← Chapters

အခန်း ၆၉၇

Vol. 47 Ch. 697

အခန်း ၆၉၇

Vol. 47 Ch. 697

အပိုင်း ၆၉၇ : ရင်းနှီးနေသော ခံစားချက်

လူဝကြီးက မောက်မာခက်ထန်စွာ ဆိုလာလေသည်။

"ဟွန့်... မင်းလို ငမွဲကောင်ကများ ဟန်ရေးပြနေသေးတယ်။ ငါ့ကားက ဘယ်လောက်တန်လဲ မင်းသိလား။ သုံးသိန်းတောင် တန်တာ။ ငါဘယ်သူလဲဆိုတာရော မင်းသိလား။ ငါက ရီတာ့လုပ်ငန်းစုက ဌာနမန်နေဂျာကွ"

ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်၏။

"သုံးသိန်းဆိုတာ အဲဒီလောက်တောင် ဈေးကြီးလို့လား"

ယဲ့ချန်း၏စကားကို ကြားသောအခါ လူဝကြီးက အထင်သေးသလို ရယ်မောလိုက်သည်။

"သုံးသိန်းက ဈေးမကြီးဘူးလား။ မင်းလို ငမွဲကောင်က အခုထိတောင် ဟန်ဆောင်နေတုန်းပဲ"

ယဲ့ချန်းက ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။

"ကျွန်တော့်ကားက ခင်ဗျားကားထက် ပိုဈေးကြီးနေရင် ဘယ်လိုလုပ်မလဲ"

လူဝကြီးက နှာမှုတ်လိုက်ချေသည်။

"မင်းရဲ့ကားက ငါ့ကားထက် ပိုဈေးကြီးတယ်ဆိုရင် ငါ မင်းဆီက လျော်ကြေးမတောင်းတဲ့အပြင် ငါရှုံးကြောင်းပါ ဝန်ခံလိုက်မယ်"

ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ... ခင်ဗျား ပြောပြီးပြီနော်။ နောက်မှ နောင်တမရနဲ့"

ဘေးနားရှိ ရွှေဝါရောင်ဆံပင်ပိုင်ရှင် အလှလေးက ဝင်ပြောလေသည်။

"ယဲ့ချန်း... ထားလိုက်ပါတော့။ ကျွန်မ လျော်ပေးပါ့မယ်"

ထိုအလှလေး၏အမြင်တွင် ယဲ့ချန်းက အလွန်ချောမောသော်လည်း ပစ္စည်းပို့သမားတစ်ယောက်သာ ဖြစ်၏။ သူ့အနေနှင့် ကားလျော်ကြေးကို ဘယ်ပေးနိုင်မည်နည်း။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။

"စိတ်မပူပါနဲ့"

ထိုသို့ပြောရင်း မလှမ်းမကမ်းရှိ ကူလီနန်ကားတစ်စီးကို လက်ညှိုးထိုးပြ၍ မေးလိုက်၏။

"ဟိုကားက ခင်ဗျားကားထက် ပိုဈေးကြီးမယ်ထင်လား"

လူဝကြီးမှာ ခဏမျှ ကြောင်အသွားသည်။

"ဒါပေါ့.. အဲဒါ ကူလီနန်လေ။ ဒါပေမဲ့ အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"သေချာပေါက် ဆိုင်တာပေါ့။ ဆိုင်ရုံတင်မကဘူး။ အဲဒါ ကျွန်တော့်ကားပဲ"

ယဲ့ချန်း၏စကားကိုကြားသော် လူဝကြီးမှာ အော်ဟစ်ရယ်မောလိုက်လေတော့သည်။

"ဟားဟား... မင်းကတော့ ငါ့ကို ရယ်သေအောင် လုပ်နေတာပဲ။ မင်းက အဲဒီကားကို မင်းရဲ့ကားပါလို့ တကယ်ပြောရဲတာပဲလား။ ငမွဲချောပို့သမားက ကူလီနန်ကို မောင်းတယ်တဲ့လား"

ရွှေဝါရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးကလည်း အနည်းငယ် စိုးရိမ်လာသည်။

