အခန်း ၃၄၂
Vol. 35 Ch. 342
အခန်း(342)
အစ်မလျို့က သူမ၏ မှတ်စုစာအုပ်ကို ထုတ်ယူပြီး၊ အရေးကြီးသော အချက်အလက်များကို မှတ်သားလိုက်ပြီးနောက် တိတ်တဆိတ် ထွက်ခွာသွားခဲ့လေတော့၏။
လမ်းခရီးတွင် သူမက အသားတချို့ကို ဝယ်ယူရန်အတွက် ဈေးသို့ ဝင်ခဲ့သည်။
လမ်းခုလတ်သို့ ရောက်သည့်အချိန်တွင်၊ ဖရုံသီးများကို တင်ဆောင်လာသော ထရက်တာတစ်စီးကို မြင်တွေ့လိုက်ရလေ၏။
အမျိုးသမီးတစ်စုက ထိုဖရုံသီးတို့ကို လုယက်၍ ဝယ်ယူနေကြသည်။
သူမလည်း သူမ၏ အင်္ကျီလက်ကို ပင့်တင်လိုက်ပြီးနောက် အနားသို့ အပြေးအလွှား သွားခဲ့လေ၏။ ဤသို့ဖြင့် တစ်ကြိမ်တည်းဖြင့် ဆယ်လုံးကို လုယူရရှိခဲ့လေတော့၏။
ငွေပေးချေပြီးနောက်၊ သူမက ထိုဖရုံသီးများကို သယ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့သည်။
လီရှန်းတစ်ယောက် အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင် ဖရုံသီးများဖြင့် ပြည့်နှက်နေသော အိတ်ကြီးကို မြင်တွေ့လိုက်ရသောကြောင့် အလွန်ပင် အံ့အားသင့်သွားခဲ့ရလေတော့၏။
“ဒါတွေအားလုံးကို ကျွန်မတို့တွေ ဘယ်လိုလုပ်ပြီး ကုန်အောင်စားနိုင်မှာလဲ”
ထိုဇနီးမောင်နှံနှစ်ဦးက နေ့ခင်းဘက်တွင် ကျောင်း၌သာ ထမင်းစားကြပြီး စုရှောင်လော်ကတော့ ရန်ရှောင်၏အိမ်တွင် စားသောက်လေ့ရှိ၏။
သူတို့က ညနေပိုင်းကျမှသာ အိမ်၌ အတူ ထမင်းစားနိုင်ကြလေသည်။
တစ်ခါတရံတွင် စုဝေ့ချင်းက ညစာကိုပင် ကျောင်းမှစားသောက်ဆောင်၌ပင် စားသောက်ခဲ့သောကြောင့် အိမ်တွင် သားအမိနှစ်ဦးတည်းသာ ရှိနေတတ်ပြီး အစားအစာ စားသောက်ရန်ပင် သတိမရကြပေ။
“ကိစ္စမရှိပါဘူး၊ ဒါတွေက အထားခံပါတယ်၊ မနက်စာအတွက် ဖရုံသီးကိတ်တချို့ လုပ်စားလို့ရတာပဲ၊
တချို့ကိုတော့ အရန်ဟင်းအဖြစ် ချန်ထားလိုက်ပေါ့၊ ကျန်တာတွေကိုတော့ မင်းတို့အတွက် ချဉ်ဖတ်လုပ်ပေးခဲ့မယ်၊
သေသေချာချာသာ သိမ်းဆည်းထားရင် နောက်နှစ်အထိတောင် အထားခံသေးတယ်”
သူမက စကားပြောရင်းနှင့်ပင် ကျန်းရိကော်ဘက်သို့ လှည့်ကြည့်ပြီး မေးမြန်းလိုက်လေသည်။
“ဒီအိမ်ဝန်းထဲမှာ မြေအောက်ခန်း တစ်ခုတော့ ရှိမယ်မလား”
မြေအောက်ခန်းလား။
စုဝေ့ချင်းတို့ ဇနီးမောင်နှံ နှစ်ဦးက တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြလေ၏။
သူတို့အနေဖြင့် ထိုအကြောင်းကို အမှန်တကယ်ပင် မသိရှိခဲ့ကြပေ။
သူတို့က အိမ်ကို လွန်ခဲ့သည့်အချိန်များကတည်းက သန့်ရှင်းရေးလုပ်ခဲ့ကြသော်လည်း မြေအောက်ခန်း ရှိနေလိမ့်မည်ဟု လုံးဝ မတွေးတောမိခဲ့ကြပေ။
ထိုအချိန်မှသာ ပြန်လည်၍ စဉ်းစားကြည့်ပြီး အစ်မလျို့၏ မေးခွန်းက မှားယွင်းခြင်းမရှိကြောင်းကို သဘောပေါက်လိုက်ကြလေတော့၏။
ပေကျင်း၏ ဆောင်းရာသီက အလွန်အေးစက်လွန်းသောကြောင့် ဆောင်းတွင်းဟင်းသီးဟင်းရွက်များကို သိုလှောင်ရန်အတွက် မြေအောက်ခန်းတစ်ခု ရှိနေခြင်းက ပိုမို အဆင်ပြေစေသည်။
ဤသို့တွေးကြည့်လျှင် မြေအောက်ခန်း မရှိပါကသာ ဆန်းကြယ်နေပေလိမ့်မည်။
“ရှိတာပေါ့”
ကျန်းရိကော်က ခေါင်းညိတ်ပြလိုက်ပြီးနောက်၊ သူတို့ကို မြေအောက်ခန်းရှိရာနေရာဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ထိုမြေအောက်ခန်းက အလွန်ပင် သိုဝှက်သောနေရာတွင် ရှိနေလေ၏။
မြေအောက်ခန်းကို ဖွင့်လှစ်လိုက်သည့်အချိန်တွင် ဖုန်မှုန့်များက အလွန်ပင် ထူထပ်စွာ ထွက်ပေါ်လာခဲ့သည်။
ကျန်းရိကော်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားရလျက် ပြောလိုက်လေ၏။
“အရင်က ဘယ်သူမှ မသုံးခဲ့ကြဘူး ထင်တယာ”
လီရှန်းက ထိုနေရာကို ကြည့်ရှုလိုက်လျှင် ထိုမြေအောက်ခန်းက ဒုတိယခြံဝန်းရှိ အိမ်စေမိန်းကလေးများအတွက်ဆောက်ထားသော အခန်း၏ နောက်ကွယ်တွင် ရှိနေကြောင်းကို တွေ့ရှိလိုက်ရသည်။
ထိုနေရာဝင်ပေါကငက အလွန်ပင် သေးငယ်လွန်းသောကြောင့် အသက်ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးပင်လျှင် ကောင်းမွန်စွာ ရပ်နိုင်ခြင်း မရှိပေ။
လီရှန်းနှင့် စုဝေ့ချင်းတို့က ဤနေရာကို ယခင်က အိမ်စေမိန်းကလေးများအတွက် ညရေးညတာအပေါ့အပါးအိုးများကို ချထားသည့်နေရာဟုသာ ထင်မှတ်နေခဲ့ကြသည်။
ဤနေရာက မြေအောက်ခန်း၏ ဝင်ပေါက်ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
ယခင်က ဤနေရာတွင် နေထိုင်ခဲ့ကြသော မိသားစုများက ဤအစေခံအိမ်ခန်းလေးကို သေးငယ်လွန်းသည်ဟု ထင်မှတ်ကြလေ၏။
ထို့ကြောင့် အဖိုးမတန်သော ပစ္စည်းကို စုပုံထားသည့် သိုလှောင်ခန်းအဖြစ်သာ အသုံးပြုခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင် မြေအောက်ခန်း ဝင်ပေါက်ကို မည်သည့်အချိန်ကမှ ရှာမတွေ့ခဲ့ကြခြင်းပင်။
ပထမဦးစွာ သူက မြေအောက်ခန်းကို လေဝင်လေထွက် ကောင်းအောင် ပြုလုပ်လိုက်လေသည်။
ထို့နောက် စုဝေ့ချင်းက လက်နှိပ်ဓာတ်မီးတစ်လက်ကို ကိုင်ဆောင်လျက် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
အောက်ဘက်ရှိ နေရာအကျယ်အဝန်းက အတော်လေး ကြီးမားလွန်းလေ၏။
စတုရန်းမီတာတစ်ဆယ်ကျော်ခန့်ရှိပြီး လူတစ်ရပ်စာခန့်လည်း မြင့်မားသည်။
ထိုမြေအောက်ခန်းကို သန့်ရှင်းရေးလုပ်ထားပြီး ဖြစ်သောကြောင့် ဖယ်ရှားပစ်ရန်လိုအပ်သော ဆွေးမြည့်နေသည့် သက်ငယ်မြက်တချို့မှတစ်ပါး တခြားမည်သည့်ပစ္စည်းမျှ ရှိမနေပေ။
အရာအားလုံးက ကောင်းမွန်လွန်းသော်လည်း၊ စုဝေ့ချင်းအနေဖြင့် အထဲဘက်တွင် ကြွက်များ ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။
သူက ကြွက်ကိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ဆက်လက် မလှုပ်ရှားရဲတော့ပေ။
အပေါ်သို့ ပြန်တက်လာပြီးနောက်၊ စုဝေ့ချင်းက မြေအောက်ခန်းအဖုံးကို လျင်မြန်စွာပင် တင်းကျစ်အောင် ပိတ်လိုက်လေတော့၏။
“ကျွန်တော်တို့ ကြောင်တစ်ကောင်လောက် ငှားဖို့ နည်းလမ်းရှာရမယ်”
စုဝေ့ချင်းက ချက်ချင်းပင် ပြောလိုက်လေသည်။
“ကြွက်တွေကို အရင်ဆုံး အသေသတ်လိုက်မှပဲ၊ နံရံတွေကို ဘယ်လိုမျိုး ပြန်ပြုပြင်ရမလဲဆိုတာ ဆက်ပြီး စဉ်းစားလို့ရမယ်”
လီရှန်းက ဤစကားကို ကြားသည်နှင့် သဘောပေါက်လိုက်လေ၏။
“ဝေ့ချင်း အချိန်ရတဲ့အချိန်ကျရင် ကြွက်သတ်ဆေးတချို့ သွားဝယ်ပြီး၊ ထမင်းနဲ့ ရောပြီး အဲ့ဒီထဲမှာ ရက်နည်းနည်းလောက် ထားလိုက်ပါဦး”
“ဝါးလုံးအကြီးတချို့လည်း ထပ်ဝယ်လိုက်ဦး၊ ငါ ဟင်းသီးဟင်းရွက်တွေကို ချဉ်ဖတ်လုပ်ပေးမယ်၊
ချဉ်ဖတ်လုပ်ပြီးတာနဲ့ ကြွက်တွေ မဝင်နိုင်အောင် ဆီစိမ်ပိတ်စ နဲ့ သေသေချာချာ အုပ်ထားရမယ်၊
ပြီးတော့ အခု ငါတို့ ဒီမြေအောက်ခန်းကို သုံးဖို့မလိုသေးပါဘူး၊
ဒီနွေရာသီမှာ သန့်ရှင်းရေးလုပ်ထားဖို့ အကောင်းဆုံး အခွင့်အရေးပဲ၊
ဒါမှ ဆောင်းရာသီကျရင် အသုံးဝင်မှာ ၊ ဆောင်းတွင်းမှာဆိုရင် လူကြီးတစ်ယောက်ရဲ့ ရိက္ခာက မနည်းဘူး
၊မင်းတို့နှစ်ယောက်ပေါင်းရင် ကျင်းတစ်ရာလောက် လိုလိမ့်မယ်၊
မြေအောက်ခန်းသာမရှိရင် အစားအစာတွေက အလွယ်တကူ ပုပ်သိုးသွားလိမ့်မယ်”
အစ်မလျို့က သူတို့ကို ရှင်းပြလေသည်။
သူတို့၏ အိမ်တွင် တစ်ဆယ် စတုရန်းမီတာကျော်ခန့်ရှိသော နေရာအပိုတစ်ခု တိုးပွားလာကြောင်းကို သိရှိရသောကြောင့် စုဝေ့ချင်းတို့ ဇနီးမောင်နှံနှစ်ဦးက အလွန်ပင် ပျော့ရွှင်သွားခဲ့ကြရသည်။
ထိုနေ့ညနေတွင် စုဝေ့ချင်းက ဖရုံသီးကို ကြက်ဥမုန့်နှစ်ဖြင့်နယ်ကာ ကြော်ပေးခဲ့လေ၏။
ကျန်းကျိက အကျင့်စရိုက်ကောင်းမွန်ကာ အစားမရွေးသူဖြစ်၍ ဆယ်ခုကျော်ခန့် စားသောက်ခဲ့သောကြောင့် နောက်ဆုံးတွင် သူ၏ဗိုက်လေးက လုံးဝန်းလာခဲ့သည်။
