← Chapters

တိထိုက်ပိုင်၊ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ နောက်ဆုံးအဆင့်

Vol. 14 Ch. 188

တိထိုက်ပိုင်၊ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ နောက်ဆုံးအဆင့်

Vol. 14 Ch. 188

အခန်း (၁၈၈) တိထိုက်ပိုင်၊ ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ နောက်ဆုံးအဆင့်

ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်ဓားတာအို စာလိပ်ကို ထုတ်ယူပြီး စတင်သုံးသပ်ပါတယ်။ ကောင်းကင်ဧကရာဇ် လက်ဆောင်ပေးတဲ့ ပညာရပ်က ကျိန်းသေပေါက် မရိုးရှင်းနိုင်ပါဘူး။

ဝူတောက်ကျန့်က စပ်စုလိုက်ပါတယ် “သခင် အဲဒါဘာလဲ”

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဓားတာအို”

ဝူတောက်ကျန့်ရဲ့ မျက်လုံးတွေဟာ တောက်ပသွားပါတယ် “ကျွန်မရော သင်လို့ရမလား”

ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကောက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ငါ တက်သွားရင် မင်းကို သင်ပေးမယ်”

ဝူတောက်ကျန့် စွမ်အားကြီးလေလေ ဟန်ကျွယ်က ပိုပျော်လေလေပါပဲ။ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဒီအတိုင်း အလှဆင်ပစ္စည်းအဖြစ် မထားလိုပါဘူး။ နောက်ပြီး ဟန်ကျွယ်ဟာ ဒီထက်စွမ်းအားပိုကြီးတဲ့ ဆန်းကြယ်စွမ်းအားတွေကို အနာဂတ်မှာ ရလာလိမ့်မယ်လို့ ယုံကြည်တာကြောင့် သူ့တပည့်တွေကို ဆရာစားမချန် သင်ပေးတာ ဖြစ်ပါတယ်။

ဝူတောက်ကျန့်ရဲ့ သူ့အပေါ်ထားတဲ့ မျက်နှာသာပေးမှုနဲ့ဆိုရင် သစ္စာဖောက်ဖို့က လုံးဝမဖြစ်နိုင်ပါဘူး။ သစ္စာဖောက်ခဲ့မယ်ဆိုရင်တောင် ဟန်ကျွယ်က ဝူတောက်ကျန့်ရဲ့ ဝိညာဉ်မှာ လမ်းခြောက်သွယ်အမှတ် မှတ်ထားပြီးသားပါ။ ဒီလို အမှတ်မှတ်ထားတာက ဝူတောက်ကျန့်အပေါ်မှာ နည်းနည်းမတရားပါဘူး။ ဒါပေမဲ့ ကိုယ်ကကျူး ကိုယ့်ဒူးမယုံရ စကားပုံရှိတယ် မဟုတ်ပါလော။

ဟန်ကျွယ်ဟာ သူနဲ့ အနီးစပ်ဆုံး မိန်းမကိုတောင် ၁၀၀ ရာခိုင်နှုန်း မယုံကြည်ပါဘူး။ ထာဝရအသက်ကသာ ဟန်ကျွယ်ရဲ့ နံပါတ်တစ်ဦးစားပေးပါ။ ဟန်ကျွယ်ဟာ ခံစားချက်ကြောင့် မျက်ကန်း အဖြစ်မခံနိုင်ပါဘူး။

ဟန်ကျွယ်ဟာ အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ကောင်းကင်ဓားတာအိုကို စတင်သုံးသပ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ သုံးသပ်လေလေ တအံတဩ ဖြစ်လေလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဓားတာအိုက သာမန်နဲ့မတူဘဲ လုံးဝကို ခြားနားနေလို့ပါပဲ။ သေချာတာတစ်ခုကတော့ ဟန်ကျွယ်ရဲ့စွမ်းအားကို ကျိန်းသေပေါက် ဒီထက်ပိုပြီးတော့ တိုးတက်စေမှာပါ။

