← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

Chapter 123: ဆေးပညာရှင်ကြီး။

နာရီဝက်မျှကြာသွားပြီးနောက်တွင် စုယွမ်၏ကျောက်စိမ်းပန်းကန်ထဲ၌ ဆေးလုံးဆယ်လုံးကျော်ကျော် ရှိနေချေပြီ၊ ၎င်းတို့မှာ သာမာန်ဆေးလုံးများနှင့်မတူစွာ အစိမ်းဖျော့ရောင်လေးရှိပြီး ခပ်ဖျော့ဖျော့အနံ့လေးတစ်ခုလည်း ကပ်ညှိနေလေ၏။

အလင်းတန်းအချို့မှာ ယခင်ကထက်အားပျော့သော်ငြား ဆေးလုံးများမှတဆင့် ဝေဟင်ကမ္ဘာပန်းကန်လုံးဆီသို့ စီးဝင်သွားလေသည်။

‌‌ရှောင်ချမ် နှုတ်ခမ်းများကို သပ်လိုက်ကာ ရေရွတ်လိုက်မိ၏။

“ဒီအရသာက တကယ်ပိုကောင်းသွားပြီ။”

သူ၏ဘေးတွင်မူ ထောင်ယောင်းယောင်းက ဆေးလုံးတစ်လုံးကို ယူ၍ စူးစမ်းနေလေသည်။

“ဒါ ပေါ်ကူဆေးလုံးလား။ မင်းက လုံးဝပါဝင်ပစ္စည်းတစ်ခုပေါင်းထည့်လိုက်တာတောင် ဂုဏ်သတ္တိကမပြောင်းဘူးပဲ၊ နောက်ပြီး အဆင့်လည်းပိုမြင့်လာတယ်။”

စုယွမ် မေးလိုက်သည်။

“တောင်သခင်ထောင်၊ ဒီလိုမျိုး ပေါ်ကူဆေးလုံးအမျိုးအစားက ဈေးကွက်ထဲမှာရှိလား။”

ထောင်ယောင်ယောင် ခေါင်းခါပြလိုက်သည်။

“မရှိဖူးဘူး။ များသောအားဖြင့် ရှိန်နှုန်းမြင့်ဆေးလုံးကိုဝယ်တဲ့သူတွေက ချီစုဆောင်းခြင်းအဆင့်ကလူတွေပဲ။ သူတို့အတွက်ကျတော့ ဝိညာဉ်ကျောက်တုံးက အကန့်အသတ်ရှိတော့ ပေါ်ကူဆေးလုံးဆိုတာ ဝမ်းပြည့်ရင်ကို လုံလောက်ပြီ၊ ဈေးပေါလေ ပိုကောင်းလေပဲ။ မင်းက မြက်မွှေးပင်ကို ထပ်ထည့်လိုက်တော့ ဈေးကလည်း ပိုကြီးသွားတော့မှာပဲလေ။ အဲ့ဒီတော့ ဒီလိုမျိုးထုတ်မရောင်းကြဖူးသေးဘူး။”

ဆေးပညာရှင်တစ်ဦးအနေဖြင့် ပေါ်ကူဆေးလုံးများ၏အရသာက ဆိုးဝါးကြောင်း သူမ သေချာကို သိပေ၏။ သို့သော်ငြား ဤကျင့်ကြံရေးလောကရှိမည်သူကမှလည်း အရသာကိုပြောင်းဖို့ မတွေးခဲ့ကြ။ မည်သို့ပင်ဖြစ်စေ၊ ရလဒ်သည်ကား အားများစွာစိုက်ထုတ်ရမည် ဖြစ်သော်လည်း ဝယ်သူကတော့ အနည်းငယ်သာရှိမည်ဖြစ်ရာ မတန်သည်လေ။

ဤသည်ကိုကြားတော့ စုယွမ်လည်း အတွေးနက်သွားပြီး ပြောလိုက်သည်။

“မြက်မွှေးပင်က ဝိညာဉ်အပင်အမျိုးအစားထဲမှာ ပါတယ်၊ အဲ့ဒီတော့ သူက ဈေးကြီးတယ်။ ဒါပေမဲ့ သာမန်သေမျိုးပစ္စည်းတွေကိုသာ ထပ်ထည့်နိုင်ခဲ့ရင် အဆင်ပြေသွားမှာပဲ။”

ထောင်ယောင်ယောင်မှာ သိချင်သွားရ၏။

“မင်း ဘာလို့ ဒါကိုလုပ်ချင်နေတာလဲ။ ပေါ်ကူဆေးလုံးကရမဲ့အမြတ်က နည်းနည်းလေးပဲကို။ ဒါလုပ်လို့ ဘာအကျိုးအမြတ်မှ မရဘူး။ အဲ့ဒီအစား မင်း ပထမအဆင့်အလတ်တန်းဆေးလုံးတွေကို ဖော်ကြည့်ပါလား။”

စုယွမ်လည်း ပြုံး၍ခေါင်းခါလိုက်၏။

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တောင်သခင်ယောင်။ ဒါပေမဲ့ ကျွန်တော် ပေါ်ကူဆေးလုံးအကြောင်းလေ့လာချင်တာရှိလို့ပါ။ ကျွန်တော် တောင်သခင်ယောင်ကို ဒုက္ခပေးမိပြီ။”

“ငါ့ကို အစ်မယောင်လို့ ခေါ်ပါဆို။”

ထောင်ယောင်ယောင် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ၊ အစ်မယောင်။”

“ကောင်းပြီလေ။ မင်းက လေ့လာချင်သေးတယ်ဆိုမှတော့ ငါလည်း မနှောင့်ယှက်တော့ပါဘူး။ မင်းသာ လိုအပ်တဲ့ပစ္စည်းရှိလာရင် တံခါးနားက တပည့်ကိုသာ သွားပြောချည်။”

ထောင်ယောင်ယောင်ကတော့ ပေါ်ကူဆေးလုံးများကိုသာ ဆက်ကြည့်ရန်စိတ်မဝင်စားတော့တာ အသိအသာပါပေ။

“ဂရုစိုက်ပါ၊ အစ်မထောင်။”

ထောင်ယောင်ယောင်ကတော့ စုယွမ်လုပ်နေသည်များက အသုံးဝင်မည်မဟုတ်ဟုတွေးရင်း ထွက်ခွာသွားလေတော့သည်။

စုယွမ်လည်း ပေါ်ကူဆေးလုံးအမျိုးမျိုးကို ဆက်လက်သန့်စင်နေလိုက်သည်။

သူ ပေါ်ကူဆေးလုံးကို ပုံစံမျိုးစုံဖြင့် အခုနှစ်ဆယ်ကျော်လောက်သန့်စင်ခဲ့၏။

သို့သော်ငြား ဤသို့သန့်စင်နေခြင်းရဲ့သက်ရောက်မှုက နည်းနေသေးပေသည်။

ထိုအချိန်တွင် သူ အလုပ်နှင့်နားနေဖလှယ်စွမ်းရည်ကို တစ်ချက်ကြည့်လိုက်တော့ အံ့သြဖို့ကောင်းစွာပင် ၎င်းမှာ အနားယူသည့်အခြေအနေတွင်သာ ရှိနေလေသည်။ စနစ်၏အမြင်ထဲတွင် ဆေးဖော်စပ်ခြင်းကလည်း အနားယူခြင်းတစ်မျိုးသာဖြစ်သည့်ပုံပင်။

“စမ်းကြည့်ကြတာပေါ့။”

စုယွမ်လည်း ပထမအဆင့်အလတ်တန်းဆေးလုံးများကို စတင်သန့်စင်လိုက်သည်။ သို့သော် တစ်ဝက်တစ်ပြတ်နှင့် သူ ရပ်လိုက်၏။ သူ အလုပ်နှင့်နားနေဖလှယ်စွမ်းရည်က နားနေချိန်ရပ်မသွားသေးတာကိုမြင်လိုက်ရသည်။

သို့သော် ၎င်းက သူ ဒုတိယအဆင့်အလတ်တန်းဆေးလုံးများကို မဖော်စပ်ချိန်အထိသာ၊ ထိုအချိန်တွင်တော့ စွမ်းရည်၏နားနေချိန်မှာ သုညသို့တိုက်ရိုက်ကျဆင်းသွားရသည်။

