အခန်း ၃၄၃
Vol. 35 Ch. 343
အခန်း(343)
အတိတ်ကာလတုန်းက လူအမြောက်အမြားက ကျေးလက်ဒေသသို့ သွားရခြင်းမှ ရှောင်ကွင်းရန်အတွက် အိမ်ထောင်ပြုရန် သူတို့၏ အသက်ကို ပြောင်းလဲတတ်ကြသည်။
ဟဲထန်၏ ဖခင်က အရာရှိတစ်ဦးဖြစ်၍ အိမ်ထောင်စုမှတ်ပုံတင်ဌာနသို့ အကူအညီတောင်းခံကာ နောက်ကွယ်မှ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးနိုင်သည်။
သို့သော ဒါရိုက်တာဟဲက ထိုသို့ လုံးဝ မလုပ်ဆောင်ပေးခဲ့ပေ။
သူက သူ၏သားကို မချစ်သောကြောင့်လား။
လီရှန်းကတော့ ထိုသို့ မထင်မှတ်ပေ။
သူမက ဟဲထန်အနေဖြင့် ကျေးလက်ဒေသသို့ မသွားဘဲမနေနိုင်သော အခက်အခဲတစ်ခု ရှိနေခဲ့ခြင်းလားဟုတွေးမိသည်။
ထို့အပြင် သူ့ကို ကျေးလက်ဒေသသို့ သွားရန် အတင်းအကျပ် တွန်းအားပေးခဲ့သည့် အကြောင်းရင်းမှာလည်း ထိုကွယ်လွန်သွားခဲ့သည့် မိန်းကလေးငယ်နှင့် ပတ်သက်ဆက်နွှယ်နေလိမ့်မည်လားဟု တွေးတောမိခဲ့၏။
လီရှန်းပင် ဤအချက်ကို တွေးမိနိုင်လျှင် အစ်မလျို့ကလည်း သေချာပေါက် တွေးမိနိုင်သည်။
ထို့ကြောင့်ပင် သူမ၏ မျက်နှာအမူအရာက ရုတ်တရက် အလွန်ပင် ဆိုးရွားသွားခဲ့ရလေတော့၏။
ဟဲထန်က လူ့အသက်တစ်ချောင်းနှင့် ပတ်သက်ဆက်နွှယ်နေခဲ့ပါက ဤပြစ်မှုက ပိုမိုပြင်းထမ်လာခဲ့လေပြီ။
လူ့အသက်တစ်ချောင်းနှင့် ပတ်သက်လာခဲ့ပြီ ဖြစ်၍ အစ်မလျို့က လျင်မြန်သွက်လက်စွာ လှုပ်ရှားဆောင်ရွက်ခဲ့လေ၏။
ထိုနေ့ နေ့လယ်ပိုင်းတွင် ပိုင်မားခရိုင်၏ ခရိုင်အုပ်ချုပ်ရေးမှူးက အထက်လူကြီးများ၏ ဖုန်းခေါ်ဆိုမှုကြောင့် ပြည်နယ်မြို့တော်သို့ ဆင့်ခေါ်ခြင်းကို ခံခဲ့ရလေ၏။
သူတို့က မည်သည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်ကို သေသေချာချာ မသိရှိရသေးပေ။
သို့သော် သူ ပြန်ရောက်ရှိလာသည့်အချိန်တွင် သူ၏ မျက်နှာက အလွန်ပင် မှုန်မှိုင်းဆိုးရွားနေခဲ့ပြီ။
သူက ပြန်ရောက်လာခဲ့သည်နှင့် ဘဏ္ဍာရေးဌာနမှ ညွှန်ကြားရေးမှူး ကျန်းနှင့် ဒုတိယညွှန်ကြားရေးမှူး ချီ တို့ကို သူ၏ ရုံးခန်းထဲသို့ ချက်ချင်းပင် ဆင့်ခေါ်လိုက်လေတော့၏။
မကြာမီမှာပင် အထဲမှ ဆူပူကြိမ်းမောင်းသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
လူအမြောက်အမြားက လက်ထဲတွင် ရေနွေးခွက်များကို ကိုင်ဆောင်လျက် ထိုနေရာဘက်သို့ လမ်းလျှောက်လာသကဲ့သို့ဟန်ဆောင်ကာ ခိုးနားထောင်ရန်ကြံစည်ကြလေသည်။
