အခန်း ၁၂၁
Vol. 13 Ch. 121
Chapter 121: ဝေဟင်ကမ္ဘာပန်းကန်လုံးနှင့် ဆေးပညာကိုသင်ယူခြင်း။
“မင်းက ဘယ်ကောင့်ကို ပန်းကန်ပဲ့လို့ခေါ်နေတာလဲကွ။”
ကလေးဆန်သော်ငြား အနည်းငယ်ရင့်ကျက်နေဟတ်ရသောအသံတစ်သံမှာ ပန်းကန်လုံးမှထွက်လာလေ၏။
စုယွမ်လည်း ပန်းကန်ပဲ့ကို အံ့သြတကြီးကြည့်လိုက်ပြီး မေးလိုက်ပေသည်။
“မင်းမှာ အသိစိတ်ရှိတာလား။ မင်း ဝိညာဉ်ရတနာလား။”
ရှောင်လီလည်း ပန်းကန်ပဲ့ကို အံ့သြတကြီးကြည့်ရင်း အနီးကပ်စူးစမ်းနေသည်။
“ဟမ်၊ မင်းလည်း ဝိညာဉ်ရတနာပဲ။နောက်ပြီး အဆင့်ကလည်းမနိမ့်ရှာဘူးပဲ။ ကောင်စုတ်လေး၊မင်းကတစ်ခုခုပဲ၊ ငါ မင်းလက်ထဲရောက်သွားတာ မဆန်းတော့ပါဘူး။”
ပန်းကန်ပဲ့က အံ့သြဟန် ဆိုလာသည်။
“မင်းက ဘယ်လိုဝိညာဉ်ရတနာမျိုးလဲ။ မင်းရဲ့အစွမ်းကုန် ဘယ်အဆင့်ထိရောက်နိုင်လဲ မိတ်ဆက်ဦးလေ။”
ပန်းကန်းပဲ့ကလည်း ချက်ချင်း ပြန်ဖြေလာသည်။
“ငါ့နာမည်က ဝေဟင်ကမ္ဘာပန်းကန်လုံးပဲ။ငါကရတနာတစ်သောင်းရဲ့စွမ်းအင်တွေကို အတုယူနိုင်တယ်။ ဒါ့အပြင် သူတို့ရဲ့ဝိညာဉ်အနည်အနှစ်နည်းနည်းကိုပါ စုပ်ယူနိုင်သေးတယ်။ ရတနာပိုပြီးများများရလေ၊ အစွမ်းကလည်းပိုကောင်းလေပဲ။ “
“နေပါဦး။”
စုယွမ် ရုတ်ချည်း အမူအရာပြောင်းသွားကာ စကားဖြတ်ပြောလိုက်သည်။
“မင်း အခုလက်ရှိအဆင့်ကဘာလဲ။”
“အဆင့်ခုနစ်လေ၊ ငါက အဆင့်ခုနစ်ဝိညာဉ်ရတနာပဲ။ ဘာလဲ၊ လန့်သွားပြီမလား။”
ပန်းကန်လုံးအပဲ့က ဂုဏ်ယူစွာဆိုလာသည်။
“အဲ့ဒါဆိုရင် မင်းလက်ရှိ ဘယ်အဆင့်ထိ အစွမ်းထုတ်သုံးနိုင်ပြီလဲ။”
စုယွမ် ထပ်မေးလိုက်သည်။
ပန်းကန်းပဲ့မှာ တစ်ခဏမျှတိတ်ဆိတ်သွားပြီးမှ ပြန်ဖြေလာ၏။
“ပထမအဆင့်အနိမ့်တန်းဖြစ်မယ်ထင်တာပဲ။”
စုယွမ်မှာ ကြောင်အသွားပြီး မေးလိုက်သည်။
“ငါက မင်းကို သန့်စင်ပေးဖို့လိုသေးတာလား။”
“မင်းသာ ရတနာတွေကို ငါ့အတွက်သန့်စင်ပေးတာက ငါ့ကိုသန့်စင်တဲ့နည်းတစ်မျိုးပဲ။ ဒီလိုမှမဟုတ်ရင် မင်းကျင့်ကြံဆင့်နဲ့က ငါ့ကို ကိုယ်တိုင်သန့်စင်ဖို့က လုံးဝဖြစ်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး မင်းသာသန့်စင်တာစပြီဆိုတာနဲ့ အဲ့ဒီပစ္စည်းရဲ့ဝိညာဉ်အနည်အနှစ်နည်းနည်းကိုလည်း ငါယူသုံးလို့ရပြီ။”
ပန်ကန်းလုံးပဲ့က ဆက်ပြော၏။
“ဒါပေမဲ့ ငါမှ ပစ္စည်းတွေကိုသေချာမသန့်စင်တတ်တာ။”
စုယွမ် လက်ဖြန့်ပြလိုက်သည်။
“ဘယ်လို့လုပ်ဖြစ်နိုင်မှာလဲ။ ဘယ်ကျင့်ကြံသူက ဒါကိုမတတ်လို့လဲ။ မသန့်စင်တတ်တောင် မင်းက တစ်နေရာရာမှာတော့ တော်ဦးမှာပါ။”
ပန်းကန်းပဲ့မှာ မယုံနိုင်ဖြစ်နေရ၏။
စုယွမ်လည်း ပြုံး၍ ဆိုလိုက်သည်။
“ငါ မလိမ်ပါဘူး။ ဒါပေမဲ့ ဘာဖြစ်ဖြစ် ငါသင်လို့ရတာပဲ။”
“ဟမ်၊ မင်းတကယ်ကြီးမသိတာလား။ ငါတော့သွားပြီပဲ။ ငါ့လက်ရှိအခြေအနေကကောင်းနေတာမဟုတ်ဘူး။ ဝိညာဉ်အနည်အနှစ်များများသာမရရင် ငါ ဒီအတိုင်းပျောက်ကွယ်သွားလိမ့်မယ်။ ယုတ္တိမရှိတာကွာ။ ငါသေချာတွက်ကြည့်ပြီးသားပါ၊ငါ့ကို လက်ခံရရှိတဲ့သူက ငါနဲ့အသင့်တော်ဆုံးဖြစ်မယ်လို့ရလဒ်ထွက်ခဲ့တာပါ။ အခု မင်းက ဘာလို့ဘာမှမလုပ်တတ်တာလဲ။”
ပန်းကန်ပဲမှာ သိသိသာသာကို လက်မခံနိုင်ပါပေ။
ကိစ္စများမှာ ၎င်း၏ရှေ့ဖြစ်ဟောတွက်ချက်မှုနှင့် ကိုက်ညီမှုမရှိမနေရာ သူလည်း ကိုယ့်ဘဝကိုယ်သံသယဝင်လာရတော့၏။
“အဲ့ဒါဆိုရင်လည်း အဆင့်ငါးရတနာတွေလောက်ကိုသန့်စင်ပေးနိုင်မဲ့ ဆရာတစ်ယောက်ယောက်ကိုရှာလိုက်ပါလား။ ဝိညာဉ်အသွင်ကူပြောင်းခြင်းအဆင့်လောက်ရှိရင်အကောင်းဆုံးပဲ။ မြန်မြန်ရှာတော့၊ အချိန်မဆွဲနဲ့။”
ပန်းကန်လုံးမှာ လှုံ့ဆော်လာ၏။
“မလောပါနဲ့ဦး။”
စုယွမ်လည်း လက်ဝေ့၍ မေးလိုက်သည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ။”
၎င်းက သက်ပြင်းချလာသည်။
“အတိတ်ကအရာတွေဆိုတာ ပြီးသွားပြီပဲ။ အရင်ကနာမည်ကို ပြန်ပြောစရာမလိုတော့ပါဘူး။”
“အဲ့ဒါဆိုရင် မင်းက စုချမ်လို့ခေါ်လို့ရမလား။”
“ရတယ်လေ။”
ပန်းကန်လုံးပဲ့က ပြန်ဖြေလာသည်။
“မင်း အဲ့ဒီလိုသန့်စင်တာနဲ့ပတ်သက်ပြီးအမွေဘာညာမရှိဘူးလာ”။”
စုယွမ် ထပ်မေးကြည့်လိုက်သည်။
“..မင်း ဝိညာဉ်ရတနာကို သူ့ဘာသူသန့်စင်ဖို့ပြန်သင်ခိုင်းလို့တော့မရဘူးလေကွာ။ ငါလည်း သန့်စင်တဲ့အဖြစ်တွေအများကြီးကြည့်ဖူးပေမဲ့ ကြည့်ရုံပဲကြည့်ဖူးတာလေ .. “
ပန်းကန်လုံးပဲ့က ပြန်ပြောလာ၏။
စုယွမ်မှာ ပြောစရာမဲ့သွားရသည်။ သူလည်း ခဏလောက်တွေးပြီး ပြန်ပြောလိုက်၏။
“ငါနားလည်ပြီ။ ဆေးလုံး၊မှော်လက်နက်၊ အဆောင် ဘာကို သန့်စင်စင်ရတာလား။”
“ကိုယ်ထည်ရှိတဲ့ဘာမဆိုရတယ်။ ဒါပေမဲ့ ပိုအဖိုးတန်လေ ကောင်းလေပဲ။”
စုချမ် ပြောလိုက်သည်။
“နားလည်ပြီ။”
စုယွမ်လည်း နေရာမှထွက်ကာ ဆေးဝါးဆိုင်ရာတောင်ထိပ်ဆီသို့ ပျံသန်းသွားလိုက်သည်။
