← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

Chapter 126: တောင်ကြားသခင်ဟောင်း ခံလိုက်ရချေပြီ။

ရာချီသောရွှေရောင်အလင်းတန်းတို့ဟာ အခန်းထဲမှ ဖြာထွက်လာကြ၏။ အနှီအလင်းအားလုံးကို တောင်ကြားသခင်ဟောင်းလန်ထံမှ ထွက်လာခြင်းဖြစ်လေသည်။

သူ၏အလင်းအသွင်းပြောင်းလဲခြင်းမန္တန်ကလည်း ပို၍ပိုသောအဆင့်တစ်ခုထိရောက်ရှိလို့သွား၏။

သူဟာ ဤမန္တန်ကို ဟိုးယခင်ကတည်းက အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီးခဲ့ရာ ယခုဆိုလျှင် ပို၍အံ့လောက်ဖွယ်ကောင်းအောင်တောင် လူအထင်ကြီးအောင်လုပ်ပြနိုင်သွားသည်။

ထို့အပြင် အနှီမန္တန်ကပဲ သူ့ကို အရှိန်အဟုန်အကြောင်းနားလည်စေခဲ့တာဖြစ်သလို ထိုမှတဆင့် ရွှေအမြူတေအကြောင်းလည်း တပိုင်းတစ်စဆုပ်ကိုင်နိုင်ခဲ့သဖြင့် သူ တံခါးပိတ်ကျင့်ကြံရန် ဂိုဏ်းထဲသို့ပြန်လာရခြင်းဖြစ်ပေသည်။

ယခုဆိုလျှင် မန္တန်ဟာ သူ၏ရွှေအမြူတေထဲမှာ စိမ့်ဝင်လို့ သူ၏ဝိညာဉ်နှင့်ပါ တသားတည်းကျကာ သုံးရာသည်က ပို၍လွယ်ကူလာတော့သည်။ သူသည် မန္တန်ကို လုံးဝပြီးပြည့်စုံစွာ ကျွမ်းကျင်သွားပြီဖြစ်သည့်အတွက် ထပ်မံအသစ်ဖန်တီးရန်တောင် လုပ်နိုင်စွမ်းရှိသွားချေပြီ။

လူအိုကြီးလန်က သူ့ရှေ့ရှိလူငါးယောက်ကို ကြည့်ရင်း ပြုံးပြလိုက်သည်။

“ဘာလဲ၊ ဂိုဏ်းတူညီလေးတွေက ငါအဆင့်တက်တာကို လာပြီးဂုဏ်ပြုပေးကြတာတာလား။”

“ဟုတ်ပါတယ်။”

အနှီလူငါးယောက်မှာ ဘာမှမတတ်နိုင်ဘဲ ခေါင်းသာညိတ်ပြလိုက်ရသည်။

လူအိုကြီးလန်ကလည်း ရယ်မောရင်း ပြန်ပြောလိုက်၏။

“ပြီးပြည့်စုံခြင်းအဆင့်ပေါ်ကူဆေးလုံးက တကယ်ပဲ ကျင့်ကြံနှုန်းကိုမြှင့်ပေးတာပဲ။ မင်းတို့လည်း ကျင့်ကြံရေးမှာ အခက်တွေ့ရင် အဲ့ဒါကို သုံးကြနော်။”

“တကယ် အာနိသင်ရှိတာလား။ ဒါပေမဲ့ အရသာကြီးက တော်တော်ဆိုးဆိုးကို။”

ပင်မတပည့်တစ်ယောက်မှာ အနှီအရသာကို ပြန်လည်အောင့်မေ့ရုံဖြင့်ပင် ကျောရိုးတစ်လျှောက်စိမ့်တက်သွားရသည်။

လူအိုကြီးလန်က တည်ကြည်စွာသာ ပြန်ပြောလာ၏။

“ငါတို့ကျင့်ကြံသူတွေက ဝိညာဉ်အစားအစာတွေ၊ အထူးသဖြင့် အရသာရှိတာတွေပဲစားနေကြတာ။ ဒီလိုမျိုး အရသာက ငါတို့နှစ်ရာချီတဲ့သက်တမ်းထဲပထမဆုံးဖြစ်မှာပဲ။ ဒါပေမဲ့ မတူညီမှုအသစ်အဆန်းတွေကို ကြုံရလေလေ၊ ပိုပြီးနားလည်လာလေလေပဲ။ မင်းသာ အဲ့ဒီဆေးလုံးကို မျက်မှောင်တစ်ချက်မကြုတ်ဘဲ သောက်နိုင်တဲ့အချိန်ရောက်ရင် မင်းရဲ့စိတ်ကလည်း တော်တော်ကိုတည်ငြိမ်နေလောက်ပြီ။ ငါ့ထက်တောင်သာသွားဦးမယ်ကွာ၊ ရွှေအမြူတေဆိုတာ ပမွှားလေးပဲဖြစ်သွားမှာ။”

