← Chapters

မဟာအထောက်အပံ့လေးပါး

Vol. 14 Ch. 181

မဟာအထောက်အပံ့လေးပါး

Vol. 14 Ch. 181

အခန်း (၁၈၁) မဟာအထောက်အပံ့လေးပါး

[လုံရှန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်တစ်ပွင့်။]

ဆန်းကြယ်စွမ်းအားကို အမွေခံလို့ အပြီးမှာပဲ သူ့ရှေ့မှာပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်ဟာ လုံရှန်ရဲ့ သတင်းအချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။

[လုံရှန်: မဟာညီညွှတ်မှု ကောင်းကင်အမတ ထိပ်ဆုံးအဆင့်၊ ကောင်းကင်ဧကရာဇ်သားတော်၊ နဂါးစစ်သွေးစည်း။ သူသည် ကောင်းကင်နဂါး မဟာဧကရာဇ်၏ အမွေကို ဆက်ခံရရှိခဲ့ပြီး ခေတ်တစ်ခေတ်တွင် ရှားပါးလွန်းသော ပါရမီရှင်ဖြစ်၏။ သူသည် အဆင့်ကျော်လွန်၍ ရန်သူအား သတ်ဖြတ်နိုင်သည်။ ကောင်းကင်ဧကရာဇ်က သင့်အား စိန်ခေါ်ခိုင်းသဖြင့် လုံရှန်သည် သင့်အား စိတ်ဝင်စားသွား၏။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]

‘ကောင်းကင်ဧကရာဇ်သားတော်’

‘နဂါးစစ်သွေးစည်း’

‘ကောင်းကင်နဂါး မဟာဧကရာဇ်ရဲ့ ဆက်ခံသူ’

‘ခေတ်တစ်ခေတ်မှာ ရှားပါးလွန်းတဲ့ ပါရမီရှင်’

‘ဒီကောင်က ကံတရားအထောက်အပံ့လေးပါးတောင် ပိုင်ဆိုင်တာလား’

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ရန်သူကို အဆင့်ကျော်ပြီး သတ်နိုင်တဲ့ မဟာညီညွှတ်မှု ကောင်းကင်အမတ ထိပ်ဆုံးအဆင့်က နောက်ထပ်ဇာတ်လိုက်တစ်ယောက်ပါပဲ။ အန္တရာယ်ကို ခံစားမိတာကြောင့် ဟန်ကျွယ်ဟာ ကြမ္မာဓားချီ မဟာဘီးကို ဆက်လက်ကျင့်ကြံပါတယ်။

ဒီဆန်းကြယ်စွမ်းအားကို တတ်မြောက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ တစ်ခြား ဓားတာအို ဆန်းကြယ်စွမ်းအားတွေကိုလည်း အဆင့်မြှင့်တင်ပါတယ်။ ဟန်ကျွယ်ဟာ အချိန်တိုအတွင်း ကျင့်ကြံမှုကို တိုးတက်အောင် မလုပ်နိုင်မှန်း သိတာကြောင့် ဆန်းကြယ်စွမ်းအားတွေကို အဆုံးစွန်ထိရောက်အောင် အဆင့်မြင့်တင်ခြင်း ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို ထပ်ရောက်သွားပြီး ကျန်းကူရှင်းနဲ့ တိုးမိပြန်ပါတယ်။ ဒီတစ်ခါမှတော့ ဟန်ကျွယ် ပါးစပ်မဟခင်မှာပဲ ကျန်းကူရှင်းက အရင်ဆုံး စကားစလိုက်ပါတယ် “ကောင်းကင်ရုံးတော်ကို ပြဿနာရှာတဲ့ နတ်ဆိုးသူတော်စင်က အဖမ်းခံလိုက်ရပြီ၊ သူ့ကို ကောင်းကင်ပြစ်ဒဏ် ပေးတာ့မယ်၊ ဒါကြောင့် ကောင်းကင်ရုံးတော်က မကြာခင် ပြန်ပြီးငြိမ်းချမ်းတော့မယ်၊ သူတို့တွေ ငြိမ်းချမ်းတာနဲ့ မိစ္ဆာမျိုးနွယ်စုကို ဆက်ရှင်းလိမ့်မယ်”

