← Chapters

အခန်း ၇၀၂

Vol. 47 Ch. 702

အခန်း ၇၀၂

Vol. 47 Ch. 702

အပိုင်း ၇၀၂ : ဒါက မတော်တဆဖြစ်တာပါ

ထမင်းစားသောက်ပြီးနောက် ယဲ့ချန်းနှင့် သူ့အဖွဲ့သည် စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတစ်ခုထဲမှ ပစ္စည်းပို့သမားဝတ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စု ထွက်လာသည်ကို မြင်လိုက်ရသောအခါ လမ်းသွားလမ်းလာများမှာ အံ့အားသင့်သွားကြလေသည်။

ထိုအချိန်မှာပင် မာစီတီးဘင့်ဇ်ကားတစ်စီးက ယဲ့ချန်းနားတွင် ထိုးရပ်လိုက်ပြီးနောက် လူတစ်ယောက်က ခေါင်းပြူထွက်လာသည်။

"ယဲ့ချန်း.. မတွေ့ရတာ ကြာပြီနော်"

ယဲ့ချန်း ထိုလူ့ကို ကြည့်လိုက်လေရာ အလွန်ရင်းနှီးနေသော်လည်း တစ်ခဏတော့ ဘယ်သူမှန်း မမှတ်မိချေ။

ထိုအမျိုးသားက ရယ်မောလျက် ပြောလိုက်လေသည်။

"ယဲ့ချန်းရာ.. မင်းက ငါ့ကိုတောင် မမှတ်မိဘူးလား၊ ငါက မင်းရဲ့ မူလတန်းကျောင်းနေဖက် သူငယ်ချင်း ဝူဟောင်လေကွာ"

ဝူဟောင်။

ဤနာမည်ကို ကြားလိုက်ရသောအခါမှသာ ယဲ့ချန်းလည်း အနည်းငယ် မှတ်မိသွားတော့သည်။

ထိုအခိုက်တွင် ဝူဟောင်က ကားထဲရှိ မိန်းကလေးတစ်ယောက်အား ပြောလိုက်သည်။

"ရှောင်လင်း.. ကြည့်စမ်း။ ဒါက ငါတို့အတန်းဖော် ယဲ့ချန်းမဟုတ်လား"

လီလင်းကလည်း ယဲ့ချန်းကို မြင်သောအခါ မျက်နှာလေး လင်းလက်သွားသည်။

ယဲ့ချန်းက ချောမောလှသည်ဟု သူမ တွေးလိုက်မိသည်။

သို့သော် ယဲ့ချန်းက ပစ္စည်းပို့သမားဝတ်စုံကို ဝတ်ဆင်ထားကြောင်း မြင်လိုက်ရသောအခါ သူမ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်မိသည်။

ယဲ့ချန်းက ဘယ်လိုလုပ်ပြီး ပစ္စည်းပို့သမား ဖြစ်နေရတာလဲ။ တော်တော်လေး စိတ်ပျက်စရာကောင်းတာပဲ။

ဒီနေ့ခေတ်လူ့အသိုင်းအဝိုင်းထဲမှာ ရုပ်ချောနေလို့ရော အသုံးကျမှာမို့လို့လား။

ပိုက်ဆံရှိတာကမှ အဖြေမှန်လေ။

ဝူဟောင်က ရယ်မောရင်း ပြောလိုက်လေသည်။

"ယဲ့ချန်း.. မနက်ဖြန် ငါတို့ မူလတန်းအတန်းဖော်တွေ ပြန်ဆုံကြမလို့၊။ မင်း မဖြစ်မနေ လာခဲ့ရမယ်နော်"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်လေသည်။

"ရပါတယ်"

ဝူဟောင် ကားမောင်းထွက်သွားချိန်တွင် ဘေးခုံရှိ လီလင်းက ဆိုလာလေသည်။

"ယဲ့ချန်းက ပစ္စည်းပို့သမားပဲဟာကို။ ရှင်က ဘာလို့ သူ့ကို သွားခေါ်နေရတာလဲ"

ကားမောင်းနေသည့် ဝူဟောင်၏ မျက်နှာပေါ်တွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ အမူအရာများ ပေါ်လွင်နေလေသည်။

"ငါက ငါတို့အတန်းမှာ အထူးချွန်ဆုံး၊ အအောင်မြင်ဆုံးလူဆိုတာ အတန်းဖော်တွေအားလုံးကို သိစေချင်လို့လေ"