နတ်ဘုရားခန်းမ။

ကောင်းကင်ဧကရာဇ် ဘာမထီတဲ့မျက်နှာထားနဲ့ ပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ ခန်းမထဲမှာတော့ လူတစ်ယောက်ပဲ ရှိပါတယ်။

မုတ်ဆိတ်ဖြူနေတဲ့ အမတအိုတစ်ဦး။

ဒီအမတက တိထိုက်ပိုင်ဖြစ်ပြီး ကောင်းကင်ရုံးတော်ထဲမှာ ပညာရှင်အမတတွေရဲ့ ခေါင်းဆောင်ပါ။ တိထိုက်ပိုင်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “အရှင်မင်းကြီး... အရှင်မင်းကြီး တကယ်ပဲ အဲဒီလူကို ကောင်းကင်ဓားတာအိုက ဆုချလိုက်တာလား”

“ဟုတ်တယ်၊ သူ့အရည်အချင်းနဲ့ဆိုရင် နှစ်တစ်‌ထောင်မပြည့်ခင် တက်မြောက်သွားလိမ့်မယ်”

တိထိုက်ပိုင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒီလိုပါရမီရှင်မျိုးနဲ့ဆိုရင် ကောင်းကင်ရုံးတော်က မကြာခင်မှာ ပြန်ပြီးတော့ တန်ခိုးထွားလာမှာပဲ”

“ငါ သူ့ကို ကောင်းကင်ရုံးတော်ထဲ ဝင်ခိုင်းဖို့ အစီအစဉ်မရှိဘူး၊ အနည်းဆုံး သူ ရွှေအမတ မဖြစ်မချင်း ငါ ဘာမှ လုပ်ခိုင်းမှာ မဟုတ်ဘူး”

“အဲဒါလည်း ကောင်းပါတယ်၊ နို့မို့ဆို ရှန်နန်းတော်၊ ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးရုံးတော်က သူ့ကို ပစ်မှတ်ထားနေလိမ့်မယ်”

“အနာဂတ်မှာ သူ့ကို စောင့်ရှောက်ဖို့ မင်း တာဝန်ယူရလိမ့်မယ်၊ သူလိုချင်တာ တစ်ခုခုရှိရင် စည်းမကျော်သမျှ ကာလပတ်လုံး မင်း အကောင်းဆုံး ကြိုးစားပြီး ဖြည့်ဆည်းပေးလိုက်၊ တစ်ယောက်ယောက်က သူ့ကို ပြဿနာရှာမယ်ဆိုရင်လည်း မင်း ဟန့်တားရလိမ့်မယ်၊ ငါ ပြောတာ နားလည်လား”

“ကျွန်တော်မျိုး နားလည်ပါတယ်”

“ရှန်အာ ဘယ်လိုနေလဲ”

“အရှင့်သားက ရုပ်ခန္ဓာ ပြန်ကောင်းမွန်သွားပြီး တာအိုနှလုံးသားလည်း ခိုင်မြဲပါတယ်၊ အရှင့်သား ဟန်ကျွယ်ကို မမုန်းဘဲ သူ ကြိုးစားတာ မလုံလောက်သေးဘူးလို့ပဲ ခံစားနေရပါတယ်”

“ကောင်းတယ်၊ သူက တစ်ခြားညီအစ်ကိုတွေထက် ခံယူချက်ကောင်းတယ်”

ကောင်းကင်ဧကရာဇ်ဟာ ပြုံးလိုက်ပြီး နတ်ဘုရားခန်းမအပြင်ဘက်ကို မျှော်ကြည့်လိုက်ပါတယ်။

တိထိုက်ပိုင်ဟာ တစ်ခဏ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်ပါတယ် “ရှန်နန်းတော်ရဲ့ အမတဧကရာဇ် ပြန်ဝင်စားတဲ့လူက ဧကရာဇ်တာအို နိုးထသွားပြီ၊ ဗုဒ္ဓဂိုဏ်းနဲ့ ရှန်နန်းတော်က...”

