← Chapters

ဆရာနတ်မင်းကို ကာမဝိညာဉ် ဂန္ဓမာပန်း ပေးမယ်

Vol. 6-10 Ch. 135

ဆရာနတ်မင်းကို ကာမဝိညာဉ် ဂန္ဓမာပန်း ပေးမယ်

Vol. 6-10 Ch. 135

အခန်း (၁၃၅) : ဆရာနတ်မင်းကို ကာမဝိညာဉ် ဂန္ဓမာပန်း ပေးမယ်

အစကတည်းက ထိုကံစပ်သူက ရှန်ထျန်းကို ရှာပြီး ကျေးဇူးတင်ဖို့အတွက် စီစဉ်ထားခဲ့သည်။ ထို့နောက် သူ ရရှိလာသော ဂန္ဓမာပန်းကို အိမ်သို့ ပြန်သယ်သွားကာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံတော့မည်ဟု ဆုံးဖြတ်ထားသည်။

သို့သော် လျှိုထိုက်ယီ ပြောတာကို နားထောင်ပြီး ရုတ်တရက် အသိဝင်သွားရသည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ ရှုမြင်သုံးသပ်မှုလည်း လျှိုထိုက်ယီကြောင့် မြင့်တက်လာရသည်။

သူ ပြောတာ အရမ်းမှန်တယ် ...

အထင်ကြီးစရာကောင်းတဲ့ တည်ရှိမှုကြောင့် ဆရာနတ်မင်းက မျက်နှာဖုံးတပ်ထားလျှင်ပင် ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေဆဲ ဖြစ်၏။

သူက ထူးခြားတဲ့ ပညာရှင်တစ်ယောက်ဆိုတာ သေချာတယ်...

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ပါရမီရှင်တွေတောင် ဆရာနတ်မင်းအနားမှာ ဝိုင်းပြီးတော့ မျက်နှာချိုသွေးပြီး ယှဉ်ပြိုင်နေကြတာကိုပဲ ကြည့်လိုက်လေ ... ဆရာနတ်မင်းရဲ့ စွမ်းရည်တွေက ကမ္ဘာကို တုန်လှုပ်သွားစေလောက်တဲ့အထိ မြင့်မားမယ်ဆိုတာ သိသာတယ်။

နတ်ဘုရားကို ယုံကြည်တဲ့သူတွေတောင် သူတို့ဆုတောင်း မပြည့်လည်း ပိုက်ဆံလှူကြသေးတာပဲလေ။ အခု ဆရာနတ်မင်းက ငါ့အတွက် ဒီလောက်ထိ များပြားတဲ့ ရတနာတွေကို ရှာပေးထားတာဆိုတော့ ကျေးဇူးသိကြောင်းမပြဘဲ အကုန်လုံးကို ယူပြီးထွက်သွားလိုက်မယ်ဆိုရင် ရိုင်းရာကျလိမ့်မယ်ထင်တယ် ...

ပိုပြီးတော့ အရေးကြီးတာတစ်ခုက ညီအစ်ကိုလျှို ပြောသလိုဆိုရင် ငါသာ အကျိုးအမြတ်ကို ဝေခွဲမပေးဘူးဆိုရင် အနာဂတ်မှာ ငါက ဘယ်တော့မှ ဆရာနတ်မင်းနဲ့ ထပ်ပြီးတော့ ကံစပ်မှာ မဟုတ်တော့ဘူးတဲ့

အကျိုးအမြတ်ကို တစ်ယောက်တည်း ယူမလား ဒါမှမဟုတ် ငါ့ရဲ့ ရက်ရောမှုကို ပြသဖို့အတွက် ဆရာနတ်မင်းကို ခွဲပေးပြီးတော့ ကံစပ်တာကို ထိန်းသိမ်းထားရမလား… ဒီလိုဆုံးဖြတ်ချက်က ဦးနှောက်ရှိတဲ့သူတွေအတွက်တော့ ရိုးရှင်းတဲ့အရာတစ်ခုပဲလေ