လီလင်းက ရယ်မောလျက် ပြောလိုက်လေသည်။

"ဒါပေါ့.. ငါတို့ရဲ့ ဝူဟောင်က အချောဆုံးပဲ"

လီလင်း၏ မြှောက်ပင့်စကားကြောင့် ဝူဟောင်တစ်ယောက် အလွန်သဘောကျသွားသည်။

"ဟားဟား.. ဒီနေ့ ကိုယ် အရမ်းပျော်သွားပြီ၊။ ကုတ်ချ်ဆိုင်ကို သွားကြမယ်။ မင်းအတွက် ဒီဇိုင်နာအိတ်တစ်လုံး ဝယ်ပေးမယ်"

တကယ်တော့ သူတို့နှစ်ယောက်က အမှတ်မထင် ဆုံတွေ့ခဲ့ကြခြင်းသာ ဖြစ်သော်လည်း ဝူဟောင် မာစီဒီးဘင့်ဇ်ကားကြီး မောင်းနေသည်ကို မြင်သောအခါ လီလင်း ချက်ချင်းပင် ကြွေဆင်းသွားခဲ့သည်။

လီလင်းသည် ယခင်က အလွန်ဖြူစင်ရိုးသားသော မိန်းကလေးတစ်ယောက် ဖြစ်၏။

သို့သော် ယခုမူ ဟားဟား.. ရုပ်ဝတ္ထုပစ္စည်းများကို မက်မောကြသည့် လူ့အသိုင်းအဝိုင်း၏ လွှမ်းမိုးမှုအောက်မှာ လီလင်းလည်း ငွေမက်သည့် မိန်းမတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

ယဲ့ချန်း အိမ်ပြန်ရောက်သောအခါ ဗီလာထဲတွင် မီးများလင်းနေသည်ကို မြင်လိုက်ရ၏။

"လင်းဝမ်ယို ပြန်ရောက်နေပြီပဲ"

ယဲ့ချန်းကို မြင်သောအခါ လင်းဝမ်ယိုက ထုံးစံအတိုင်း ရိုရိုသေသေ ဆက်ဆံလေသည်။

"သခင်လေးယဲ့ ပြန်ရောက်လာပြီပဲ"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်လေသည်။

"အင်း.. ကိုယ် ပြန်ရောက်ပြီ။ မင်း ကိုယ့်ကို လွမ်းနေတာလား"

လင်းဝမ်ယိုက ပြောလိုက်လေသည်။

"ဒါပေါ့ လွမ်းတာပေါ့။ ဒါပေမဲ့ ရှင်ကတော့ အခု တော်တော်လေး အဆင်ပြေနေတဲ့ပုံပဲ။ ရှောင်တိနဲ့ ကောလာဟလထွက်နေတဲ့ ရည်းစားတောင် ဖြစ်နေပြီလေ"

ယဲ့ချန်း နေရခက်သွားချေသည်။

"နားလည်မှုလွဲတာပါကွာ။ အားလုံး နားလည်မှုလွဲနေကြတာ"

လင်းဝမ်ယိုကလည်း ရယ်မောလျက် ပြောလိုက်လေသည်။

"ယဲ့ချန်း… ကျွန်မတို့ရဲ့ ဗွီအာပရောဂျက်က အခုဆိုရင် ကမ္ဘာတစ်ဝန်းကို ပျံ့နှံ့သွားပြီ။ တလောကပဲ ကျွန်မ မြောက်အမေရိကနဲ့ ဥရောပကို သွားပြီး နိုင်ငံတော်တော်များများနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွေ လက်မှတ်ရေးထိုးခဲ့တယ်။ ကျွန်မတို့ရဲ့ ဗွီအာနည်းပညာက ကမ္ဘာ့ဂိမ်းလောကမှာ ရှေ့ဆောင်ဖြစ်လာတော့မှာ"

ဤသတင်းကို ကြားပြီးနောက် ယဲ့ချန်းလည်း အလွန်စိတ်လှုပ်ရှားသွားသည်။

ယခင်ကဆိုလျှင် ဟွားနိုင်ငံ၏ ဂိမ်းလုပ်ငန်းမှာ အခြားနိုင်ငံများထက် နောက်ကောက်ကျနေခဲ့သည်။

ဂိမ်းများ အဆင့်မြှင့်တင်မှု ပြုလုပ်ရာတွင် နိုင်ငံခြား၌ အဆင့်မြှင့်တင်ပြီးမှသာ ဟွားနိုင်ငံ၌ တစ်လ သို့မဟုတ် ခြောက်လခန့် ကြာပြီးမှ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

