← Chapters

အကြီးမားဆုံး ပံ့ပိုးမှု

Vol. 14 Ch. 187

အကြီးမားဆုံး ပံ့ပိုးမှု

Vol. 14 Ch. 187

အခန်း (၁၈၇) အကြီးမားဆုံး ပံ့ပိုးမှု

အမတနတ်ဘုရားတွေ ဆုတ်ခွာသွားတဲ့အတွက် သေမျိုးကမ္ဘာဟာ အေးချမ်းသွားပါတယ်။ အချိန်တစ်ခုအတွင်း သေမျိုးကမ္ဘာတစ်ခုလုံး ရယ်သံတွေ ပြည့်လျှံနေပြီး ယွီဂျင်ဂိုဏ်းတော်ကြီးကတော့ ပိုလိုတောင် ပျော်ရွှင်စည်ကားနေပါတယ်။

ဟန်ကျွယ်ဟာ သူ့တပည့်တွေနဲ့ အတန်ကြာ စကားပြောပြီးမှ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ ဟန်ကျွယ်ဟာ ဒီတိုက်ပွဲကနေ အကျိုးအမြတ်အများကြီး ရလိုက်ပါတယ်။

[ရှန်စစ်သူကြီးသည် သင့်အပေါ် အကောင်မြင်စိတ် တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

[ဝမ်ချွီရှင်းသည် သင့်အပေါ် မုန်းတီးမှု လျော့ကျသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်တစ်ပွင့်။]

[တိထိုက်ပိုင်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]

[မိုးကြိးနတ်ဘုရားသည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]

[ရှုကျင်းရှင်းသည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

[ဗိုလ်ချုပ်ချန်ဖောင်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ဟန်ကျွယ်ရှေ့မှာ အသိပေးချက်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။ အများစုကတော့ မျက်နှာသာပေးမှုတွေပါ။ အမတတွေက ငတုံးမဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ အရည်အချင်းနဲ့ နောက်ထပ် ရှန်စစ်သူကြီးဖြစ်လာဖို့က မခက်ပါဘူး။ ဒါကြောင့် ဟန်ကျွယ်ကို သူတို့ဘက်ပါအောင် အတတ်နိုင်ဆုံး ကြိုးစားမှာပါ။

ဟန်ကျွယ်ရဲ့ အရည်အချင်းကို မနာလိုဝန်တိုကြတဲ့ အမတတစ်ချို့လည်း ရှိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဒီကိစ္စကို စိတ်ထဲတောင် မထည့်ပါဘူး။

ဟန်ကျွယ်ဟာ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပါတယ်။ ဒီနေ့တိုက်ပွဲဟာ ဟန်ကျွယ်ရဲ့ အားနည်းချက်တွေကို ထင်သာစေခဲ့ပါတယ်။ အရင်တုန်းက ဟန်ကျွယ်ဟာ သူ့ထက် ကျင့်ကြံမှုအဆင့်မြင်တဲ့ လူတွေကိုတောင် ရုတ်ခြည်း သတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အချိန်အတော်ကြာအောင် တိုက်ခိုက်နေရပါတယ်။

လုံရှန်က သာမန်လူဘဲ ကောင်းကင်ရုံးတော်ရဲ့ ပါရမီရှင်ဆိုပေမဲ့ ဟန်ကျွယ်ကို မသက်မသာဖြစ်စေတုန်းပါပဲ။

‘မဖြစ်ဘူး... ငါ စွမ်အားတိုးအောင် လုပ်ရမယ်’

ကျင့်ကြံမှုအဆင့်မြင့်မားလေလေ ကျင့်ကြံမှုအဆင့်တူတဲ့သူတွေ အချင်းချင်း ကွာခြားချက် နည်းလေလေပါပဲ။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုအဆင့်တူတဲ့ ရန်သူကို နောက်ကျရင် အနိုင်မယူနိုင်မှာမျိုး မလိုချင်ပါဘူး။

ဒါကိုတွေးမိသွားတဲ့ ဟန်ကျွယ်ဟာ ပြန်ပြီးတော့ လန်ဆန်းလာပါတယ် ‘ငါ ဒီထက် ပိုကြိုးစားရအုန်းမယ်’

အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ဘာလိုလိုနဲ့ ကောင်းကင်တပ် ပြန်သွားတာတောင် ဆယ်နှစ်ရှိသွားပါပြီ။