ကံစပ်သူက ချက်ချင်း ရှန်ထျန်းဆီ ပြေးသွားလိုက်ပြီးနောက်  သူ့သိုလှောင်အိတ်လေးမှ ကာမဝိညာဉ် ဂန္ဓမာပန်းများ ထွက်ပေါ်လာသည်။ ထိုကံစပ်သူက ရှန်ထျန်းကို အရိုအသေပေးကာ ပြောလိုက်သည်

“ ကျွန်တော်ကို အခွင့်အရေးရှိတဲ့ဆီ လမ်းညွှန်ပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ညီအစ်ကိုလျှို ပြောတာအရဆိုရင် ဆရာနတ်မင်းက သဘောကောင်းလို့ အခကြေးငွေ မတောင်းတာတဲ့ … ဒါပေမဲ့ ကျွန်တော် အလကားလည်း မယူချင်ဘူး။ အဲဒါကြောင့် ကာမဝိညာဉ် ဂန္ဓမာ ၉၆ ပွင့် ရှာတွေ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ တစ်ဝက်ကို ဆရာနတ်မင်းဆီ ပေးချင်ပါတယ်”

ကံစပ်သူ စားပွဲပေါ်သို့ သွန်ချလိုက်သော ကာမဝိညာဉ် ဂန္ဓမာပန်းများကို ကြည့်ကာ ရှန်ထျန်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်

“ ဘာလို့ ဒီလိုလုပ်ရတာလဲ”

ကာမဝိညာဉ် ဂန္ဓမာပန်းသည် စိတ်လှည့်စားနိုင်သည့် ဂုဏ်သတ္တိအနည်းငယ်ရှိပြီး အချိန်ကြ ာကာမဆေးရည်အဖြစ် ဖော်စပ်ရာ၌ အဓိက အသုံးပြုသော ပစ္စည်းဖြစ်၏။

ဒီဆေးရည်က  ကာမရောယှက်တာ အဆင်မပြေတဲ့ အိမ်ထောင်ကျပြီးသား အတွဲတွေပဲ သုံးတာလေ…ဘာလို့ ငါ့ကို အများကြီး လာပေးနေရတာလဲ

မျက်နှာဖုံးအောက်က ရှန်ထျန်း၏ မျက်နှာထား အေးစက်သွားကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်

“ ကျွန်တော် ဒီဂန္ဓမာတွေကို မလိုအပ်ပါဘူး”

ကံစပ်သူက ရှန်ထျန်း၏ မျက်နှာထားကို မမြင်ရသည့်အတွက် အားနာလို့ ငြင်းနေသည်ဟု မှတ်ယူပြီး ထပ်ပြောလိုက်သည်

“ အခုလိုမျိုး မူနေစရာ မလိုပါဘူးဗျာ။ ဆရာနတ်မင်းကြောင့်သာ မဟုတ်ရင် ကျွန်တော်က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်များတဲ့ ဂန္ဓမာတွေကို ရှာတွေ့ပါ့မလဲ။ ဒါက ဆရာနတ်မင်းနဲ့ ထိုက်တန်လို့ ရတာပါဗျာ”

ထိုကံစပ်သူက သူ့ကို စော်ကားနေသည်ဟုပါ တွေးမိလာသည့်အတွက် ရှန်ထျန်း၏ မျက်နှာထားက ပိုပြီးအေးစက်လာရသည်

“ ကျွန်တော် တကယ် အဲဒါတွေကို မလိုအပ်ပါဘူး”

ကံစပ်သူကလည်း ထပ်ပြောပြန်သည်

“ ဆရာနတ်မင်း ဒါက အသိအမှတ်ပြုတဲ့ လက်ဆောင်လေးပါပဲ။ ရှက်စရာမလိုပါဘူး”

ရှန်ထျန်း ဘာပြောရမယ်မှန်းမသိ ဖြစ်သွားသည်။

စကားကို ရှင်းရှင်းပြော…ဘယ်သူက ရှက်လို့လဲ… ငါကရော ဒါကို လိုအပ်လို့လား…ငါ့ကို လာနောက်နေတာပဲ