တောင်ထိပ်၏အဓိကခန်းမတွင် ထောင်ယောင်ယောင်မှာ အံ့သြပနန်းနှင့် စုယွမ်ကို ကြိုဆိုလိုက်ရ၏။
“ရှားပါးဧည့်သည်ပါလား။ မင်း တောင်သခင်ရာထူးကိုစွန့်လိုက်တယ်ကြားတယ်။”
ထောင်ယောင်ယောင်က အပြုံးတစ်ပွင့်ဖြင့်ကြိုဆိုလာသည်။
“ဟုတ်တယ်။ တောင်သခင်လုပ်ရတာအရမ်းပင်ပန်းဖို့ကောင်းတယ်လေဗျာ။ လုပ်ချင်တဲ့သူလည်းရှိနေတာနဲ့၊ ကျွန်တော်လည်း ပေးလိုက်တာပဲ။”
“ဒီနေ့ ဘာကိစ္စရှိလို့လဲ။”
ထောင်ယောင်ယောင်မှာ အလွန်သိချင်နေပေသည်။
“ကျွန်တော် တောင်သခင်ဆီက ဆေးပညာကိုသင်ချင်လို့ပါ။”
စုယွမ် ဒဲ့တိုးသာ ပြောလိုက်၏။
“ဆေးပညာကိုလား။”
ထောင်ယောင်ယောင်အံ့သြသွားရသည်။
“မင်းရဲ့ကျင့်စဥ်တွေထဲလည်း ဆေးပညာအကြောင်းအများကြီးပါတယ်မဟုတ်ဘူးလား။”
“အဲ့ဒါတွေအကုန်က ဒီအတိုင်းလျှောက်ရေးထားတာပါဆိုဗျာ။”
စုယွမ် လက်ယမ်းပြလိုက်သည်။
“ကျွန်တော် တစ်ခါမှတောင်ဆေးပညာကိုကျင့်ကြံဖူးတာမဟုတ်ဘူး။ အဲ့ဒါကြောင့်မလို့ တောင်သခင်ထောင်ဆီအထူးတလည်လာပြီး အကူအညီတောင်းရတာပါ။ ကျွန်တော် ဆေးဝါးသန့်စင်တဲ့အခါ တောင်သခင်ထောင် ညွှန်ကြားပေးဖို့တောင်းဆိုချင်ပါတယ်။တကယ်လို့ တောင်သခင်မအားရင်လည်း အကြီးအကဲတစ်ယောက်ကိုလွှတ်လိုက်လို့လည်းရပါတယ်။”
“အားပါတယ်။ သေချာပေါက် အားတာပေါ့။”
ထောင်ယောင်ယောင်မှာ သူမကြားနေရတာများကို အခုထိမယုံနိုင်။
“မင်းရဲ့စာအုပ်ထဲကအရာမှန်သမျှကတကယ်ကြီး ဒီအတိုင်းရေးထားတာလား။ မဖြစ်နိုင်တာ။ ငါတော့ အဲ့ဒီထဲ ဘာအမှားမှမတွေ့ဘူး ... “
စုယွမ် ပြောလိုက်သည်။
“ကျွန်တော့်မှာက နိယာမတွေကို နားလည်နိုင်တဲ့စွမ်းရည်လေးနည်းနည်းရှိလို့ပါ။ အဲ့ဒီတော့ကြည့်လိုက်ရင် ဘာပြဿနာမှမရှိသလိုထင်ရတာပေါ့။ တကယ့်တကယ်လက်တွေ့မှာတော့ အလုပ်ဖြစ်၊မဖြစ် ကျွန်တော်လည်း သေချာမသိပါဘူးဗျာ။”
ထောင်ယောင်ယောင်၏ နှုတ်ခမ်းများတောင် တုန်ခါသွားရသည်။
“မင်းသာ တကယ်ကြီး ဆေးပညာကိုမလေ့လာဖူးရင် အရင်ဆုံးစိတ်ပြင်ဆင်ဖို့လိုတယ်လို့သတိပေးချင်တယ်။ ဆေးပညာက တကယ်မရိုးရှင်းဘူး။ သန့်စင်မယ်၊ ပြန်ခွဲဖြာမယ်၊ အရာဝတ္ထုအမျိုးမျိုးကိုစိတ်ဖြာမယ်၊ အပူကိုလည်းထိန်းချုပ်ရမယ်၊ အချိန်ညှိရမယ်၊ နောက်ပြီး ဆေးဝါးကျင့်စဥ်ပေါင်းများစွာနဲ့၊ ခဏခဏကျရှုံးဖို့ကိုလည်း ခံနိုင်ရည်ရှိရဦးမယ်။”
“ကျွန်တော်သိပါတယ်။”
စုယွမ် ပြောလိုက်သည်။