ထိုအချိန်မှသာ စုရှောင်လော်က သူ့ကို အိမ်ဝန်းထဲတွင် လမ်းလျှောက်ရန်အတွက် ခေါ်ဆောင်သွားခဲ့လေ၏။
ထို့နောက် အိမ်စာအတူလုပ်ရန် ဦးဆောင်ပြီး ကျန်းကျိကို သူမကို အလယ်တန်းပြဋ္ဌာန်းစာအုပ်များကို သင်ပြပေးရန်အတွက် တောင်းဆိုလိုက်လေတော့၏။
ကျန်းကျိက ကျန်းမာရေးအခြေအနေကြောင့် ကျောင်းသင်ခန်းစာများကို လွတ်သွားခဲ့သော်လည်း ကျန်းရိကော်၏ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသမှုကို ခံယူခဲ့ရသူဖြစ်သောကြောင့် တခြားသူများထက် တိုးတက်မြန်ဆန်ခဲ့သည်။
စုရှောင်လော်ကလည်း ပညာရပ်များကို လျင်မြန်စွာ သင်ယူရခြင်းအပေါ် လုံးဝ မကြောက်ရွံ့ပေ။
သူမက ကျောင်းတွင်ရှိနေသောဆရာမများမှာ သူမကို ကောင်းကောင်းမသင်ပြနိုင်ကြသကဲ့သို့၊ သူမက မေးမြန်းသော သင်္ချာပုစ္ဆာများကိုလည်း ကောင်းမွန်စွာ မဖြေဆိုနိုင်ကြဟုပင် ခံစားနေရလေ၏။
ကျန်းရိကော်သည်လည်း စုရှောင်လော်၏ဥာဏ်ရည်ထက်မြက်မှုကို မြင်တွေ့ရသောကြောင့် အလွန်စိတ်လှုပ်ရှားနေခဲ့ရသည်။
သူက သူမကို ခေတ္တမျှ စောင့်ကြည့်ပြီးနောက်တွင် အနားသို့ သွားပြီး သူမကိုစတင်သင်ပေးလေတော့၏။
သူ့အနေဖြင့် ယခင်က စုရှောင်လော်က အလွန်ထက်မြက်ကြောင်းကို ကြားဖူးရုံမျှသာကြားဖူးသည်။ ဆိုရလျှင် ကျန်းကျိ၏စကားများကိုလည်း ချဲ့ကားပြောဆိုမှုဟုသာ ထင်မှတ်ခဲ့သည်။
သို့သော် ယခုအချိန် သူမကို ကိုယ်တိုင်သင်ပြကြည့်ပြီးနောက်တွင်တော့ ထိုကလေးငယ်က အသိပညာများကို လျင်မြန်စွာ စုပ်ယူနိုင်ကြောင်းကို တွေ့ရှိလိုက်ရ၏။
ကျန်းရိကော်က သူမအား ဆေးပညာကို သင်ယူခိုင်းရန်အတွက်ပင် စဉ်းစားမိလေတော့သည်။
ထိုအခိုက်အတန့်တွင် တစ်ဖက်မှ လူသုံးဦးက လုပ်ဆောင်စရာကိစ္စတစ်ခုစီ ရှိနေခဲ့သည်။
ထို့ကြောင့် အစ်မလျို့က လီရှန်းကို ပန်းကန်ဆေးရာတွင် ကူညီပေးမည်ဟူသော အကြောင်းပြချက်ကို အသုံးပြု၍ မီးဖိုချောင်ထဲတွင် မေးမြန်းစစ်ဆေးလိုက်လေတော့၏။
လီရှန်းက ပထမတွင် ခေတ္တမျှ အံ့အားသင့်သွားခဲ့သော်လည်း နောက်ပိုင်းတွင် သဘာဝကျသည်ဟု ခံစားလိုက်ရသည်။
ဟဲထန်၏ ထူးဆန်းလွန်းသော ပုံစံကြောင့် သူက ပစ်မှတ်ထားခြင်း ခံရခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
အထူးသဖြင့် ရန်ရှောင်မှာ မူရင်းစာအုပ်ထဲတွင် နိုင်ငံတော်လုံခြုံရေးဗျူရို အဖွဲ့ဝင်တစ်ဦး ဖြစ်၏။
သူ စုဝေ့ဟိုင်နှင့် ဆုံတွေ့ခဲ့ရခြင်း၏ အကြောင်းရင်းကလည်း သူလျှိုများကို စုံစမ်းစစ်ဆေးရန်အတွက်သာ ဖြစ်သည်။
