အခန်း ၃၄၈
Vol. 35 Ch. 348
အခန်း(348)
ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ ရန်ရှောင်က သူ၏ ဒုတိယအဒေါ်ကြောင့် လာရောက်ခဲ့ခြင်းဟုထင်ရသည်။
သို့သော် သူမကို စကားတစ်ခွန်းမျှပင် ပြောဆိုခြင်း မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူက လီဟုန်မေ့၏ ဖခင်နှင့် လီဟုန်မေ့၏ ခင်ပွန်းတို့နှင့်သာ ပိုမို၍ ရင်းနှီးစွာ ဆက်ဆံခဲ့သည်။
သူ၏ ဒုတိယအဒေါ်မှာ စိတ်ထဲ၌ အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့ရရှာ၏။
အထူးသဖြင့် ဤတစ်ခေါက်တွင် ယန်ကျိမင်ကိုယ်တိုင် လာရောက်ခြင်းမရှိဘဲ အမျိုးသမီးကျောင်းသူတစ်ဦးကိုသာ စေလွှတ်လိုက်ခြင်းကြောင့် ဖြစ်သည်။
ဤအမျိုးသမီးကျောင်းသူမှာလည်း ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည့်ပုံမရပေ။
သူမအနေဖြင့် ရန်ရှောင်တို့ ထွက်ခွာတော့မည့် အချိန်ကျမှသာ စကားပြောဆိုရန် အခွင့်အရေး ရရှိခဲ့၏။
သူမ ရန်ရှောင်၏ နောက်သို့ လျှင်မြန်စွာလိုက်ကာ လှမ်းခေါ်လိုက်လေသည်။
“ရန်ရှောင် “
ရန်ရှောင်က ခြေလှမ်းရပ်လိုက်ပြီး သူ၏ ဒုတိယအဒေါ်ကို လှည့်ကြည့်လိုက်လေ၏။
သူ၏ မျက်နှာထက်ရှိ အပြုံးများကတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၍ အေးစက်လွန်းသော မျက်နှာအမူအရာသာ ကျန်ရှိတော့လေသည်။
ထိုအဒေါ်မှာလည်း သူ၏ အကြည့်ကြောင့် စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားခဲ့ရ၏။
သိုသော် သူမ၏ ရည်ရွယ်ချက်ကို ပြန်လည်သတိရမိသောကြောင့် လျင်မြန်စွာပင် မေးမြန်းလိုက်လေတော့၏။
“မင်း ရွှမ်ဇီတို့ ညီအစ်ကိုတွေအကြောင်းကိုသိလား”
“မသိဘူး”
သူ၏ ဒုတိယအဒေါ် စကားမဆုံးမီ ရန်ရှောင် ပြန်ဖြေလိုက်လေသည်။
“ကျွန်တော့်ရဲ့ မိသားစုလည်း လွန်ခဲ့တဲ့ နှစ်ကာလတွေတုန်းက အရမ်း ခက်ခဲခဲ့တယ်၊
ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့တောင် မနည်းရုန်းကန်ခဲ့ရတာ၊ သူတို့နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ကြာပါပြီ၊
ခင်ဗျားကိုယ်တိုင်က သူတို့ရဲ့ အမေအရင်း ဖြစ်နေတာတောင် ရွှမ်ဇီတို့ ဘယ်လိုနေထိုင်နေကြလဲဆိုတာ မသိဘူးဆိုရင် ကျွန်တော်က ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ”
သူမ၏ ဒုတိယအဒေါ်၏ မျက်နှာက မျက်စိတစ်မှိတ်အတွင်း ဖြူလျော်သွားခဲ့ရသည်။