သေမျိုးကမ္ဘာဟာ ငြိမ်းချမ်းနေတုန်းပါပဲ။ မိစ္ဆာကျင့်ကြံသူတွေကတော့ မျိုးတုံလုနီး ဖြစ်သွားပါတယ်။ အရင်တုန်းက မိစ္ဆာမျိုးနွယ်စုကြောင့် ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို ရှင်းလင်းတော့မယ်မှန်း သိလိုက်ရတာကြောင့် လက်ယာလက်ဝဲ လမ်းစဉ်နှစ်ခု ပူးပေါင်းပြီး မိစ္ဆာတွေကို ရှင်းပစ်ခဲ့ပါတယ်။ မိစ္ဆာတွေကလည်း အထက်ဘုံက အမတတွေကို ကြောက်တာကြောင့် တစ်ယောက်ပြီးတစ်ယောက် ပုန်းအောင်းကုန်ပါတယ်။

ယွီဂျင်ဂိုဏ်းတော်ကြီးဟာ အမတနတ်ဘုရားတွေကို တိုက်ခိုက်တာက ဟန်ကျွယ်မှန်း သိတာကြောင့် ဒီသတင်းဟာ သေမျိုးကမ္ဘာတစ်ခုလုံး ပျံ့နှံ့သွားပါတယ်။ ဒီသတင်းကြောင့် ဟန်ကျွယ်ရဲ့ ပုံတူပန်းချီနဲ့ ရုပ်ထုတွေဟာ နေရာတိုင်းမှာ ပေါ်လာပါတယ်။ ဒါပေမဲ့ ဒီပုံတွေက တိတိကျကျမရှိဘဲ ဟန်ကျွယ်နဲ့ အများကြီး ကွာခြားပါတယ်။

ဒီဆယ်နှစ်အတွင်းမှာ အမတနတ်ဘုရားတွေက သေမျိုးကမ္ဘာကို ထပ်မလာပါဘူး။ ဒါကြောင့် ဟန်ကျွယ်လည်း အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ရပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဆီ ဂျိရှင်းရှန် ရောက်လာပါတယ်။ သူတို့နှစ်ယောက်ဟာ အရင်တွေ့နေကျ တောအုပ်မှာပဲ တွေ့ဆုံကြပါတယ်။

“မင်းက ဘုံပျံတက်တော့မလို့လား” ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ်။

ဂျိရှင်းရှန်က ခေါင်းညိတ်လိုက်ပါတယ် “အမတနတ်ဘုရား ကပ်ဘေးလည်း ပြီးသွားပြီ၊ ဒီသေမျိုးကမ္ဘာမှာ ငါ ထပ်နေဖို့ မလိုအပ်တော့ဘူးလေ၊ နောက်ပြီး ငါက မင်းနဲ့ မတူဘူးလေ၊ မင်းလိုမျိုး သေမျိုးကမ္ဘာမှာ ဆက်နေနိုင်တဲ့ နည်းလမ်းမရှိဘူး၊ မင်းကိုလည်း ဆရာသခင်အဖြစ် အသိအမှတ် မပြုချင်ဘူး”

ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။

ဂျိရှင်းရှန်က မေးလိုက်ပါတယ် “မင်း ဘယ်တော့ ဘုံပျံတက်မှာလဲ”

“နည်းနည်းကြာမှ တက်မယ်”

‘ငါအခုနေ ဘုံပျံတက်ရင် ကောင်းကင်စစ်သား လုပ်ရလိမ့်မယ်၊ ဘယ်လောက်တောင် ပြဿနာများလိမ့်မလဲ’

ဂျိရှင်းရှန်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဒါဆို ငါ ကောင်းကင်ရုံးတော်ကို အရင်သွားနှင့်မယ်၊ နောက်ကျလို့ မင်းရောက်လာရင် စောင့်ရှောက်ပေးလို့ရတာပေါ့”

ဂျိရှင်းရှန်ဟာ ဒီစကားပြောပြီးပြီးချင်း နောင်တရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် သူ့အစောကြီး ဘုံပျံတက်ရင်တောင် ဟန်ကျွယ်ကို ဖိနှိပ်နိုင်မှာ မဟုတ်လို့ပါပဲ။

‘မဟုတ်သေးဘူး... ငါ ဒီလိုတွေးလို့ မဖြစ်ဘူး’