သူက ယခုအချိန်တော် နိုင်ငံတော်လုံခြုံရေးဗျူရိုတွင် ရှိနေဆဲဖြစ်လေ၏။
အပြင်ပန်းတွင်တော့ ယဉ်ကျေးမှုအနုပညာဌာနမှ သာမန်စာရေးတစ်ဦးအဖြစ်သာ ဟန်ဆောင်နေခဲ့သည်။
သူမအနေဖြင့် မကြာသေးမီက ဟဲထန်နှင့် ပတ်သက်သည်သ အတိတ်က အကြောင်းအရာအမြောက်အမြားကို ပြန်လည်၍ မှတ်မိခဲ့လေ၏။
ထို့ကြောင့် သံသယဖြစ်ဖွယ်ကောင်းသော အချက်တချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
ယခုအချိန်တွင် အစ်မလျို့က မေးလာသောကြောင့် သူမက သူမ၏ စိတ်ထဲတွင်ရှိသမျှကို ထုတ်ဖော်ပြောခဲ့သည်။
“တကယ်တော့ ကျွန်မ မကြာသေးခင်ကမှ ပြန်မှတ်မိတဲ့ ကိစ္စတစ်ခု ရှိတယ်၊ ကျန်းယွဲ့နဲ့ မပတ်သက်ခင်တုန်းက ဟဲထန်ရဲ့အနောက်ကို တကောက်ကောက် လိုက်ခဲ့တဲ့ တခြားအမျိုးသမီးတစ်ယောက် ရှိသေးတယ်၊
သူမက သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်ပေမဲ့ တစ်စုံတစ်ခုသော အကြောင်းကြောင့် ရုတ်တရက် သေဆုံးသွားခဲ့ရရှာတယ်”
ဤအဖြစ်အပျက်က ဟဲထန် ကျေးလက်ဒေသသို့ မသွားမီက ဖြစ်ပွားခဲ့ခြင်းဖြစ်၍ လီရှန်းအနေဖြင့် ထိုအကြောင်းကို ရှင်းလင်းစွာ မသိရှိနိုင်ပေ။
သို့သော် အတိတ်ဘဝတုန်းက ကျန်းယွဲ့နှင့် ဟဲထန်တို့က ရန်ဖြစ်သည့်အချိန်တိုင်း ဤရန်ငြိုးဟောင်းများကို အမြဲတစေ ထုတ်ဖော်ငြင်းခုံခဲ့ကြသည် မဟုတ်ပါလား။
ထို့ကြောင့်ပင် ဤကိစ္စ နောက်တစ်ကြိမ် ပြန်လည်ပေါ်ထွက်လာခြင်း ဖြစ်၏။
“သူက ရုတ်တရက်ကြီး သေဆုံးသွားတာလား”
“ဟုတ်တယ်၊ အဲဒီအချိန်က သူမသေဆုံးသွားတဲ့ကိစ္စကို သေသေချာချာ ဖုံးကွယ်ထားခဲ့ကြတာ၊
ဒါပေမဲ့ ကျန်းယွဲ့က ကျေးလက်ဒေသသို့ မသွားခင် ကျွန်မဆီကို လာပြီး ကြွားဝါခဲ့သေးတယ်၊
ဟဲထန်က သူမကို လက်ထပ်တော့မှာ ဖြစ်ပြီး၊ သူတို့နှစ်ယောက်က ပင်းချန်ကို ပညာတတ်လူငယ်တွေအဖြစ် သွားကြမှာလို့ ပြောခဲ့တယ်”
လီရှန်းက ဤနေရာတွင် စကားကို ခေတ္တရပ်နားလိုက်လေ၏။
ထို့နောက် သူမက မျက်မှောင်ကြုတ်လိုက်ပြီး၊ စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ပြန်လည်၍မေးမြန်းလိုက်လေသည်။၊
“အမှန်အတိုင်းပြောရရင် ဟဲထန်က အိမ်ထောင်ပြုလို့ရတဲ့ အရွယ်ကို ရောက်နေပြီ၊
သူတို့မှာ အိမ်ထောင်ဖက် ရှိနေသရွေ့တော့ မွေးသက္ကရာဇ်ကို ပြောင်းလဲတာက ပုံမှန်ပါပဲ၊
ကျွန်မကတော့ အဲဒီနှစ်ယောက်လုံးက ဘာကြောင့် ကျေးလက်ဒေသကိုပဲ အတင်းအကျပ် သွားချင်နေကြတာလဲဆိုတာ တကယ့်ကို နားမလည်နိုင်ဘူး”
*