သူမအနေဖြင့် သူမ၏ သားသမီးများကို စွန့်ပစ်ခဲ့ချိန်တုန်းက ရွာထဲရှိ လူများက စိတ်သဘောကောင်း၍ စောင့်ရှောက်ပေးကြလိမ့်မည်ဟု တွေးထားခဲ့သည်။
သူတို့က သူမ၏ သားနှစ်ဦးလုံးကို ငတ်ပြတ်၍ သေဆုံးသွားအောင်တော့ လျစ်လျူရှုထားကြမည်မဟုတ်ဟု ယူဆခဲ့သည်။
သို့သော် လွန်ခဲ့သော နှစ်ကာလများအတွင်း အခြေအနေများက ဤမျှအထိ ခဲယဉ်းဆိုးရွားသွားလိမ့်မည်ဟု မည်သူက မျှော်လင့်ထားပါမည်နည်း။
သူမ၏ သားနှစ်ဦးလုံးက သေဆုံးသွားခြင်းပင်ဖြစ်နိုင်သည်ဟူသော အတွေးကြောင့်ပင် သူမ၏မျက်နှာက လုံးဝ ဖွေးဆုတ်သွားရသည်။
“တကယ်လို့ ခင်ဗျား စိုးရိမ်ပူပန်နေတယ်ဆိုရင် အချိန်မရွေး နေရပ်ပြန်ပြီး သွားကြည့်လို့ရတာပဲလေ”
ရန်ရှောင် စကားပြောပြီးသည်နှင့် သူ၏ဒုတိယအဒေါ်က ခေါင်း ခါယမ်းပြလိုက်လေ၏။
မဖြစ်နိုင်ပေ။
သူမအနေဖြင့် လုံးဝ ပြန်မသွားရဲပေ။
သူမက ကျေးလက်ရွာမှ ခက်ခက်ခဲခဲ ရုန်းထွက်နိုင်ခဲ့ပြီးမှ အရာရှိကတော်တစ်ဦး ဖြစ်လာခဲ့ရခြင်းဖြစ်သည်။
အဘယ်ကြောင့် ပြန်သွားနိုင်ပါမည်နည်း။
ထို့အပြင် သူမက အလွန်ပင် ပြတ်သားစွာ စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး သူမ၏ ကလေးနှစ်ဦးအပေါ်တွင်လည်း အမှန်တကယ်ပင်ရက်စက်ခဲ့သည်။
ယခုတစ်ခေါက် ပြန်သွားချိန်တွင် ရွာမှ လူတွေက သူမကို တားဆီးပြီး ကလေးများအတွက် ပြုစုစောင့်ရှောက်စရိတ် တောင်းခံလာခဲ့လျှင် မည်သို့ဖြစ်လာနိုင်မည်နည်းဝ
သူမတွင် ယခုအိမ်ထောင်နှင့် ရရှိထားသော သားငယ်နှစ်ဦးလည်းရှိနေသေးသည်။
သူတို့က သူမ၏ အချစ်ရဆုံးသွေးသားများ ဖြစ်ကြသောကြောင့် သူတို့ကို အထိခိုက်မခံနိုင်ပေ။
ရန်ရှောင်ကတော့ ဤမြင်ကွင်းကို ကြည့်ရင်း ရွံရှာလာရကာ စိတ်ထဲမှနေ၍ ကဲ့ရဲ့လိုက်မိသည်။
ရန်ရှောင်နှင့် လီရှန်းတို့ ထွက်ခွာသွားကြပြီးနောက်တွင် ဒုတိယအဒေါ်က ငေးမှိုင်စွာဖြင့် ပြန်ဝင်သွားခဲ့သည်။
သို့သော် လီဟုန်မေ့၏ ဖခင်နှင့် သားမက်ဖြစ်သူ နှစ်ဦးလုံးကလည်း ဝမ်းနည်းပူဆွေးမှုကြောင့် စိတ်လွင့်နေကြလေ၏။
ထို့ကြောင့် သူမ၏ အမူအရာတို့က ထူးခြားမနေခဲ့ပေ။ ထို့အစား သူတို့က စည်းလုံးညီညွတ်လွန်းသော မိသားစုကြီးတစ်ခုကဲ့သို့သာ ထင်မှတ်စေခဲ့သည်။
ရန်ရှောင်နှင့် လီရှန်းတို့က ဘတ်စ်ကားမှတ်တိုင်တွင် လမ်းခွဲခဲ့ကြလေ၏။
လီရှန်းက လေ့ကျင့်ရေးစခန်းသို့ ပြန်သွားခဲ့ပြီး၊ ရန်ရှောင်က မြို့တော်တက္ကသိုလ်ဆီသို့ ဦးတည်သွားခဲ့လေသည်။