ဟန်ကျွယ်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ် “ဒီအကြောင်းကို ကျွန်တော် သိပြီးပြီ၊ နတ်ဆိုးသူတော်စင် အဖမ်းခံလိုက်ရတာ သူ့နောက်မှာရှိတဲ့ အင်အားစုက ဘာမှမလုပ်ဘူးလား”

ကျန်းကူရှင်းက လေသံအေးနဲ့ ရှင်းပြပါတယ် “သူက ဗုဒ္ဓဂိုဏ်းနဲ့ ကောင်းကင်ရုံးတော်ရဲ့ ကစားပွဲထဲက နယ်ရုပ်တစ်ရုပ်ပဲ၊ ကောင်းကင်ရုံးတော်က အမတကမ္ဘာရဲ့ အနောက်ဘက်ဒေသတစ်ခုလုံးကို ဗုဒ္ဓဂိုဏ်းဆီ ပေးလိုက်တယ်လေ၊ ကောင်းကင်ရုံးတော်က သူတို့ဂုဏ်သတင်းကို ထိန်းသိမ်းဖို့လိုတယ်၊ ဒါကြောင့် နတ်ဆိုးသူတော်စင်က သေကိုသေရလိမ့်မယ်”

ဟန်ကျွယ်ဟာ နားထောင်လေ စွန်းဝူခုန်းကို သတိရလေ ဖြစ်သွားပါတယ် “အဲဒီနတ်ဆိုးသူတော်စင်က မျောက်လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

“ငါက ဘယ်လိုလုပ်ပြီးသိမှာလဲ၊ ငါက ဒီကနေ ထွက်မသွားတာ အတော်ကြာပြီ၊ မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီကိစ္စတွေကို လေကုန်ခံပြီး မေးမနေဘူး”

ဟန်ကျွယ်ဟာ ချက်ချင်းနားလည်သွားပြီး ပြုံးလိုက်ပါတယ် “အစ်ကိုရဲ့ ကြင်နာမှုအတွက် ကျေးဇူးပါပဲ”

“အစ်ကို... ငါ့ကို စီနီယာလို့ မခေါ်တော့ဘူးလား”

“ကျွန်တော်တို့တွေက ဒီလောက်တောင် ရင်းနှီးနေပြီပဲ၊ စီနီယာလိုခေါ်တာက သိပ်ရင်းနှီးမှု မရှိဘူး”

“ကောင်းပြီ၊ မင်း အဲဒီကိစ္စကို သေချာတွေးပြီးပြီလား၊ ရှန်စစ်သူကြီး ဥပမာရှိတယ်ဆိုပေမဲ့ ကောင်းကင်ဧကရာဇ်က ဉာဏ်နီဉာဏ်နက်များပြီး အဆင့်အတန်း မြင့်မြင့်မှ လိုချင်တာ၊ မင်းက သူ့မျက်လုံးထဲ မဝင်နိုင်ရင် ဘယ်လိုလုပ်မလဲ”

“အလုပ်မဖြစ်ရင် လက်လျှော့ရုံပဲပေါ့၊ ကျွန်တော် မနိုင်ရင်တောင် ထွက်ပြေးနိုင်ပါသေးတယ်”

“ငါ ခံစားရသလောက် မင်းက မဟာညီညွှတ်မှု တာအိုသီးကို ကျင့်ကြံနေတာ မဟုတ်ဘူး၊ မင်းရဲ့တာအိုက ငရဲပြည်မှာရှိတဲ့ လမ်းခြောက်သွယ်နဲ့ ပိုဆင်တူသလိုပဲ”

“ကျွန်တော်လည်း သေချာမသိဘူး၊ ကျွန်တော်က စွမ်းအားကြီးပုဂ္ဂိုလ်မဟုတ်တော့ အခွင့်အရေးတွေ့ရင် လက်လွှတ်မခံဘူး”