ကောင်းကင်ဧကရာဇ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “သူတို့တွေ ပူးပေါင်းလိုက်ကြပြီ၊ ဟုတ်တယ်မလား၊ ကောင်းကင်ရုံးတော်က တာအိုဘိုးဘေး အသိအမှတ်ပြုထားတဲ့ လမ်းမှန်မျိုးဆက်ပဲ၊ အခု တာအိုဘိုးဘေး ဂူအောင်းနေတာ နှစ်ကြာပြီဆိုတော့ သူတို့က ကောင်းကင်ရုံးတော်ကို တော်လှန်ချင်နေကြပြီ၊ ဘာမှမဖြစ်ဘူး၊ ကောင်းကင်ရုံးတော်မှာလည်း သူ့အဆက်အသွယ်နဲ့ သူရှိတယ်၊ ဒီလောက်လေးနဲ့ ပြိုလဲနိုင်စရာအကြောင်း လုံးဝကို မရှိဘူး”

တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်စကားကြောင့် ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။

ကောင်းကင်ဧကရာဇ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “ငရဲပြည်က အဲဒီလူနဲ့ ဟန်ကျွယ်နဲ့က သဘောတူညီချက် တစ်ခုခု ရှိထားပုံရတယ်၊ နတ်ဆိုးသူတော်စင်ဝိညာဉ်ကို သူ့သေမျိုးကမ္ဘာဆီ ရွှေ့ပြောင်းရင် မင်း ဒီကိစ္စကို ဖုံးကွယ်ထားလိုက်၊ ငရဲပြည်က အဲဒီလူက ဒီကိစ္စက ငါ လုပ်ခိုင်းတာမှန်း မသိစေနဲ့”

တိထိုက်ပိုင်ဟာ မှင်သက်သါားပြီး ချက်ချင်း သဘောတူလိုက်ပါတယ်။

ငါးနှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ကောင်းကင်ဓားတာအိုကို လုံးဝတက်မြောက်သွားပါတယ်။ ဟန်ကျွယ်ဟာ သက်ပြင်းမချဘဲ မနေနိုင်ပါဘူး။ ဒီဓားတာအိုက တကယ်ကို နက်ရှိုင်းတာပါ။ ဟန်ကျွယ်ရဲ့ ထိပ်တန်းဓားပညာပါရမီ၊ ထိပ်တန်းဓားပညာနားလည်မှု စွမ်းရည်နဲ့တောင် ဒီဓားတာအိုကို လုံးဝဝတက်မြောက်ဖို့အတွက် ငါးနှစ်ကြာခဲ့ပါတယ်။ တစ်ခြားသူတွေသာဆိုရင် တစ်သက်လုံး လေ့ကျင့်ရင်တောင် တက်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ကောင်းကင်ဓားတာအိုဟာ အဆင့်လေးဆင့်ရှိပါတယ်။

ပထမအဆင့် - ကောင်းကင်ထိုးဖောက်ခြင်း။

ဒုတိယအဆင့် - ရေစက်ဖြတ်ခြင်း။

တတိယအဆင့် - အာဒိကပ္ပကမ္ဘာဖန်တီးခြင်း။

စတုတ္ထအဆင့် - အမတသတ်ဓားအစီအရင်။

ဟန်ကျွယ်ဟာ အမတသတ်ဓားအစီအရင်ကို ပထမဆုံးမြင်တဲ့အခါမှာ ကျိုးမင်းဆက် ထူထောင်တာကို ဒဏ္ဍာရီဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲထဲက အမတသတ်ဓားအစီအရင်ကို တွေးမိသွားပါတယ်။ အဲဒီဇာတ်ကားထဲမှာတော့ အမတသတ်အစီအရင်က သူတော်စင်လေးပါးပဲ ချိုးဖျက်နိုင်ပါတယ်။

ဒါပေမဲ့ ဟန်ကျွယ် အမတသတ်ဓားအစီအရင်ကို တက်မြောက်သွားတဲ့အခါမှာတော့ သူထင်ထားသလို ပြိုင်ဘက်ကင်း မဟုတ်တာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်ဓားတာအိုရဲ့ အစီအရင်က ဓားစွမ်းအားအပေါ်မှာ မှီတည်နေတာပါ။

ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပြီး လုံရှန်၊ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားတို့နဲ့ တိုက်ခိုက်ပါတယ်။ အရင်တစ်ခေါက် တိုက်ပွဲတုန်းက ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ရဲ့ အချက်အလက်တွေကို ပုံတူကူးခဲ့ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ဓားတာအိုကို အသုံးပြုပြီး လုံရှန်ကို တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်။ ဒီတိုက်ပွဲမှာ ဟန်ကျွယ်ဟာ ကောင်းကင်ဓာတာအိုရဲ့ ပထမအဆင့်ဖြစ်တဲ့ ကောင်းကင်ထိုးဖောက်ခြင်းကိုပဲ အသုံးပြုလိုက်တာပါ။

ဟန်ကျွယ်ဟာ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားနဲ့ တိုက်ပြန်တော့လည်း တစ်ချက်တည်းနဲ့ သတ်လိုက်နိုင်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ နှစ်ယောက်တစ်ယောက် ယှဉ်တိုက်ပါတယ်။ ဒီတစ်ခါလည်း ဟန်ကျွယ်ဟာ လုံရှန်နဲ့ စိတ်ဝိညာဉ် သိုင်းနတ်ဘုရားကို တစ်ချက်တည်း သတ်ပစ်နိုင်တုန်းပါပဲ။

ကောင်းကင်ဓားတာအိုက အရမ်းကိုစွမ်းအားကြီးပါတယ်။

ဟန်ကျွယ်ဟာ ဒီရလဒ်ကြောင့် တော်တော်လေး ပျော်ရွှင်သွားပါတယ်။ စိတ်ကောင်းဝင်နေတဲ့ ဟန်ကျွယ်ဟာ လက်ညိုးညွှန်ပြီး ဝူတောက်ကျန့်ကို ကောင်းကင်ဓားတာအိုရဲ့ ပထမအဆင့် သင်ကြားပေးပါတယ်။

အလင်းတန်းတစ်ခု ဝူတောက်ကျန့်ရဲ့ နဖူးထဲကို ဝင်သွားတဲ့အခါ ဝူတောက်ကျန့်ခန္ဓာကိုယ်ဟာ တုန်တက်သွားပြီး ထိုးထွင်းနားလည်မှု အလွန်မြင့်မားတဲ့ ထူးခြားဆန်းကြယ် အခြေအနေတစ်ခုကို ရောက်ရှိသွားပါတယ်။

ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံအားထုတ်ပြီး ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ နောက်ဆုံးအဆင့်ကို အမြန်ဆုံးရောက်ရှိဖို့ ကြိုးစားပါတယ်။

ကောင်းကင်ဧကရာဇ်က သူ့နောက်ခံ ဖြစ်လာပေမဲ့ ဟန်ကျွယ်ဟာ လုံးဝ စိတ်မချသေးပါဘူး။ လောကမှာ စိတ်အချရဆုံးက ကိုယ်တိုင်ပါပဲ။

အချိန်တွေ ကုန်ဆုံးသွားလိုက်တာ နှစ် ၂၀ ဆိုတဲ့ အချိန်ကာလက မနေ့တစ်နေ့ကလိုပါပဲ။

ကောင်းကင်ရုံးတော်ကပ်ဘေးက လုံးဝပြီးဆုံးသွားပြီမို့ သေမျိုးကမ္ဘာမှာ ဒီအကြောင်းကို ဘယ်သူမှ မပြောကြတော့ပါဘူး။ ကျင့်ကြံခြင်းလောကဟာလည်း ပုံမှန်အနေအထားကို ပြန်ရောက်ရှိသွားပါတယ်။ တစ်ချို့လူတွေက တိုက်ခိုက်ကြသလို တစ်ချို့လူတွေက ဘုံပျံတက်ကြပါတယ်။ တစ်ချို့လူတွေကတော့ သေမျိုးတွေကြားမှာ သူတို့တာအိုကို လိုက်လံဟောကြားပါတယ်။

