အခန်း ၁၂၂
Vol. 13 Ch. 122
Chapter 122
“အဲ့ဒါဆိုရင်လည်း အစ်မနဲ့လိုက်ခဲ့။ မင်းအတွက် လေ့ကျင့်ရေးအခန်းတစ်ခုစီစဥ်ပေးမယ်။”
စုယွမ် ထောင်ယောင်ယောင်နောက်လိုက်ရင်း မကြာမီတွင် အလွန်အဆင့်မြင့်သည့်ဆေးဖော်စပ်ရာအခန်းတစ်ခုသို့ရောက်ရှိသွား၏။ သူ အခန်းအလယ်ရှိမီးပြင်းဖိုကြီးထံအာရုံရောက်သွားပြီး သေချာလေ့လာနေတော့သည်။
“ဒါက တတိယအဆင့်ရှိမီးပြင်းဖိုပဲ၊ ဆေးပညာအတွက် အများကြီးအသုံးဝင်တယ်။ ရင်းနှီးအောင်လုပ်ထားဦး။”
စုယွမ်မှာ ၎င်းကို အထူးအဆန်းပစ္စည်းလိုကြည့်နေတာကိုမြင်တော့ ထောင်ယောင်ယောင်မှာ မျက်နှာတောင်မထိန်းနိုင်တော့ပါပေ။ အနှီသူက တကယ်ပဲ ဆေးပညာကိုမလေ့လာဖူးသည်လေ။
ထောင်ယောင်ယောင်က ပေါ်ကူဆေးဖော်စပ်ရာကုန်ကြမ်းအချိုးအစားတစ်ရာနှင့် ဖော်စပ်နည်းကိုထုတ်လိုက်သည်။
“မင်း ပေါ်ကူဆေးလုံးကစလုပ်ကြည့်သင့်တယ်။ ဒါက အလွယ်ဆုံးပဲ။”
“ဒါတွေက ပေါ်ကူဆေးအတွက် ကုန်ကြမ်းတွေပေါ့။”
စုယွမ် ပေါ်ကူဆေးအတွက် ကုန်ကြမ်းများကိုကြည့်ရင်း အံ့သြသွားရ၏။ ကုန်ကြမ်းမှာသုံးခုပင်၊ ဝိညာဉ်စပါး၊ မူလဂျင်ဆင်းနှင့် နွေဦးဝိညာဉ်ရေတို့သာဖြစ်ကြသည်။
“ဟုတ်တယ်။”
ထောင်ယောင်ယောင် ခေါင်းညိတ်လိုက်သည်။
စုယွမ် ဂျင်ဆင်းကို ထိုးပြပြီး ပြောလိုက်၏။
“ခါးသက်သက်အရသာက ဂျင်ဆင်းကရတာလား။ မဟုတ်သေးပါဘူး။ ဒီသုံးခုပေါင်းရုံနဲ့ ဒီလောက်အရသာဆိုးနေစရာအကြောင်းမရှိတာကို။”
ထောင်ယောင်ယောင် ချောင်းဟန့်လိုက်၏။
“အရသာက အရေးမကြီးဘူးလေ။”
“အရသာက အရမ်းအရေးကြီးတာပေါ့။”
စုယွမ် ပြန်ပြောလိုက်၏။
“အချိုဓာတ်လေးနည်းနည်းပါအောင် တခြားအရာတွေထပ်ထည့်လို့မရဘူးလား။”
ထောင်ယောင်ယောင်မှာ စွံ့အသွားရသည်။
“ဒါ တစ်ယောက်ယောက်က ပေါ်ကူဆေးလုံးဖော်စပ်နည်းကိုပြင်ချင်တာ တွေ့ဖူးတာပထမဆုံးပဲ။”
ထောင်ယောင်ယောင်မှာ နဖူးပေါ်ပင်လက်တင်လိုက်မိသည်။