ဤလူငယ်လေး လေလုံးထွားသည်မှာ အနည်းငယ်လွန်သွားလေပြီ။

ကူလီနန်တစ်စီးက အနည်းဆုံး ယွမ်သန်းဂဏန်းတန်သည်။ တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်သည့် ယဲ့ချန်းက ဘယ်လိုလုပ်ပြီး ဝယ်နိုင်မည်နည်း။

လူဝကြီးက ပြောလိုက်သည်။

"အဲဒီကားကသာ မင်းကားဆိုရင် မင်းကို ငါ အဖေလို့ ခေါ်မယ်။ မဟုတ်လို့ကတော့ မင်း ငါ့ကို အဖေလို့ခေါ်ရမယ်။ သဘောတူလား"

ရွှေဝါရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးလေးက အမြန်ဝင်ပြောလိုက်၏။

"သဘောမတူလိုက်နဲ့နော်"

ယဲ့ချန်းက ခပ်ဟဟပြုံးလိုက်လေသည်။

"ပြဿနာမရှိပါဘူး။ တစ်ယောက်ယောက်က သားဖြစ်ချင်နေတယ်ဆိုရင်လည်း သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရတာပေါ့။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကိုရော သူ့ကိုပါ အဖေနဲ့အမေလို့ ခေါ်ရမယ်"

လူဝကြီးက လှောင်ပြုံးပြုံးလိုက်၏။

"ရတာပေါ့... အဲဒီကားက မင်းကားဆိုတာကို ဘယ်လိုသက်သေပြမလဲ"

ယဲ့ချန်းက သော့တစ်ချောင်း ထုတ်လိုက်သည်။

"ဒါကို မြင်လား။ ကူလီနန်ကားသော့လေ"

လူဝကြီးက သော့ကို တစ်ချက်ကြည့်ပြီးနောက် ခဏတာ ဆွံ့အသွားသည်။

သို့သော် မာနထောင်လွှားသည့် မျက်နှာထားဖြင့် ပြောလိုက်ပြန်သည်။

"ဟေ့ကောင်... ဒီကားသော့တွေက လမ်းဘေးမှာ ဆယ်ယွမ်ပေးရင် ရတယ်။ မင်းက ငါ့ကိုလိမ်လို့ရမယ်များ ထင်နေလား"

ယဲ့ချန်းလည်း သက်ပြင်းချပြီး ကားသော့ကို ခပ်ဖွဖွ နှိပ်လိုက်သည်။

ကူလီနန်၏ ရှေ့မီးသီးများ တစ်ချက်လင်းလက်သွားသည်။ ထို့နောက် ယဲ့ချန်းက ကားရှေ့သို့ လျှောက်သွားပြီး တံခါးဖွင့်ကာ လူဝကြီးကို လှောင်ပြောင်လေဟန် အကြည့်ဖြင့် ကြည့်လိုက်သည်။

"အခု ကျွန်တော်က ဒီကားပိုင်ရှင်ဆိုတာ သက်သေပြနိုင်ပြီလား"

လူဝကြီးမှာ ချက်ချင်းပင် ဆွံ့အသွားတော့သည်။

ပစ္စည်းပို့သမားတစ်ယောက်က ကူလီနန်ကားကို တကယ်မောင်းလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပစ္စည်းပို့သမားတစ်ယောက်က ဒီလိုဈေးကြီးတဲ့ကားကို ဘယ်လိုလုပ်ဝယ်နိုင်မှာလဲ"

ယဲ့ချန်းကလည်း လှောင်ပြုံးပြုံးလိုက်သည်။

"အဆင့်မြင့်ဇိမ်ခံကားမောင်းပြီး အစားအသောက် လိုက်ပို့လို့ မရဘူးလို့ ဘယ်သူပြောလဲ"

ရွှေဝါရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးလည်း ကြက်သေသေသွားသည်။

ချောမောလှသော ဤပစ္စည်းပို့သမားလေးက တကယ်တမ်းတွင် ချမ်းသာလှသော သူဌေးကြီးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ(မ) လုံးဝမထင်ထားပေ။

လူဝကြီးမှာ လုံးဝအံ့သြမှင်တက်နေတော့သည်။

ကူလီနန်ကားကို မောင်းနိုင်တယ်ဆိုမှတော့ ဒီလူက သာမန်အဆင့်အတန်းမျိုးတော့ မဖြစ်နိုင်ပေ။

ယဲ့ချန်းက ခပ်အေးအေးပင် ပြောလိုက်၏။

"ခုနက ခင်ဗျားပြောခဲ့တဲ့စကားကို မှတ်မိသေးတယ်မဟုတ်လား"

"ငါ..."

လူဝကြီး၏ မျက်နှာကား အပျက်ပျက်အယွင်းယွင်း ဖြစ်သွားလေသည်။

ယဲ့ချန်းကမူ အေးစက်စက် နှာမှုတ်လိုက်သည်။

"ဒါနဲ့ ခင်ဗျားက ရီတာ့လုပ်ငန်းစုကမလား။ ကျွန်တော်က ယဲ့ချန်းပဲ။ ခင်ဗျား ကျွန်တော့်ကို သိလောက်မှာပါ"

"ဘာ? ယဲ့ချန်းလား"

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် လူဝကြီး၏ အမူအရာကား ရုတ်တရက် ပြောင်းလဲသွားသည်။

ယဲ့ချန်းက ရီတာ့လုပ်ငန်းစု၏ ဒုတိယအကြီးဆုံး ရှယ်ယာရှင်ဖြစ်၏။ သူ့ကို တစ်ခါမှမမြင်ဖူးသော်လည်း ထိုနာမည်ကတော့ ဒဏ္ဍာရီတစ်ခုလို ကျော်ကြားလှသည်။

ယဲ့ချန်းက ဘဝအတွေ့အကြုံရရန်အတွက် တက္ကစီမောင်းနေသည်ဟု အခြားလူများ ပြောကြသည်ကို သူ ကြားဖူးသော်လည်း ယခုမူ ထိုလူက ပါဆယ်လိုက်ပို့နေပြန်သည်။

လူဝကြီးမှာ လုံးဝကြက်သေသေနေတော့သည်။

ဤတစ်ခေါက်တော့ သူ မထင်မှတ်ဘဲ ဒိတ်ဒိတ်ကြဲတစ်ယောက်ကို ရန်စမိသွားလေပြီ။

ရွှေဝါရောင်ဆံပင်ပိုင်ရှင်ဘအမျိုးသမီးကလည်း ရယ်မောလိုက်လေသည်။

"ဟားဟား... ရှင်ရှုံးသွားပြီ။ အခု ရှင် ဘယ်လိုခေါ်ရမလဲဆိုတာ သိတယ်မလား"

လူဝကြီးခမျာ မျက်နှာပျက်သွားပြီး ယဲ့ချန်းကို ကြည့်လိုက်သည်။

သူသည် အာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပင်။ ထိုလူ့ထံက စကားတစ်ခွန်းတည်းနှင့် သူ အလုပ်ပြုတ်သွားနိုင်သည်။

သူ့ခမျာ အံတင်းတင်းကြိတ်၍ မခေါ်ချင်သော်လည်း အောင့်သက်သက်ဖြင့် ခေါ်လိုက်သည်။

"အဖေ"

ယဲ့ချန်းမှာ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က သူ့ကို အဖေဟု ခေါ်နေသည်ကို ကြည့်ကာ ဘာပြောရမှန်းပင် မသိတော့ပေ။

ထိုအခိုက်ဝယ် ထိုလူဝကြီးက ရွှေဝါရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးဘက်သို့ လှည့်ကြည့်လိုက်ပြန်သည်။

"အမေ"

ဖွီး။

ယဲ့ချန်းမှာ သွေးပုပ်များပင် အန်ထွက်တော့မတတ် ဖြစ်သွားသည်။

ရွှေဝါရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးလည်း မျက်နှာတစ်ခုလုံး ရဲတွတ်သွားတော့သည်။

သို့သော် အကြောင်းအရင်းကို မသိရပါဘဲ သူ(မ) အလွန်တရာ ကျေနပ်နေမိသည်။

ယဲ့ချန်းက လက်ကာပြလိုက်သည်။

"ကဲ... ခင်ဗျား သွားလို့ရပြီ"

လူဝကြီးမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို ခံစားလိုက်ရသဖြင့် ယဲ့ချန်းကို အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဥက္ကဋ္ဌယဲ့... သဘောထားကြီးပေးလို့ ကျေးဇူးတင်ပါတယ်"

လူဝကြီး အရှက်တကွဲဖြင့် ထွက်သွားသည်ကို ကြည့်ပြီးနောက် ထိုအမျိုးသမီးက ကျေးဇူးတင်စကားဆိုလာလေသည်။

"မစ္စတာယဲ့... ကျေးဇူးတင်ပါတယ်။ ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မ ဒီလူ့ဆီမှာ အလိမ်ခံရတော့မှာ"

ယဲ့ချန်းကမူ လက်ယမ်းပြလိုက်၏။

"ဟားဟား... ယောက်ျားတွေက မိန်းမတွေကို အနိုင်ကျင့်နေတာမျိုး ကြည့်မနေနိုင်လို့ပါ။ ကိစ္စမရှိပါဘူး"

"လူချောလေး... ရှင့်ရဲ့ဝီချက်အကောင့်လေး ရနိုင်မလား။ ကျွန်မနာမည်က ရှဲ့ယင်ပါ။ တစ်ရက်ရက်ကျရင် ရှင့်ကို ညစာဝယ်ကျွေးပါရစေ"

"မင်းက ရှဲ့ယင်လား။ ဒါဆို ဒီပါဆယ်ထုပ်က မင်းအတွက်ပဲ"

အလှလေးမှာ အံ့သြသွားလေသည်။ အစကတော့ ယဲ့ချန်းက အမြန်ချောပို့ယူနီဖောင်းဝတ်ပြီး ဟန်ဆောင်နေသည်ဟု သူ(မ) ထင်လိုက်သော်လည်း သူသည် အမှန်တကယ် ပါဆယ်လိုက်ပို့နေချေသည်။

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်... ကျွန်မက ရှဲ့ယင်ပါ"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပါပြီ။ ပါဆယ်ပို့ပြီးပြီဆိုတော့ ကျွန်တော့်ကို သုံးသပ်ချက်ကောင်းကောင်းလေးပေးဖို့ မမေ့နဲ့ဦးနော်"

"အင်း... လူချောလေး... ရှင့်ကို ဝီချက်ကနေ အပ်လို့ ရမလား"

သူ(မ)၏ ရုပ်ရည်ရမှတ်က ၉၇မှတ်အထိ ရှိနေသည်ဖြစ်ရာ ယဲ့ချန်းလည်း သူ(မ)ကို ဝီချက် တွင် လက်ခံလိုက်သည်။

ယဲ့ချန်း၏ ကျောပြင်ကို ကြည့်ရင်း ရွှေအိုရောင်ဆံပင်ပိုင်ရှင် အလှလေးက အလားအလာရှိပြီး ချမ်းသာသော ခင်ပွန်းလောင်းကို ရအောင် ယူရမည်ဟု သူ(မ)၏စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။

ယဲ့ချန်း ကားစက်နှိုးလိုက်သည်နှင့် ရုတ်တရက် စနစ်၏မြည်သံ ထွက်ပေါ်လာသည်။

"ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ စနစ်ရဲ့ဆုလာဘ် အသက်ဝင်သွားပါပြီ... ပိုင်ရှင်အနေနဲ့ မက်မွန်ပွင့်ကတ်တစ်ကတ် ရရှိပါတယ်"

မက်မွန်ပွင့်ကတ်ပြားလား။

ယဲ့ချန်းမှာ ခဏတာ ကြောင်အသွားသည်။

ထိုအရာကို နှိပ်ပြီးနောက် မက်မွန်ပွင့်ကတ်ပြားကို အသက်သွင်းလိုက်ပါက ဆယ်မိနစ်အတွင်း အချစ်ရေးကံကြမ္မာကို ကောင်းမွန်စေနိုင်ကြောင်း စနစ်က အသိပေးလာသည်။

ဝိုး... ဒီလိုဆုလာဘ်မျိုးတောင် ရှိတာလား။

ယဲ့ချန်းမှာ ခဏမျှကြောင်အသွားသည်။

မက်မွန်ပွင့်ကတ်ပြားက သူ့ကို ဘယ်လိုအချစ်ရေးကံကြမ္မာများ ယူဆောင်လာပေးမလဲဆိုသည်ကို သူ အလွန်စပ်စုချင်မိသည်။

ယဲ့ချန်း မက်မွန်ပွင့်ကတ်ပြားကို အသက်သွင်းလိုက်သည်။

အစကတော့ ယဲ့ချန်းက သူ့ဆီကို ဖူးစာရှင်ရောက်လာမည်ကို စောင့်နေခဲ့သော်ငြား ဘာမှဖြစ်မလာခဲ့ပေ။

စနစ်... ဒါက အတုကြီးလား။

ထိုအချိန်တွင် ယဲ့ချန်း ပါဆယ်ထုပ်တစ်ခုကို ထုတ်လိုက်သည်။

ထိုအထုပ်ပေါ်ရှိ ဖုန်းနံပါတ်ကို သူ ခေါ်လိုက်သည်။

"ဟယ်လို"

ဖုန်းထဲကတစ်ဆင့် အလွန်သာယာငြိမ့်ညောင်းသော အသံလေးတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံကို ကြားလိုက်ရတော့ ယဲ့ချန်းလည်း ခဏတာ ငေးခနဲဖြစ်သွားသည်။

အဓိကအကြောင်းအရင်းမှာ ထိုအသံလေးက တေးဆိုငှက်၏ အသံအလား အလွန်နားထောင်ကောင်းနေသောကြောင့်ပင်။

ပါဆယ်အများအပြားကို ပို့ဆောင်ပြီး ဖုန်းပေါင်းများစွာ ခေါ်ခဲ့ရသည့် ယဲ့ချန်းအနေနှင့် မိန်းကလေးပေါင်းများစွာ၏ အသံကို ကြားဖူးခဲ့သော်လည်း ဤမိန်းကလေး၏အသံမှာ စင်စစ်သာယာလှပပြီး ရင်းနှီးသော ခံစားချက်မျိုး ပေးစွမ်းနေလေသည်။

ယဲ့ချန်းလည်း ပါဆယ်ထုပ်ပေါ်ရှိ နာမည်ကို တစ်ချက်ကြည့်လိုက်သည်။

"ဟယ်လို... ခင်ဗျားက 'အစားကြူးတဲ့ဝတုတ်မလေးလား"

"အာ... ရှင်က ဘယ်သူလဲ"

ထိုလူ၏အသံမှာ အလွန်တရာ စိုးရိမ်နေပုံရသည်။

"ဟုတ်တယ်။ ကျွန်မပါ။ ဆောရီးပါ... ခဏလောက် စောင့်ပေးလို့ရမလား။ ဒီမှာ အရေးကြီးကိစ္စလေးတစ်ခု ရှိနေလို့ပါ"

"ရပါတယ်"

ဖောက်သည်များတွင် ရုတ်တရက် အကြောင်းကိစ္စပေါ်လာတတ်သဖြင့် ယဲ့ချန်းအတွက် ရိုးနေချေပြီ။

သို့သော် ဤအသံကို ဘာကြောင့် အလွန်ရင်းနှီးနေရသလဲဆိုသည်ကို သူ သိချင်မိသည်။

ယဲ့ချန်း အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ အကယ်၍ သူ မြန်မြန်မလုပ်လျှင် ပါဆယ်ပို့ဖို့ အချိန်မီတော့မည် မဟုတ်ပေ။

ထို့ကြောင့် ယဲ့ချန်းက ပြောလိုက်၏။

"မိန်းကလေး... ပါဆယ်ထုပ်ကို တံခါးဝမှာပဲ ထားခဲ့လိုက်မယ်နော်။ တံခါးဖွင့်လိုက်ရင် ယူလို့ရပါပြီ။ ကျွန်တော် သွားစရာရှိသေးလို့ပါ"

ယဲ့ချန်း လှည့်ထွက်ရန် ပြင်လိုက်ချိန်မှာပင် သူ့နောက်ကျောဘက်ရှိ တံခါးက ရုတ်တရက်ပွင့်လာပြီး ကြောက်ရွံ့တုန်လှုပ်နေသည့် အသံလေးဖြင့် ဆိုလာလေသည်။

"အဲ... ပါဆယ်ထုပ်ကို အထဲယူလာပေးလို့ ရမလား"

••••••••••••••••••••••

All Chapters