‘ငါ သူ့ကို မကြာခင်မှာ ဖိနှိပ်ပစ်မယ်၊ ငါက စွမ်းအားအကြီးဆုံးဖြစ်ဖို့ မွေးဖွားလာတာ’

ဂျိရှင်းရှန်ရဲ့ မျက်လုံးတွေဟာ ကျောက်တောင်လို ခိုင်မာသွားပါတယ်။

ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “ဒါဆိုရင် မင်းမှာ အနာဂတ်ကောင်း ရှိစေဖို့ ဆုတောင်းပေးပါတယ်”

ဂျိရှင်းရှန်ဟာ စိတ်ကောင်းဝင်သွားပြီး မေးလိုက်ပါတယ် “ဖန်းလျန်ကရော ဘယ်တော့ ဘုံပျံတက်မှာလဲ”

“သူ့ အခြေအနေပေါ် မူတည်တယ်”

“အင်း”

အဲဒီနောက် နှစ်ယောက်လုံး တိတ်ဆိတ်သွားပါတယ်။

နောက်ဆုံးမှာတော့ ဂျိရှင်းရှန် ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ ဝီရိယတောင်ကို ပြန်တော့မလို ပြင်လိုက်စဉ်မှာပဲ တစ်စုံတစ်ယောက်နဲ့ တိုးမိပါတယ်။

ကောင်းကင်ဧကရာဇ်။

ဟန်ကျွယ်ဟာ နောက်ကို အလန့်တကြား ဆုတ်မိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ ပုံရိပ်ကို တစ်ခါမြင်ပြီးကတည်းက ဘယ်တော့မှ မမေ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်က ဘော့စ်အကြီးစားမို့လို့ပါ။

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်လိုပဲ အရပ်မြင့်မားပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ပုံရိပ်ထဲကလောက် အထက်စီးဆန်ခြင်းမရှိဘဲ ပညာသင်သားတစ်ယောက်လိုမျိုး ရောင်ဝါ ရှိနေပါတယ်။

ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်ငြိမ်အောင် ထိန်းလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်က သူ့အပေါ်မှာ မျက်နှာသာပေးမှု ကြယ်သုံးပွင့်ရှိတာကြောင့် ဟန်ကျွယ်ကို ထိခိုက်အောင်တော့ လုပ်မှာ မဟုတ်ပါဘူး။

ကောင်းကင်ဧကရာဇ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “ဟန်ကျွယ်... ငါ မင်းနဲ့ရင်ဆိုင်ဖို့ ရှန်အာကို ခိုင်းတုန်းက ရှိသမျှအစွမ်း အကုန်ထုတ်ပြီး မင်းကို အသေသတ်ခိုင်းခဲ့တာ”

ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ ကောင်းကင်ဧကရာဇ်ကို တိတ်ဆိတ်စွာ ကြည့်နေပါတယ်။

“ဒါက ငါ မင်းကို သတ်ချင်လို့ မဟုတ်ဘူး၊ မင်းရဲ့ အရည်အချင်းကို မြင်ချင်လို့ပဲ၊ မင်းက ငါ့ကို စိတ်မပျက်စေခဲ့ဘူး” ကောင်းကင်ဧကရာဇ်ရဲ့ အပြုံးဟာ အလွန်ကြင်နာလွန်းပြီး ဘာဖိအားမှ ပေးမနေပါဘူး။

ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “အရှင်မင်းကြီးက ကျွန်တော့်ကို အစကတည်းက ကောင်းကင်ရုံးတော်ထဲ ဝင်စေချင်တာလား”

ကောင်းကင်ဧကရာဇ်ဟာ လက်နောက်ပစ်ပြီး ပြုံးလိုက်ပါတယ် “မင်းက မရိုးရှင်းဘူး၊ မဟာညီညွှတ်မှုတာအိုကို မလေ့ကျင့်ဘူး၊ ကံတရား အထောက်အပံ့ ကြီးကြီးမားမား ရှိတဲ့သူတွေကို ဆွဲဆောင်နိုင်တယ်၊ ငါ့ကောင်းကင်ရုံး‌တော်ရဲ့ ကြမ္မာဆိုးတောင် မင်းကို ဆရာသခင်အဖြစ် အသိအမှတ် ပြုထားတယ်၊ ကြည့်ရတာ မင်းဆီမှာ ငါ မမြင်နိုင်တဲ့ ကံကြမ္မာတစ်ခု ရှိနေပုံပဲ”

ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ်။ ဒါပေမဲ့လည်း ဒါက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရပါတယ်။ ကောင်းကင်ဧကရာဇ်လို လူမျိုးက စုချီရဲ့ နောက်ကြောင်းကို မမြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

“မင်းက ကောင်းကင်ရုံးတော်ထဲဝင်ရင် ပြဿနာတက်မှာကို ကြောက်နေတာမလား၊ ဒါကြောင့် အချိန်ဆွဲနေတာ မလား”

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“မင်းဆီမှာ ကျိုးကြောင်း ဆက်စပ်မှု နည်းနည်းပဲရှိတာ ငါတွေ့တယ်၊ မင်းက သေမျိုးတွေထက်တောင် ဆက်ဆံမှုနည်းနေသေးတယ်၊ ငါလည်း သိချင်တာနဲ့ မင်းဘဝရှေ့ပိုင်းကို တွက်ချက်ကြည့်တာ မင်းက ငယ်ငယ်လေးကတည်းက ဂူအောင်းကျင့်ကြံတဲ့ လူထူးဆန်း ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး”

‘လူထူဆန်း’ ဟန်ကျွယ်ဟာ အစော်ကားခံရသလို ခံစားလိုက်ရပါတယ်။

ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “မင်း ကောင်းကင်ရုံးတော်ထဲဝင်ပြီး ပြဿနာတက်မှာ ကြောက်ရင်လည်း ရတယ်”

ဟန်ကျွယ်က မှင်သက်သွားပါတယ် ‘ကောင်းကင်ဧကရာဇ်က ငါ့ကို ဒီအတိုင်း လွှတ်ပေးလိုက်တာလား’

“ငါ မင်းကို ချီယွင်ရှန်းနေရာမှာ အစားထိုးပြီး ဒီသေမျိုးကမ္ဘာရှိ အမတအရာရှိ လုပ်ခိုင်းမယ်၊ မင်း ဘယ်လိုသဘောရလဲ၊ ချီယွင်ရှန်းအတွက်ကတော့... မင်းနဲ့သူက ဆက်ဆံရေးကောင်းတော့ ငါ သူ့ကို ရာထူးတိုးပေးလိုက်မယ်၊ ဘယ်အမတကမှ မင်းကို လာနှောင့်ယှက်မှာ မဟုတ်ဘူး၊ ကျင့်ကြံမှု ရင်းမြစ်အတွက်ကတော့ ငါ့သား ရှန်အာလိုမျိုး မင်းကို ပေးမယ်၊ မင်း စွမ်းအားကြီးလာတဲ့ တစ်နေ့ကျရင် ကောင်းကင်ရုံးတော်ရဲ့ ဒုတိယရှန်စစ်သူကြီးလုပ်ပေါ့”

‘ချီယွင်ရှန်းနေရာကို အစားထိုးမှာလား’ ဟန်ကျွယ်ဟာ စိတ်ဝင်စားသွားပါတယ်။

ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “ပုံမှန်အားဖြင့် မင်း နတ်ဘုရားခန်းမကို သွားပြီး ညီလာခံတက်စရာ မလိုဘူး၊ လိုအပ်ရင် ငါ မင်းဆီကို တစ်ယောက်ယောက်လွှတ်ပြီး အကြောင်းကြားမယ်၊ မင်းမှာ တောင်းဆိုစရာရှိရင် သူ့ကို အကူအညီတောင်း၊ ငါက ကောင်းကင်ဧကရာဇ်ဆိုတော့ မင်းနားမှာ အမြဲတမ်း ရှိမနေနိုင်ဘူး”

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ ဆိုလိုရင်းကို နားလည်သွားပါတယ် “အရှင်မင်းကြီးက ကျွန်တော့်ကို ဝှက်ထားချင်တာလား”

ဒီအခြေအနေက အရမ်းကောင်းပြီး ဟန်ကျွယ်ရဲ့ ရည်ရွယ်ချက်နဲ့လည်း သင့်တော်ပါတယ်။ ဒါပေမဲ့ တစ်ခြားရှုထောင့်က ကြည့်ရင်တော့ အမိန့်အာဏာနဲ့ ကျော်ကြားမှုရှိတော့မှာ မဟုတ်ပါဘူး။