“ဒါလည်း ဟုတ်တာပဲ”

အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ မဟာအဂ္ဂဗုဒ္ဓအကြောင်း မေးပါတယ်။ ကျန်းကူရှင်းကလည်း မဟာအဂ္ဂဗုဒ္ဓအကြောင်း နည်းနည်းပါးပါး သိပါတယ်။

“မဟာဗုဒ္ဓငါးပါးမှာ မဟာအဂ္ဂဗုဒ္ဓက အသုံးဝင်မှု အနည်းဆုံးပဲ၊ ဒါပေမဲ့ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကို တည်ဆောက်ခဲ့တဲ့လူက သူ့ကို တော်တော်လေး လွှမ်းမိုးထားတယ်၊ သူက သေခြင်းရှင်ခြင်းစက်ဝန်းကသာ အကြီးမားဆုံးတာအိုဖြစ်ပြီး တကယ့်ကောင်းကင်တာအိုလို ယူဆတယ်၊ ဒါတင် မကသေးဘူး၊ တစ်ခြားဗုဒ္ဓဂိုဏ်းတပည့်တွေကိုလည်း ကျင့်ကြံတာစွန့်လွှတ်ဖို့ ဖျောင်းဖျတဲ့အတွက် တစ်ခြားဗုဒ္ဓတွေကို ဒေါသထွက်သွားစေခဲ့တယ်၊ ဗုဒ္ဓတစ်ပါးက သေခြင်ရှင်ခြင်းစက်ဝန်းကို အဲဒီလောက်ယုံကြည်ရင် သေခြင်ရှင်ခြင်းစက်ဝန်းထဲ ကိုယ့်ဘာသာ ဝင်ပါလားလို့ ပြောခဲ့တယ်၊ အဲဒီကိစ္စပြီးတဲ့နောက် မဟာအဂ္ဂဗုဒ္ဓက တကယ်ကြီး သေခြင်ရှင်းခြင်းစက်ဝန်းထဲကို ဝင်ခဲ့တယ်၊ အဲဒီအချိန်ကစပြီး မဟာအဂ္ဂဗုဒ္ဓသတင်းကို မကြားရတော့ဘူး”

ကျန်းကူးရှင်းဟာ မဟာအဂ္ဂဗုဒ္ဓအကြောင်းပြောရင်းနဲ့ သက်ပြင်းချလိုက်ပါတယ်။ နောက်ဆုံးတော့ ဟန်ကျွယ်ဟာ ချူရှီရန်က ဗုဒ္ဓဂိုဏ်းရဲ့ သူလျှိုမဟုတ်မှန်း လုံးဝ ကောက်ချက်ချလိုက်နိုင်ပါတယ်။

‘ဒီမဟာအဂ္ဂဗုဒ္ဓက တစ်ခုခုတော့ တစ်ခုခုပဲ’

ကျန်းကူရှင်းက ရုတ်တရက် ရယ်မောပြီး လှောင်သံနဲ့ ပြောလိုက်ပါတယ် “မင်းက မဟာအဂ္ဂဗုဒ္ဓကို ဒီလောက်ထိ ဂရုစိုက်နေတာ မင်း သူနဲ့ တွေ့လို့လား၊ အခုဆိုရင် သူက အကြိမ်တစ်ထောင်ကျော်လောက် ပြန်ဝင်စားပြီးပြီ၊ ဗုဒ္ဓဂိုဏ်းကလည်း သူ့ကို ပြန်ခေါ်ဖို့ အစီအစဉ်မရှိဘူး၊ မင်းဘာမှ စိုးရိမ်စရာမလိုဘူး၊ ဗုဒ္ဓဂိုဏ်းအတွက်က မဟာအဂ္ဂဗုဒ္ဓ ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲက မလွတ်မြောက်နိုင်လေ ကောင်းလေပဲ”

ဟန်ကျွယ်ဟာ အဖြေပြန်မပေးဘဲ ပြုံးပဲ ပြုံးပြလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ လုံရှန်အကြောင်းမေးပါတယ်။

“ငါ သူ့ကို မကြားဖူးဘူး”

ဟန်ကျွယ်ဟာ ကျန်းကူရှင်းရဲ့ အဖြေကြောင့် ကူကယ်ရာမဲ့သွားပါတယ်။ ဒါပေမဲ့ ဒီအဖြေက အဓိပ္ပာယ်ရှိပါတယ်။ ကောင်းကင်ဧကရာဇ်မှာက သားတော်တစ်ပါးတည်းရှိမှာ မဟုတ်ပါဘူး။ အဲဒီနောက် အတန်ကြာ စကားပြောဆိုကြပြီးမှ ဟန်ကျွယ် ရှေ့ဆက်လျှောက်ပါတယ်။

သေမျိုးကမ္ဘာရဲ့ နှင်းမုန်တိုင်းဟာ နှစ်ပေါင်းများစွာ ကြာပါတယ်။ ဒီနှင်းတွေမှာ စိတ်ဝိညာဉ်ချီ ပါဝင်တာကြောင့် ကျင့်ကြံသူတွေကို အကျိုးဖြစ်ထွန်းစေတယ်ဆိုပေမဲ့ သေမျိုးတွေအတွက်ကတော့ ကပ်ဘေးကြီးတစ်ခုပါပဲ။ ဒီနှင်းကပ်ဘေးမှာ အသက်ဆုံးသွားတဲ့ သေမျိုးတွေက မရေတွက်နိုင်ပါဘူး။

တောတောင်ရေမြေတွေ အကုန်လုံးလည်း အေးခဲကုန်ပြီး အစိမ်ရောင်ကို ရေးရေးတောင် မမြင်ရတော့ပါဘူး။

ဟန်ကျွယ်ဟာ ဘဝဟောင်းက သူနေထိုင်ခဲ့တဲ့ ကမ္ဘာမြေရဲ့ ရေခဲခေတ်ကိုတောင် တွေးမိသွားပါတယ် ‘ကမ္ဘာမြေက ကပ်ဘေးကြီးကို ရင်ဆိုင်ရတော့မှာမို့ ရေခဲခေတ်ကို ဖြစ်ပေါ်စေခဲ့တာလား၊ ဒါ ဖြစ်နိုင်တယ်’

ဒါပေမဲ့ ဒါတွေအကုန်လုံးက ဘဝဟောင်းမှာ ကျန်ခဲ့ပါပြီ။ အခုဘဝမှာ ဟန်ကျွယ်ရဲ့ အဓိကရည်ရွယ်ချက်ကို စွမ်းအားကြီးလာအောင် ကြိုးစားကျင့်ကြံဖို့ပါပဲ။

ကောင်းကင်ရုံးတော်က အချိန်မရွေး ရောက်လာနိုင်တာကြောင့် ဟန်ကျွယ်ဟာ မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။ နေ့ရက်တိုင်းကို စိုးရိမ်စိတ်နဲ့ ဖြတ်ကျော်နေရတာကြောင့် ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်တောင် မကျင့်ကြံနိုင်တော့ပါဘူး။

ဒီအတောအတွင်း စုချီလည်း ပြန်ရောက်လာပါပြီ။ စုချီဟာ မြေခွေးနက် နတ်ဆိုးဧကရာဇ် ချီဖောက်လွဲဖောက်ပြန်ဖြစ်တုန်း အေးအေးဆေးဆေးနဲ့ ထွက်လာခဲ့တာပါ။ ကြမ္မာဆိုးက ဘယ်ရောက်ရောက် ကြမ္မာဆိုးပါပဲ။

စုချီဟာ ဝီရိယတောင်ကို ပြန်ရောက်ပြီးနောက် ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီက အရင်ထက် အဆများစွာ သာလွန်နေတာကို တွေ့ရှိသွားတာကြောင့် ကျေနပ်အံအားသင့်သွားပြီး ချက်ချင်း ဂူအောင်းကျင့်ကြံပါတယ်။