လီဟုန်မေ့၏ ခင်ပွန်းဖြစ်သူက ရောက်ရှိမလာသေးမီ သူက သူမ၏ ကျောင်းဆောင်အခန်းကို အရင်ဆုံး ရှာဖွေစစ်ဆေးရလိမ့်မည်။
သူ၏ မထင်မရှား သွားခဲ့ကာ အဆောင်မှူးဖြစ်သော ခါးကုန်းနေသောအမျိုးသား၏ ကူညီပေးမှုတို့ကြောင့် လီဟုန်မေ့၏ အခန်းထဲသို့ တိတ်တဆိတ် ဝင်သွားနိုင်ခဲ့လေ၏။
လီဟုန်မေ့က သူမ၏ ကျောင်းဆောင်ခုတင်ထက်၌ ရုတ်တရက် သေဆုံးသွားခဲ့ခြင်း ဖြစ်လေသည်။
သူမနှင့် တစ်ခန်းတည်းနေကြသော အဆောင်ဖော်ကျောင်းသူများမှာ အလွန်ပင် ကြောက်ရွံ့ထိတ်လန့်ကြသောကြောင့် ထိုနေ့မှာပင် အခန်းထဲမှ ရွှေ့ပြောင်းသွားခဲ့ကြလေ၏။
သူတို့က ရောဂါကူးစက်ခံရမည်၊ သို့မဟုတ် ကံဆိုးမှုများ ကပ်ညှိလာမည်ကို စိုးရိမ်ကြသောကြောင့် လီဟုန်မေ့၏ ပစ္စည်းများကို မထိရဲကြပေ။
ယခုခေတ်ကာလတွင် ရှေးရိုးစွဲ အယူသီးမှုများကို ပြင်းထန်စွာ ပိတ်ပင်တားဆီးနေသည် ဖြစ်သော်လည်း၊ လူတို့၏ စိတ်ထဲရှိ ထိတ်လန့်ကြောက်ရွံ့တတ်သောစိတ်ဝိညာဉ်က တော့ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပါချေ။
သို့သော် တချို့က ကြောက်ရွံ့နေကြသော်လည်း၊ တချို့က မကြောက်ကြပေ။
ကျောင်းဘက်မှ လီဟုန်မေ့၏ ပစ္စည်းများကို ခိုးယူခြင်းမခံရစေရန်အတွက်၊ ထိုကျောင်းဆောင်အခန်းတံခါးကို သော့ခတ်ပိတ်ဆို့ထားခဲ့လေ၏။
ရန်ရှောင် ရောက်ရှိလာချိန်တွင် အခန်းထဲရှိ လီဟုန်မေ့၏ ပစ္စည်းများက ပျောက်ဆုံးခြင်းမရှိဘဲ စုံလင်စွာ ရှိနေလေသည်။
“ဒါက လီဟုန်မေ့ရဲ့ ခုတင်ပါပဲ၊ ငါ အခု အပြင်ထွက်ပေးမယ်၊ ရဲဘော်.. မင်းဘာသာမင်း သေသေချာချာ ရှာဖွေကြည့်ရှုလိုက်ပါတော့”
သူတို့ကို ခေါ်ဆောင်လာခဲ့သော ကျောင်းဝန်ထမ်းက ကံဆိုးမှုများမှ ရှောင်ကွင်းလိုဟန်ဖြင့် ချက်ချင်းပင် ထွက်ခွာသွားခဲ့လေတော့၏။
ခါးကုန်းနေသည့်အမျိုးသားအဆောင်မှူးကလည်း စကားတစ်ခွန်းမျှမပြောဘဲ ထွက်ခွာသွားခဲ့လေသည်။
ရန်ရှောင်က အခွင့်အရေးကို အအအသုံးချပြး အခန်းကို စတင်ရှာဖွေလေတော့၏။
လီဟုန်မေ့တွင် ပစ္စည်းအမြောက်အမြား ရှိမနေပေ။
သူမက ကြိုးစားအားထုတ်တတ်သည့်သာမန် မိန်းကလေးတစ်ဦး ဖြစ်ပေ၏။
သူမ၏ ခုတင်ဘေးတွင် စာအုပ်အမြောက်အမြားကို စီရီထားသည့်အတွက် ရန်ရှောင်က သူ အလိုရှိသောအရာကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့သည်။
ဤသည်မှာ အထဲဘက်တွင် ဝှက်ထားသော သံသေတ္တာငယ်လေးတစ်လုံး ဖြစ်လေ၏။
ထိုသံသေတ္တာထဲ၌ ဆေးပုလင်းတစ်လုံးနှင့် လက်ရေးဖြင့် ရေးသားထားသော စာတစ်စောင်ရှိနေသည်။
ရန်ရှောင်က ပထမဦးစွာ ထိုဆေးပုလင်းကို ကောက်ယူပြီး သူ၏အိတ်ကပ်ထဲသို့ ထည့်သွင်းလိုက်လေ၏။
ထို့နောက် သူက စာစောင်ကို ဖြန့်က် ဖတ်ရှုလိုက်လျှင် ထိုစာက အကြိမ်အမြောက်အမြား ပြန်လည်၍ ပြင်ဆင် ရေးသားထားခဲ့သော မိသားစုထံသို့ ပေးမည့်စာတစ်စောင် ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရသည်။
ထိုစာကို သေချာပေါက် သူမ၏ ခင်ပွန်းဖြစ်သူအတွက် ရေးသားထားခြင်း ဖြစ်လေ၏။
စာ၏အစတွင် လွမ်းဆွတ်သတိရခြင်းများကို ဖော်ပြထားပြီး နောက်ပိုင်းတွင် တောင်းပန်စကားများ ပါဝင်လေသည်။
သူမအနေဖြင့် စာသင်ကြားခြင်းအပေါ်၌သာ အစွန်းရောက်ပြီး စိတ်နှစ်မြှုပ်ထားခဲ့သည့် သူမ၏ ဆုံးဖြတ်ချက်က မှားယွင်းခဲ့ကြောင်းကို ပြန်လည်သတိပြုမိသွားပုံရလေ၏။
စာ၏အဆုံးတွင်တော့ သူမက ဤသို့ ရေးသားထားသည်။
“မကြာသေးခင်က ဘာ့ကြောင့်လဲမသိဘူး၊ ကျွန်မရဲ့ ဗိုက်အောင့်တဲ့ ရောဂါက ပိုပြီး ပြင်းထန်လာတယ်၊
ပြီးတော့ ရာသီသွေးမလာတာလည်း လအတော်ကြာနေပြီ၊
ကံကောင်းလို့ပဲ အတန်းဖော်တစ်ယောက်က သူ့ရဲ့ နေရပ်က ဆေးဝါးစက်ရုံက ထုတ်တဲ့ အကိုက်အခဲပျောက်ဆေးတချို့ကို ယူဆောင်ပေးတယ်လေ၊
အဲ့ဒါကို သောက်ပြီး အတော်လေး သက်သာသွားခဲ့ရတယ်၊ ဒီစာသင်နှစ် ပြီးဆုံးတာနဲ့ ကျွန်မ နေရပ်ကို အမြန်ဆုံးပြန်လာပြီး ရှင်နဲ့ ပြန်လည်ဆုံတွေ့ပါ့မယ်”
နေရပ်မှာရှိတဲ့ ဆေးဝါးစက်ရုံက ထုတ်တဲ့ အကိုက်အခဲပျောက်ဆေး ဟုတ်လား။
ရန်ရှောင်က သူ၏အိတ်ကပ်ထဲမှ ထိုဆေးပုလင်းငယ်လေးကို လျင်မြန်စွာ ပြန်ထုတ်ပြီး သေသေချာချာကြည့်ရှုလိုက်လေ၏။
အစောပိုင်းက သူ့အနေဖြင့် ထိုဆေးပုလင်းကို အိတ်ကပ်ထဲသို့ ထည့်သွင်းရန်သာ အာရုံစိုက်နေခဲ့သောကြောင့် သေသေချာချာ မကြည့်မိခဲ့ပေ။
ယခုအချိန်တွင်တော့ ထိုဆေးတွင် ပြဿနာတစ်ခု ရှိနေကြောင်းကို သိရှိလိုက်ရလေပြီ။
ထိုဆေးက နင်ပြည်နယ် ဆေးဝါးစက်ရုံမှ ထုတ်လုပ်သော အကိုက်အခဲပျောက်ဆေး ပုလင်းသာဖြစ်လေ၏။
သို့သော် ထိုဆေးပုလင်းက ပုံစံဟောင်း ဆေးပုလင်းတစ်လုံး ဖြစ်သည်။
ပုလင်း၏ အောက်ခြေတွင် ပိုင်မားခရိုင် ဆေးဝါးစက်ရုံဟူသော စာလုံးများကို ရေးသားထားဆဲပင်။
ပိုင်မားခရိုင်က လွန်ခဲ့သော နှစ်နှစ်ကတည်းက ပြည်နယ်မြို့တော်၏ စီမံခန့်ခွဲမှုအောက်သို့ သွတ်သွင်းခြင်း ခံခဲ့ရလေပြီ။
