အခန်း ၁၃၀
Vol. 13 Ch. 130
Chapter 130
လူအုပ်ကြီးထဲတွင် မန္တန်ဆိုင်ရာတောင်ထိပ်မှ ယဲ့ပိဖန်လည်း ရောက်ရှိနေ၏။ သူက ဤအတောအတွင်း သုံးခြယ်အကြွင်းမဲ့တောင်ထပ်ကို ခဏခဏလာတတ်သည်ဖြစ်ရာ သတင်းများကိုကြားသည့်အတွက် တမင်တကာလာနားထောင်ကြည့်ခြင်းဖြစ်၏။
သူ့နောက်တွင်တော့ ယဲ့ပိဖန်ဖြောင်းဖျမှုကြောင့် ထိပ်သီးကျင့်စဥ်များကိုစတင်ကျင့်ကြံနေသော လျှိုမူဝမ်လည်းရှိ၏။
လျှိုမူဝမ်၏ခံစားချက်များမှာ ထိုအချိန်တွင် ရှုပ်ထွေးနေရသည်။ သူမမှာ တစ်နေ့နေ့တွင် သူမနှင့်အသက်တူသူထံမှ သင်ခန်းစာပို့ချတာကို လာနားထောင်ရမည်ဟု မထင်ထားခဲ့ချေ။ ထိုအချိန်ကဆိုလျှင် သူမဟာ စုယွမ်ထက် တော်ခဲ့သော်လည်း မျက်စိတစ်မှတ်အတွင်းတွင်ပင် စုယွမ်က အကြီးအကဲတစ်ဦးဖြစ်သွားခဲ့၏။ အနှီလူ၏ခွန်အားကလည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုကျော်ကာ ရွှေအမြူတေအဆင့်ကိုတန်း၍တည်ဆောက်နိုင်သွားခဲ့သည်။
တကယ်ကို အံ့သြစရာပါပင်။
သူမ တကယ်တော့ ယခင်ကအသိအကျွမ်းဆက်ခံရေးကိုသုံး၍ စုယွမ်ဆီသွားတွေ့ချင်ခဲ့တာဖြစ်သည်၊ သူ့တပည့်ဖြစ်ချင်လို့တော့မဟုတ်၊ သူ့ဆီမှ အကြံဥာဏ်တစ်ခုခုလောက်ဖြစ်ဖြစ် တောင်းခံကြည့်ချင်တာပင်။ သို့သော် သူမ မျက်နှာပျက်ရမည်ကိုတွေးနေသောကြောင့် မသွားနိုင်ခဲ့ပေ။
သူမ ခန်းမ အနောက်ဘက်ရှိထိုင်ခုံများကိုလှမ်းကြည့်လိုက်သည်။
အများစုမှာ ချီစုဆောင်းခြင်းအဆင့်တပည့်လေးများဖြစ်ပြီး သူမတို့နှင့်မျိုးဆက်တစ်ဆက်နှစ်ဆက်သာကွာလောက်ပေမည်။
ထို့အတူ အသက်အနည်းငယ်ကြီးသည့်ချီစုဆောင်းခြင်းအဆင့်တပည့်များလည်းရှိနေ၏။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တပည့်များလည်းရှိနေသော်ငြား ထိုသူတို့ကအနည်းငယ်သာဖြစ်ပေသည်။
သို့သော် သူမ အရှေ့ရှိထိုင်ခုံများကိုလှမ်းကြည့်လိုက်တော့ အပြာရောင်တာအိုဝတ်စုံများကိုတွေ့လိုက်ရ၏။
“အပြာရောင်တာအိုဝတ်စုံတွေလား။”
လျှိုမူဝမ် ရင်ထဲ စည်းချက်များတောင်လွှဲကုန်ပြီး သေချာပြန်ကြည့်လိုင်ရသည်။
ထိုသူများက တကယ်ကို ရွှေအမြူတေအဆင့်အကြီးအကဲများဖြစ်နေသည်ပေ။
အချို့ဝတ်စုံများက တစ်ရစ်အမှတ်အသားပါပြီး အချို့က နှစ်ရစ်၊ သို့မဟုတ် သုံးရစ်ပါရှိနေကြ၏။ သူမမှာ လေးရစ်ရှိပါသည့်အကြီးအကဲများကိုတောင်မြင်လိုက်ရသည်။ ထိုအမှတ်အသားက ရွှေအမြူတေအဆင့်ထိပ်ဆုံးရောက်နေသူများသာ ဝတ်ဆင်ရခြင်းပေ။
ထို့နောက်တွင်တော့ သူမ ငါးရစ်ပါသူများကိုပါ တွေ့လိုက်ရချိန် သူမ စိတ်တစ်ခုလုံး အခေါင်းပေါက်ကြီးဖြစ်သွားခဲ့၏။ အနှီငါးရစ်ပါအပြာရောင်ဝတ်စုံဆိုသည်မှာ ထူးခြားသောအမှတ်အသားတစ်ခုဖြစ်သည်၊ ၎င်းက တောင်သခင် သို့မဟုတ် နေရာလွှဲပေးခဲ့သောတောင်သခင်ဟောင်းများ၏ဝတ်စုံဖြစ်ပေ၏။ အတိုချုပ်ဆိုရသော် ထိုသူတို့က ရွှေအမြူတေအဆင့်များထဲ ထိပ်ဆုံးအဆင့်ရှိသူများဖြစ်ကြသည်။ သူမမှာ ထိုနေရာတွင် ငါးရစ်ရှိသူဆယ်ယောက်တောင် တွေ့လိုက်ရပေ၏။
သေချာကြည့်လိုက်သည့်အခါ ရွှေအမြူတေအဆင့်အကြီးအကဲအရေအတွက်မှာ ၁၂၀၀တောင် ရှိနေလေသည်။
ဤမျှများသော ရွှေအမြူတေအဆင့်အကြီးအကဲများက ရောက်လာကြသည်လား။ ထို့အပြင် အစောကြီးတောင် ရောက်လာကြသေး၏။
သူမ၏စိတ်မှာ လုံးဝဗလာဟင်းလင်းဖြစ်သွားရလေပြီ။
သူမ ယခုမှသာ သူမဟာ စုယွမ်အကြောင်း ဘာမှမသိဟု နားလည်သွားရသည်။သာမန်ပို့ချချက်လေးတစ်ခုကတောင် ဤမျှများသောရွှေအမြူတေအဆင့်အကြီးအကဲများကို စွဲဆောင်နိုင်ခဲ့၏။ ထိုအရာကိုကြည့်လျှင်တောင် စုယွမ်ဟာ အလွန်များစွာ သာလွန်နေပြီမှန်းသိလိုက်ရချေပြီ။
သူမတင်မဟုတ်၊ ခန်းမထဲရှိအခြားတပည့်များကလည်း ရွှေအမြူတေအဆင့်အကြီးအကဲများကို သတိထားမိသွားကြ၏။
သူတို့အကြောင်းမှာ လျင်မြန်စွာပျံ့နှံ့သွားပြီး တစ်ခန်းလုံး ထိတ်လန့်အံ့သြသွားတော့သည်။
အချို့တပည့်များဆိုလျှင် အခြေအနေများကိုအကဲခတ်မိသွားပြီး ချက်ချင်း ရင်းနှီးသောတပည့်များကိုလှမ်းခေါ်တော့လေ၏။
သို့သော် ခန်းမသည်ကား အများဆုံးလူ၃၀၀၀သာဆန့်သည်ပေ။
ရွှေအမြူတေအဆင့်အကြီးအကဲများကပင် တစ်ထောင်လောက်နေရာယူနေကြပြီး ယခုရောက်နေကြသူများကိုပါ ပေါင်းသော် နေရာလွတ်မှာ တစ်ထောင်လောက်သာကျန်တော့၏။
အချို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိပင်မတပည့်များဆိုလျှင် အရှိန်နှုန်းမြင့်မန္တန်များကိုတောင်သုံးပြီး အပြေးအလွှားလာကာ နေရာလာယူကြရသည်။
နောက်ကျမှသတင်းကြားသောချီစုဆောင်းခြင်းအဆင့်လေးများအတွက်တော့ နေရာမရှိတော့ပါလေ။
ဤသို့ဖြင့် ထူးခြားသောနေရာယူတစ်ခုက ခန်းမထဲပုံပေါ်လာခဲ့၏။ အရှေ့မှအနောက်သို့ကြည့်လျှင် အရှေ့ဆုံး၌ရွှေအမြူတေအဆင့်၊ ပြီးလျှင် ချီစုဆောင်းခြင်းအဆင့်၊ နောက်ဆုံးတွင်မူ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်များက အသီးသီးနေရာယူထားကြလေသည်။
ခန်းမကြီး၏တံခါးကလည်း တင်းကြပ်စွာပိတ်ဆို့သွားပြီး အချိန်ကလည်း ကျလာလေပြီ။
ထိုအချိန်တွင် ကောင်းကင်မှ ခုနစ်စဥ်ကြယ်အလင်းတန်းကထွက်ပေါ်လာ၏။
ဝေဟင်မှ ခုနစ်စဥ်ကြယ်ကြွေဆင်းလာလေသည့်အတိုင်း မြေပြင်သို့ရောက်ရှိလာသော မီးနှင့်သတ္ထုစွမ်းအင်တို့အရှိန်အဝါက ပြင်းထန်းလွန်းရာ အောက်ရှိလူများကို ကမ္ဘာပျက်ကပ်တစ်ခု ကြုံတွေ့ရသည့်အလားခံစားသွားရစေသည်။
ကောင်းကင်ယံတွင် စွမ်းအင်လှိုင်းများက မီးတောက်များအဖြစ်ပေါက်ကွဲထွက်သွားကြပြီး အနှီပေါက်ကွဲသံစဥ်တို့က တိမ်များကို တစစီလွှင့်ပြယ်သွားစေခဲ့၏။
ဝုန်း။ ဝုန်း။ ဝုန်း။
ကြွေဆင်းလာသောကြယ်တစ်ခုချင်းဆီမှာ မြေပြင်နှင့်နီးလေလေ၊ ပို၍ကြီးလာလေလေဖြစ်လာသည်။ အချင်းမှာတင် မီတာရာချီရှိလေသည့်အတွက် အောက်ရှိ ချီစုဆောင်းခြင်းအဆင့်များနှင့် အခြေခံအုတ်မြစ်တည်ဆောင်ခြင်းအဆင့်များမှာ ဖြူဖျော့သွားကြ၏။
အနှီကြယ်ကြွေများက ဤခန်းမသို့ဦးတည်လာပုံပင်၊ သူတို့ ပြေးသင့်သည်လား။ မဟုတ်လျှင် သေကုန်တော့မည်လေ။
ကြောက်မက်ဖွယ်စွမ်းအားကြီးမှာ ချီစုဆောင်းခြင်းအဆင့်များကို ပြိုလဲသွားစေပြီး အချို့ဆိုလျှင် မျက်လုံးများကိုသာမှိတ်ရင်း သေဆုံးတရားကိုသာ စောင့်ဆိုင်းနေလိုက်ကြတော့၏။ ကြယ်ကြွေလာသည်မှာ အလွန်လျင်မြန်လွန်းပေရာ ဘာဖြစ်ဖြစ် သူတို့ပြေးလည်း လွတ်တော့မည်မဟုတ်ပါပေ။
သို့သော် ပိုဥာဏ်ပြေးသည့်တပည့်များကတော့ ရွှေအမြူတေအဆင့်အကြီးအကဲများမလှုပ်တာမြင်တော့ ဒါဟာ အန္တာရယ်မရှိမှန်းရိပ်မိသွားကြ၏။
ခုနစ်စဥ်ကြယ်ကြွေဆင်းလာပုံမှာ လွန်စွာအဖျက်စွမ်းအားကြီးသည့်အယူအဆပေ။ ရွှေအမြူတေအဆင့်အကြီးအကဲ၁၂၀၀လုံးမှာ အနှီကြယ်တို့ကိုကြည့်ရင်း တစ်ခုခုကိုတွေးတောနေကြ၏။
အချို့ရွှေအမြူတေအဆင့်အကြီးအကဲများဆိုလျှင် ရုတ်တရက်တစ်ခုခုကိုနားလည်သွားဟန်တောင်ပြပြီး အချို့ကတောင် ပျော်ရွှင်သွားကြကာ အချို့ကတော့ မျက်မှောင်ကြုတ်လျက် အတွေးထဲနစ်မြစ်နေဆဲပင်။
ရွှေအမြူတေအဆင့်အကြီးအကဲများအတွက်တော့ ယခုကတည်းက သင်ခန်းစာကစတင်နေလေပြီ။
သို့သော်ငြား ကြယ်ကြွေလာသည့်အရှိန်မှာအလွန်လျင်မြန်လွန်းနေသည့်အတွက် လေ့လာချိန်ကလည်း အလွန်တိုတောင်းလွန်းနေသည်။
ကြယ်များက ခန်းမ၏အပေါ်ရောက်သိသည်နှင့် အရှိန်ကလည်းလျော့သွားပြီး တဖြည်းဖြည်းသေးငယ်သွားလျက် ပထမတန်းရှိလူငယ်လေးတစ်ဦး၏လက်ထဲ ကြွေခသွား၏။ ထို့နောက် ခုနစ်စဥ်ကြယ်မှာ သူ့လက်ထဲ အသာတကြည်ခုန်ဆင်း၍ ဖျော်ဖြေနေလေသည်။ အနှီလူငယ်လေးက ကြယ်များကို လက်တစ်ဖက်နှင့်ပင်ဆွဲယူလိုက်ပုံမှာ နတ်ဘုရားတစ်ပါးအလားဆော့ကစားနေသည့်နှယ်။
“ခုနစ်စဥ်ကြယ်ကတောက်ပတယ်၊ ကောင်းကင်ယံကိုပါ စူးဖောက်ဝင်ရောက်နိုင်တယ်။ ခုနစ်စဥ်ကြယ်က ကမ္ဘာမြေကိုကြွေကျလာတဲ့အခါ လောကနိယာမနဲ့ဆက်နွယ်သွားတာပဲ။ ငွေဖြူဝိညာဥ်ရေတံခွန်ကို ညပေါင်းသုံးရာလေ့လာရင်း ကျွန်တော်လည်း ခုနစ်စဥ်ကြယ်ကိုနားလည်သွားခဲ့တာပဲ။”
“တာအိုမိတ်ဆွေအပေါင်းတို့၊ ကျွန်တော်ကတော့ စုယွမ်ပါ။ ဒီနေ့ အဓိက ပို့ချသွားမှာကတော့ ခုနစ်စဥ်ကြယ်အကြောင်းပဲဖြစ်ပါတော့တယ်။”