ကောင်းကင်ဧကရာဇ်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောပါတယ် “ကောင်းကင်ရုံးတော်က နက်ရှိုင်းပြီးတော့ ရှုပ်ထွေးတယ်၊ ငါက မင်းကို ငါ့အတွက်ပဲ ဖြစ်စေချင်တာ ကောင်းကင်ရုံးတော်အတွက် မဟုတ်ဘူး၊ မင်း သဘောတူလား”

ဟန်ကျွယ်ဟာ ငတုံးမဟုတ်ပါဘူး။ ဒီကိစ္စက ဘက်ရွေးတာပါ။ သူသာ ငြင်းဆန်မယ်ဆိုရင် ကျိန်းသေပေါက် မရဏလမ်းရောက်မှာပါ။ နောက်ပြီး ကောင်းကင်ဧကရာဇ်က စိတ်ရင်းမှန်နဲ့ ဆက်ဆံပြီး သူလိုချင်တာကို ဖြည့်ဆည်းပေးတဲ့အတွက် ဟန်ကျွယ်မှာ ငြင်းဆန်စရာ အကြောင်း မရှိပါဘူး။

‘ကောင်းကင်ဧကရာဇ်နဲ့ အတူရှိတာကလည်း မဆိုးလောက်ပါဘူး’

ဟန်ကျွယ်က ပြောလိုက်ပါတယ် “သဘောတူပါတယ်၊ ကျွန်တော် ဘုံပျံမတက်ချင်တာက အထက်ဘုံမှာ နောက်ခံမရှိလို့ပဲ၊ ကျွန်တော့်မှာ ရန်သူအများကြီး ရှိသေးတယ်”

ကောင်းကင်ဧကရာဇ်က မဆိုစလောက် ပြုံးလိုက်ပါတယ် “မင်း သူတို့တွေ သေမျိုးကမ္ဘာမှာ ချထားတဲ့ နယ်ရုပ်တွေကို ရှင်းလိုက်လို့မလား”

“အခုအချိန်ကစပြီး ငါ မင်းရဲ့ အကြီးမားဆုံးနောက်ခံပဲ၊ ပြဒါးငှက်မျိုးနွယ်စုပဲဖြစ်ဖြစ် နဂါအမတကျွန်းပဲဖြစ်ဖြစ် မင်းကို ခက်ခဲအောင်လုပ်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းကလည်း တစ်ခြားသူက ရန်မစရင် ပြဿနာလိုက်မရှာနဲ့၊ နောက်ပြီး ငါတို့တွေ စကားပြောတာကိုလည်း ဘယ်သူ့ကိုမှ မပြောနဲ့၊ ချီယွင်ရှန်းကိုတောင် မပြောနဲ့”

ကောင်းကင်ရုံးတော်ရဲ့ ခေါင်းဆောင်ဟာ သူ့လှုပ်ရှားမှုကို လျှို့ဝှက်ထားဖို့ လိုအပ်ပါတယ်။ ကောင်းကင်ရုံးတော်ထဲမှာရှိတဲ့ အန္တရာယ်က ခန့်မှန်းမရပါဘူး။

ဟန်ကျွယ်က ခေါင်းညိတ်လိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ကျွန်တော် ဘယ်လိုလူမျိုးလဲဆိုတာ အရှင်မင်းကြီး သိပြီးသားပါ”

[ကောင်းကင်ဧကရာဇ်သည် သင့်အပေါ် အကောင်းမြင်စိတ် တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]

ကောင်းကင်ဧကရာဇ်ဟာ ညလက်မြှောက်လိုက်တဲ့အခါ လက်ဖဝါးပေါ်မှာ စာလိပ်တစ်လိပ် ပေါ်လာပါတယ် “ဒါက ကောင်းကင်ရုံးတော်ရဲ့ ဓားတာအိုအမွေပဲ၊ မင်း နှစ်ခြိုက်လောက်မှာပါ”

ဟန်ကျွယ်ဟာ စာလိပ်ကိုဖမ်းလိုက်ပြီး စကားပြောဖို့ ပြင်လိုက်ပေမဲ့ ကောင်းကင်ဧကရာဇ်က ပျောက်ကွယ်သွားပါပြီ။ အနန္တဧကရာဇ်လို့ မပြောရပါဘူး။ လေအလျင်လိုလာပြီး လေအလျင်လို ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ စာလိပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ စာလုံးသုံးလုံးတွေ့လိုက်ရပါတယ်။

ကောင်းကင်ဓားတာအို။

စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters