← Chapters

အခန်း ၇၂၀

Vol. 62 Ch. 720

အခန်း ၇၂၀

Vol. 62 Ch. 720

အခန်း 720

“ဟုတ်ကဲ့”

စစ်ရှီးသည် ချက်ချင်း တုံ့ပြန်သည်။ ထို့နောက် အားလုံးထွက်သွားကြသည်။

အပြင်သို့ရောက်သောအခါ ကျိုးချူသည် စစ်ရှီးကိုကြည့်၍ ပြောသည်။

“စစ်ရှီး မင်း ခုနက ဘာလို့ ငါ့ကိုတားရတာလဲ”

စစ်ရှီးမှ ပြန်ဖြေသည်။

“ငါမင်းကို မတားခဲ့ရင် မင်းဘာလုပ်မှာတဲ့လဲ။ ဟိုရွာတွေကို လက်လျှော့လိုက်ဖို့ ခေါင်းဆောင်ကို ဖျောင်းဖျမှာလား။ ရှန်းထောင်ရွာကို ကာကွယ်ဖို့အတွက် မြစ်လက်တက်မှာ တာရိုးဆောက်ဖို့လေ”

ကျိုးချူမှ‌ ပြောသည်။

“ဟုတ်တယ်”

စစ်ရှီးမှ ပြောသည်။

“လောင်ကျိုး မင်းရဲ့အကြံဥာဏ်က ရင့်ကျက်တယ် မရင့်ကျက်ဘူးတွေ၊ ရေကြီးတာကို ဟန့်တားနိုင်မယ် မတားနိုင်ဘူးတွေ မပြောကြရအောင်။ မင်း ဟန့်တားနိုင်ရင်တောင်မှ မင်းရဲ့အစီအစဉ်က ရွာတစ်ရွာထိခိုက်ခံလိုက်ရုံနဲ့ ဖြေရှင်းနိုင်မယ့် ရေကြီးမှုပြဿနာကို ရွာသုံးရွာကို ထိခိုက်စေဖို့လုပ်နေတာပဲ…”

“အဲဒီတော့ ဘာဖြစ်လဲ။ ရှန်းထောင်ရွာ ရှန်းထောင်ရွာက ခေါင်းဆောင်ရဲ့မွေးရပ်မြေပဲ။ ခေါင်းဆောင်ရဲ့ဆွေမျိုးနဲ့မိတ်ဆွေတွေ၊ မိသားစုရဲ့ဘိုးဘေးအုတ်ဂူတွေက ရှန်းထောင်ရွာမှာ ရှိနေတာ။ ခေါင်းဆောင်ရဲ့မိသားစုဘိုးဘေးအုတ်ဂူတွေကို မြစ်ရေက တိုက်စားသွားမှာကို ငါတို့က ဒီတိုင်းရပ်ကြည့်နေရမှာလား”

စစ်ရှီး ဆွံ့အသွား၏။

ဘိုးဘေးအုတ်ဂူသင်္ချိုင်းများဟူသည် ဤခေတ်အခါ၌ အလွန်အရေးကြီးသည့်အရာဖြစ်သည်။ ၎င်းသည် လူတစ်ယောက်၏ ဇာစ်မြစ်ဖြစ်၏။

ကျူးယွမ်ကျန်းသည် ဧကရာဇ်ဖြစ်လာပြီးနောက် သူ၏မွေးရပ်မြေကို လုံရှင်းမြေအဖြစ် ချက်ချင်းသတ်မှတ်ခဲ့ကာ သူ၏ဘိုးဘေးသင်္ချိုင်းကို တော်ဝင်ဘုရားကျောင်းတွင် နေရာချထားခဲ့ပြီး တောင်ဝင်ဂူဗိမာန်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ကာ ဂူဗိမာန်ကို စောင့်ရှောက်ရန်အတွက် မိန်းမစိုးများနှင့် အမှုထမ်းများကို ခန့်အပ်ခဲ့သည် မဟုတ်ပါလော။

၎င်းသည် ဤခေတ်လူများအတွက် ဘိုးဘေးအုတ်ဂူသင်္ချိုင်းများ၏ အရေးပါမှုကို ပြသနေပေသည်။

ရှေးခတ်ကာလများကို မဆိုထားနှင့် မျက်မှောက်ခေတ်တွင်ပင် တစ်ယောက်ယောက်၏ ဘိုးဘေးအုတ်ဂူကို တူးဆွလိုက်ပါက ထိုမိသားစုဝင်များသည် အုတ်ဂူတူးသူအား သေသည်အထိ လိုက်လံတိုက်ခိုက်လိမ့်မည်ဖြစ်သည်။

ဘိုးဘေးအုတ်ဂူများကို တူးခြင်းကဲ့သို့လုပ်ရပ်မျိုးသည် လူတစ်ယောက်ကို အလွန်တရာ မုန်းတီးအာယာတရှိမှသာ လုပ်နိုင်မည့်လုပ်ရပ်မျိုးဖြစ်သည်။

ယခုအခြေအနေမှာ မြစ်လက်တက်ကို မပိတ်ဆို့ပါက ချန်ကျဲ့၏ဘိုးဘေးအုတ်ဂူများ ပျက်စီးကုန်မည်ဖြစ်ရာ အလွန်ကြီးမားသည့်ပြဿနာကြီးဖြစ်ပေသည်။

စစ်ရှီးသည် မူလက ကျိုးချူနှင့် အပြိုင်ငြင်းခုံရန် အကြောင်းပြချက်များစွာရှိခဲ့သည်။ ရှန်းထောင်ရွာတွင် နေထိုင်သူ တစ်ရာကျော်သာရှိကြောင်း၊ လူထောင်ချီရှိသည့် ရွာသုံးရွာထက် ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် ပိုမိုလွယ်ကူကြောင်း၊ ရွာသုံးရွာမှ လူများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပါက အချိန်မီလိမ့်မည်မဟုတ်ကြောင်း စသဖြင့် အကြောင်းပြချက်များစွာ ရှိခဲ့ပေသည်။

ဆိုးကျိုးသက်ရောက်မည့်အတူတူ သက်ရောက်မှုနည်းမည့်ဘက်ကို ရွေးချယ်ခြင်းသည် အကောင်းဆုံးရွေးချယ်မှုဟု သတ်မှတ်နိုင်၏။

သို့သော် ကျိုးချူမှ ချန်မိသားစုဘိုးဘေးအုတ်ဂူများအကြောင်း ပြောလာခဲ့ချိန်တွင်တော့ စစ်ရှီးမှာ ပြောစရာစကားပျောက်သွားခဲ့သည်။ ခေါင်းဆောင်၏မိသားစုဘိုးဘေးအုတ်ဂူကို မည်သူမျှ ပေါ့ပေါ့တန်တန် မသတ်မှတ်ဝံ့ပါချေ။ သူ လူ့အသက်ကို စိတ်ရင်းဖြင့် ဂရုစိုက်လျှင်သော်မှ ခေါင်းဆောင်၏မိသားစုအုတ်ဂူသင်္ချိုင်းနှင့် ယှဉ်လိုက်လျှင်တော့ လူ့အသက်ဟူသည် အသေးအမွှားလေးသာ ဖြစ်ပေသည်။

ဘိုးဘေးအုတ်ဂူသင်္ချိုင်းဆိုတာ ဘယ်လိုဟာမျိုးမလို့လဲ။ ခေါင်းဆောင်ရဲ့ကောင်းချီးလေ။ ဘိုးဘေးဂူသင်္ချိုင်းပျက်စီးတယ်ဆိုတာ ခေါင်းဆောင်အတွက် ကောင်းချီးတွေကို ဖျက်ဆီးလိုက်သလိုပဲမဟုတ်လား။ အဲဒီပျက်စီးမှုကို ဘယ်လိုများ ပြန်ပြင်ဆင်နိုင်ပါ့မလဲ။

စစ်ရှီးသည် ရင်ဘတ်တစ်ခုလုံးအပြည့် စကားလုံးများရှိနေသည့်တိုင် တစ်လုံးတစ်လေမျှ ထုတ်မပြောနိုင်ခဲ့ပေ။ ထို့နောက် ကျိုးချူမှ ပြောသည်။

“စစ်ရှီး မင်းဆိုလိုတာကို ငါနားလည်ပါတယ်။ ဘယ်ဟာက အကောင်းဆုံးရွေးချယ်မှုဆိုတာကိုလည်း ငါသိတယ်။ အဲဒီနေရာက တခြားနေရာသာဖြစ်ခဲ့ရင် ငါလည်း ရွာတစ်ရွာရင်းပြီး ပိုများတဲ့လူတွေကိုကယ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက မတူဘူး။ မင်းနားလည်ရဲ့လား”

စစ်ရှီး ဘာမှမပြောဘဲ ခေါင်းညိတ်သည်။

မှန်ပါ၏။ တစ်ဖက်မှာ ခေါင်းဆောင်၏ဘိုးဘေးဂူသင်္ချိုင်းဖြစ်ပြီး တစ်ဖက်မှာ ရွာသားထောင်ချီဖြစ်သည်။ အတွေးထဲနစ်မြောနေပြီးနောက် စစ်ရှီးမှ ပြောသည်။“လောင်ကျိုး ဒါပေမဲ့လည်း… ဟူး မင်းအစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့”

“အဲဒီရွာတွေနဲ့မြို့တွေအတွက်ကတော့ တတ်နိုင်သမျှ ဘေးကင်းရာကို ပြောင်းရွှေ့ပေးကြတာပေါ့”

ထိုအခါ ကျိုးချူမှ ပြောသည်။

“အင်း ငါတို့လုပ်နိုင်တာ အဲဒါပဲရှိတယ်။ ငါ သဘာဝဘေးပြန်လည်ထူထောင်ရေးအတွက် ငွေတုံးတစ်သောင်းလှူမယ်”

“လောင်ကျိုး မင်း”

စစ်ရှီး ကျိုးချူကို ကြည့်လိုက်သည်။ ကျိုးချူသည် ကသိကအောက်နိုင်လှစွာ ပြုံးလျက် ပြော၏။

“အဟမ်း အဟမ်း ငါအမှားလုပ်ခဲ့ရင် ငါ့အပြစ်တွေအတွက် ပြန်ပေးဆပ်ရမှာပေါ့”

ထိုသို့ပြောပြီးနောက် ကျိုးချူသည် လှည့်ထွက်သွားခဲ့သည်။ စစ်ရှီးသည် ကျိုးချူ၏နောက်ကျောပုံရိပ်ကို ကြည့်လျက် စိတ်ခံစားချက်များ ရောထွေးနေခဲ့သည်။

ထိုစဉ် နောက်ဘက်တွင်လည်း ဝူကျုံးနှင့် လျိုယီးရှိုတို့ စကားပြောနေကြသည်။

“အားကျုံး ဘာလို့မျက်နှာမကောင်းနေတာလဲ”

ဝူကျုံးမှ ပြောသည်။

“ဒီရေကြီးမှုက…”

လျိုယီးရှို သက်ပြင်းချ၏။

“ဟူး… သဘာဝဘေးအန္တရာယ်နဲ့ လူလုပ်ကပ်ဘေးကြီးပဲ။ ဒါပေမဲ့ အားကျုံး မင်းစိုးရိမ်ဖို့မလိုပါဘူး။ ရှန်းထောင်ရွာက ခေါင်းဆောင်ရဲ့မွေးရပ်မြေလေ။ ရှန်းထောင်ရွာက ခေါင်းဆောင်ရဲ့ လုံရှင်းမြေပဲ။ ရှန်းထောင်ရွာက ရေကြီးမှုကို ခံစားရမှာမဟုတ်ပါဘူး။ ကျိုးချူလည်း ပြောတယ်မဟုတ်လား။ သူတို့ မြစ်လက်တက်ကို ပိတ်ဆို့မယ်လို့လေ”

ဝူကျုံး ခါးသက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ အဲဒီလိုလုပ်လိုက်ရင် မြစ်ကြောင်းအောက်ဘက်က ရွာသုံးရွာက ပျက်စီးသွားရလိမ့်မယ်”

လျိုယီးရှိုမှ ပြောသည်။

“အဲဒီရွာတွေက ငါတို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့နယ်မြေ မဟုတ်ဘူး။ ပြီးတော့ သဘာဝဘေးအန္တရာယ်ဖြစ်နေတော့ ငါတို့လည်း တခြားဘာမှမတတ်နိုင်ဘူး”

ဝူကျုံးမှ ပြောသည်။

“ဒါပေမဲ့ ရှန်းထောင်ရွာမှာ ရေကြီးရင် ရှန်းထောင်ရွာကို ရေလှောင်နေရာအဖြစ် အသုံးချပြီး အဲဒီရွာသုံးရွာကို ကယ်တင်လို့ရတယ်။ အဲဒီလိုဆို လူ့အသက်ပေါင်းထောင်ချီကို ကယ်တင်နိုင်မှာ”

လျိုယီးရှိုမှ ရယ်မောသည်။

“ဟားဟား အားကျုံး စိတ်ကူးယဉ်မနေနဲ့တော့။ ရှန်းထောင်ရွာက ငါတို့ငါးဖမ်းကုန်သည်အဖွဲ့အတွက် အရေးပါတဲ့နေရာပဲ။ ခေါင်းဆောင် သဘောတူ၊မတူကို မပြောနဲ့ဦး ကုန်သည်အဖွဲ့ထဲ တခြားအဖွဲ့သားတွေ ရှန်းထောင်ရွာရေကြီးမယ့်အကြောင်း သိသွားကြရင်ပဲ သူတို့သဘောတူကြမလား မင်းစဉ်းစားကြည့်စမ်းပါဦး”

“ကျားဖြူတပ်ဖွဲ့ခေါင်းဆောင်ချန်ရှောင်ဟူ၊ ချန်ဟန်၊ ချန်ဝမ်၊ မင်းကိုယ်တိုင်နဲ့ စူးသခင်မအပြင် ကျားဖြူတပ်ဖွဲ့က လက်ရွေးစင်တပ်သားရာချီ သူတို့အားလုံးက ရှန်းထောင်ရွာသားတွေပဲ”

“မင်းတို့ရဲ့မိသားစု၊ မိတ်ဆွေတွေ၊ အိုးအိမ်တွေ၊ လယ်ယာတွေ၊ ပိုင်ဆိုင်မှုတွေ၊ ဘိုးဘေးအုတ်ဂူသင်္ချိုင်းတွေ အားလုံးက ရှန်းထောင်ရွာမှာ ရှိနေတာ။ ရွေးချယ်ခွင့်သာရှိခဲ့ရင် ရှန်းထောင်ရွာကို ရေမကြီးအောင် ရွေးချယ်ကြမှာပဲ မဟုတ်လား”

လျိုယီးရှိုသည် ရှန်းထောင်ရွာ၏ကံကြမ္မာမှာ ချန်ကျိုစစ်နှင့်သက်ဆိုင်ရုံသာမက ကျားဖြူတပ်သားရာချီနှင့်လည်း သက်ဆိုင်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

သူတို့ရဲ့မိဘတွေ၊ ဇနီးမယားတွေအားလုံးက ရေကြီးမယ့်နေရာအတွင်းမှာ ရှိနေကြတာ။

သူတို့သဘောတူကြပါ့မလား။

ခေါင်းဆောင်က သဘောတူခဲ့ရင်တောင်မှ အဖွဲ့သားတွေက မကန့်ကွက်ဘဲနေပါ့မလား။

ကန့်ကွက်ဖို့အကြောင်းအရင်းတွေက အရမ်းခိုင်လုံလွန်းနေတယ်။

လျိုယီးရှိုခေါင်းခါရမ်း၏။ ချန်ကျိုစစ်တွင် ရှန်းထောင်ရွာကို ပျက်စီးစေပြီး မြစ်ကြောင်းအောက်ဘက်ရှိ အခြားရွာများကို ကာကွယ်ပေးရဲသည့်သတ္တိရှိလိမ့်မည်ဟု သူမယုံပေ။

လျိုယီးရှို၏စကားကြောင့် ဝူကျုံးလည်း တိတ်ဆိတ်သွား၏။ ခဏမျှစဉ်းစားနေပြီးနောက်တွင် ဝူကျုံးသည် အိမ်တော်ကို ပြန်လှည့်ကြည့်ခဲ့ပြီး လှည့်ထွက်သွားတော့သည်။ ဝူကျုံးသည် ဦးစွာ ရွာပြန်ရန် စဉ်းစားထား၏။ ထို့နောက် ကျိုစစ်၏ လူများကို ဘေးကင်းရာသို့ တတ်နိုင်သမျှ ရွှေ့ပြောင်းမည့် အစီအစဉ်ကို လိုက်နာသင့်၊မသင့်နှင့်ပတ်သက်ပြီး ချန်အာ့ပါးတို့နှင့် တိုင်ပင်ဆွေးနွေးပေမည်။

ထိုစဉ် အိမ်တော်၌ ချန်ကျဲ့သည် မြေပုံကိုကြည့်ရှုကာ နေရာအချို့ကို မင်ဖြင့် ဝိုင်းလိုက်သည်။

ဒီနေရာတွေကို ရေဘေးရှောင်နေရာတွေအဖြစ် အသုံးပြုရင် ဘာမှပြဿနာမှ မရှိလောက်တော့ပါဘူး ဟုတ်တယ်မလား။ ရွာနည်းနည်းကို စတေးပြီး မြို့ရွာအများကြီးကို ကယ်တင်နိုင်မှာလေ။

ချန်ကျဲ့ နားထင်ကို နှိပ်နယ်လိုက်သည်။ ဤပြဿနာဖြေရှင်းပြီးသည်နှင့် ချန်ကျဲ့သည် မျန့်ရွှေ့စီရင်စုတွင် တာတမံများ မြှင့်တင်တည်ဆောက်ရန် စီစဉ်ထားသည်။

တကယ်တော့ ဤတစ်ကြိမ်တွင် တာရိုးများကို ကြိုတင်ဆည်ဖို့ထားပြီး တာရိုး၄ကျန်းအထိ တာမြှင့်ထားပါက မြစ်ရေသုံးကျန်းမြင့်တက်ခြင်းကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မည်။

သို့သော် မျန့်ရွှေစီရင်စု၏တာရိုးများသည် ၂ကျန်းသာ မြင့်သောကြောင့် သာမန်မြစ်ရေတက်ခြင်းကို ဟန့်တားနိုင်ပေသည်။ သို့သော် ဤသို့ သာမန်မဟုတ်သည့် သဘာဝဘေးအန္တရာယ်များကို ဟန့်တားရန်အတွက်တော့ မလုံလောက်ပေ။

ထို့ပြင် မျန့်ရွှေ၏အစဉ်အဆက်အုပ်ချုပ်သူများသည် တာရိုးမြှင့်ဆောက်ရန်အတွက် တစ်ခါမှ မတွေးခဲ့ဖူးကြပေ။

ထိုသို့အတွေးဖြင့် ချန်ကျဲ့သက်ပြင်းချလိုက်သည်။ မျန့်ရွှေရဲ့အုပ်ချုပ်သူတွေက ဘယ်လောက်တောင် အမြင်မရှိလိုက်သလဲ။ ဒီနေရာတွေမှာ ရေဘေးရှောင်စခန်းတွေ တည်ဆောက်ထားသင့်တာ။ ရေဘေးရှောင်စခန်းတွေ ဆောက်ထားရင် ရေကြီးတဲ့အခါ အသုံးဝင်နိုင်တယ်။

All Chapters