“စလေ့ကျင့်တဲ့သူတွေအတွက် ပုံမှန်ဆို ပါဝင်ပစ္စည်းနည်းနိုင်သမျှနည်းရမှာ။ ပစ္စည်းတစ်ခု ထပ်ထည့်တာနဲ့ အဆပေါင်းများစွာပိုခက်သွားမှာလေ။ မင်းအရင်ဆုံး ဒီအညွှန်းနဲ့ပဲ ပေါ်ကူဆေးလုံးကို အောင်မြင်အောင်ကြိုးစားကြည့်သင့်တယ်။”
“ဒါပေါ့။”
စုယွမ် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါဆိုရင် ကျွန်တော် စလုပ်တော့မယ်နော်။”
စုယွမ် အလေးနက်ဆိုလိုက်သည်။
ထောင်ယောင်ယောင်လည်း ဘေးတွင်ရပ်နေရင်း စုယွမ်တစ်ယောက် အောင်မြင်သွားမလာဆိုတာကို စောင့်ကြည်နေမိသည်။ အနှီသူဟာ ဘိုးဘေးဆရာသခင်၏အမွေကိုဆက်ခံနိုင်ခဲ့သူပေ၊ အကယ်၍သူသာ ကျရှုံးသွားခဲ့ပါက သူမလည်း နောက်ကျမှ တရားမဝင်မှတ်တမ်းထဲတွင် ထည့်ရေးလိုက်ဦးပေမည်။
စုယွမ် သူ၏ဝိညာဉ်အနည်အနှစ်များကို မီးပြင်းဖိုထဲထည့်လိုက်သည်၊ ဤသို့ဖြင့် မီးတောက်တစ်ခုမှချက်ချင်းတောက်လောင်လာလေ၏။ ထို့အပြင် ၎င်းက မြေကမ္ဘာမီးစွမ်းအင်ဖြစ်နေလေသည်ပင်။
စုယွမ်လည်း မီးစွမ်းအင်ကို နတ်ဘုရားအာရုံဖြင့်ထိန်းချုပ်လိုက်သည်။ သူ၏ထိန်းချုပ်မှုဖြင့် မီးတောက်မှာ ပုံပြောင်းလာခဲ့၏။ သူ၏မီးအရှိန်အဟုန်အကြောင်းနားလည်မှုအရဆိုပါက ဤကိစ္စများမှာ အလိုအလျောက်အသိစိတ်ဖြင့် လုပ်မိတာဟုပင်ဆို၍ရပေသည်။
【ဝိညာဉ်စပါးထည့်၍အနည်အနှစ်ကိုသန့်စင်ပါ။ ထို့နောက် ဂျင်စင်းကိုထည့်ကာ အနည်အနှစ်ရအောင် ဆက်လက်သန့်စင်ပါ။ ပြီးလျှင် နွေဦးရေကိုထည့်မွှေကာ ဆေးလုံးပုံစံရအောင်ပုံဖော်ပါ။】
ဆေးဖော်စပ်နည်းမှာ အလွန်ကို မပြတ်မသားရေးထားသည်ပေ။ မည်သည့်ပမာဏထည့်ရမည်ကိုလည်း သေချာရေးမထား။ ဝိညာဉ်စပါးမည်မျှထည့်ရမည်နည်း၊ ဂျင်းစင်းကရော ဘယ်လောက်လောက်အသုံးပြုကာ နွေဦးရေကိုရော ဘယ်လောင်သုံးရမည်နည်း။ အနှီအချက်အလက်တစ်ခုကိုမှရေးမထားပါပေ။
အရာရာတိုင်းကို ဝါးတားတားရေးလို့ထား၏။