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးဟာ အကျိုးအမြတ် တော်တော်လေး ရလိုက်ပါတယ်။ ဆယ်ဒေသနဲ့ ကိုးပြည်ထောင်ရဲ့ မြင့်မြတ်နယ်မြေ ဖြစ်လာတဲ့အပြင် ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေ သေမျိုးတွေကလည်း မကုန်ခမ်းနိုင်တဲ့ ရေစီးကြောင်းလို ဆက်တိုက် စီးဝင်လာပါတယ်။

ဟန်ကျွယ်ဟာ အနှောင့်ယှက်မခံရတာကြောင့် တစ်ချိန်လုံး စိတ်အေးချမ်းသာစွာ ကျင့်ကြံအားထုတ်ပြီး ပြန်လည်မွေးဖွားခြင်း ကောင်းကင်အမတ နောက်ဆုံးအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်သွားပါတယ်။

ဒီနေ့မှာတော့ ဝီရိယတောင်ဆီ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်။

ဒီဧည့်သည်ကတော့ တိထိုက်ပိုင်ပါ။ တိထိုက်ပိုင်ဟာ ဝီရိယတောင်ပေါ်ကို တိုက်ရိုက်ဆင်းသက်လိုက်ပါတယ်။ တောင်ကာအစီအရင်မပြောနဲ့ တာအိုစက်ကွင်းတောင် တိထိုက်ပိုင်ကို မတားဆီးနိုင်ပါဘူး။

ရန်ထျန်တုန်း၊ ချူရှီရန်၊ ဖန်းလျန်နဲ့ တစ်ခြားသူတွေဟာ တိထိုက်ပိုင်ကို ရန်သူထင်ပြီး ကြောက်လန့်တကြားနဲ့ မတ်တတ်ရပ်လိုက်ကြပါတယ်။

တိထိုက်ပိုင်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မကြောက်ပါနဲ့... မကြောက်ပါနဲ့၊ ငါက ကောင်းကင်ရုံးတော်ရဲ့ အမတနတ်ဘုရားပါ၊ ဟန်ကျွယ်ကို အမတရာထူးပေးဖို့ ရောက်လာတာပါ”

လူတိုင်းဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။

တိထိုက်ပိုင်ဟာ ဖူစန်းသစ်ပင်ကို တစ်ချက်ကြည့်ပြီး စိတ်ထဲမှာ အံဩတကြီး ဖြစ်သွားပါတယ် ‘ဖူစန်းသစ်ပင်ပါလား... ဒီကောင်လေးက သေမျိုးကမ္ဘာမှာ ကျင့်ကြံနိုင်တာ အံဩစရာ မရှိတော့ပါဘူး’

တိထိုက်ပိုင်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူဆီ လျှောက်သွားပါတယ်။

ဟန်ကျွယ်ဟာ လိုဏ်ဂူတံခါးဖွင့်လိုက်ပြီး ဝူတောက်ကျန့်ကို မောင်းထုတ်လိုက်ပြန်ပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်ပြီးနောက် တိထိုက်ပိုင်နဲ့ ဟန်ကျွယ်ဟာ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြပါတယ်။

ဟန်ကျွယ်ဟာ တိထိုက်ပိုင်အကြောင်းကိုလည်း လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်ပါတယ်။

[တိထိုက်ပိုင်:မဟာညီညွှတ်မှု ရွှေအမတ ထိပ်ဆုံးအဆင့်၊ ကောင်းကင်ရုံးတော်၏ ဒုတိယအဆင့် ပညာရှင်အမတ။ ကောင်းကင်ရုံးတော်ရှိ ပညာရှင်အမတများ၏ ခေါင်းဆောင်ဖြစ်ပြီး ကောင်းကင်ဧကရာဇ်၏ ညာလက်ရုံးဖြစ်ကာ အထူးယုံကြည်လေးစားခြင်း ခံရသည်။ သင့်အရည်အချင်းနှင့် ကောင်းကင်ဧကရာဇ် သင့်အပေါ် ထားရှိသော မျက်နှာသာပေးမှုကြောင့် တိထိုက်ပိုင်သည် သင့်အပေါ်၌ အကောင်းမြင်စိတ် ရှိနေသည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]