သို့သော် ခရိုင်အုပ်ချုပ်ရေးမှူး၏ အတွင်းရေးမှူးက လှေကားထောင့်၌ တားဆီးပိတ်ဆို့ထားလိုက်၏။
ထို့နောက်တွင် ညွှန်ကြားရေးမှူးကျန်းက စိတ်ပျက်နေသော မျက်နှာအမူအရာဖြင့် ရုံးခန်းထဲမှ လမ်းလျှောက်ထွက်လာခဲ့လေသည်။
သူတို့က တစ်စုံတစ်ဦး၏ ဒေါသပုံအောခြင်းကိုခံရပြီး ပြဿနာထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ကြသောကြောင့် ငှက်များ၊ သားရဲများကဲ့သို့ပင် ဖရိုဖရဲ ထွက်ပြေးသွားကြလေတော့၏။
ညွှန်ကြားရေးမှူးကျန်းက ထောက်ပံ့ရေးဌာနဘက်မှ ဖြတ်သန်းသွားချိန်တွင် အထဲသို့ လှမ်းကြည့်လိုက်လေသည်။
ထိုနေရာတွက် ဒုတိယညွှန်ကြားရေးမှူးဟဲတစ်ယောက် ရိုးသားအေးဆေးသော အသွင်အပြင်ဖြင့် စာရင်းဇယားများကို သေသေချာချာ စစ်ဆေးနေသည်ကို မြင်တွေ့လိုက်ရ၏။
သူသည်လည်း ကောလာဟလများကို သေချာပေါက် ကြားသိထားပုံရပြီး၊ နောက်ထပ် ဝေဖန်ပြစ်တင်ခံရမည့် ပစ်မှတ်ဖြစ်လာမည်ကို စိုးရိမ်မိနေပုံရသည်။
ထို့ကြောင့် ခရိုင်အုပ်ချုပ်ရေးမှူးက လာရောက်စစ်ဆေးမေးမြန်းသည့်အချိန်တွင် မည်သည့်အရာကိုမှမသိဘဲ ဖြစ်မနေစေရန်အတွက် စာရင်းများကို အသည်းအသန် လေ့လာမှတ်သားနေခြင်း ဖြစ်လေ၏။
သို့သော် အခြေအနေများက ထိုမျှအထိ မရိုးရှင်းပေ။
သူ့အနေဖြင့် မတိုင်မီက လောင်ချီ၏ မျက်နှာအမူအရာကို ပြန်လည် တွေးတောမိပြီး စိတ်မသက်မသာ ဖြစ်မိ၏။
လောင်ချီက လူ့ဘဝ၏ ကြီးမားလွန်းသော ကံဆိုးမှုသုံးပါးလုံးကို အကုန်နီးပါး ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။
ငယ်စဉ်က ဖခင်ဖြစ်သူ ကွယ်လွန်ခြင်း၊ လူလတ်ပိုင်းအရွယ်တွင် ဇနီးသည် ကွယ်လွန်ခြင်းနှင့် အိုမင်းရင့်ရော်ချိန်တွင် သားသမီး ကွယ်လွန်ခြင်းတို့ ဖြစ်လေ၏။
သူက ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံး ကွယ်လွန်ခဲ့သောကြောင့် ဦးလေးများ၏ မိသားစုမှ ကူညီစောင့်ရှောက်မှုဖြင့်သာ ကြီးပြင်းလာခဲ့ရပြီး အိမ်ထောင်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဇနီးသည်နှင့် သံယောဇဉ် အတွယ်ဆုံးအချိန်၌ပင် ဇနီးဖြစ်သူက ကွယ်လွန်သွားခဲ့ရှာ၏။
သူက နှစ်အတော်ကြာမှ စိတ်ဒဏ်ရာ သက်သာလာခဲ့ပြီး လက်ရှိဇနီးနှင့် ပြန်လည် အိမ်ထောင်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
သူတို့တွင် သားသမီးထွန်းကားခဲ့သော်လည်း သူက ခက်ခဲပင်ပမ်းစွာ ပြုစုပျိုးထောင်ခဲ့ရသော သမီးငယ်လေးက ငယ်ရွယ်သည့်အရွယ်မှာပင် ရောဂါဝေဒနာကြောင့် ကွယ်လွန်သွားခဲ့ရပြန်သည်။