ဟန်ကျွယ်နဲ့ ကျန်းကူရှင်း တွေ့ခဲ့တဲ့အချိန်ကစလို့ ၇ နှစ် ကြာသွားပါပြီ။ ဟန်ကျွယ်ဟာ စိတ်မငြိမ်တာကြောင့် မတ်တတ်ရပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ကို ထွက်လိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်၊ ချန်ယွီအာနဲ့ ရှင်းဟုန်ရွှမ်တို့ဟာ သူတို့ကျင့်ကြံခြင်းလိုဏ်ဂူမှာ ကျင့်ကြံနေကြပြီး အပြင်ကို ထပ်မသွားကြပါဘူး။

ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို လျှောက်သွားပါတယ်။ နတ်မိမယ်ရှီရွှမ်ဟာ ဟန်ကျွယ်အသံကို ကြားတာကြောင့် တံခါးဖွင့်ပေးလိုက်ပါတယ်။ ပြောရမယ်ဆိုရင် ဟန်ကျွယ်နဲ့ နတ်မိမယ်ရှီရွှမ် မတွေ့တာ အတော်လေးကို ကြာပါပြီ။

ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ကို ထပ်တွေ့လိုက်ရတဲ့အခါ နတ်မိမယ်ရှီရွှမ်က အရင်အတိုင်း နတ်မိမယ်တစ်ပါလိုမျိုး ရောင်ဝါ ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။

“ဘယ်ကိစ္စကများ ရှင့်ကို ဂူအောင်းကျင့်ကြံရာကနေ ထပြီး ကျွန်မကို လာတွေ့စေတာလဲ” နတ်မိမယ်ရှီရွှမ်က အပြုံးနဲ့ မေးလိုက်ပြီး ဟန်ကျွယ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပါတယ်။

နတ်မိမယ်ရှီရွှမ်ဟာ ပါးနပ်သူဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်ကို နားလည်ပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးတစ်ခုလုံးမှာ ဝီရိယတောင်ကိုဝင်ပြီး ကျင့်ကြံနိုင်တဲ့သူက လက်တစ်ဆုပ်စာတောင် မရှိပါဘူး။

ဟန်ကျွယ်က ပြုံးပြီး မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော် လာတော့မှာကို မင်း ကြားပြီးပြီလား”

ဝီရီယတောင်မှာ ဘာလျှို့ဝှက်ချက်မှ မရှိပါဘူး။ ရှင်းဟုန်ရွှမ်က ဒီအကြောင်းကို သိထားပြီး ဖြစ်တာကြောင့် ချန်ယွီအာနဲ့ သူ့ဆက်ဆံရေးအရ ချန်ယွီအာကို ကျိန်းသေပေါက် ပြောမှာပါ။ ချန်ယွီအာကလည်း နတ်မိမယ်ရှီရွှမ်ရဲ့ တပည့်ဖြစ်တာကြောင့် သူ့ဆရာသခင်ကို ပြောပြမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။

နတ်မိမယ်ရှီရွှမ်က ပြောလိုက်ပါတယ် “ကျွန်မ သိပြီးပြီ၊ တကယ်တော့ ရှင်က ယွီဂျင်ဂိုဏ်းတော်ကြီးနဲ့ သေမျိုး ကမ္ဘာက လူတွေအတွက် ဒီမှာ ဆက်နေဖို့ မလိုပါဘူး၊ ချက်ချင်းဘုံပျံတက်ပြီး ဒီသေမျိုးကမ္ဘာကနေ အမြန်ဆုံး ထွက်ခွာသင့်တယ်၊ ကျွန်မတို့အတွက်နဲ့ အမတတွေကို တိုက်ခိုက်စရာ မလိုပါဘူး၊ တစ်ခြားသူတွေအတွက်နဲ့ ရှင့်ကိုယ်ရှင် အန္တရာယ်ကြားထဲ မတိုးဝင်ပါနဲ့”

“ကျွန်မ ရှင့်ကို သိခဲ့တာ နှစ်တစ်ထောင်ရှိပြီ၊ ရှင်ရဲ့ အကျင့်စရိုက် ကျွန်မ ကောင်းကောင်းသိတယ်၊ ရှင်က အစကတည်းက ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံပြီး ထာဝရအသက်ရှည်ချင်တာ၊ ခံစားချက် နှောင်ကြိုးတွေရဲ့ ချည်နှောင်မှုကို မခံပါနဲ့”

“ကျွန်မ အသက်ရှင်ခဲ့တာလည်း ကြာပြီ၊ ရိုးရိုးသားသား ပြောရရင် ကျွန်မအတွက် လုံလောက်နေပြီ၊ မနက်ဖြန် သေရမယ်ဆိုရင်တောင် ကျွန်မ နည်းနည်းမှ မကြောက်ရွံ့ဘူး၊ ကျွန်မမှာရှိတဲ့ တစ်ခုတည်းသော နောင်တတရားက ရှင့်ရဲ့ကြင်နာမှုကို ပြန်မပေးဆပ်နိုင်တာပဲ၊ ရှင် လုပ်ပေးခဲ့တာအတွက် ကျွန်မ ဘယ်လိုမှ ပြန်ပေးဆပ်နိုင်မှာ မဟုတ်ဘူး”

နတ်မိမယ်ရှီရွှမ်ဟာ တစ်ခါတည်းနဲ့ စကားအများကြီး ပြောလိုက်ပါတယ်။

ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါ့မှာ ၁၀၀ ရာခိုင်နှုန်း စိတ်ချရတဲ့ အစီအစဉ်ရှိတယ်၊ မနိုင်ဘူးဆိုရင်တောင် ဝီရိယတောင်ကို အပါသယ်ပြီး ဘုံပျံတက်လို့ရတယ်၊ ဒါပေမဲ့ မင်းက ငါနဲ့အတူလိုက်ဖို့ ဆန္ဒရှိရဲ့လား”

နတ်မိမယ်ရှီရွှမ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ကျွန်မက ဆန္ဒမရှိဘူးပြောရင် ရှင်ရဲ့ကြင်နာမှုကို တန်ဖိုးမထားရကျမှာပေါ့”

အဲဒီနောက် နတ်မိမယ်ရှီရွှမ်ဟာ စကားလမ်းကြောင်းပြောင်းပြီး အတိတ်က အကြောင်းတွေ ပြန်ပြောင်း ပြောပါတယ်။ ဟန်ကျွယ်ရဲ့ စိုးရိမ်နေတဲ့စိတ်ဟာလည်း ငြိမ်သက်သွားပါတယ်။

နတ်မိမယ်ရှီရွှမ်နဲ့ ရက်နည်းနည်း စကားပြောဆိုပြီးတဲ့နောက် ဟန်ကျွယ်ဟာ ချန်ယွီအာဆီသွားပြီး ရက်နည်းနည်း စကားပြောပြန်ပါတယ်။ ဒီလိုစကားပြော အပြီးမှာတော့ ဟန်ကျွယ်ရဲ့ စိတ်အခြေအနေဟာ လုံးဝ ပြန်ကောင်းသွားပါတယ်။

အတိတ်ကို ပြန်ခေါ်တာက တစ်ခါတစ်လေမှာ ဆေးကောင်းတစ်ခွက်ပါပဲ။

အတိတ်ကို ပြန်တွေးခြင်းအားဖြင့် လူတစ်ယောက်ရဲ့ မူလရည်ရွယ်ချက်ကို ပြန်သတိရစေပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကျင့်ကြံဖို့ပြင်လိုက်ပေမဲ့ သူ့ရှေ့မှာ စာကြောင်းတစ်ကြောင်း ရုတ်တရက် ပေါ်လာပါတယ်။

[သေမျိုးကမ္ဘာ၏ ကောင်းကင်နိယာမ ပိတ်သိမ်းခံလိုက်ရသည်ကို ရှာဖွေတွေ့ရှိထားပါသည်။ ကမ္ဘာကပ်ဘေး ရောက်ခါနီးပါပြီ။]

စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters