့ ကျင့်ကြံမှုက စွမ်းအားအကြီးဆုံးဆိုရင် မင်းလိုချင်တဲ့ လောကမျိုးကို ဖန်တီးနိုင်လိမ့်မယ်”
ချူရှီရန်ဟာ တိတ်ဆိတ်သွားပါတယ်။
“မင်းမှာ သာမန်ပါရမီရှင်တွေ လိုက်မမီတဲ့ အရည်အချင်းရှိတယ်၊ ကျင့်ကြံတာနဲ့ တစ်ခြားသူတွေကို ဖျောင်းဖျရတာ ဘယ်ဟာက ပိုလွယ်လဲ၊ မင်းမှာ အသက် ၂၀၀ တောင် မကျန်တော့ဘူး၊ ဒီနှစ်လေးအတွင်းမှာ မင်းမှာ လူဘယ်နှယောက်ကို ဖျောင်းဖျနိုင်မှာလဲ”
ဟန်ကျွယ်ရဲ့ စကားလုံးတွေဟာ ချူရှီရန်ရဲ့ နှလုံးသားထဲကို ဓားထက်ထက်နဲ့ ထိုးစိုက်လိုက်သလိုပါပဲ။ ချူရှီရန်ဟာ ကျင့်ကြံသူအများကြီးကို ဖျောင်းဖျခဲ့ပေမဲ့ ဘယ်သူမှ လက်မခံခဲ့ပါဘူး။
ဟန်ကျွယ်က ရုတ်တရက် မေးလိုက်ပါတယ် “မင်းက ဗုဒ္ဓလမ်းစဉ်လား တာအိုလမ်းစဉ်လား”
သေမျိုးကမ္ဘာရဲ့ ကျင့်ကြံမှုဟာ တာအိုလမ်းစဉ်ကို အဓိကထားတာပါ။ ဗုဒ္ဓလမ်းစဉ် ကျင့်ကြံမှု ပညာရပ်တွေက အလွန်ရှားပါပြီး မရှိတော့ဘူးလို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဂိုဏ်းက သေမျိုးတွေကြားမှာ အရမ်းကျော်ကြားပါတယ်။ ပြည်ထောင်အများစုရဲ့ သေမျိုးတွေက ဗုဒ္ဓဂိုဏ်းဝင်တွေပါ။
ချူရှီရန်က ပြန်ဖြေပါတယ် “ကျွန်တော်က တာအိုလမ်းစဉ်ကို လိုက်တာပေါ့၊ ကျွန်တော်က မဟာကရုဏာတာအိုနောက်ကို လိုက်ပြီး လောကကြီးက ပင်ကိုယ်အားဖြင့် ကောင်းမွန်တယ်လို့ ယုံကြည်တယ်”
ဟန်ကျွယ်ဟာ အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “မင်း ဒီလိုဆက်နေနိုင်ဖို့ ငါမျှော်လင့်ပါတယ်”
“ကျွန်တော်က ပြောင်းလဲမှာ မဟုတ်ပါဘူး၊ အဲဒီလိုမဟုတ်ခဲ့ရင် ကျွန်တော်ရဲ့ အရိုးတွေ လောင်ကျွမ်းပြီး ပြာအတိဖြစ်ပါစေ၊ ကျွန်တော့်ရဲ့ ဝိညာဉ်က လွှင့်ပါးပျောက်ကွယ်ပြီး ဘယ်တော့ ပြန်လည်မမွေးဖွားရပါစေနဲ့” ချူရှီရှန်ဟာ ပြတ်သားတဲ့မျက်နှာနဲ့ ကတိပေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဗုဒ္ဓဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို မသိတာကြောင့် ဘာမှမပြောတော့ဘဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်သွားပါတယ်။ ဝူတောက်ကျန့်ကလည်း ဟန်ကျွယ်နောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားပါတယ်။
ရန်ထျန်တုန်းဟာ ချူရှီရန်ဟာ ဘေးခေါ်ပြီး သင်ခန်းစာပေးပါတယ်။
ကြောင်တောင်တောင် ဖြစ်နေတဲ့ ချူရှီရန်ဟာ ဟန်ကျွယ်စကားကို တွေးတောလိုက်ပါတယ်။
‘ငါလိုချင်တာ တကယ်ရော မှန်ရဲ့လား၊ လောကကြီးကို ကျင့်ကြံတာ စွန့်လွှတ်ချင်ရင် ငါက အရင်ဆုံးကျင့်ကြံရမယ်၊ စွမ်းအားအကြီးဆုံးဖြစ်လာမှ လောကကြီးကို ပြောင်းလဲရမှာလား၊ ဘာဖြစ်လို့လဲ’