အကယ်၍ ထိုအရာက သာမန်ရောဂါဝေဒနာသက်သက်ကြောင့်သာ ဆိုလျှင် ကိစ္စမရှိပေ။
သို့သော် လက်ရှိ စကားဝိုင်း၏ လေသံအရဆိုလျှင် သူတို့ကလုပ်ကြံခြင်း ခံခဲ့ရပုံရသည်။
ထိုမိန်းကလေးငယ်ကို အန္တရာယ်ပြုခဲ့သူက ဟဲမိသားစု၏ တတိယမြောက်သားနှင့် ပတ်သက်ဆက်နွှယ်နေပုံရ၏။
ဤကိစ္စက အမှန်တရား ဟုတ်မဟုတ်ကို သူက မသိရှိပေ။
အကယ်၍သာ အမှန်တရား ဖြစ်နေခဲ့ပါက လောင်ချီအနေဖြင်် လောင်ဟဲအပေါ် အလွန်အမင်းမုန်းတီးရွံရှာသွားပေလိမ့်မည်။
“လောင်ကျန်း၊ ခုနက အထက်လူကြီးက မင်းကို ဘာတွေပြောလိုက်လို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”
ရုတ်တရက် တစ်စုံတစ်ဦးက ညွှန်ကြားရေးမှူးကျန်း၏ ပုခုံးကို အနောက်မှ အသာ ပုတ်လိုက်လေသည်။
ထို့ကြောင့် ညွှန်ကြားရေးမှူကျန်းမှးအလွန်ပင် လန့်ဖျပ်သွားခဲ့ရပြီး အော်မိလုနီးပါး ဖြစ်သွားခဲ့လေ၏။
ကံကောင်းစွာဖြင့် သူက ပြန်လည် ထိန်းသိမ်းနိုင်ခဲ့သည်။
“မင်းကတော့ ငါ့ကို လန့်ပြီးသေအောင်လုပ်နေတာပဲ”
ထိုအမျိုးသားက ရိုးသာစွာဖြင့် ပြုံးပြလိုက်လေသည်။
ညွှန်ကြားရေးမှူးကျန်းက ပြောလိုက်လေ၏။
“မမေးသင့်တဲ့ မေးခွန်းတချို့ရှိနေရင်တော့ မမေးတာ အကောင်းဆုံးပဲ”
သူက ထိုသို့ပြောပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ထွက်ခွာသွားခဲ့သည်။
ထိုအမျိုးသားကလည်း မျက်လုံးကိုလှန်ကာစိတ်ထဲက တွေးနေလေ၏။
ဘာတွေ ကြွားဝါနေတာလဲ။
မင်း အလုပ်ထဲမှာ အမှားတစ်ခုခု လုပ်မိလို့ အဆူခံရတာနေမှာပေါ့။
ထို့နောက် သူက ထောက်ပံ့ရေးဌာနထဲသို့သွားကာ ဒုတိယညွှန်ကြားရေးမှူးဟဲ၏အနားသို့သွားပြီး မေးမြန်းလိုက်လေ၏။
“မင်း စာရင်းစစ်တာ ဘယ်လိုလဲ၊ ငါ့တို့ ထောက်ပံ့ရေးဌာနရဲ့ စာရင်းတွေကတော့ ဒီရက်ပိုင်း ပြဿနာမရှိလောက်ပါဘူးနော်”
မည်သို့ပင်ဖြစ်စေ သူသည်လည်း မကြာသေးမီက ထောက်ပံ့ရေးဌာန၏ စာရင်းဇယားများတွင် စစ်ဆေးခဲ့သည်။
ဒုတိယညွှန်ကြားရေးမှူး ဟဲက မျက်မှောင်ကြုတ်လိုက်မိကာ သူ၏ လုပ်ဖော်ကိုင်ဖက်အပေါ် စိတ်ပျက်သွားရလေ၏။
သူက စာရင်းများကို တွက်ချက်နေချိန်တွင် ဤကဲ့သို့ ရုတ်တရက် ဝင်ရောက်နှောင့်ယှက်ခြင်းကြောင့် တွက်ချက်နေသည့်ကိန်းဂဏန်းကို မေ့လျော့သွားခဲ့ရသည်။
ကံကောင်းစွာဖြင့် သူက စာမျက်နှာတိုင်းတွင် မှတ်စုများ ရေးသားထားခဲ့သောကြောင့် အစမှ ပြန်လည် တွက်ချက်ရန် မလိုအပ်ခဲ့ပေ။