စုယွမ်မှာ မျက်ခမ်းစပ်များပင် တွန့်သွားသည်။ သို့သော် ကံကောင်းစွာဖြင့် ထောင်ယောင်ယောင်က သူ့အတွက် ပမာဏတစ်ခုတစ်ခါတည်းထုတ်ထားပြီးသားပေ။ သူ အနှီဆေးတစ်လုံးစာအတွက်ခွဲပေးသောအပုံများကိုတစ်ချက် ကြည့်လိုက်တော့ အချိုးအစားများမညီတာကိုတွေ့လိုက်ရသည်။ ဆေးတစ်လုံးလုပ်ရန်အတွက် ပုံထားသောအစုတစ်ခုတွင် ဝိညာဉ်စပါးက ပိုများနေပြီး နောက်တစ်ခုတွင်မူ နွေဦးရေက နှစ်ဆလောက်ပိုများနေ၏။
စုယွမ်ကတော့ ထောင်ယောင်ယောင် တမင်ရည်ရွယ်ချက်ရှိရှိလုပ်သည်ဟု မြင်သည်။ အကြောင်းမှာ စာအုပ်များအရဆိုလျှင် အချိုးအစားဆိုသည်မှာ ဆေးပညာရှင်များအတွက် အလိုအတိအကျလိုက်နာရသော အရာဖြစ်လေသည့်အတွက်ကြောင့်ပေ။
“စတင်။”
စုယွမ်လည်း တုံ့ဆိုင်းမနေပါချေ။ သူ ဝိညာဉ်စပါး၁၂၀လောက်ရှိမည့်ပမာဏကိုယူ၍ မီးပြင်းဖိုထဲပစ်ထည်းလိုက်သည်။ ထို့နောက် သူ မီးတောက်ကိုထိန်းချုပ်၍ ဂရုတစိုက်မွှေလိုက်၏။ ဝိညာဉ်စပါး၏အခုံများမှာ မီးတောက်များကြောင့် ကွာကျသွားပြီး ပြာအဖြစ်ပြောင်းသွားတော့သည်။ ကျန်ရှိနေသောအဖြူရောင်အစေ့လေးများကတော့ မီးတောက်များအကြား လူးလိမ့်နေရင်း တဖြည်းဖြည်းအရည်ပျော်လာရလေသည်။
ထိုအချိန်တွင် စုယွမ်ခည်း ဂျင်စင်းများကို ထပ်ပစ်ထည့်လိုက်၏။ ထို့နောက် ဂျင်စင်းအနည်းအငယ်ကိုယူကာ မီးတောက်နားကပ်၍လောင်ကျွမ်းစေလိုက်သည်။ ဂျင်စင်းများမှာ ပြာအဖြစ်မြန်မြန်လောင်ကျွမ်းသွားပြီး ဆေးလုံးအရည်အဖြစ် ကျန်ရစ်ခဲ့၏။ ထိုအချိန်အတွင် အဖြူရောင်စပါးစေ့များကလည်း အရည်တစ်ဝက်အခဲတစ်ဝက်အဖြစ် အနည်အနှစ်အခြေအနေကိုရောက်ရှိသွားနေပြီဖြစ်သည်။
စုယွမ် နွေဦးဝိညာဉ်ရေကို ထည့်လိုက်တော့သည်။ ပထမဆုံးထည့်ထည့်ချင်းတွင် နွေဦးရေများက ဆူပွက်လာ၏။ စုယွမ်လည်း နတ်ဘုရားအာရုံကို မွှေတံအဖြစ်သုံးကာ အနှီပစ္စည်းသုံးမျိုးကိုရောမွှေလိုက်တော့၏။
မီးတောက်ကလည်း ဖြေးညင်းစွာအပူပေးနေလျက် ဆေးလုံးကလည်း တဖြည်းဖြည်းပုံပေါ်လာတော့သည်။ စုယွမ်လည်း အနှီအရောအနှောများကို နတ်ဘုရားအာရုံဖြင့်ပင် ဖြတ်တောက်ပြီး ဆယ်ပိုင်းခွဲလိုက်သည်။ ထို့နောက် ၎င်းတို့ကို လိမ့်မွှေလိုက်ရာ ဆေးလုံးရှည်ပုံသဏ္ဌာန်လေးများဖွက်ပေါ်လာတော့လေသည်။
စုယွမ်လည်း မီးပြင်းဖို့ဒယ်အိုးကိုမလိုက်ရာ ဆေးလုံးလေးဆယ်လုံးက ပျံထွက်လာကြပြီး ဘေးတွင်ချထားသောကျောက်စိမ်းပန်းကန်ပြားပေါ်တွင် နေရာယူသွားကြသည်။
ထိုအချိန်၌ သာမန်လူများမမြင်နိုင်သောဝိညာဥ်အနှစ်အလင်းတစ်ချက်မှာ စုယွမ် အိတ်ထဲထည့်ဖွက်ထားသော ပန်းကန်လုံးအပဲ့သို့ ရောက်ရှိသွား၏။
“နောက်ဆုံးတော့ ငါ ဝိညာဉ်အနှစ်အရသာကိုပြန်မြည်းစမ်းနိုင်ပြီပဲ။”
ရှောင်ချမ်ဆီမှ သက်ပြင်းချသံတစ်ခုထွက်ပေါ်လာ၏။ ထို့နောက် သူက ဆက်ပြောလာသည်။
“မင်း ခုနတုန်းကငါ့ကိုလိမ်နေခဲ့တာမလား။ ဘယ်လိုလုပ် ပထမဆုံးအကြိမ်နဲ့ ထိပ်တန်းဆေးလုံးကိုးလုံးနဲ့၊ အဆင့်မြင့်ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်မှာပဲ။ ဒါက ပေါ်ကူဆေးလုံးလေးသက်သက်ဖြစ်တောင်၊ ယုတ္တိမရှိတာပဲ။”
ရှောင်ချမ်မှာ လုံးဝသေချာနေသည့်လေသံပင်။
ထောင်ယောင်ယောင်မှာလည်း တကယ်ကို အံ့သြနေရတာဖြစ်သည်။
“မင်း ပထမဆုံးအကြိမ်မှာတင် အောင်မြင်သွားတာပဲ။”
သူမ ထိပ်တန်းဆေးလုံးတစ်လုံးကိုယူ၍ စစ်ဆေးကြည့်လိုက်သည်။
“ပါဝင်ပစ္စည်းတွေကိုပေါင်းစပ်ထားတာ အချိုးညီတယ်၊ ချောမွေ့တယ်။ ဒီလိုအရည်အသွေးမျိုးနဲ့ဆိုရင် မင်း ပေါ်ကူဆေးလုံးကိုအကြိမ်တစ်ထောင်လောက်လေ့ကျင့်ဖူးတယ်ပြောရင်တောင် ယုံမှာ။ မင်းတကယ်ပဲ ဒါပထမဆုံးအကြိမ်လား။”
စုယွမ်မှာ ကူရာမဲ့စွာသာ ပြောလိုက်မိတော့သည်။
“ကျွန်တော် ဂိုဏ်းထဲမှာ လုပ်ခဲ့သမျှကို ပြန်စုံစမ်းရလွယ်ပါတယ်ဗျာ။ ကျွန်တော် တကယ် ဆေးပညာကိုမသင်ခဲ့ဖူးတာပါ။”
ထောင်ယောင်ယောင်မှာ တိတ်ကျသွားတော့သည်။
“တောင်သခင်ထောင်၊ ကျွန်တော် ပြန်ပြင်ရမဲ့နေရာရှိလား။”
ထောင်ယောင်ယောင် ချောင်းဟန့်လိုက်သည်။
“များများသာထပ်လေ့ကျင့်။ ကိုယ့်ဘာသာလေ့ကျင့်ရင်းရလာတဲ့အသိက သူများထောက်ပြတာထက် ပိုတန်ဖိုးရှိတယ်။”