သူ၏စိတ်အာရုံကလည်း ချက်ချင်းရှင်းလင်းသွားချိန်တွင် သူ အလတ်တန်းအဆင့်ဆေးလုံးများကိုဆက်မလုပ်တော့၊ ထိုအစား ပေါ်ကူဆေးလုံးများကိုသာ ဆက်ဖော်စပ်နေလိုက်၏

သူ စိတ်အာရုံစွမ်းရည်ကိုဖွင့်လိုက်သည်။

တစ်ခဏချင်းတွင်း သူ၏အသိစိတ်အာရုံမှာ ဆေးဖော်စပ်ရာအခန်းများစွာဆီရောက်ရှိသွား၏။ သူ လူများစွာ ဆေးဖော်စပ်နေရင်း သူ့အကြောင်းပြောနေတာကို တွေ့လိုက်ရပေသည်။

“ငါ ဆေးဖော်ခန်းထဲကို ပုဂ္ဂိုလ်ကြီးတစ်ယောက်ရောက်လာတယ်ကြားတယ်။ တောင်သခင်တောင်မှ သူ့ကိုထွက်ကြိုရတယ်တဲ့။”

“ဘယ်သူလဲ။”

“ငါလည်းမသိဘူး။ ဒါပေမဲ့ ငါတို့ပြောချင်တိုင်းပြောလို့ရမဲ့သူမဟုတ်တာတော့သေချာတယ်။ မြန်မြန်ဆေးတွေကိုသာ ဆက်သန့်စင်။”

“အေးပါကွာ။”

ဆေးဖော်ခန်းတိုင်းတွင် ချီစုဆောင်းခြင်းအဆင့်တပည့်များက ပထမအဆင့်အနိမ့်တန်းနှင့်အလတ်တန်းဆေးဝါးများကို သန့်စင်နေကြ၏။ စုယွမ်က ၎င်းတို့လုပ်နေသည်များကိုစောင့်ကြည့်ရင်း အသိပညာများစုပ်ယူနေပေသည်။

သူက သီအိုရီအပိုင်းစာများကို များစွာဖတ်ခဲ့ပြီးဖြစ်လင့်ကစား အတွေ့အကြုံကတော့ နည်းပါးသေးသည်လေ။ ထို့အတွက် သူ အခြားသူများ၏အတွေ့အကြုံကိုသုံးကာ တိုးတက်အောင်ကြိုးစားမည်ပေ။

သူ သာမန်ဆေးပညာရှင်များစွာ၏ဆေးဝါးသန့်စင်သောလုပ်ငန်းစဥ်များကိုကြည့်ရင်း အနှီသူတို့မှာ သူတွေးပင်မတွေးဖူးသောအမှားများကြောင့် ကျရှုံးနေရတာကို မြင်လိုက်ရသည်။

စုယွမ်လည်း အံ့သြသွားရပြီး သူ့ဘာသာသူသာ ပေါ်ကူဆေးလုံးတို့ကိုဆက်လက်သန့်စင်တော့သည်။

သူ မီးပြင်းဖိုကိုဖွင့်၍ အိုးထဲသို့ ပစ္စည်းများစွာ ထည့်လိုက်သည်။ ထည့်လိုက်သောပစ္စည်းအမျိုးအစားမှာ ဒါဇင်ချီပင်ရှိလေ၏။

“မင်း၊ မင်းဘာလုပ်နေတာလဲ။”

ရှောင်ချမ်မှာ ဝင်မေးမိရသည်။

“ငါ ပေါ်ကူဆေးလုံးလုပ်မလို့လေ။”

စုယွမ် ပြန်ဖြေလိုက်၏။

“ဒါပေမဲ့ မင်းထည့်နေတာတွေက မများဘူးလား။ ဒီလောက်ပါဝင်ပစ္စည်းအများကြီးနဲ့ ပေါ်ကူဆေးလုံးရောထွက်ပါ့မလား။”

ရှောင်ချမ်က အထွန့်တက်လာသည်။

“ဒါက ကုန်ကျစရိတ်ကိုမမြှင့်ဘဲ အရည်အသွေးကိုပဲမြှင့်တဲ့နည်းလို့ခေါ်တယ်။ နောက်ပြီး ပစ္စည်းတွေဘယ်လောက်ထည့်ထည့် ပေါ်ကူဆေးလုံးပဲ ပြန်ရလိမ့်မယ်။”

စုယွမ် ရယ်မောကာ ပြန်ပြောလိုက်သည်။

စုယွမ် ပစ္စည်းပေါင်းများစွာကို ပစ်ထည့်ပြီးနောက် ၎င်းတို့ကို ရောစပ်ရန်လုပ်လိုက်၏။

သူလုပ်နေသောလုပ်ငန်းစဥ်တစ်ခုလုံးကို အလွန်အတိအကျဖြစ်အောင်လုပ်ထားခြင်းပေ၊ သူက နတ်ဘုရားအာရုံကိုတောင် အပိုင်းတစ်ရာလောက်ခွဲကာ ပစ္စည်းတစ်မျိုးချင်းစီ၏အခြေအနေကိုစောင့်ကြည့်နေတာဖြစ်၏။ ဆေးဖက်ဝင်ပစ္စည်းများမှာကား ရောစပ်သည့်လုပ်ငန်းစဥ်အတွင်းတွင်ပင် ဂုဏ်သတ္တိများပြောင်းလဲသွားကြသည်။ သို့သော် စုယွမ်ကတော့ ဝိညာဉ်စပါးကို အဓိပါဝင်ပစ္စည်းအဖြစ်ထားပြီး ရောစပ်ရန်ပြင်လိုက်သည်။

ဝိညာဉ်စပါး၏အနှစ်များမှာ များသထက်များလာပြီး အခြားပစ္စည်များကတော့ ရောနှောပျောက်ကွယ်သွား၏။ သို့သော် ပစ္စည်းများစွာရောစပ်မှုကြောင့် အရောင်ကတော့ ထူးဆန်းနေလေသည်။

နောက်ဆုံးတွင် သူ ပစ္စည်းအကုန်ကို အောင်မြင်စွာရောစပ်နိုင်လိုက်ပြီး အရောင်ကတော့ သက်တန့်အရောင်အဖြစ်ကျန်ရစ်ခဲ့လေသည်။

စုယွမ်လည်း ရရှိလာသောဆေးတို့ကို ဆေးလုံးတစ်ထောင်အဖြစ်စိတ်ပိုင်းလိုက်သည်။ မြေစွမ်းအင်မီးတောက်ကလည်း ချောမွေ့စွာဖြင့် ဆေးလုံးတို့ကို ပုံသွင်းနေလေ၏။

နောက်ဆုံးတွင် မီးဖိုးအဖုံးကိုဖွင့်၍ ဆေးများကိုထုတ်ယူလိုက်ရာ စုယွမ်အရှေ့တွင် ဆေးလုံးအပုံကြီးတစ်ခုဖြစ်ပေါ်လာတော့လေသည်။

ပန်းကန်လုံးပဲ့ကလည်း ပျံထွက်လာပြီး အကုန်လုံးကို စုပ်ယူဖို့ပြင်လိုက်သည်။ သို့သော် ထိုအချိန်၌ အံ့သြသံကြီးတစ်ခုအရင်ထွက်လာလေသည်။

“ဘုရားရေ၊ မင်း ဒါကိုဘယ်လိုလုပ်လိုက်တာလဲ။”

ပေါ်ကူဆေးလုံးတစ်ထောင်တွင် အခုတစ်ထောင်လုံးမှာ နတ်ဘုရားအဆင့်အငွေ့အသက်များထွက်နေသည်လေ။ ဤသို့ဖြင့် အခုတစ်ထောင်စာ နတ်ဘုရားအငွေ့အသက်များကလည်း ဝေဟင်ကမ္ဘာပန်းကန်လုံးဆီ အကုန်ရောက်သွားတော့လေသည်။

ရလဒ်အားဖြင့် ရှောင်ချမ်ကတော့ အလွန်အားပြည့်သွားတော့၏။ ၎င်းပန်းကန်းလုံး၏မျက်နှာပြင်တွင် အလင်းတစ်ခုပင်ထွက်လာပြီး ပဲ့နေသောနေရာကလည်း ပြန်ပြည့်သွားလေသည်။ ပန်းကန်၏အရောင်ကလည်း ပို၍တောက်ပလာပြီး ပထမအဆင့်အနိမ့်တန်းမှော်ပစ္စည်းတစ်ခု၏ထည်ဝါမှုကိုပြသလာလေတော့သည်။

All Chapters