“ ဒါက ကျေးဇူးတင် လက်ဆောင်ဆိုတော့လည်း လက်ခံလိုက်ပါ့မယ်”

ရှန်ထျန်းက ဂန္ဓမာတစ်ဝက်ကို နောက်မှ ပြန်ရောင်းဖို့ အခွင့်အရေးရှာမည်ဟု ဆုံးဖြတ်ရင်း ခန်းမင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည်။

ကံစပ်သူလည်း အခုမှ စိတ်အေးသွားရသည်။

နောက်ဆုံးတော့ ငါ ညီအစ်ကိုလျှို အကြံပေးတဲ့အတိုင်း ဆရာနတ်မင်းဆီ ဒီဂန္ဓမာတွေကို ပေးနိုင်ခဲ့ပြီ။ ညီအစ်ကိုလျှို ပြောတာအရဆိုရင်တော့ ဒီလိုလုပ်လိုက်ပြီးရင် ဆရာနတ်မင်းနဲ့ ကံစပ်ပြီးတော့ အောင်မြင်မှုတွေ ရနေဦးမယ်ဆိုတဲ့သဘောပဲပေါ့

ကံစပ်သူက ရှန်ထျန်းကို စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်

“ ဆရာနတ်မင်း ကျွန်တော်ကို မှန်ကန်တဲ့ လမ်းကို ဆက်လက် ညွှန်ပြပေးလို့ ရနိုင်မလားဟင်”

ကံစပ်သူ၏ မေးခွန်းကို နားထောင်ပြီးနောက် အဝေးမှ မြင့်တက်လာသော ဝိညာဉ်မြူခိုးကို ကြည့်ကာ ထိုလူ၏ ခေါင်းပေါ်သို့ ကြည့်လိုက်သည်။ ထိုကံစပ်သူတွင် အစတုန်းက အစိမ်းဖျော့ရောင် ရောင်ဝါစက်ဝန်းကိုသာ ပိုင်ဆိုင်ထားသော်လည်း ရှန်ထျန်း၏ ကူညီမှုကြောင့် အစိမ်းပုတ်ရောင်သို့ အဆင့်မြင့်သွားရသည်။

ထိုကဲ့သို့သော ကံကောင်းမှုအဆင့်ဖြင့် မြူခိုးမြို့ငယ်လေးထဲမှာနေဖို့က ကောင်းမွန်သည့် ရွေးချယ်မှု မဟုတ်ဘူးဟု ထင်မိသည်။

သူပေးထားသော ဂန္ဓမာကို ကြည့်ပြီး ပန်းကို အသုံးပြုနည်းက ရှန်ထျန်းကို ခေါင်းကိုက်စေသလို လက်ဆောင်ပေးသည့် ရည်ရွယ်ချက်ကလည်း မရိုးရှင်းသည်ကို သိထားသော်လည်း ရှန်ထျန်း၏ နှလုံးသား အရည်ပျော်နေဆဲ ဖြစ်သည်။

ကံစပ်သူက ပညာတတ်သော လူငယ်လေးတစ်ယောက် ဖြစ်သည်။

ရှန်ထျန်းက ကံစပ်သူကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်

“ တကယ်ကြားချင်တာလား”

ကံစပ်သူက အလျင်အမြန်ပြန်ဖြေလိုက်သည်

“ ဆရာနတ်မင်း… ကျွန်တော်ကို လမ်းညွှန်ပေးပါနော်။ ကျွန်တော် သေချာနားထောင်ထားပါမယ်”

ရှန်ထျန်း သက်ပြင်းချကာ ပြောလိုက်သည်

“ ဒါဆိုလည်း ပြီးရောလေ။ ငါက ကောင်းကင်ဘုံရဲ့ အပြစ်ပေးတာကို ခံယူပြီးတော့ အနာဂတ်အကြောင်းကို ပြောပြလိုက်မယ်။ သေချာနားထောင်ထားနော်”

ကံစပ်မှုက စိတ်အားထက်သန်သော အကြည့်များဖြင့်ကြည့်ကာ အနားသို့ တိုးလာသည်။

ရှန်ထျန်းက ပြောလိုက်သည်

“ မင်း အကုန်လုံးယူချင်လို့ မရဘူး။ ဂန္ဓမာကို တွေ့ရုံနဲ့တင် လုံလောက်နေပြီလေ။ အခွင့်အရေးတွေ ထပ်ရလာဖို့ ကံကြမ္မာကတော့ မှေးမှိန်နေသေးတယ်။  လောဘကြီးပြီးတော့ မြူခိုးဟင်းလင်းပြင်ထဲမှာ ရတနာတွေ ဆက်ပြီးရှာနေမယ်ဆိုရင်တော့ ကြီးမားတဲ့ အန္တရာယ်နဲ့ တွေ့ကြုံရလိမ့်မယ်။

ဒီနေရာမှာ ပြင်းထန်တဲ့ ပြောင်းလဲမှု တစ်ခုဖြစ်မှာမလို့ ကျွန်တော်ကို ယုံကြည်တယ်ဆိုရင် ဂန္ဓမာတွေယူပြီးတော့ ဒီနေရာကနေ ထွက်သွားပါနော်”

ရှန်ထျန်း စကားပြောတာဆုံးသွားသည့်အခါ ကံစပ်သူ၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။

ငါ့ရဲ့ အခွင့်အရေးက မှေးမှိန်နေသေးတယ်တဲ့လား။ အဲဒါ ဘာကို ဆိုလိုချင်တာလဲ။ ဂန္ဓမာအရေအတွက်က မလုံလောက်လို့များလား ဒါမှမဟုတ် အရည်အသွေး မကောင်းလို့များလား

ကံစပ်သူ လူငယ်လေးက ထိုအရာနှင့်ပတ်သက်ပြီး စိတ်နှစ်ခွ ဖြစ်နေသည်။

ရှန်ထျန်းက စိတ်ဖတ်သည့်နေရာမှာ တော်သည့်အတွက် ထိုလူငယ်လေး၏ မျက်နှာကို ကြည့်လိုက်ရုံဖြင့် ချက်ချင်း နားလည်သွားသည်။

ဟုတ်တာပေါ့ အကျိုးအမြတ်ရရှိမဲ့ အခွင့်အရေးရဲ့ ဖြားယောင်းသွေးဆောင်မှုကို ခံရတာက ကျင့်ကြံရေးကမ္ဘာမှာ ကြောက်စရာ အကောင်းဆုံးပဲလေ။ သူ ဘယ်လိုလုပ်ပြီးတော့ လွယ်လွယ်နဲ့ လက်လျှော့ပါ့မလဲ

‘ကျင့်ကြံသူတွေက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်ပြီး တိုက်ခိုက်ကြလိမ့်မယ်’ ဆိုပြီးတော့  ဆိုရိုးစကားလည်း ရှိတယ်လေ …

ထို့ကြောင့် သူထွက်သွားဖို့ တွေဝေနေခြင်းက ပုံမှန်ကိစ္စရပ်သာ ဖြစ်၏။

ဟုတ်ပြီလေ မင်းကို ဘယ်သူက ငါ့ရဲ့ကံစပ်သူဖြစ်လာဖို့ ပြောလို့လဲ။ ငါ လက်ခံခဲ့တဲ့အရာအတွက် ဘယ်လိုကျေးဇူးတုံ့ပြန်ရမလဲဆိုတာကို ကောင်းကောင်းသိပါတယ်

ရှန်ထျန်းက သက်ပြင်းချကာ ခန်းမင်လက်စွပ်ထဲမှ မိုးကြိုးဖောက်ခွဲရေးအဆောင် ၁၀ခုကို ထုတ်ကာ ပြောလိုက်သည်