ယခုအခါတွင်မူ သူတို့ဟွားနိုင်ငံမှ ဂိမ်းကစားသူများမှာ အခြားသူများကို အားကိုးနေစရာ မလိုတော့ပေ။

ယဲ့ချန်း ပြုံးလိုက်လေသည်။

"မင်းက သိပ်တော်တာပဲ။ ဒါဆို မင်းကို ကိုယ် ဘယ်လိုဆုချရမလဲ"

လင်းဝမ်ယိုကလည်း ခပ်တိုးတိုး ရယ်မောလိုက်သည်။

"သခင်လေး.. ကျွန်မကို ဘယ်လိုဆုချဖို့ စီစဉ်ထားလို့လဲ"

ယဲ့ချန်းက လင်းဝမ်ယိုကို ပွေ့ချီရင်း ရယ်မောလိုက်၏။

"ဟားဟား.. ကိုယ် မင်းကို သေချာလေး အလိုလိုက်ပေးရမှာပေါ့"

ကြည်နူးဖွယ်ကောင်းသော ညတစ်ညကို ဖြတ်သန်းပြီးနောက် လင်းဝမ်ယိုသည် အခြားနိုင်ငံများတွင် ဗွီအာနည်းပညာကို အရောင်းမြှင့်တင်ရန်အတွက် လေဆိပ်သို့ စောစောစီးစီး ထွက်ခွာသွားသည်။

ယခုဆိုလျှင် စတားဗွီအာလုပ်ငန်းစုသည် ကမ္ဘာ့ဂိမ်းလောကတွင် ဦးဆောင်ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့လေပြီ။

တကယ်တမ်းတွင် ယဲ့ချန်းက နည်းပညာကိုသာ ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပြီး ကျန်ကိစ္စအားလုံးကို လင်းဝမ်ယိုကသာ စီမံခန့်ခွဲခဲ့ခြင်းပင်။

ဤမျှ စွမ်းဆောင်ရည်ပြည့်ဝသော မိန်းမတစ်ယောက်က သူ့နောက်ကွယ်မှ တိတ်ဆိတ်စွာ ပံ့ပိုးကူညီပေးနေသည့်အတွက် ယဲ့ချန်း အလွန်ကံကောင်းသည်ဟု ခံစားမိသည်။

ယဲ့ချန်း တစ်နေကုန် ပါဆယ်များ ပို့ပေးခဲ့သည်။

သို့သော်လည်း မနေ့က ကံကောင်းမှုများအားလုံးကို သုံးပစ်လိုက်သည့်အလား ယနေ့တော့ ဘာဆုလာဘ်မှ မရရှိခဲ့ပေ။

ထိုအချိန်တွင် ဆရာဟယ်က ရှောင်တိကို သွားတွေ့ပြီး မနေ့ကဖြစ်ခဲ့သည့် ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ် မေးမြန်းနေလေသည်။

ဖျော်ဖြေရေးလောကတွင် ဆရာဟယ်သည် လူတိုင်းနှင့် အဆက်အသွယ်ရှိသော အစ်ကိုကြီးတစ်ယောက်လိုပင်။

မနေ့က ပြိုင်ကားကြီးနှင့်ပတ်သက်ပြီး ဘာတွေဖြစ်ခဲ့သလဲဆိုသည်ကို သူလည်း အလွန် သိချင်နေသည်။

အွန်လိုင်းအသုံးပြုသူများ ခန့်မှန်းနေကြသလို ရှောင်တိက ယဲ့ချန်း၏ ချစ်သူကောင်မလေး ဖြစ်နေလေသလား။

မနေ့ကဖြစ်ရပ်သည် ဖျော်ဖြေရေးအသိုင်းအဝိုင်းတွင် ပေါက်ကွဲလုမတတ် ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့သည်။

မည်သို့ပင်ဆိုစေ ရှောင်တိသည် နုပျိုပြီး အပြစ်ကင်းစင်သော မိန်းကလေးတစ်ဦး၏ ပုံရိပ်ကို ထိန်းသိမ်းထားသူ ဖြစ်သည်။

ကောလာဟလထွက်နေသော ရည်းစားတစ်ယောက် ရုတ်တရက်ပေါ်လာခြင်းမှာ ပဟေဠိဆန်သော ထိုအမျိုးသား၏ သရုပ်မှန်နှင့် ပတ်သက်၍ အွန်လိုင်းအသုံးပြုသူများအကြား ခန့်မှန်းပြောဆိုမှုများ ဖြစ်စေခဲ့သည်။

အချို့က ယဲ့ချန်းသည် ရှောင်တိကို လိုက်လံပိုးပန်းရန်အတွက် ပစ္စည်းပို့သမားအဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်မည်ဟု ခန့်မှန်းကြသည်။

သို့မဟုတ်ပါက ကူလီနန်ကားကြီး မောင်းနေသော အမျိုးသားတစ်ယောက်က ဘယ်လိုလုပ်ပြီး ပစ္စည်းပို့သမား ဖြစ်နေနိုင်မည်နည်း။

အချို့ကလည်း ဤသည်မှာ နာမည်ကြီးရန်အတွက် အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့က စီစဉ်ထားခြင်းဖြစ်သည်ဟု ဆိုကြသည်။

ထို့ပြင် ရှောင်တိသည် ဤပစ္စည်းပို့သမားကို နေ့စဉ်မြင်တွေ့ရပြီးနောက် အချိန်ကြာလာသည်နှင့်အမျှ သူ့အပေါ် သံယောဇဉ်ဖြစ်လာသည်ဟူသော ကောလာဟလများပင် ထွက်ပေါ်လာခဲ့သည်။

…

သို့သော် ဤဖြစ်ရပ်က "ပျော်ရွှင်သောဘဝ"အစီအစဉ်အတွက် ယခင်ကမရခဲ့ဖူးသော အာရုံစိုက်မှုကို အမှန်တကယ် ရရှိစေခဲ့သည်။

ဤအစီအစဉ်ကား ယခုရာသီ၏ ရေပန်းအစားဆုံး အစီအစဉ်တစ်ခုပင် ဖြစ်လာခဲ့သည်။

အလွန်လူကြိုက်များလာသောကြောင့် "ပျော်ရွှင်သောဘဝ" ထုတ်လုပ်ရေးအဖွဲ့တစ်ခုလုံး ယောက်ယက်ခတ်သွားကြသည်။

ဤအစီအစဉ်အတွက်မူ ဤဖြစ်ရပ်မှာ အလွန်ကောင်းမွန်သော အရာတစ်ခုပင်။

နာမည်ကြီးလာသည်နှင့်အမျှ ပရိသတ်များ၏ အာရုံစိုက်မှုကိုပါ ပိုမိုရရှိလာသည်။

အာရုံစိုက်မှုများလာသည်နှင့်အမျှ စပွန်ဆာများ ပိုမိုဝင်ရောက်လာမည်မှာ သဘာဝပင်။

မနေ့ကဖြစ်ရပ်သည် အလွန်ရုတ်တရက်ဆန်လွန်းလှသဖြင့် လူအများအပြားမှာ အငိုက်မိသွားခဲ့ကြသည်။

ဆရာဟယ်၏ ရင်ထဲတွင် ရှောင်တိသည် သူ့ညီမလေးတစ်ယောက်လိုပင်။

ထို့ကြောင့် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်လာသောအခါ သူ့အနေနနှင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ရမည်။

ရှောင်တိ ဤကိစ္စကြောင့် ထိခိုက်နစ်နာသွားမည်ကို သူ စိုးရိမ်ပူပန်မိသလို ရှောင်တိ လှည့်စားခံရမည်ကို ပို၍ပင် စိုးရိမ်မိသည်။

မည်သို့ပင်ဖြစ်စေ ကူလီနန်ပြိုင်ကားကြီး မောင်းနေသော ပစ္စည်းပို့သမားဆိုသည်မှာ အလွန်ထူးဆန်းလွန်းလှပေသည်။

ထို့အပြင် ရှောင်တိနှင့် ပတ်သက်နေသော ပဟေဠိဆန်သည့် ထိုပစ္စည်းပို့သမား၏ သရုပ်မှန်မှာ ထုတ်လုပ်ရေးအဖွဲ့၏ အနာဂတ်ပုံရိပ်ကိုပါ ထိခိုက်စေနိုင်သည်။

ထို့ကြောင့် ဤကိစ္စ၏ အရင်းအမြစ်ကို သေချာပေါက် စုံစမ်းရမည်ဟု ဆရာဟယ် ဆုံးဖြတ်လိုက်သည်။

ဗီလာထဲတွင်တော့ ရှောင်တိသည် သူမ၏ မန်နေဂျာထံမှ တစ်နေကုန် စစ်ဆေးမေးမြန်းခံနေရလေသည်။

ရှောင်တိလည်း ဆွံ့အနေရလေသည်။ သူမနှင့် ယဲ့ချန်းအကြား ဘာပတ်သက်မှုမှ မရှိကြောင်း အထပ်ထပ်အခါခါ ရှင်းပြနေရသည်။

သို့သော် မည်သူကမျှ သူမကို ယုံကြည်ပုံမပေါ်ပေ။

ပြောရမည်ဆိုလျှင် အစီအစဉ်ထုတ်လွှင့်နေစဉ်အတွင်း သူတို့နှစ်ယောက်လုံး ရေများ ရွှဲရွှဲစိုနေခဲ့ခြင်းက လူအများအတွက် ရေတွက်၍မရနိုင်သော စိတ်ကူးယဉ်တွေးတောမှုများကို အမှန်တကယ်ပင် ဖြစ်ပေါ်စေခဲ့သည်။

သူတို့သာ ရင်းနှီးသည့် ပတ်သက်မှုမျိုး မရှိပါကဤအဖြစ်ကို ဘယ်လိုရှင်းပြနိုင်မည်နည်း။

ဆရာဟယ် ဝင်လာသည်ကို မြင်လိုက်ရသောအခါ ရှောင်တိလည်း သူ့ရည်ရွယ်ချက်ကို သိလိုက်သည်။

ရှောင်တိခမျာ ခါးသက်သက် ပြုံးလိုက်မိသည်။

ရေပိုက်ပြင်ပေးဖို့ အမျိုးသားတစ်ယောက်ကို အကူအညီတောင်းမိရုံဖြင့် ဘာကြောင့်များ ပြဿနာကြီးထွားလာရသလဲဆိုသည်ကို သူမ နားမလည်နိုင်ချေ။

"ရှောင်တိ... ငါက မင်းကို ညီမလေးတစ်ယောက်လို အမြဲသဘောထားခဲ့တာနော်။ မနေ့ကဖြစ်ရပ်က မင်းအတွက်ရော ငါတို့ရဲ့ 'ပျော်ရွှင်သောဘဝ' အစီအစဉ်အတွက်ပါ အရမ်းအရေးကြီးတာမို့လို့ ဒီကိစ္စရဲ့ အရင်းအမြစ်ကို ငါ သေချာပေါက် သိရမှဖြစ်မယ်"

ဆရာဟယ်က လေးနက်စွာ ပြောလိုက်သည်။

ဆရာဟယ်သည် ပုံမှန်အားဖြင့် သိမ်မွေ့ပြီး ဖော်ရွေတတ်သူ ဖြစ်၏။

သို့သော် ယနေ့တွင်မူ ဆရာဟယ်၏ မျက်နှာအမူအရာက အလွန်တည်ကြည်လေးနက်နေလေသည်။

ဆရာဟယ်၏ မျက်နှာကို ကြည့်ပြီး ပြဿနာ၏ လေးနက်မှုကို ရှောင်တိလည်း သဘောပေါက်သွားသည်။

ထို့ကြောင့် သူမ၏ မန်နေဂျာကို အကြိမ်ကြိမ် ပြောပြခဲ့ပြီးသား စကားများကို ဆရာဟယ်အား ထပ်ပြောပြလိုက်သည်။

ယဲ့ချန်းက ပါဆယ်ပို့ရန် ဘယ်လိ‌ေရောက်လာခဲ့ကြောင်း၊ ရေပိုက်ကို ဘယ်လို ပြင်ဆင်ပေးခဲ့ကြောင်း စသည်ဖြင့်ပင်။

ရှောင်တိအနေနှင့် အချို့ကိစ္စများကိုလည်း ဖုံးကွယ်ထားခဲ့သည်။

ဥပမာအားဖြင့် ယဲ့ချန်းအပေါ် သူမ ကြွေဆင်းသွားခဲ့ရသည်ဟူသော အကြောင်းကိုတော့ တစ်ခွန်းမှ မဟခဲ့ချေ။

ဖြစ်စဉ်ကို နားထောင်ပြီးနောက် ဆရာဟယ် နားလည်သွားလေသည်။

"ဒါဆို မင်းဆိုလိုတာက မင်းတို့က လုံးဝမသိကြဘူးပေါ့။ ဒါက မတော်တဆသက်သက်ပဲပေါ့"

ဆရာဟယ်က ထပ်မံအတည်ပြုလိုက်သည်။

ရှောင်တိ ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်ပါတယ်.. ဒါက တကယ် မတော်တဆဖြစ်တာပါ။ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် မသိကြပါဘူး။ သူက တကယ် ပစ္စည်းပို့သမားပါ"

•••••••••••••••••••••••

All Chapters