ထို့ကြောင့် ထိုဆေးဝါးစက်ရုံ၏ နာမည်ကိုလည်း နင်ပြည်နယ်နိုင်ငံပိုင်ဆေးဝါးစက်ရုံအဖြစ် ပြန်လည်၍ ပြောင်းလဲထားခဲ့ပြီး ဖြစ်၏။
ဤသည်က နောက်ထပ် ခိုင်လုံသော သက်သေတစ်ခုဖြစ်လာနိုင်သည်။
ရန်ရှောင်က ဆေးပုလင်းကို သူ၏အိတ်ကပ်ထဲသို့ ပြန်လည် ထည့်သွင်းလိုက်လေ၏။
ထိုပေးစာနှင့် ပတ်သက်လျှင်တေား ထိုစာကို လီဟုန်မေ့၏ ခင်ပွန်းဖြစ်သူထံသို့ ပေးအပ်ရလိမ့်မည်။
သို့သော် ဆေးဝါး၏ မြစ်ဖျားခံရာ အရင်းအမြစ်နှင့် ပတ်သက်၍ ရေးသားထားသော စကားလုံးများက အလွန်ပင် သံသယဖြစ်ဖွယ်ကောင်းလွန်း၏။
ရန်ရှောင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ထိုစာစောင်ကိုပါ သူ၏အိတ်ကပ်ထဲသို့ ထည့်သွင်းလိုက်လေတော့သည်။
ယခုလက်တလောတွင်တော့ လီဟုန်မေ့၏ ခင်ပွန်းအပေါ် အားနာစွာနှင့်ပင် လျှို့ဝှက်ထားရဦးမည်။
ဟဲထန်၏ ကိစ္စရပ်များ အားလုံးကို ပြေလည်၍ သွားပြီးမှသာ ဤစာစောင်ကို သူ့ထံသို့ ပြန်လည် ပေးအပ်ရပေလိမ့်မည်။
ရန်ရှောင်က အပြင်သို့ လျင်မြန်စွာ ထွက်ခွာခဲ့ခဲ့လေ၏။
အဆောင်မှူးက စကားတစ်ခွန်းမှ မပြောပါသော်လည်း ဆရာမတစ်ဦးက လှမ်းမေးမြန်းလိုက်သည်။
“တစ်ခုလု ရှာဖွေတွေ့ရှိခဲ့လား”
ရန်ရှောင်က ခေါင်းကို ခါယမ်းပြလိုက်ပြီး မျက်နှာထက်တွင် သက်ပြင်းချလိုသော အရိပ်အယောင်များကို ဆင်မြန်းလျက် ပြောလိုက်လေသည်။
“ဒီအမျိုးသမီးက တကယ့်ကို သနားစရာကောင်းတဲ့ ပုံစံနဲ့ ကွယ်လွန်သွားခဲ့ရရှာတာပဲ၊ သူမ သေဆုံးချိန်မှာ ကိုယ်ဝန်သုံးလ ရှိနေခဲ့တယ်၊ သူမရဲ့ ခင်ပွန်းက ဘယ်လောက်တောင် နာကျင်နေရမလဲမသိဘူး”
“ဘာ.. သူမမှာ ကလေး ရှိနေတာလား”
ထိုဆရာမက လန့်ဖျပ်သွားရသည်။
“ဒါ..ဒါ..ကျောင်းဖွင့်တာ သုံးလတောင် မပြည့်သေးဘူးလေ”
“သူတို့က ကျောင်းမဖွင့်ခင် ရရှိခဲ့တာ ဖြစ်လိမ့်မယ်၊
သူတို့ အိမ်ထောင်ကျတာ နှစ်နှစ်၊ သုံးနှစ်လောက် ရှိပြီ၊ ဒါက သူတို့ရဲ့ ပထမဆုံး ကလေးပဲ”
ဤစကားကို ကြားရလျှင် ထိုဆရာမလည်း သက်ပြင်းချလိုက်မိပြီး ပြောလိုက်လေသည်။
“ သူ့အနေနဲ့ ဇနီးရော ကလေးပါ မျက်စိတစ်မှိတ်အတွင်း ဆုံးရှုံးသွားခဲ့ရရှာတာပဲ”
သို့သော် သူမ၏ စိတ်ထဲတွင် တွေးတောမိသည်။
လီဟုန်မေ့က စီးပွားရေးဌာနမှ ဟဲထန်နှင့် အမြဲတစေ ပတ်သက်နေခဲ့သည် မဟုတ်ပါလား။
သူမက နေရပ်တွင် ခင်ပွန်းတစ်ဦး ရှိနေခဲ့သည်ဆိုပါက ဟဲထန်က သူတစ်ပါး၏ အိမ်ထောင်ရေးကို နှောင့်ယှက်ဖျက်ဆီးနေသူ ဖြ်သွားလိမ့်မည်။
*