‘ဒီလိုဆိုရင် ငါက တကယ်ကြီး ကြောင်သူတော် ဖြစ်သွားမှာပဲ’ ချူရှီရန်ဟာ လုံးဝရှုပ်ထွေးသွားပါတယ်။
နောက်ထပ် ဆယ်နှစ်အတွင်းမှာပဲ ရွှေကျီးကန်းနှစ်ကောင်ဟာ မြေလျှောက်အမတအဆင့်ကို တစ်ကောင်ပြီးတစ်ကောင် ထိုးဖောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ရွှေကျီးကန်းနှစ်ကောင်ကို ဝီရိယတောင်ကနေ အပြင်မထွက်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ဒီလိုမဟုတ်ဘဲ အပြင်ခိုးထွက်ရင်တောင် ကောင်းကင်တာအိုရဲ့ နှင်ထုတ်ခြင်းကို ခံရမှာပါ။
တစ်ခြားသူတွေကလည်း ဝီရိယတောင်က ကောင်းကင်တာအိုကို ဘာလို့တားဆီးနိုင်လဲဆိုတာ သိချင်သွားပါတယ်။
ဒီဆယ်နှစ်အတွင်းမှာ ချူရှီရန်ဟာ မကျင့်ကြံပါဘူး။ ဖူစန်းသစ်ပင်အောက်မှာ ထိုင်ရာမထဘဲ တစ်စုံတစ်ခုကို တွေးတောနေပါတယ်။
ဟန်ကျွယ်ကတော့ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ပေမဲ့ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ အလယ်အဆင့်နဲ့ အလှမ်းဝေးနေပါသေးတယ်။ ဒါပေမဲ့ အဆင့်တက်ဖို့ ဟန်ကျွယ် ကျင့်ကြံနေတာ နှစ် ၂၀ ကျော်သွားပါပြီ။
ကောင်းကင်အမတအဆင့်ကို ကျင့်ကြံရတာက မြေအမတအဆင့်ထက် အများကြီး ပိုခက်ပါတယ်။ ဒီအဆင့်နှစ်ခုရဲ့ ခြားနားချက်ကို မိုးနဲ့မြေလိုပါပဲ။
ဒါကြောင့်လည်း ကျန်းကူရှင်းက အမတကမ္ဘာမှာ လျှောက်လည်မယ်ဆိုရင် မဟာညီညွှတ်မှု ကောင်းကင်အမတဖြစ်လာရင် အကောင်းဆုံးပဲလို့ ပြောတာပါ။ မဟာညီညွှတ်မှု ကောင်းကင်အမတအဆင့်အောက်မှာ အကုန်လုံးက ပုရွတ်ဆိတ်ပါပဲ။ တကယ်တော့ ကောင်းကင်အမတကလည်း နည်နည်းကြီးတဲ့ ပုရွက်ဆိတ်သာသာပါ။
ဟန်ကျွယ်ဟာ အမတဧကရာဇ်ကို ရှန်စစ်သူကြီးက သတ်လိုက်တာ သိထားတဲ့အတွက် တစ်နေ့ကျလို့ သူ အမတဧကရာဇ်ဖြစ်လာရင်တောင် စိတ်လိုက်မာန်ပါ လုပ်လို့မရဘူးလို့ တွေးမိလိုက်ပါတယ်။ ဒီအပြင် ဒီလောက်အထင်ကြီးဖို့ကောင်းတဲ့ ရှန်စစ်သူကြီးတောင် ရန်သူထောင်ချောက်ထဲကျပြီး ပိတ်မိနေပါသေးတယ်။ ကောင်းကင်ဘဝဂ် ရွှေအမတအဆင့်ကိုပဲ ရောက်မှပဲ အကုန်လုံးထက် တကယ်သာလွန်သွားလိမ့်မယ်လို့ ဟန်ကျွယ် တွေးမိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စိတ်ပြေလက်ပျောက်အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့တစ်ဘဝလုံး ကျင့်ကြံနေတာ ဖြစ်တဲ့အတွက် အပန်းဖြေဖို့ လိုအပ်ပါတယ်။ ဟန်ကျွယ်ရဲ့ အပန်းဖြေနည်းလမ်းကတော့ ကြမ္မာဆိုးစာအုပ်ပါပဲ။
ဟန်ကျွယ်ဟာ ပထမဦးဆုံး ယုတ်မာနတ်ဆိုးသူတော်စင်ကို ကျိန်စာတိုက်ပါတယ်။ ပြီးတော့မှာ တစ်ခြားသူတွေကို ကျိန်စာဆက်တိုက်ပါတယ်။
လေးငါးခြောက်လ အကြာမှာတော့ ရှင်းဟုန်ရွှမ် ပြန်ရောက်လာပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ပြန်ရောက်ရောက်ချင်းပဲ ဟန်ကျွယ်ကို လာရှာပါတယ်။