လူငါးယောက်မှာ အချင်းချင်းအကြည့်ချင်းဖလှယ်လို့ အနှီလူအိုကြီးက ထပ်မံထောင်ချောက်ဆင်နေပြန်ပြီဟုသာ ခံစားလိုက်ရသည်။

လူအိုကြီးလန်ကတော့ သူစိတ်ရှင်းသွားပြီးအဆင့်တက်သွားရခြင်းအကြောင်းအရင်းမှာ တကယ်တော့ အနှီခပ်ဆိုးဆိုးဆေးလုံးကို သူတစ်ယောက်တည်းကြိတ်မခံစားဘဲ သူများတွေကိုပါပတ်ဝေ၍ စိတ်ဒုက္ခပေးလိုက်ရခြင်းလို့တော့မပြောပါချေ။

အဓိကကတော့ သူ ပျော်သွား၍ဖြစ်သည်။ သူဟာ သူများကိုလှည့်စားလိုက်ရရင်ပျော်နေသူဖြစ်ပေသော်ငြား အခြားသူများကတော့ ထိုသို့မဟုတ်နိုင်ပေ။

စင်စစ် သူကတော့ သူ့အပေါ် ထိုဆေးက အကျိုးအာနိသင်မရှိခဲ့သော်ငြား အခြားသူများအပေါ်တွင်တော့ စိတ်ပိုင်းဆိုင်ရာကို တိုးမြှင့်ပေးနိုင်မည်ဟု ထင်ပေသည်။

“အဲ့ဒါဆိုရင်လည်း ကျွန်တော်တို့ နောက်တစ်ကြိမ်ထပ်ယုံပေးလိုက်ပါ့မယ်။”

“ဒီလိုဆိုမှတော့ နောက်တစ်လုံးသွားဝယ်ကြမလား။ ဆေးတစ်လုံးကိုထောက်ပံ့မှတ် ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံး၁၀၀၀ကတော့ စျေးကြီးတယ်။ ပေါ်ကူဆေးလုံးတွေက သာမန်စျေးကွက်ထဲမှာဆိုရင် ဝိညာဉ်ကျောက်တုံးအပိုင်းအစ၂ခုလောက်ပဲရှိတာ။”

“မဟုတ်ဘူးလေကွာ၊ တွေးကြည့်ပါလား။ အဲ့ဒီဆေးလုံးက တကယ်ပဲ အာနိသင်တစ်ခုခုရှိတာဖြစ်နိုင်တယ်။ မဟုတ်ရင် ဂိုဏ်းက သူတို့က အားအားယားယား ဝိညာဉ်ကျောက်တုံး၁၀၀၀နဲ့ရောင်းပါ့မလား။ နောက်ပြီး ကျင့်ကြံရေးမှာ အဆင့်တက်ဖို့အခက်ကြုံနေတဲ့သူတွေအတွက်တောင် သီးသန့်ညွှန်းပေးထားသေးတာ။”

“ဟုတ်တယ်နော်။ တွေးကြည့်မှ အဓိပ္ပါယ်ရှိသားပဲ။”

ဤသို့ဖြင့် ထိုလူငါးယောက်ဟာ ထွက်ခွာသွားကြ၏။

လူအိုကြီးလန်ကလည်း အူလှိုက်သည်းလှိုက်ရယ်မောရင်း ပျံ့ထွက်လာခဲ့သည်။

သူ ဂိုဏ်းကိုတစ်ပတ်ပတ်ရင်း မသိလိုက်ဘာသာနှင့် စုယွမ်၏နေရာဆီ ရောက်လာခဲ့၏။

စုယွမ်မှာ လူအိုကြီးလန်ရောက်လာတာကို သိလိုက်တော့ အံ့သြသွားရသည်။

သူလည်း အစီအရင်တံခါးကိုဖွင့်ပေးလိုက်၏။

လူအိုကြီးလန်ကလည်း အလင်းတန်းအသွင်ပြောင်းပြီး တောင်ထိပ်သို့ မြန်မြန်ရောက်ရှိလာသည်။

“တောင်ကြားသခင်ဟောင်း၊ မတွေ့ရတာကြာပြီ။”

စုယွမ် နှုတ်ဆက်လိုက်သည်။

တောင်ကြားသခင်ဟောင်းကလည်း ရယ်မောရင်း စုယွမ်၏ရှေ့တွင်ပင် လေဟာနယ်ထဲနင်းကာလျှောက်လှမ်းလာ၏၊ သူနင်းလိုက်သောနေရာတိုင်းတွင်လည်း ရွှေရောင်အလင်းတန်းနှင့်အတူ ကြာပွင့်များပွင့်အာလာကြ၏။

“စုယွမ်၊ မင်းက ငါ့နောက်က တောင်ကြားသခင်နေရာကို မင်းယူလိုက်တယ်ကြားတယ်။ ဘာလို့ အခုပြန်အပ်လိုက်တာလဲ။”

တောင်ကြားသခင်ဟောင်းမှာ ဂိုဏ်းကိုချက်ချင်းပြန်လာကာ တံခါးပိတ်မကျင့်ကြံမီတွင် သူ၏ယခင်တပည့်များဆီမှ စုယွမ်ဟာ တောင်ကြားသခင်နေရာကို ဆက်ခံလိုက်ကြောင်းကြားပေသည်။ ထို့အတွက် သူ စုယွမ်ဆီ အထူးတလယ်လာကြည့်ရတာဖြစ်၏။

သူ နေရာပတ်လည်ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။

“မင်းဆရာကရောဒီမှာနေတာလား။”

“ကျွန်တော့်ဆရာလား။”

စုယွမ် ကြောင်အသွားရသည်။

“အေးလေ၊ ဒါက စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်နေရာမလား။ မင်းကအခုမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ပဲရှိသေးတာ၊ မင်းက စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအကြီးအကဲတစ်ယောက်ရဲ့တပည့်မလို့ပဲဖြစ်ရမယ်လေ။”

တောင်ကြားသခင်ဟောင်းမှာ သာမန်ကာလျှံကာသာဆိုလာ၏။

ထို့နောက် သူက စုယွမ်ရှေ့တွင်ပင် ပျံသန်းနေတော့သည်။ ၎င်းပျံသန်ခြင်းမှာ မည်သည့်အစွမ်းနှသုံးထားခြင်းမဟုတ်ဘဲ ရွှေအမြူတေအဆင့်၏စွမ်းအင်များထဲမှတစ်ခုသာဖြစ်ပေ၏။

စုယွမ်မှာလည်း ရှုပ်ထွေးစွာမေးလိုက်ရသည်။

“တောင်ကြားသခင်ဟောင်း၊ ထိုင်ပါဦး။”

တောင်ကြားသခင်ဟောင်းမှာ ချောင်းဟန့်၍ ဆိုလိုက်သည်။

“စုယွမ်၊ မင်းရဲ့အလားအလာကကောင်းပေမဲ့ မင်းအားလပ်ချိန်လေးမှာလည်းစာများများဖတ်သင့်တာပေါ့။ မင်း ငါတစ်ခုခုကွဲပြားနေတာကိုသတိမထားမိဘူးလား။”

စုယွမ်ကလည်း လူအိုကြီးလန်၏အမြင့်အတိုင်း လေပေါ်သို့ပျံတက်သွားပြီး သူ့ကိုလှည့်ပတ်လိုက်သည်။ ထို့နောက်မှ သူ မြေပေါ်သို့ပြန်ဆင်းရင်း လက်ဖက်ရည်တစ်ငုံသောက်ကာ ခေါင်းခါပြလိုက်၏။

“ကျွန်တော်တော့မတွေ့ပါဘူး။ တောင်ကြားသခင်ဟောင်း သေချာလေးရှင်းပြပေးပါလား။”

လူအိုကြီးလန်၏မျက်လုံးများပြူးကျယ်လို့ ပါးစပ်ကလည်း အဟောင်းသားဖြစ်သွားရချေပြီ။

သူ့မှာ ပြက္ခဒိန်ကိုပင်ထုတ်၍ လက်ချောင်းထောက်ကာ ရက်တွက်ကြည့်ပြီး ရေရွတ်လိုက်ရသည်။

“ဟုတ်ပါတယ်၊ နှစ်နှစ်လောက်ပဲရှိသေးတာပါ၊ နှစ်နှစ်ရာရှိသွားတာလည်း မဟုတ်ဘူးကို။”