စုယွမ်လည်း နားလည်ကြောင်းခေါင်းညိတ်လိုက်သည်။ သူ အခန်းထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူ ကုန်ကြမ်းများရာနေရာကိုတွေ့သွား၏။ စုယွမ်လည်း လျှောက်သွား၍ မြက်မွှေးပင်နည်းနည်းကိုယူလိုက်၏။
“ဘာလုပ်မလို့လဲ။”
ထောင်ယောင်ယောင် မေးလိုက်သည်။
“ကျွန်တော် ပေါ်ကူဆေးလုံးထပ်လုပ်မလို့လေ။”
စုယွမ် ပြန်ဖြေလိုက်၏။
သူ ရှောင်ချမ်ဆီလည်း သီးသန့်အသံလွှင့်လိုက်သေးသည်။
“ဝေဟင်ကမ္ဘာပန်းကန်လုံးအတွက်က တူညီတဲ့ရတနာရဲ့အနှစ်ကိုထပ်စုပ်နိုင်လား။”
“စုပ်နိုင်တာပေါ့။”
ရှောင်ချမ်ထပ်ပြောလိုက်သည်။
“အဲ့ဒါဆိုရင် ငါ ပေါ်ကူဆေးလုံးကိုအဆင့်မြင့်ပြီးထပ်လုပ်မလို့၊ မင်း ထပ်ယူနိုင်မလား။”
“ယူနိုင်တယ်။ ဒါပေမဲ့ သက်ရောက်မှုကတော့ နည်းသွားလိမ့်မယ်။ ဘာပဲပြောပြော ဒါက ပေါ်ကူဆေးလုံးလေးသက်သက်ပဲလေ။ ဒီလိုအဆင့်မမြင့်တဲ့ဆေးလုံးကိုအများကြီးစုပ်နေစရာမှမလိုတာ။ အဆင့်မြင့်ဆေးလုံးတစ်လုံးဆိုရင် အဲ့ဒီအဆင့်နိမ့်တွေရဲ့ဆယ်ဆသက်ရောက်မှုရှိတာကို။”
ရှောင်ချမ် ရှင်းပြလိုက်သည်။
“မဟုတ်ဘူးနော်။ ငါတော့ လုံးဝဆန့်ကျင်ဘက်လို့ထင်တယ်။ အဆင့်နိမ့်အနှစ်တွေကိုလုံလုံလောက်လောက်စုပ်နိုင်ရင် အဆင့်မြင့်တွေကိုစုပ်တဲ့အခါ ပိုအဆင်ပြေမယ်ထင်တာပဲ။”
စုယွမ် ဆက်ရှင်းပြလိုက်သည်။
“တွေးကြည့်လေ။ လူတွေက အမြဲ အခက်အခဲအဆင့်နဲ့ကြုံရမှာပဲ။ အဲ့ဒီလိုအချိန်မျိုးမှာ ဘယ်သူ့မှ အဆင့်မြင့်ပစ္စည်းတွေကိုသန့်စင်နိုင်မှာမဟုတ်ဘူး။ အဲ့ဒီတော့ သာမန်အဆင့်တွေကိုပဲ ပြန်သန့်စင်နေရတော့မှာ။ အနိမ့်တန်းတွေကိုလည်းပြန်သွားလို့မရဘူး။ မဟုတ်ရင် ဝေဟင်ကမ္ဘာပန်းကန်လုံးရဲ့အာသီသကိုဘယ်ပြေပါစေတော့မလဲ။ နောက်ဆုံးကျရင် အဆင့်မတက်နေတဲ့အချိန် ထပ်ပြီးမြင့်မြင့်ကိုသာမသန့်စင်နိုင်ရင်ဒုက္ခရောက်သွားမှာပေါ့။”
ရှောင်ချမ်မှာ စုယွမ် စကားများကြောင့် အနည်းငယ်သိမ်းသွင်းခံလိုက်ရချေပြီ။
“မင်း ပေါ်ကူဆေးလုံးအမျိုးအစားတစ်ရာကိုကြားဖူးလား။”
စုယွမ် ထပ်မေးလိုက်၏။