“ငါက ဘယ်လိုလုပ် သိမှာလဲ၊ စာရင်းတွေက ဒီလောက်တောင် များနေတာ”
ဒုတိယညွှန်ကြားရေးမှူးဟဲ၏ စကားကြောင့် ထိုအမျိုးသားက ထိတ်လန့်သွားခဲ့ရသည်။
သူက ချက်ချင်းပင် စနောက်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ ရေနွေးခွက်ကိုချကာ စာရင်းဇယားများကို ကူညီတွက်ချက်ပေးရန်အတွက် ပြင်ဆင်လိုက်လေတော့၏။
အထက်လူကြီးများက လူခေါ်ရန်အတွက် ဆင်းလာခဲ့သည့်အချိန်အထိ သူတို့က စာရင်းများက အပြီးသတ် တွက်ချက်နိုင်ခြင်း မရှိသေးပေ။
ထို့အပြင် သူတို့က ထောက်ပံ့ရေးဌာနသို့ တိုက်ရိုက်ဦးတည်လာခဲ့ကြခြင်း ဖြစ်သည်။
ခရိုင်အုပ်ချုပ်ရေးမှူး၏ အတွင်းရေးမှူးက တံခါးဝတွင် ရပ်နေသောကြောင့် ထောက်ပံ့ရေးဌာနရှိ ဝန်ထမ်းများက ခြေထောက်များပင် တုန်လှုပ်သွားကြလေ၏။
ဒုတိယညွှန်ကြားရေးမှူးဟဲကလည်း စိတ်လှုပ်ရှားနေခဲ့သော်လည်း ကြောက်ရွံ့ခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ သူ၏ နောက်ကြောင်းနောက်ခံက အလွန်ပင် သန့်ရှင်းစင်ကြယ်သည်မဟုတ်ပါလား။
သူက ခရိုင်အုပ်ချုပ်ရေးမှူး၏ အတွင်းရေးမှူးက သူ၏နာမည်ကို တိုက်ရိုက်ခေါ်ဆိုလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“ဒုတိယညွှန်ကြားရေးမှူးဟဲ၊ အထက်လူကြီးက မင်းကို အပေါ်ထပ်ကို လာခဲ့ဖို့ တောင်းဆိုထားတယ်”
ဒုတိယညွှန်ကြားရေးမှူးဟဲမှာ ချက်ချင်းပင် ချွေးစေးများ ထွက်ပေါ်လာခဲ့ရလေ၏။
သို့သော် သူက မည်သည့်အမှားကိုမျှ မလုပ်ခဲ့ဖူးသောကြောင့် မကြောက်ရွံ့ပေ။
လူတိုင်း၏ အာရုံစိုက်မှုကို ခံရခြင်းကသာ သူ့ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
မကြာသေးမီ နှစ်ကာလများအတွင်း သူ၏မိသားစုက ကောလဟာလများတွင် ပါဝင်ပတ်သက်မှု နည်းပါးခဲ့၏။
ပြီးခဲ့သည့်တစ်ခေါက် ဤကဲ့သို့ လူအများ၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရသည်မှာ ဟဲထန်တစ်ယောက် မြို့တော်တက္ကသိုလ်သို့ ဝင်ခွင့်ရရှိခဲ့ချိန်က ဖြစ်သည်။
ဒုတိယညွှန်ကြားရေးမှူးဟဲက စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး ထရပ်ကာ ခရိုင်အုပ်ချုပ်ရေးမှူး၏ အတွင်းရေးမှူးအနောက်သို့ လိုက်ပြီး ရုံးခန်းဆီသို့ ဝင်သွားလေတော့၏။
ရုံးခန်းထဲသို့ ဝင်သွားချိန်တွင်တောသ ခရိုင်အုပ်ချုပ်ရေးမှူးက စားပွဲ၏ တစ်ဖက်တစ်ချက်ရှိ ထိုင်ခုံကို ညွှန်ပြလျက် ပြောလိုက်လေသည်။
“ထိုင်ပါဦး”
