← Chapters

အခန်း ၁၂၈

Vol. 13 Ch. 128

အခန်း ၁၂၈

Vol. 13 Ch. 128

Chapter 128: ကျော်ကြားမှုအမှတ်ထိုးတက်ခြင်း။

စုယွမ်လည်း ရှောင်ချမ်ကို သူ၏အသိစိတ်ပင်လယ်ကို ဝင်ကြည့်ခိုင်းလိုက်သည်။

ထို့နောက်တွင်တော့ ရှောင်ချမ် တိတ်ကျသွား၏၊ အချိန်တစ်ခုအကြာအထိ တိတ်ဆိတ်သွားပြီးမှ ပြောလာသည်။

“မင်းက တကယ်ပဲ တစ်ယောက်ယောက်ရဲ့ပြန်လည်မွေးဖွားလာတာများလား။ ဒီလိုမျိုး သဘာဝတားမြစ်အခင်းအကျင်းကိုတောင် ခန္ဓာကိုယ်ထဲထည့်နိုင်တယ်ဆိုတော့။ ငါဖြင့် ဒီလိုအဖြစ်မျိုး မကြားဖူးပါဘူး။ ဒီလောက်နှစ်တွေအကြာကြီး အသက်ရှင်လာတာ ဒီလိုမျိုးတစ်ခါမှ မမြင်ဖူးဘူး။ နောက်ပြီး မင်းကိုယ်ထဲက အခင်းအကျင်းက ဆဌမအဆင့်တောင်ရှိလောက်တယ်။ ဒါကြီးကို ကိုယ်ထဲထည့်ထားရဲတာ ပေါက်ကွဲထွက်သွားမှာ မကြောက်ဘူးလား။”

စုယွမ် လက်ဝေ့ပြ၍ ဆိုလိုက်သည်။

“အခြေခံအုတ်မြစ်ကိုတည်နေတုန်းက ကောင်းကင်ဘုံက ငါ့ကို ကူညီနေခဲ့တယ်ထင်ပါရဲ့၊ ဒီအတိုင်းပဲ အောင်မြင်သွားခဲ့တာ။ ကံကောင်းသွားတယ်ပြောရမယ်။”

“တော်တော်လေးကို မင်းဟာကြီးက သဘာဝတရားကိုပါ ဖီဆန်နေတာကြီး။ ငါ မင်းလက်ထဲရောက်သွားရတာ အံ့ဩစရာမရှိတော့ပါဘူး။”

ရှောင်ချမ်မှာတော့ သူ စုယွမ်လက်ထဲရောက်သွားတာ ကံကောင်းသည်ဟုတွေးရင်း ပျော်ရွှင်လာရသည်။

“ငါ့မှာလည်း ရှိတယ်၊ ငါ့မှာလည်း ရှိတယ်။”

ရှောင်လီမှာ နောက်ဆုံးတော့ သူဝင်ပြောလို့ရမည့်အကြောင်းအရာတွေ့ပြီပင်။

“ငါ့ကိုယ်ထဲမှာလည်း တားမြစ်အခင်းအကျင်းတစ်ခုရှိတယ်။ စုယွမ်နဲ့အတူတူပဲ။”

ရှောင်ချမ် အံ့ဩသွားရ၏။

“မင်းမှာလည်း ရှိတာလား။ မင်းက ဒီအတိုင်း သိုလှောင်ပစ္စည်းတစ်ခုပဲမဟုတ်ဘူးလား။ ဘာလို့ တားမြစ်အခင်းအကျင်းရှိနေတာလဲ။”

“ဟမ့်။ ငါက ကောင်းကင်ဘုံရတနာပဲကွ။ မင်း ကောင်းကင်ဘုံရတနာဆိုတာ ဘာလဲကြားဖူးလား။”

ရှောင်လီမှာ ကြွားချင်သလောက်ကြွားဝါပြီးမှ ပြန်ထွက်သွားလေသည်။

စုယွမ်လည်း ပြုံးနေပေ၏။

သူ ဆက်၍ နတ်ဘုရားအာရုံကို သုံးနေသောကြောင့် ဝိညာဉ်အားဖြည့်သစ်သားကလည်း တဖြည်းဖြည်း ပို၍ကြီးထွားလာ၏။