ဟန်ကျွယ်ဟာ အလိုက်တသိနဲ့ ဝူတောက်ကျန့်ကို အပြင်နှင်တာကြောင့် စိတ်ဝိညာဉ်မြက်ပင်ကို တော်တော်လေး မကျေမနပ် ဖြစ်သွားစေပါတယ်။
“ငါ့ရဲ့ စီနီယာအစ်မရော...” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ချန်ယွီအာသာ ပြန်လာရင် ဟန်ကျွယ်ကို ကျိန်းသေပေါက် လာတွေ့မှာပါ။ ရှင်းဟုန်ရွှမ်က ပြန်ဖြေလိုက်ပါတယ် “ကျွန်မတို့တွေ ရန်ဒေသကို ရောက်တော့ လမ်းခွဲလိုက်ကြတယ်၊ သူပြောတာတော့ မွေးရပ်မြေကို ပြန်သွားအုန်းမယ်တဲ့”
“သူ့မှာ မွေးရပ်မြေ ရှိတာလား”
“ဘယ်သူ သိမှာလဲ၊ သူ့ကိစ္စကို ဘေးဖယ်ထားလိုက်ရအောင်၊ ယောက်ျား... ကြည့်ပါအုန်း၊ ဒါက ဘာရတနာလဲ” ရှင်းဟုန်ရွှမ်ဟာ ညလက်ကို ဖြန့်လိုက်ပြီး အနီရောင် ကျောက်တုံးတစ်တုံးကိုပြကာ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ အနီရောင်ကျောက်တုံးကို ယူပြီး ကြည့်လိုက်ပါတယ်။ ဒီကျောက်တုံးက အနီရောင် ဖြစ်နေတာကလွဲရင် သာမန်ကျောက်တုံးတစ်တုံးလိုပါပဲ။
ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒီကျောက်တုံးနီထဲမှာ ထူးဆန်းတဲ့ရောင်ဝါတစ်ခု ရှိနေတာကို ရှာတွေ့သွားပါတယ်။ ဒါပေမဲ့လည်း ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတအဆင့်ရှိနေပြီဖြစ်တဲ့ ဟန်ကျွယ်ဟာ ဒီဟာကို ထိုးဖောက်မမြင်နိုင်ပါဘူး။
‘နောက်ထပ်ရတနာလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ အတော်လေး အံဩသွားပါတယ် ‘ဒီကောင်မလေးက တော်တော် ကံကောင်းတာပဲ’
ဟန်ကျွယ်က ဂရုတစိုက် မေးလိုက်ပါတယ် “မင်း ဒီကျောက်တုံးကို ဘယ်ကနေ ရှာတွေ့လာတာလဲ”
ရှင်းဟုန်ရွှမ်ဟာ ပြန်ဖြေပါတယ် “ကောင်းကင်ပေါ်ကနေ ကျွန်မတည့်တည့်ကို ပြုတ်ကျလာတာ၊ ကံကောင်းလို့ ကျွန်မခေါင်းပေါ် မကျတယ်၊ ကျွန်မကြည့်ကြည့်တော့ ဘာမှထူးဆန်းတာ မတွေ့ရဘူး၊ ဒါပေမဲ့ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ ကျောက်တုံးက ဘယ်လိုလုပ်ပြီး ရိုးစင်းနိုင်မှာလဲ... ဟုတ်တယ်မလား”
‘ကောင်းကင်ကနေ ထပ်ပြီးတော့ ပြုတ်ကျလာတာလား... ကောင်းကင်လွှဲကျောက်တုံးတုန်းကလည်း ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာပဲ’ ဟန်ကျွယ်ဟာ ဒီဖြစ်ရပ်နှစ်ခုက တိုက်ဆိုင်မှုလို့ မယုံကြည်ပါဘူး။ သေချာပေါက် အကြောင်းအရင်းတစ်ခုခု ရှိရမှာပါ။ ကြည့်ရတာ မျက်လုံးတစ်စုံက တစ်နေရာရာနေ သူ့ကို စောင့်ကြည့်နေပုံပါပဲ။
“ဒီအကြောင်းကို ဆက်မတွေးတော့နဲ့၊ ယောက်ျားနဲ့ မတွေ့ရတာကြာပြီဆိုတော့ မိန်းမ အရမ်းသတိရနေတာ” ရှင်းဟုန်ရွှမ်ဟာ ပြုံးလိုက်ပြီး ဟန်ကျွယ်ရဲ့ အဝတ်အစားတွေကို ကူချွတ်ပေးပါတယ်။
ဟန်ကျွယ်ဟာ မတတ်သာဘဲ သက်ပြင်းချလိုက်ပါတယ် “ဒီလောက်တောင်လား”
“အင်း.. မိန်းမက ယောက်ျားကို နေ့တိုင်းသတိရနေတာ”
“ငါ့ ကောင်းကင်ရုပ်သေးရုပ်ကို မထိဘူးလား”
“ခစ်... မိန်းမက စကားပဲ ပြောတာပါ၊ ထူးထူးဆန်းဆန်းတွေ မလုပ်ပါဘူး၊ ဒီနေ့ ဂိမ်းအသစ် ကစားရအောင်”
“ဘယ်လိုဂိမ်းမျိုးလဲ”
“ငါ့စကားနားထောင်”
တစ်လကြာတဲ့အခါမှာတော့ ရှင်းဟုန်ရွှမ်ဟာ ကျေနပ်စွာ ထွက်ခွာသွားပါတယ်။
ဝူတောက်ကျန့်ဟာ ရှင်းဟုန်ရွှမ်ထွက်သွားတာကို အံကြိတ်ပြီး ကြည့်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝူတောက်ကျန့်ဟာ ရှင်းဟုန်ရွှမ်ရဲ့ ခန္ဓာကိုယ်ကနေ အလွန်ပြင်းထန်တဲ့ ဟန်ကျွယ်ရဲ့ရနံ့ကို ခံစားလိုက်ရလို့ပါပဲ။
ဝူတောက်ကျန့်ဟာ သူ့ဘဝကိုတောင် သံသယဝင်လာပါတယ် ‘ငါက သခင်ကို နေ့တိုင်း အဖော်ပြုနေတာတောင် ဘာဖြစ်လို့ သခင်နဲ့ ဒီကောင်မလောက် မနီးစပ်နိုင်ရတာလဲ၊ ဒီကောင်မ ပြန်လာတာနဲ့ ငါက ချက်ချင်းကို အပြင်ထုတ်ခံရတာပဲ...’
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ ကျောက်တုံးနီကို ညာလက်ပေါ်တင်ပြီး ဘယ်လက်ပေါ်က ကောင်းကင်လွှဲကျောက်တုံးနဲ့ နှိုင်းယှဉ်ကြည့်နေပါတယ်။ အချိန်အတန်ကြာ ကြည့်ပေမဲ့ ကျောက်တုံးနီက ဘာလဲဆိုတာကို ဟန်ကျွယ် နားမလည်ပါဘူး။အဲဒါကြောင့် ဟန်ကျွယ်ဟာ တွေးတောတာရပ်ပြီး စတင်ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ် ကျင့်ကြံမှုအဆင့်မြင့်လာရင် ကျောက်တုံးနီကို ထိုးဖောက်ပြီး မြင်ချင် မြင်နိုင်မှာပါ။
သုံးနှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေတုန်း သူ့သိစိတ်ကို လာဆွဲတဲ့ အင်အားတစ်ခုကို ခံစားလိုက်ရပါတယ်။ ဒီအင်အားကို သိပ်ပြီးမပြင်းထန်ပေမဲ့ ဟန်ကျွယ်ဟာ ဒီအင်အားကို မှတ်မိနေပါသေးတယ်။
ချီယွင်ရှန်း။
ဟန်ကျွယ်ဟာ စိတ်လျှော့ချလိုက်ပြီး သူ့သိစိတ်ကို ချီယွင်ရှန်းရဲ့ အင်အားခေါ်ဆောင်တဲ့ ကျယ်ပြောတဲ့ ကြယ်တာရာကောင်းကင်ဆီ လိုက်ပါခွင့် ပြုလိုက်ပါတယ်။
ချီယွင်ရှန်းဟာ မဟာညီညွှတ်မှု ကောင်းကင်အမတ ကနဦးအဆင့်မှာပါ။ ဟန်ကျွယ်ကလည်း ဒီအဆင့်ကို ရောက်နေပါပြီ။ ဒါပေမဲ့ စွမ်းအားချင်းယှဉ်ရင်တော့ ဟန်ကျွယ်က ချီယွင်ရှန်းထက် ပိုပြီးတော့ စွမ်းအားကြီးပါတယ်။
ချီယွင်ရှန်းကို ထပ်မြင်လိုက်ရတဲ့ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ အရင်တုန်းက ဟန်ကျွယ်ဟာ ချီယွင်ရှန်းက အရမ်းစွမ်းအားကြီးပြီး မြင့်မြတ်တယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ဘာမှကို မခံစားရတော့ပါဘူး။
စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။