“ ခေါင်းမာတယ်…အရမ်းကို ခေါင်းမာတယ်။ မင်း ဟင်းလင်းပြင်ထဲက အခွင့်အရေးတွေကို လက်လွှတ်ဖို့အတွက် တွေဝေနေတယ်ဆိုရင် မင်းဘာသာမင်း သွားရှာလိုက်။ ဒီ မိုးကြိုးအဆောင်တွေကို မင်းနဲ့အတူတူ ယူသွားလိုက်”

ရှန်ထျန်းက ထုတ်ယူလိုက်သော မိုးကြိုးဖောက်ခွဲရေးအဆောင် ၁၀ခုထဲမှ တစ်ခုကိုယူကာ လေထဲကို ပစ်တင်ရင်း ဖောက်ခွဲပြလိုက်သည်။

“ မင်း မခုခံနိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရပြီဆိုရင် ဒီမိုးကြိုးဖောက်ခွဲရေးအဆောင်က မင်းကို အသက်ရှင်ခွင့်ရအောင် ကူညီပေးနိုင်မယ်ထင်တယ်”

ဝုန်း…

ပြင်းထန်သော ပေါက်ကွဲသံကြောင့် ကံစပ်သူ၏ မျက်နှာထားကို ပြောင်းသွားစေသည်

“ တကယ်အားကောင်းတာပဲ”

သူက အခြေတည်အဆင့်၏ အစောပိုင်းအဆင့်သာ ရှိသေးသော်လည်း နောက်ပိုင်း အခြေတည်အဆင့် ကျင့်ကြံသူများ၏ မိုးကြိုးဖောက်ခွဲရေး အဆောင်စွမ်းအားနှင့် နှိုင်းယှဉ်လို့ ရနိုင်သည်။

မိုးကြိုးဖောက်ခွဲရေးအဆောင်၏ ဖျက်စီးနိုင်စွမ်းက ကံစပ်သူနှင့် ကျင့်ကြံရေးအဆင့်တူညီသော လူအများကို သတ်ဖို့ လုံလောက်မှုရှိသည်။

ကံစပ်သူကလည်း တုံးအသောသူ မဟုတ်သောကြောင့် အထွတ်အထိပ်အဆင့် မိုးကြိုးဖောက်ခွဲရေးအဆောင်ကို ဈေးကွက်ထဲမှာ အနည်းသာတွေ့ရပြီး ဈေးကလည်း အင်မတန်မြင့်ကြောင်း သိထားသည်။

အချိတ်အဆက်ရှိထားသော စွမ်းအားကြီးသည့် ဂိုဏ်းများဆီမှ မိုးကြိုးအဆောင်ကို ချေးငှားချင်ပါက အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၃၀၀လောက် သုံးရမည်ဖြစ်သည်။

အသိအကျွမ်းမရှိဘဲ သာမန် ဈေးကွက်မှဝယ်လျှင် ဝိညာဉ်ကျောက်တုံး ၄၀၀ မှ ၅၀၀အထိ အကုန်အကျခံရလိမ့်မည်။

ရှန်ထျန်း ထုတ်ပေးလိုက်သော မိုးကြိုးဖောက်ခွဲရေးအဆောင် ၁၀ခု ကို ဝယ်ယူမည်ဆိုပါက ဝိညာဉ်ကျောက်တုံး ၃ထောင်မှ ၅ထောင်အထိ ကုန်ကျမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ကံစပ်သူ၏ အမြင်မှာ ရှန်ထျန်းကို ပိုပြီးယုံကြည်လာသည်။

ရှန်ထျန်းက မိုးကြိုးအဆောင်၁၀ခုကို လက်ဆောင်ပေးရလောက်သည်အထိ ရက်ရောသူ ဖြစ်နေသည့်အတွက် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော  ကံစပ်သူကို လှည့်စားမည့်သူ မဟုတ်ပေ။

ငါ ပေးလိုက်တဲ့ ဂန္ဓမာကတောင် ဒီမိုးကြိုးအဆောင်တွေလောက် တန်ကြေးရှိမှာမဟုတ်ဘူး

ကံစပ်သူက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဆရာနတ်မင်း အကြံပေးတာကို မှတ်ထားပြီး ဒီရက်ပိုင်း ဟင်းလင်းပြင်ထဲ ထပ်ပြီး မဝင်တော့ပါဘူး”

ထိုရက်ပိုင်းအတွင်း ဂန္ဓမာပန်းများကို ရောင်းချကာ မြူခိုးမြို့တော်ထဲမှာနေပြီး ကျင့်ကြံဖို့အတွက် ဆုံးဖြတ်လိုက်သည်။

တစ်ဖက်မှာလည်း အလယ်အလတ်အဆင့် အခြေတည် ကျင့်ကြံခြင်းကို ရောက်ဖို့ ကြိုးစားနေပြီး တစ်ဖက်မှာလည်း အနာဂတ် တိုးတက်မှုတွေကို မြင်ချင်နေသည်။

ဒီနေရာမှာ ပြင်းထန်သော ပြောင်းလဲမှု ဖြစ်လာမည်ဟု ရှန်ထျန်း ပြောသော်လည်း ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာမလဲဆိုတာ သူ မသိပေ။

စပ်စုတာက လူတစ်ယောက်၏ သဘာဝဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကိုအတွက် ပြောင်းလဲမှုကို ကြည့်ဖို့အတွက် မြူခိုးမြို့တော်မှာနေဖို့ ဆုံးဖြတ်လိုက်သည်။ မြူခိုးမြို့တော်ကို ကနဦးဝိညာဉ်အဆင့် အထွတ်အထိပ်ရှင် ၁၀ယောက်ကျော် စောင့်ရှောက်ထားသည့်အတွက် လုံခြုံရေး အားကောင်းလှသည်။

သူ မြူခိုးမြို့တော်မှာသာ နေပါက မြူခိုးဟင်းလင်းပြင်ထဲမှာ အန္တရာယ်တစ်စုံတစ်ခု ပေါ်လာခဲ့လျှင်ပင် ပြဿနာမရှိပေ။

ထိုအတွေးကြောင့် ဂန္ဓမာပန်းများကို ရှန်ထျန်းဆီ ပေးပြီးနောက် မြူခိုးမြို့တော်ဆီသို့ ပျံသန်းသွားသည်။

ရှန်ထျန်းက ထွက်ခွာသွားသော ကံစပ်သူ၏ ကျောဘက်မြင်ကွင်းကို ကြည့်ရင်း ပြုံးလိုက်မိသည်။ မြူခိုးဟင်းလင်းပြင်ထဲမှာ ထူးဆန်းတာတစ်ခုခုဖြစ်လာနိုင်တာ သေချာသော်လည်း လူတိုင်းကို မစည်းရုံးနိုင်ပေ။

ကိစ္စမရှိပါဘူး ဖြစ်ချင်သလိုသာ ဖြစ်တော့

ငါနဲ့ ကံစပ်တဲ့သူတွေရှိရင်တော့ သူတို့ကို အကြံပေးလိုက်မယ်။ သူတို့ နားမထောင်ရင်တော့ မိုးကြိုးဖောက်ခွဲရေးအဆောင် ၁၀ခု ပေးတာက သူတို့အတွက် လုပ်ပေးနိုင်တာ အကုန်ပဲ

သူ အန္တရာယ်ကြုံတွေ့လို့ မိုးကြိုးဖောက်ခွဲရေးအဆောင် သုံးပြီး လွတ်မြောက်နိုင်ခဲ့ရင်လည်း အံ့ဖွယ်မိုးကောင်းကင်ရဲ့ မိုးကြိုးဖောက်ခွဲရေးအဆောင်ကို ကြေညာတဲ့နေရာမှာလည်း အထောက်အကူဖြစ်နိုင်တယ် မဟုတ်လား

ရှန်ထျန်းလည်း တွေးတောရင်း ကိုယ့်ကိုယ်ကို ချီးကျူးလိုက်သည်။

ငါက တကယ်ကို ဉာဏ်ကြီးရှင်ပဲ ...

All Chapters