ဝိညာဉ်အားဖြည့်သစ်သားမှာ မိုးခေါင်သည့်ဒေသတစ်ခုမှ အပင်တစ်ပင် မိုးရေကို ကြာကြာနေမှ တစ်ခါခံစားလိုက်ရသည့်နှယ်၊ ၎င်းက ပေါ်ကူဆေးရည်၊ ကြယ်စွမ်းအင်နှင့်တကွ မြေစွမ်းအင်တို့သာမက စုယွမ်၏နတ်ဘုရားအာရုံကိုပါ အရူးအမူးစုပ်ယူနေတော့သည်။

တစ်နာရီတိတိကြပြီးနောက်တွင် ဝိညာဉ်အားဖြည့်သစ်သားလည်း အရူးအမူးစုပ်ယူနေခြင်းရပ်တန့်သွား၏၊ အနှီသစ်သားကလည်း ရလဒ်အနေဖြင့် ဆယ်ဆလောက်ပို၍ကြီးလာ၏။

“ဒါက နှစ်တစ်ရာသက်တမ်းရှိတဲ့သစ်သားပဲ၊ တစ်နှစ်မဟုတ်ဘူးကွ။ ဟိုတောင်ကြားသခင်ဟောင်းက မှားထင်နေတာနေမယ်။”

စုယွမ်က ရယ်မောကာ ဆိုလိုက်၏။

“မင်းအသားကုန်အားဖြည့်ပေးနေမှတော့ ဒီဝိညာဉ်အားဖြည့်သစ်သားက ဒီလောက်ကြီးထွားဖို့ကလွဲ ဘာရှိဦးမှာလဲ။ အခု မင်းရဲ့နတ်ဘုရားအာရုံနဲ့ အားဖြည့်ပေးထားတဲ့အတွက် ဒီထဲမှာ ငွေရောင်ဝိညာဉ်တစ်ခုတော့ ရှိလောက်ပြီ။ မင်းသာ တစ်ခုခုဖြစ်သွားခဲ့ရင် ဒီငွေရောင်ဝိညာဉ်ကပဲ ရွှေအမြုတေအဆင့်အစွမ်းတွေပါအကုန်ပါမဲ့ခန္ဓာတစ်ခုပြန်တည်ဆောက်ပေးလိမ့်မယ်။ မင်းအတွက် ဝှက်ဖဲတစ်ခုရှိသွားတာပေါ့။”

စုယွမ်လည်း ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏။

ဤသည်မှာ သူ့အတွက် အသက်ကယ်ကတ်တစ်ခုဖြစ်လာလိမ့်ချေမည်။ တကယ်ဆိုလျှင် စုယွမ် ထိုသို့ဝှက်ဖဲများ တတ်နိုင်သမျှများများ လိုချင်မိပါ၏။ သူသာ ဝိညာဉ်အားဖြည့်သစ်သားထဲ ကျင့်ကြံနိုင်ခဲ့ပါက စိတ်ဝိညာဉ်ဖွံ့ဖြိုးအဆင့်ရောက်လျှင် ၎င်းသစ်သားက ထိုအဆင့်အတွက် ပိုမိုသင့်တော်သောခန္ဓာကိုယ်ကိုထုတ်ပေးနိုင်သည်။ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်ကလည်း ထိုသစ်သားတွင်နေထိုင်ကာ ဘဝသစ်ကိုပြန်စနိုင်စွမ်းရှိသည်လေ။

ထို့ကြောင့် အဆင့်လေးဝိညာဉ်အားဖြည့်သစ်သားတစ်ခုမှာ တစ်နှစ်သက်တမ်းရှိသစ်သားထက်များစွာ တန်ဖိုးရှိပါ၏။

ကျင့်ကြံရေးလောကတွင် ဝိညာဉ်အားဖြည့်သစ်သားများက အလွန်ရှားပါးကြ၏၊ တစ်နှစ်သက်တမ်းရှိသစ်သားကတောင် လွန်စွာတန်ဖိုးကြီးလှရာ စုယွမ် တောင်သခင်ဟောင်းကို ပေးလိုက်သော ဝိညာဉ်ရေနှင့် အလဲအထပ်လုပ်ရန် လုံလောက်သည်ဆိုတာထက်ပိုသည်ပင်။

ယခုတွင်မူ နှစ်တစ်ရာသက်တမ်းရှိဝိညာဉ်အားဖြည့်သစ်သားဖြစ်နေလေရာ အသက်ကယ်ရတနာနှင့်ပင် တန်ဖိုးတူညီ၏။

“ငါကံပဲ အရမ်းကောင်းနေတာလား။ ဒီလိုပစ္စည်းကောင်းတွေကို လွယ်လွယ်ကိုရနေတော့တာပဲ။ ဒါပေမဲ့ ဒီလောက်ကံကောင်းနေရင်လည်း သိပ်တော့ကောင်းတာမဟုတ်ဘူး။”

စုယွမ် တွေးနေရင်း အကြည့်များက ရုတ်ချည်းစူးရှသွားကြ၏။

“တကယ်လို့ အခုကောင်းတဲ့ကံတွေပဲကြုံနေရတော့ နောက်ပိုင်း မကောင်းတာတွေ ကြုံရရင်ဘယ်လိုလုပ်မလဲ။ ထားပါတော့၊ ကျင့်ကြံဆင့်သာ မြင့်နေသရွေ့ကတော့ ဒီလောကမှာ ဘာလာလာကြောက်စရာမလိုပါဘူး။”

စုယွမ်လည်း ဝိညာဉ်အားဖြည့်သစ်သားကို သာမာန်လျှံကာသာ ပြန်ကြည့်လိုက်ပြီး ခြံဝန်းထဲပြန်ကာ လက်ဖက်ရည်သာ သောက်နေလိုက်၏။ သူ၏အမြင်အာရုံမှာ နှစ်ခြမ်းကွဲလို့နေပြီး တစ်ခြမ်းမှာ ငွေဖြူဝိညာဉ်ရေတံခွန်က နေရာယူထားပြီး ကျန်တစ်ခြမ်းကတော့ စိတ်အာရုံစွမ်းရည်က ပြသသော မြင်ကွင်းများကို စူးစမ်းနေပေသည်။

တာအိုပညာနှင့်သဘာဝကို အသုံးပြုကာ ကောင်းကင်နှင့်မြေကြီး၏နိယာမများကို လေ့လာခြင်းက တစ်ဖက်ဖြစ်ပြီး လောကကြီး၏အမျိုးမျိူးပြောင်းလဲနေသောအခြေအနေများကို စောင့်ကြည့်နေခြင်းကလည်း တစ်ဖက်ဖြစ်ပေသည်။

သူ လက်ဖက်ရည်လေးသောက်နေရင်းဖြင့် ခံတွင်းထဲရှိ ချိုမြိန်မှုနှင့်ခါးသက်မှုရောစပ်နေသော အရသာကိုလည်း ခံစားရင်း ဝိညာဉ်စွမ်းအင်များကလည်း စုယွမ်ကိုယ်ထဲရှိ အခင်းအကျင်းကြောင့် ဆက်တိုက် စုပ်ယူခံနေရ၏။

မိနစ်တိုင်းစက္ကန့်တိုင်းတွင် စုယွမ်ဟာ အနားယူနေသော်ငြား ပို၍ပိုကာပင် သန်မာလာလေ၏။

သူ စွမ်းရည်များကို အသုံးချလိုက်သောအချိန်တွင်တော့ ခွန်အားများက အဆင့်ခုန်တက်လို အဆမတန်ပင် သန်မာလာရတော့သည်။

ဝေဟင်ကမ္ဘာပန်းကန်လုံးကတော့ စုယွမ်ကို ကြည့်ရင်း အလွန်ကို အံ့ဩနေရတော့၏။

“သူက ကျင့်ကြံနေတာလား။ တာအိုကို လေ့လာနေတာလား။ ဒါမှမဟုတ် ဒီအတိုင်း အနားယူနေတာလားဟ။ ဘာလို့ ဒီသခင်အသစ်က အရမ်းထူးဆန်းသလို ခံစားနေရတာလဲ၊ သူက တကယ်ကို သန်မာတာပဲ။”

ဆယ်ရက်ကြာပြီးနောက်တွင် စနစ်မြည်သံတစ်ခု ရောက်ရှိလာ၏။

【ဒင်၊ ကျော်ကြားမှုအမှတ်+ 5000】

“ဟဲ့ ငါ့လခွေး ဘာလဲဟ။”

စုယွမ်မှာ ထိတ်လန့်သွားပြီး စနစ်မျက်နှာပြင်ကို မြန်မြန်စစ်ကြည့်လိုက်ရတော့သည်။

【အမည်】: စုယွမ်

【နယ်မြေ】: ချင်းခယ်ကုန်းမြေ

【အဆင့်】: လူသိများကျော်ကြား(89425/ 100000)

【ကျင့်ကြံမှုအဆင့်】: အစောပိုင်းအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (70/100)၊ ရွှေမှုန်အဆင့်နှောင်းပိုင်း။

【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၂၂.၃ရက်။

【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာဝ။

【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။

【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ။

“အမလေး၊ ဂရုလေးမစိုက်မိတာ ကျော်ကြားမှုအမှတ်က ၄၀၀၀၀ကနေ ၉၀၀၀၀နီးပါးဖြစ်သွားပါလား။”

စုယွမ်လည်း ချက်ချင်း စနစ်အသိပေးချက်ကို စိုက်ကြည့်လိုက်၏။

နောက်တစ်ခဏတွင် စိတ်အာရုံစွမ်းရည်က အသက်ဝင်လာလေသည်။

အမတအကြီးအကဲနန်ကုန်းမှာ မဲမှောင်နေသောမျက်နှာဖြင့် တံတွေးထွေးထုတ်လိုက်၏၊ သို့သော်ငြား လျှာဖျားပေါ်တွင်မူ ဆိုးဝါးသောအရသာက ကျန်ရစ်နေဆဲပင်။

သူဟာ စူပုပ်လျက် ဆဲရေးဆိုတော့၏။

“ဘာကို ဘယ်အဆင့်ကိုမဆို ကျင့်ကြံနှုန်းမြင့်ပေးနိုင်တဲ့ဆေးလုံးကမှာလဲ။ ငါ ရူးနေလို့ ဒီလို အဓိပ္ပာယ်မရှိတာတွေယုံမိတာ။ ဒါက သာမန်ပေါ်ကူဆေးလုံးပဲကို။ အရသာာပိုဆိုးနေရုံပဲရှိတယ်။ ဘယ်ပညာရှင်ကများ ဒီလိုဟာမျိုးကို ဖော်စပ်လိုက်ပါလိမ့်၊ ဒါ့အပြင် ဘယ်လိုကျေးဇူးရှင်ကရော ငါ့ကို ဒီသတင်းဖြန့်လိုက်တာလဲ။ နောက်ပြီး ငါကလည်း တကယ်ယုံလိုက်မိသေးတယ်။”

အမတအကြီးအကဲနန်ကုန်းမှာ လက်ကိုယမ်းလိုက်ရင်း အရှေ့ရှိဆေးလုံးများကို ပြာကျသွားစေလိုက်သည်။ သူက အသံကို တစ်နေရာသို့လွှင့်လိုက်၏။

နန်ကုန်းဟော်ယွီကလည်း ချက်ချင်းရောက်လာပြီး ဦးညွတ်လာသည်။

“ဘိုးဘေးကို ဂါဝရပြုပါတယ်။”

“ငါ မင်းကို မေးဦးမယ်။ ဘယ်သူက ဒီဆေးလုံးက အဆင့်တက်ဖို့ ကူညီပေးတယ်လို့ ပြောလိုက်တာလဲ။”

အမတအကြီးအကဲနန်းကုန်က သူ့လက်ထဲရှိရောင်စုံဖြစ်နေသော ပေါ်ကူဆေးလုံးကို ပြလိုက်သည်။

နန်ကုန်းဟော်ယွီလည်း အံ့ဩသွားရ၏။

“ဟမ်၊ ဘိုးဘေးက ဒါကို ဘယ်လိုသိတာလဲ။”

အမတအကြီးအကဲနန်ကုန်း၏မျက်နှာမှာ မဲမှောင်သွားလျက်၊ သူက ဆေးလုံးအကြောင်းချောင်းနားထောင်ခဲ့တာကို သတိရသွားရသည်။

“ငါမင်းကို မေးနေတာကို အရင်ဖြေ။”

အမတအကြီးအကဲနန်ကုန်းက သူမကို စိုက်ကြည့်လိုက်သည်။

“အမ်း၊ ကျွန်မ အဲ့ဒါကို တောင်ကြားသခင်ဟောင်းဆီက ကြားခဲ့တာပါ။ သူက တော်တော်လေးကို ဒီဆေးကို ညွှန်းပေးနေတာ၊ အချို့တပည့်တွေကလည်း တကယ်ပဲ အဲ့ဒီဆေးလုံးကြောင့် အဆင့်တက်သွားကြသေးတယ်။ သတင်းတွေအရတော့ အဆင့်တက်ဖို့အောင်မြင်နှုန်းကို တကယ်ပဲ ဆယ်ပုံတစ်ပုံမြှင့်ပေးတာတဲ့.။ ဒါတွေက လူတိုင်းမျက်စိနဲ့မြင်ခဲ့တာ၊ သူပြောရုံနဲ့ ကျွန်မတို့လျှောက်ယုံနေတာမဟုတ်ပါဘူး။”

အမတအကြီးအကဲနန်ကုန်းမှာ အံ့ဩသွားရသည်။

“တကယ်လား။”

“တကယ်ပါ။”

နန်ကုန်းဟော်ယွီလည်း ခေါင်းညိတ်ပြလိုက်သည်။

အမတအကြီးအကဲနန်ကုန်းမှာ မျက်မှောင်ကြုတ်သွားရပြီး ကိစ္စများကလည်း ဤမျှ မရိုးရှင်းနိုင်ကြောင်းခံစားလိုက်ရ၏။

သူလည်း ချက်ချင်း ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်း၏အစီအရင်အစောင့်အရှောက်ဝိညာဉ်နှင့် ဆက်သွယ်လိုက်သည်။

အစီအရင်အစောင့်အရှောက်ကလည်း သူ့ရှေ့မြန်မြန်ပေါ်လာပြီး အမတအကြီးအကဲနန်ကုန်း၏စကားအတိုင်း ဂိုဏ်းအတွင်း ဒီတစ်လောဖြစ်ပျက်ခဲ့သောကိစ္စရပ်များကို ပြန်လည်ပြသလာ၏။

ထောင်ချီသောမြင်ကွင်းများက သူ့ရှေ့လျင်မြန်စွာ ဖြတ်ပြေးသွားသော်ငြား သူကတော့ တစ်ခုချင်းစီကို အသေးစိတ်လိုက်ကြည့်၍ လက်များလည်း တွက်ချက်လို့ ဒီအတောအတွင်း ဖြစ်ပျက်ခဲ့သည့်ထူးဆန်းမှုများကို ရှာနေ၏။

တဖြည်းဖြည်းနှင့် ဂိုဏ်းထဲရှိစာအုပ်များက ပုံရိပ်ထဲပေါ်လာသည်။

《စုယွမ်ရေးသားသော အခြေခံချီစုဆောင်းခြင်း》

《စုယွမ်ရေးသားသောအစီရင်ပညာ...》

《စုယွမ်ရေးသားသော...》

《စုယွမ်ရေးသားသောဆေးပညာ...》

စာအုပ်များက နောက်ဆုံးတွင် ညင်သာစွာပြုံးနေသောလူငယ်လေးတစ်ယောက်၏တည်ငြိမ်သောပုံရိပ်အဖြစ် ဖွဲ့စည်းသွားကြ၏။

အမတအကြီးအကဲနန်းကုန်း တိတ်ဆိတ်သွားရသည်။

နန်ကုန်းဟော်ယွီလည်း အမတအကြီးအကဲနန်ကုန်း၏တွက်ချက်မှုရလဒ်ကို နားလည်သော်ကြောင့် အံ့ဩသွားရ၏။

သူမလည်း တုန်တုန်ယင်ယင်ပင် ဝင်ပြောလိုက်သည်။

“ဒါတွေက စုယွမ်ရဲ့ထိပ်သီးကျင့်စဉ်တွေနဲ့ ဆက်စပ်မှုရှိနေတာလား။”

အမတအကြီးအကဲနန်ကုန်းလည်း ဖြေးညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်။ အဲ့ဒီအရသာဆိုးတဲ့ပေါ်ကူဆေးက ဘာအကျိူးအာနိသင်ရှိတာမဟုတ်ဘူး။ မဟုတ်သေးဘူး၊ လူရဲ့စိတ်ကိုကြံခိုင်စေတဲ့အာနိသင်တစ်ခုခုတော့ ရှိမှပေါ့။ ဒါပေမဲ့ အဓိက သက်ရောက်မှုက စုယွမ်ရဲ့ထိပ်သီးကျင့်စဉ်တွေနဲ့ဆိုင်နေတယ်။”

“သူက ချီစုဆောင်းခြင်းအဆင့်ကနေ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အထိကို ခန္ဓာကိုယ်သန့်စင်ဖို့၊ ဝိညာဉ်စွမ်းအင်စုစည်းဖို့၊ ချီစုဆောင်းဖို့၊ အစီအရင်တွေ၊ မန္တန်တွေ၊ ဓါးကျင့်စဉ်တွေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့နိယာမတွေအထိပါ သေချာ အသေးစိတ်ရှင်းပြထားတာ။ ဒါကို လေ့လာတဲ့တပည့်တွေက အဆင့်တက်တဲ့အခါ ပိုလွယ်ကူသွားကြတာပေါ့။”

“အဲ့ဒီတော့ ဒါကတော့ စုယွမ်ရဲ့ထိပ်သီးကျင့်စဉ်တွေကြောင့်ရတဲ့အာနိသင်ပဲပေါ့၊ ဒါပေမဲ့ လူတွေက ဆေးလုံးကြောင့်ပဲလို့ မှားထင်သွားကြတာပဲ။”

အမတအကြီးအကဲနန်ကုန်းက ဖြေးဖြေးညင်းပြောလာသည်။

“အဲ့ဒါဆိုရင် ကျွန်မ တောင်ကြားသခင်ဟောင်းကို သတင်းမှားတွေ ဆက်မဖြန့်ဖို့ပြောရမယ်။ ကျွန်မ စုယွမ်ဘက်က သက်သေလိုက်ပေးရမယ်။”

“နေဦး။”

အမတအကြီးအကဲနန်ကုန်း၏မျက်လုံးထဲ နားလည်မှုတစ်ခု ဖြတ်ပြေးသွား၏။

“တကယ်တော့ ငါတို့ဂိုဏ်းထဲအဆင့်တက်ဖို့လုပ်နေတဲ့တပည့်အရေအတွက်မနည်းဘူး၊ သတင်းတွေကတဆင့် အခြားဂိုဏ်းတွေဆီပါ ဆေးလုံးအကြောင်းပျံ့သွားမှာပဲ။ အဲ့ဒီသတင်းကပဲ စုယွမ်ရဲ့ထိပ်သီးကျင့်စဉ်တွေအကြောင်းကို ဖုံးပေးလိမ့်မယ်။ ပြောရရင် စုယွမ်က တအားငယ်သေးတယ်၊ သူ အတိုင်းထက်အလွန်ကျော်ကြားဖို့ မသင့်တော်သေးဘူး။”

“ဒီကိစ္စက အချိန်ကိုက်ဖြစ်တာပဲ၊ အရမ်းကောင်းတယ်။”

အမတအကြီးအကဲနန်ကုန်းက ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

“ငါ ဒီဆေးဖော်တဲ့ဆေးပညာရှင်ကိုရှာပြီး များများထပ်လုပ်ခိုင်းရမယ်။ ဒီဆေးလုံးတွေပေါ်လာတာအရမ်းကောင်းတယ်။ တောင်ကြားသခင်ဟောင်းရဲ့သတင်းဖြန့်တာကလည်း အချိန်ကိုက်ပဲဆိုတော့ ကိစ္စတွေအားလုံးက ကောင်းကင်ဘုံက စီစဉ်တာပဲဖြစ်ရမယ်...”

ထို့နောက် အမတအကြီးအကဲနန်ကုန်းလည်း အစီအရင်အစောင့်အရှောက်ကို ဆေးဖော်သူကို ရှာခိုင်းလိုက်၏။

ထို့နောက်တွင်တော့ ရင်းနှီးလှသောပုံရိပ်လေးတစ်ခုက သူတို့မြင်ကွင်းထဲပေါ်လာခဲ့၏။

ထိုသူမှာ စုယွမ်ပါပေ။

အမတအကြီးအကဲနန်ကုန်းလည်း ထိတ်လန့်သွားရသည်။

“လာပြန်ပြီ၊ စုယွမ်ပဲလား။ သူက ပြီးပြည့်စုံခြင်းအဆင့်ပေါ်ကူဆေးလုံးတွေ သန့်စင်နိုင်တာ မအံ့ဩပါဘူး၊ ဒါပေမဲ့ ဘာလို့ သူက ဒီလောက်ဆေးလုံးတွေအများကြီး သန့်စင်နေရတာလဲ။ ခွီးတဲ့မှပဲ အခန်းအပြည့်တောင်လား၊ ဘယ်လောက်တောင်လဲဟ။”

သူ တောင်ကြားသခင်ဟောင်း၏ပုံရိပ်ကိုရှာလိုက်တော့ အနှီသူက စုယွမ်ဆီသွားတာကို မြင်လိုက်ရသည်။ သူ အစီအရင်များကြောင့် အထဲကအခြေအနေများကို မမြင်နိုင်ပေတည့် တောင်ကြားသခင်ဟောင်းမှာ စုယွမ်ဆီမှ ထွက်သွားပြီးနောက်တွင် အခြားတောင်များကို လည်ပတ်လျက် သူ့ကိုယ်သူ စုယွမ်၏ဆရာဟု လိုက်ပြောနေတာကို မြင်လိုက်ရ၏။

အရာရာတိုင်းက ခြေရာခံလို့ ရသွားပြီပင်။

“ဒါက ဆက်ခံသူအရှင်ပဲ၊တွေ့လား။ ဝံ့ကြွားမနေဘဲ အသေးစိတ်လေးတွေက အစစဉ်စားပြီး ရေရည်ကြည့်အစီစဉ်ဆွဲတတ်တာ။ တကယ်ကို တော်တယ်ကွာ။”

အမတအကြီးအကဲနန်ကုန်းက လုံးဝကို ချီးမွန်းတော့သည်။

နန်ကုန်းဟော်ယွီလည်း ထပ်မံတစ်ခါ အံ့ဩသွားရပြန်လေပြီ။

“အဲ့ဒီတော့ ဒါကြောင့်ကို။”

နန်ကုန်းဟော်ယွီတွင် လေးစားမှုများ ပြည့်သွား၏။

“အကြီးအကဲစုက ဒီလောက်အထိရေရည်တွေးလိမ့်မယ်ထင်မထားခဲ့ဘူး။ တကယ်ကို ဘယ်သူမှမရိပ်မိခဲ့တာ။ ကျွန်မဆို ဒီလောက်ထိ နက်နက်နဲနဲမတွေးနိုင်ပါဘူး။”

သူမမှာ တစ်ခဏမျှ တန့်သွားပြီး ထပ်ပြောလာသည်။

“ဒါတစ်ခုလုံးက တိုက်ဆိုင်တာလို့ခံစားနေရတုန်းပဲ။ ကျွန်မလည်း တောင်ကြားသခင်ဟောင်းအကြောင်းနည်းနည်းပဲသိလို့လေ။”

“အဲ့ဒါ သူက အရှက်မရှိလို့ ဒီလိုတွေလုပ်နိုင်တာလေ။ နောက်ပြီး တကယ်လို့ တိုက်ဆိုင်တာသက်သက်ပဲဆိုရင် ပိုတောင် ကြောက်ဖို့ကောင်းသွားပြီ။”

အမတအကြီးအကဲနန်ကုန်းက ထပ်ပြောလာ၏။

“အဲ့ဒီလိုသာဆိုရင် စုယွမ်ရဲ့ကံက ကောင်းခြင်းတွေပဲရပြီး ကပ်ဘေးတွေကို လွယ်လင့်တကူရှောင်လွှားတဲ့အထိကောင်းနေပြီ။ အန္တာရယ်ကို လုံခြုံအောင်လုပ်နိုင်တယ်၊ ဆိုးတာကို ကောင်းသွားအောင်လုပ်ပြီး ကောင်းတာဆိုပိုတောင်ကောင်းသွားစေတာပဲ။ မြန်မြန်သွားပြီး ငါ့အတွက် ဟင်းတစ်ပွဲလောက်ယူလာစမ်းပါ။ ငါ ကြက်ကင်စားချင်တယ်၊ အရသာကောင်းတာလေးရှာနော်၊ မကောင်းလို့ကတော့ လွှင့်ပစ်မယ်။”

“ဟမ်၊ ဟုတ်၊ ဟုတ်ကဲ့ပါ။”

နန်ကုန်းဟော်ယွီမှာ ဒါကိုကြားတော့ ချက်ချင်းနာခံလိုက်၏၊ သို့သော် သူမကတော့ ထိုသူက အစားကောင်းကောင်းစားချင်၍ အကြောင်းပြချက်များလျှောက်ရှာနေသည်ဟုသာ ခံစားလိုက်ရ၏။

All Chapters