ဤကဲ့သို့သော အမူအရာကြောင့် ဒုတိယညွှန်ကြားရေးမှူးဟဲတစ်ယောက် လုံးဝစိတ်ရှုပ်ထွေးသွားခဲ့ရသည်။
သို့သော် ခရိုင်အုပ်ချုပ်ရေးမှူးက တိတ်ဆိတ်နေသောကြောင့် မမေးမြန်းရဲခဲ့ပေ။
သူက ထိုင်ခုံတွင် ထိုင်နေရင်း စိတ်ထဲမှ အတွေးပေါင်းစုံကိုသာ လျှောက်တွေးနေမိလေတော့၏။
အချိန်မည်မျှ ကုန်လွန်သွားခဲ့သည်မသိနိုင်လောက်သည့်အခိုက်မှသာ ရုံးခန်းတံခါးကြီးက ရုတ်တရက် ဝုန်းကနဲ ပွင့်ထွက်သွားခဲ့လေ၏။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချီက သူ၏လက်ထဲတွင် သေးငယ်သော ဆေးပုလင်းအနည်းငယ်ကို ကိုင်ဆောင်လျက် ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ အပြေးအလွှား ရောက်လာပြီး ပြောလိုက်လေသည်။
“ခရိုင်အုပ်ချုပ်ရေးမှူးလော်.. ကျွန်တော်တို့ ရှာတွေ့ခဲ့ပါပြီ၊
ကျွန်တော့်သမီးရဲ့ ပစ္စည်းတွေကို ကျွန်တော်နဲ့ သူမရဲ့အမေက အကုန်သိကြပါတယ်၊
ဒါပေမဲ့ ဒီဆေးပုလင်း တွေကတော့ ဘယ်ကနေရောက်လာလဲဆိုတာ လုံးဝရှာမရဘူး ဖြစ်နေတယ်”
ဆေးပုလင်းတွေလား။
ခရိုင်အုပ်ချုပ်ရေးမှူးလော်က မျက်မှောင်ကြုတ်လိုက်မိလေ၏။
သူက ဆေးပုလင်းတစ်လုံးကို ကောက်ယူပြီး အလင်းရောင်ဘက်သို့ မြှောက်၍ သေသေချာချာ ကြည့်ရှုလိုက်လေသည်။
ထိုဆေးပုလင်းက သာမန်ညိုမှိုင်းသော ဖန်ဆေးပုလင်းမျှသာ ဖြစ်ပြီး၊ အထဲ၌ ဆေးလုံး သုံးလေးလုံးခန့်သာ ကျန်ရှိလေတော့၏။
ဆေးပုလင်းကို ကြည့်ရှုလိုက်လျှင် အရောင်အဆင်း ပျက်ပြယ်နေသော စက္ကူစတစ်ခုပေါ်တွင် အကိုက်အခဲပျောက်ဆေး ဟူသော စာလုံးများကို ရေးသားထားကြောင်းကို တွေ့ရှိရလေ၏။
ထိုစာမှလွဲ၍ တခြား မည်သည့် ထုတ်လုပ်မှုနံပါတ် ၊ ထုတ်လုပ်သည့် စက်ရုံနာမည်မှ ပါရှိမနေပေ။
ထိုဆေးဘူးက အမှန်တကယ်ပင် ထူးဆန်းလွန်းသည်။
“ကလေးရဲ့ အမေက လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက ဒီကိစ္စကြောင့် ရူးသွပ်လုနီးပါး ဖြစ်ခဲ့ရရှာတာ၊
သူမက သမီးလေးရဲ့ ပစ္စည်းတွေကို အမြဲတမ်း ပွေ့ပိုက်ထားပြီး ဘယ်သူ့ကိုမှ အထိမခံခဲ့ဘူး၊
ကံကောင်းလို့သာ သမီးလေးရဲ့ ပစ္စည်းတွေ အားလုံး ပျောက်ပျက်မသွားတာပေါ့”
ဒုတိယညွှန်ကြားရေးမှူးချီက သူ၏ သမီးအကြောင်းကို ပြောမိသည်နှင့် မျက်ဝန်းများက နီရဲလာခဲ့ရရှာ၏။
“ဒီဆေးက ဘယ်ကနေ ရောက်လာလဲဆိုတာ မင်း သိလား”
ဒုတိယညွှန်ကြားရေးမှူး ချီက သူ၏ ဘေးတွင် ထိုင်နေသော ဒုတိယညွှန်ကြားရေးမှူး ဟဲကို လှမ်းကြည့်လိုက်လေသည်။
*