အရင်တုန်းက မျက်နှာသာပေးမှုက ကြယ်နှစ်ပွင့်ပဲ ရှိတာပါ။ အခုမှ ကြယ်တစ်ပွင့် တိုးလာတာပါ။

ပြောစရာဆိုလို့ ဟန်ကျွယ်ရဲ့စနစ်က မဟာညီညွှတ်မှု ရွှေအမတ ထိပ်ဆုံးအဆင့်ကို စစ်ဆေးနိုင်လာပါတယ်။ ဒါပေမဲ့ သိဟုန်ယဲ့၊ ရှန်စစ်သူကြီးနဲ့ ကောင်းကင်ဧကရာဇ်တို့ရဲ့ ကျင့်ကြံမှုအဆင့်ကိုတော့ မပြပါဘူး။ ဒီသုံးယောက်ရဲ့ ကျင့်ကြံမှုက အနိမ့်ဆုံးတောင် အမတဧကရာဇ်အဆင့် ရှိနေမှာပါ။

တိထိုက်ပိုင်ဟာ အင်္ကျီလက်စထဲကနေ ရွှေရောင်တိုကင်တစ်ခုကို ထုတ်ယူပြီး ပြောလိုက်ပါတယ် “ဒါက ကောင်းကင်တာအို တိုကင်ပဲ၊ ဒီတိုကင်က ဒီသေမျိုးကမ္ဘာရဲ့ ကောင်းကင်တာအိုကနေ ငါ့ဆီ ဆက်သွယ်နိုင်တယ်၊ မင်းမှာ လိုအပ်တာ ဒါမှမဟုတ် ပြဿာတစ်ခုခုရှိမယ်ဆိုရင် ငါ့ကို ရှာနိုင်တယ်”

ဟန်ကျွယ်ဟာ ပြုံဂလိုက်ပြီး တိုကင်ကို လက်ခံလိုက်ပါတယ်။

တိထိုက်ပိုင်ဟာ ချက်ချင်း ထွက်မသွားသေးဘဲ ဟန်ကျွယ်နဲ့ ရင်းနှီးအောင် စကားစပြောပါတယ် “အရှင်မင်းကြီး မင်းကိုပေးတဲ့ ကောင်းကင်ဓားတာအိုက မရိုးရှင်းဘူး၊ မင်း အဲဒီဓားတာအိုကို နှစ်တစ်ထောင်အတွင်း လေ့လာနိုင်ရင် အနာဂတ်မှာ အမတဧကရာဇ်ဖြစ်လာဖို့ မခက်ခဲတော့ဘူး” တိထိုက်ပိုင်က ပြုံးလိုက်ပါတယ်။

‘နှစ်တစ်‌ထောင်... အဲဒီလောက်တောင် ကြာတာလား’ ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ်။

တိထိုက်ပိုင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒါက ကြာလွန်းတယ်လို့ မင်း ထင်နေတာလား၊ အတိတ်မှာတုန်းက ကောင်းကင်ရုံးတော်ရဲ့ ဓားအမတတစ်ဦးက ဒီကောင်းကင်ဓားတာအိုကို နှစ်တစ်သောင်းကြာအောင် လေ့လာသင်ယူခဲ့ရတယ်၊ သူက ကံတရားမြစ်ကို ဓားတစ်ချက်တည်းနဲ့ ဖြတ်တောက်ခဲ့လို့ အဓိကအင်အားစုတွေ အကုန်လုံး လန့်ဖျပ်သွားပြီး ကံတရားမြစ်ကို အတူတကွ ပြန်တောက်ဆောက်ခဲ့ရတယ်”

စကြဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters