← Chapters

အခန်း ၇၀၃

Vol. 47 Ch. 703

အခန်း ၇၀၃

Vol. 47 Ch. 703

အပိုင်း ၇၀၃ : မင်းကိုး

မန်နေဂျာကလည်း ပြောလိုက်၏။

"ကောင်းပါပြီ… အားလုံးကို ရှင်းရှင်းလင်းလင်း သိလိုက်ရပြီဆိုတော့ ကျွန်မ အခုချက်ချင်း လူထုဆက်ဆံရေးဌာနကို ဆက်သွယ်ပြီး ဒီဖြစ်ရပ်ရဲ့ ရိုက်ခတ်မှုကို အနည်းဆုံးဖြစ်အောင် ကြိုးစားလိုက်မယ်”

ဆရာဟယ်က ပြောလိုက်လေသည်။

"တကယ်တော့ ငါ့မှာ အကြံတစ်ခုရှိတယ်။ ယဲ့ချန်းကို ငါတို့အစီအစဉ်မှာ ပါဝင်ခိုင်းချင်တယ်"

ဆရာဟယ်၏ စကားကို ကြားလိုက်ရသောအခါ ရှောင်တိ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်လေဟန် အမူအရာတစ်ခု ပေါ်လာခဲ့သည်။

"သူ့ကို အစီအစဉ်မှာ ပါခိုင်းလို့ရတာလား။ သိပ်ကောင်းတာပဲ"

ရှောင်တိက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရှောင်တိသည် ယဲ့ချန်းနှင့် တွေ့ကကတည်းက စိတ်ထဲတွင် သူ့ပုံရိပ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ယခုမူ ယဲ့ချန်းကို တွေ့ရတော့မည်ဖြစ်သောကြောင့် ပျော်ရွှင်နေမိသည်။

ဤဖြစ်ရပ်ကြောင့် ရှောင်တိအပေါ် မကောင်းသောသက်ရောက်မှုများ ရှိလာမည်ကို အခြားသူများက စိုးရိမ်နေကြသော်လည်း ရှောင်တိ၏ အတွေးကတော့ ချောမောခန့်ညားသော ထိုလူ့အကြောင်းသာ။

သူ့နာမည်က ဘာပါလိမ့်။ သူက တကယ်ပဲ ပစ္စည်းပို့သမားလား။

အထူးသဖြင့် ရေစိုနေသော ရေချိုးဝတ်စုံနှင့် ယဲ့ချန်း၏ ပုံရိပ်က ရှောင်တိ၏ စိတ်ထဲတွင် ဖျောက်ဖျက်မရအောင် စွဲထင်နေချေသည်။

ထိုပုံရိပ်က သူ(မ)၏နှလုံးသားထဲက ပြည့်စုံလွန်းလှသော နတ်ဘုရားတစ်ပါးလို ပုံစံမျိုးပင်။

သူ(မ)၏ မန်နေဂျာသာ မတားပါက ထိုလူချောလေးကို သူ(မ) သွားတွေ့ပြီးလောက်ပြီဖြစ်၏။

သူ့ကို အစီအစဉ်တွင် ပါဝင်ရန် ဖိတ်ခေါ်နိုင်ကြောင်း ဆရာဟယ်က ပြောလာသောအခါ ရှောင်တိ အလွန်ဝမ်းသာသွားသည်။

ဆရာဟယ်လည်း အံ့အားသင့်သွားလေသည်။ ရှောင်တိထံမှ ဤမျှပြင်းထန်သော တုံ့ပြန်မှုမျိုး ရလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"မင်းက တအားပျော်နေပါလား ရှောင်တိ မင်း... မဟုတ်မှလွဲရော...”

ရှောင်တိ၏ မျက်နှာလေးမှာ ရဲတက်သွားသည်။

"မဟုတ်ပါဘူး"

ထို့နောက် ရှောင်တိက ရုတ်တရက်ပြောလိုက်လေသည်။

"ဒါနဲ့... ကျွန်မဆီမှာ သူ့ဖုန်းနံပါတ် ရှိတယ်။ သူ့ကို ဆက်သွယ်ကြည့်မလား"

ရှောင်တိ၏ အမူအရာကို ကြည့်ပြီး ဆရာဟယ်လည်း စကားမဆိုနိုင်တော့ပေ။

ဤမိန်းကလေးမှာ အချစ်ဦးနှင့် တွေ့နေရသူတစ်ယောက်နှယ် သိသာလွန်းလှသည့် အပြုအမူများကို လုပ်ဆောင်နေပေသည်။

မန်နေဂျာက ပြောလိုက်၏။

"ရည်းစားကိစ္စနဲ့ပတ်သက်တဲ့ ကောလာဟလတွေကိုတော့ ကျွန်မ ကိုင်တွယ်နိုင်ပါတယ်။ သူ့ကို အစီအစဉ်မှာ ပါဝင်ခိုင်းဖို့ စဉ်းစားတာကလည်း အကြံကောင်းပဲ။ ဒါက ရှောင်တိအတွက် ကိစ္စတွေကို ရှင်းလင်းဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်သွားတာပေါ့"

ဆရာဟယ်ကလည်း ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် ယဲ့ချန်းကို ဆက်သွယ်ရန် ဖုန်းထုတ်လိုက်သည်။

သို့သော် သူ ဖုန်းခေါ်ဆိုလိုက်ချိန်ဝယ် တစ်ဖက်တွင် လိုင်းမအားပေ။

ထိုအချိန်တွင် ယဲ့ချန်းက ပါဆယ်တစ်ထုပ်ကို ပို့ဆောင်နေခဲ့သည်။

ယဲ့ချန်းက မိန်းကလေးကို ပါဆယ်ထုပ်ပေးပြီး ပြန်ရန် ပြင်လိုက်သော်လည်း ထိုအလှလေးက သူ့ကို တားလိုက်သည်။

တံခါးပွင့်သွားသောအခါ လိုလီတာဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်က ယဲ့ချန်းကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်နေလေသည်။

ထိုမိန်းကလေး၏ နုနယ်သော မျက်နှာလေးက ကြွေရုပ်လေးတစ်ရုပ်အလား အလွန်ချစ်စရာကောင်းလှသည်။

သူ(မ)၏ အသားအရေက ပန်းသီးလေးတစ်လုံးအလား ဖြူစင်ဝင်းပနေသည်။

ထိုမိန်းကလေးက ယဲ့ချန်းကို စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။

အဓိကအချက်မှာ ယဲ့ချန်းက ချောမောလွန်းနေလေသည်။

ဒီကမ္ဘာပေါ်မှာ ဒီလောက်ချောတဲ့ ယောကျာ်းတစ်ယောက် ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ။

အစကတော့ ထိုလိုလီတာမလေးက ကိုရီးယားမှ အမျိုးသားအိုင်ဒေါတစ်ယောက်ကို သဘောကျခဲ့သည်။

သို့သော် ယခုအခိုက်အတန့်တွင်မူ သူ(မ)သည် ရှေ့တည့်တည့်ရှိ ဟွားနိုင်ငံမှ ပစ္စည်းပို့သမားလေးအပေါ် လုံးဝတိမ်းညွတ်သွားသည်။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်လေသည်။

"ပါဆယ်ပို့တာ အဆင်မပြေတာတစ်ခုခုများ ရှိလို့လား"

ကောင်မလေးက ခဏမျှအံ့အားသင့်သွားပြီး ပြောလိုက်လေသည်။

"ပါဆယ်က အဆင်ပြေပါတယ်။ ဟို... ကျွန်မကို တစ်ခုလောက် ကူညီပေးလို့ ရမလားလို့ပါ"

"နောက်ထပ်အကူအညီပေးရမှာလား..."

ယဲ့ချန်းလည်း ရှောင်တိ၏အိမ်တွင် ဖြစ်ခဲ့သည့် ကိစ္စကို ရုတ်တရက်သတိရသွားသည်။

စဉ်းစားကြည့်လျှင် တစ်ဖက်လူက နာမည်ကြီးစူပါစတားတစ်ယောက် မဟုတ်နိုင်သောကြောင့် သတင်းထောက်များ ရုတ်တရက် ပေါ်လာစရာ အကြောင်းမရှိပေ။

ထို့ကြောင့် ယဲ့ချန်းက ပြောလိုက်၏။

"ဘာကူညီပေးရမလဲ။ ဒါနဲ့... ခင်ဗျားတို့အိမ်က ရေပိုက်တွေတော့ ပျက်မနေဘူးမလား"

ယဲ့ချန်းမှာ ရေပိုက်ပြင်သည့်ကိစ္စနှင့် ပတ်သက်၍ စိတ်ဒဏ်ရာတစ်ခုရသွားသည်။

ထိုကောင်မလေးကတော့ ကြက်သေသေသွားလေသည်။

"ရေပိုက်ပြင်ဖို့လား။ ကျွန်မတို့ရဲ့ ရေပိုက်တွေက အကောင်းကြီးပါ"

ထိုမိန်းကလေးက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။

"ကျွန်မတို့အိမ်က မီးသီးပျက်နေလို့ပါ။ ဒါပေမဲ့ ကျွန်မရဲ့အရပ်က မမီလို့။ မီးသီးလေး လဲပေးလို့ ရမလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။

"ဪ.. မီးသီးလဲရမှာပေါ့"

ဟူး... ဒီနေ့ခေတ်မှာ ပါဆယ်ပို့ရတာလည်း ဒီလောက်တောင် ပင်ပန်းတာလား။

ပါဆယ်ပို့ရုံသာမက ရေပိုက်ပြင်လိုက်၊ မီးသီးလဲပေးလိုက်နှင့် အလုပ်ရှုပ်နေချေသည်။

ထိုမိန်းကလေးက ကလူ၏သို့မြှူ၏သို့ ဆိုလာလေသည်။

"အစ်ကိုချောချောလေးရေ... ကျွန်မကို ကူညီပေးပါနော်"

ကိစ္စသေးသေးလေးကို ချွဲနွဲ့ပြနေသည့် မိန်းကလေးကို မြင်သောအခါ ယဲ့ချန်းလည်း မတတ်သာတော့ပေ။

သူကလည်း ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပါပြီ။ ကျွန်တော် စမ်းကြည့်ပေးမယ်"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ လိုလီတာမလေးက ယဲ့ချန်းကို အခန်းထဲသို့ ပျော်ပျော်ကြီး ဆွဲခေါ်သွားလေတော့သည်။

ကြမ်းပြင်ပေါ်တွင် ယောဂဖျာတစ်ချပ် ခင်းထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုလိုလီတာမလေး ယောဂကျင့်ပြီးခါစ ဖြစ်မည်ဟု ယူဆရသည်။

ရေချိုးခန်းထဲရှိ မီးသီးမှာ အမှန်တကယ် ပျက်နေကြောင်း ယဲ့ချန်း မြင်လိုက်ရသည်။

ဒါက မက်မွန်ပွင့်ကတ်ရဲ့ အစွမ်းကြောင့်လား။

ဤနှစ်ရက်အတွင်း မိန်းကလေးတစ်ယောက်က သူ့ကို ရေချိုးခန်းထဲသို့ ဖိတ်ခေါ်ခြင်းမှာ ယခုတစ်ခေါက်က ဒုတိယအကြိမ်ပင်။

သို့သော် အားလုံးက အလုပ်ကိစ္စအတွက်သာ ဖြစ်ပြီး ပြန်စဉ်းစားကြည့်လျှင် သူကိုယ်တိုင်လည်း အနည်းငယ် သနားစရာကောင်းလှသည်။

ယဲ့ချန်းက ထိုင်ခုံတစ်လုံးကို ယူပြီး မီးသီးကို အမြန်လဲပေးလိုက်သည်။

"ပြီးပါပြီ"

ယဲ့ချန်းက လက်နှစ်ဖက်ခါ၍ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် လိုလီတာမလေးက လက်ကိုင်ပဝါတစ်ခုကို ကိုင်ထားသည်။

"ဪ... ပင်ပန်းသွားပြီ။ ချွေးတွေလည်း ထွက်နေတာပဲ။ ကျွန်မ ရေတစ်ခွက်လောက် ခပ်ပေးရမလား"

"မလိုပါဘူး"

ယဲ့ချန်းက သူ(မ)ကို တားရန် ပြင်လိုက်သည်။

သို့သော် သူ(မ)ကတော့ ရေထည့်ပြီးနေချေပြီ။

ယဲ့ချန်း သူ့နဖူးကို ထိကြည့်လိုက်လေရာ ချွေးတစ်စက်မျှပင် ရှိမနေပေ။

ထို့နောက် မိန်းကလေးက သံပရာရည်တစ်ခွက်ကို ယူလာခဲ့သည်။

"ရေသောက်ပါဦး အစ်ကို"

ယဲ့ချန်းလည်း ရေကို တစ်ငုံသောက်ပြီး ပြုံးလိုက်လေသည်။

"အလှလေးရေ... ကျွန်တော် ပါဆယ်တွေဆက်ပို့ရဦးမယ်။ အဲဒါကြောင့်..."

ထိုနေရာမှာတင် သူ မှင်တက်သွားရသည်။

အဘယ်ကြောင့်ဆိုသော် ဝိုင်းစက်ပြီး အရည်လဲ့နေသော ထိုမိန်းကလေး၏မျက်ဝန်းအစုံက သူ့ကို စိုက်ကြည့်နေကြောင်း မြင်လိုက်ရသောကြောင့်ပင်။

"လူချောလေး... နေ့တိုင်း ပါဆယ်လိုက်ပို့ရတာ ပင်ပန်းမှာပဲ။ ပင်ပန်းရင် ကျွန်မဆီကို အချိန်မရွေး လာခဲ့လို့ ရတယ်နော်။ သံပရာရည်လည်း အမြဲအသင့်ရှိသလို ကျွန်မရဲ့နို့လည်း တိုက်နိုင်ပါတယ်"

ဖူး...

ယဲ့ချန်းခမျာ သောက်လက်စရေများကိုပင် အကုန် ပြန်ထွေးထုတ်လိုက်မိသည်။

လိုလီတာမလေးက နေရခက်ဟန်ဖြင့် ပြုံးလိုက်သည်။

"ကျွန်မက အဲဒီလိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူး။ ကျွန်မဝယ်ထားတဲ့ နို့ကို သောက်ဖို့ပြောတာပါရှင့်"

ယဲ့ချန်း စကားပင် မဆိုနိုင်တော့ပေ။

ဤမိန်းကလေးကို သတိထား၍ ကြည့်လိုက်မိသည်။ သူ(မ)က တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ ကြံစည်နေသည်ဟု တစ်ချိန်လုံးခံစားနေရသည်။

သို့သော် အမှန်အတိုင်းပြောရလျှင် ဤမိန်းကလေးကိုယ်တိုင်ကလည်း အလွန်ညို့ဓာတ်ပြင်းပြီး လှပပေသည်။

ရုပ်ရည်သွင်ပြင်က အလွန်ကြော့ရှင်းလှသည်။

သို့သော် ယဲ့ချန်း၏အနားတွင် အလှပဂေးများစွာ ဝိုင်းနေသည်ဖြစ်ရာ ဤမိန်းကလေးက လှပသည်ဆိုသော်ငြား ယဲ့ချန်း၏ နှလုံးသားကို တုန်လှုပ်သွားစေနိုင်လောက်သည်အထိ ဆွဲဆောင်မှုမရှိပေ။

ယဲ့ချန်းက ပြုံးလိုက်၏။

"အလှလေးရေ... ကျွန်တော် တကယ်သွားရတော့မယ်။ မဟုတ်ရင် ဒီနေ့အတွက် အလုပ်တွေပြီးမှာ မဟုတ်တော့ဘူး"

ထိုမိန်းကလေး၏ အိမ်ထဲက ထွက်လာပြီးမှသာ ယဲ့ချန်း သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။

ထိမိန်းကလေးက ပြုံးရွှင်စွာဖြင့် လက်ဝှေ့ယမ်းကာ သူ့ကို တံခါးဝအထိ လိုက်ပို့ပေးနေသည်ကို ကြည့်ရင်း ယဲ့ချန်း အနည်းငယ်ဆွံ့အသွားသည်။

ဟူး... ငါ့ရဲ့ဆွဲဆောင်မှုပမာဏကို ဒီထက် ပိုလျှော့လိုက်ရမလား။

ဒါပေမဲ့ ငါ့ရဲ့ဆွဲဆောင်မှုပမာဏကို တစ်လို့ပဲ သတ်မှတ်ထားတာတောင် မိန်းကလေးတွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တုန်းပဲလား။

ရုပ်ချောလွန်းသည်မှာလည်း တကယ်ဒုက္ခများလှသည်။

ယဲ့ချန်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

"ဒင်!ကားလ်စံအိမ်မှာရှတဲ့ မြို့ပြအိမ်ရာဗီလာ ခြောက်လုံးကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်"

ယဲ့ချန်းမှ ရလိုက်သော ဆုလာဘ်ကြောင့် ခဏမျှ မှင်တက်သွားသည်။

ကားလ်စံအိမ်တော်သည် မိုတုမြို့တွင် အသစ်တည်ဆောက်ထားသော အိမ်ရာတစ်ခုဖြစ်ပြီး တောင်နှင့်မြစ်များအကြားတွင် ဗီလာအိမ်ငယ်လေးများစွာဖြင့် ပြည့်နှက်နေသည်ဟု ဆိုကြသည်။

အရေးကြီးဆုံးအချက်မှာ ထိုနေရာရှိ ဗီလာတစ်လုံးကို လူတိုင်း မဝယ်နိုင်ပေ။ နေထိုင်သူများမှာ အလွန်ချမ်းသာသော သူဌေးကြီးများ သို့မဟုတ် နာမည်ကြီး စူပါစတားများသာ ဖြစ်သည်။

ယဲ့ချန်းက ပါဆယ်အချို့ကို ဆက်လက်ပို့ဆောင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထူးခြားသော ပါဆယ်မျိုးကို ထပ်မရခဲ့ပေ။

အချိန်ကို စစ်ဆေးကြည့်လိုက်လေရာ ခြောက်နာရီထိုးလုနီးပါး ဖြစ်နေချေပြီ။

အတန်းဖော်ဟောင်းများ ပြန်လည်တွေ့ဆုံပွဲ အချိန်ကလည်း နီးကပ်နေလေပြီ။

ယဲ့ချန်းလည်း ဗီလာသို့ပြန်ပြီး လိုင်ကန်ကားကို ပြောင်း၍ မောင်းနှင်လာပြီး တွေ့ဆုံပွဲကျင်းပမည့် နေရာသို့ ဦးတည်ထွက်ခွာခဲ့သည်။

သီးသန့်ခန်းထဲသို့ ဝင်လိုက်သောအခါ လူအများအပြားက နေရာယူထားကြလေပြီ။

အချို့မျက်နှာများမှာ ရင်းနှီးသလို ရှိသော်လည်း ယဲ့ချန်းအနေနှင့် သူတို့က ဘယ်သူတွေလဲဆိုသည်ကို အမှန်တကယ် မမှတ်မိတော့ပေ။

ထိုအချိန်တွင် အလယ်တွင်ထိုင်နေသော ဝူဟောင်က ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

"အားလုံးပဲ ယဲ့ချန်းကို မှတ်မိကြသေးတယ် မဟုတ်လား"

လူတိုင်း၏အကြည့်များက ယဲ့ချန်းထံသို့ ရောက်ရှိလာသည်။

ယဲ့ချန်းလည်း ပြုံးပြလိုက်ပြီးနောက် နှုတ်ဆက်စကား ဆိုလိုက်သည်။

ဝူဟောင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။

"အခု ယဲ့ချန်းက ပစ္စည်းပို့သမားတစ်ယောက် ဖြစ်နေပြီ။ အရမ်းမွန်မြတ်တဲ့ အလုပ်တစ်ခုပေါ့"

ထိုအလုပ်ကို ချီးမွမ်းစကား ဆိုနေသော်လည်း ဝူဟောင်၏ နှုတ်ခမ်းထောင့်စွန်းများကတော့ လှောင်ပြောင်လေဟန် အပြုံးတစ်ပွင့်အဖြစ် ကွေးညွတ်နေသည်။

ထိုအခိုက်တွင် အတန်းဖော်တစ်ယောက်က ရုတ်တရက်ပြောလိုက်၏။

"အမလေး... ယဲ့ချန်း မင်းကိုး။ မင်းက ကူလီနန်ကားကြီးမောင်းပြီး ရှောင်တိနဲ့ ကောလာဟလထွက်နေတဲ့ ရည်းစားမဟုတ်လား"

••••••••••••••••••••••••

All Chapters