စုယွမ်၏နှုတ်ခမ်းထောင့်များမှာ အပြုံးတစ်ခုအသွင် တွန့်ကွေးသွားကြ၏။ ဒီအဘိုးကြီးမှာ သူ့ရှေ့လာပြီး ကြွားဝါချင်နေတာပင်၊ ရယ်ရပါ၏။သူဟာ ရွှေအမြူတေအဆင့်မရောက်သေးလင့်ကစား အနည်းဆုံးတော့ ရွှေမှုန်အဆင့်တော့ရှိနေပြီပင်။ ပြောရလျှင် ရွှေအမြူတစ်စိတ်တစ်ပိုင်းသာပင်ဖြစ်သည်လေ။

“မင်းက တကယ်ကြီး ရွှေအမြူတေအဆင့်ရောက်သွားတာလား။”

တောင်ကြားသခင်ဟောင်းမှာ ယခုထိတိုင်မယုံနိုင်သေး။

“ငါက နှစ်နှစ်ရာတောင်ရှိပြီလေ။ မင်းအသက်ငယ်ငယ်လေးနဲ့ တကယ်ပဲ ရွှေအမြူတေအဆင့်ရောက်သွားတာလား။ ဒါကြီးက တအားယုတ္တိမရှိတာမဟုတ်ဘူးလား။”

စုယွမ် ခေါင်းခါပြ၍ ပြောလိုက်သည်။

“ကျွန်တော်က အခုထိရွှေအမြူတေအဆင့်မရောက်သေးပါဘူး။ ရွှေမှုန်အဆင့်ပဲရှိသေးတာပါ။”

“ဘာကြီး။ ဘာကို ရွှေမှုန်အဆင့်လဲ။ ဘာတွေလာပြောနေတာလဲ။”

တောင်ကြားသခင်ဟောင်းမှာ လက်ရမ်းလိုက်ပြီး စုယွမ်ဘေးတွင် ထိုင်ကာ လက်ဖက်ရည်ခွက်ကိုယူပြီး အလုပ်အကြီးအကြီးတစ်ငုံသောက်လိုက်၏။ ခါးသက်သက်အရသာတစ်မျိုးမှာ သူ့ပါးစပ်ပျံ့လွှင့်သွားလေသည်။

သူ သက်ပြင်းချလိုက်၏။

“ငါက တကယ်တော့ ထူးခြားတဲ့ဆေးတစ်မျိုးကို မင်းအတွက်ညွှန်းပေးမလို့လာတာ။ ဒါပေမဲ့ မင်းက အဆင့်တက်ပြီးသွားပြီဆိုတော့ မလိုတော့ဘူးထင်တယ်။”

စုယွမ်၏နှုတ်ခမ်းထောင့်များမှာ တွန့်ကွေးသွား၏

“တွေးပေးတဲ့အတွက်ကျေးဇူးပါ၊တောင်သခင်။ ဟားဟား။”

တောင်ကြားသခင်ဟောင်းကတော့ ရေရွတ်နေဆဲ။

“မင်းနဲ့အသုတ်တူတဲ့ထဲက လျှိုမူဝမ်နဲ့ယဲ့ဖိဖန်တို့ဆိုရင်တော့ ဒါကိုတော်တော်လေးလိုနေကြမယ်ထင်တယ်။ ကြည့်ရတာ ငါ သူတို့ကို သွားရှာပြီး ညွှန်းပေးလိုက်မယ်။”

စုယွမ်၏မျက်ခမ်းထောင့်မှာတောင် တွန့်သွားရသည်။

“တောင်ကြားသခင်ဟောင်း၊ ခင်ဗျားအဆင့်တက်သွားတာကို ဂုဏ်ပြုလတ်ဆောင်မပေးရသေးဘူး။”

စုယွမ် လှမ်းအော်လိုက်သည်။

“ရှောင်လီ ငွေမှင်တောက်ရေနည်းနည်းလောက်ယူခဲ့ပါလား။”

“ကောင်းပြီ။”

အသံသေးသေးလေးတစ်သံမှာ အိမ်ထဲမှထွက်ပေါ်လာ၏

တောင်ကြားသခင်ဟောင်းမှာ ရှုပ်ထွေးစွာလှည့်ကြည့်လိုက်ရ၏။

All Chapters