← Chapters

အခန်း ၇၂၈

Vol. 62 Ch. 728

အခန်း ၇၂၈

Vol. 62 Ch. 728

အခန်း ၇၂၈

ထိုသူတို့ထဲ၌ ဂိုဏ်းချုပ်နှင့် တမန်တော်နှစ်ပါးတို့ကို အတူပေါင်း၍ တမန်တော်သုံးပါးဟု ခေါ်ဝေါ်ကြသည်။ သူတို့သည် မိန်ဂိုဏ်း၏ အမှန်တကယ် အင်အားအာဏာကြီးမားသူများဖြစ်ကြပြီး မိန်ဂိုဏ်းချုပ်သည် ထာဝရတည်မြဲဘုရင် ဟန်ရှန်းထုန်ဖြစ်သည်။

တမန်တော်များသည် ညာလက်ရုံးနှင့် ဘယ်လက်ရုံးတမန်တော်များဖြစ်သည်။ ဘယ်လက်ရုံးတမန်တော်သည် ရယ်မောဗုဒ္ဓ ဖန်းယင်းယွီဖြစ်ပြီး ညာလက်ရုံးတမန်တော်သည် ယွိရှန်းတမန်တော် လျိုဖုထုန်ဖြစ်သည်။

သူတို့သုံးဦးသည် တစ်ချိန်က “လောကသံမဏိတံတိုင်းကြီး”ဟု ဂုဏ်ပြုညွှန်းဆိုခံခဲ့ကြရသည်။ ထိုအချိန်က လောကနံပါတ်တစ်ဖြစ်သည့် သာ့ချန်၏တော်ဝင်အကြံပေး သက်ရှိဗုဒ္ဓ ပီအားစီးပါးသည် မိန်ဂိုဏ်းကို လာရောက်စိန်ခေါ်ခဲ့သည်။

ထိုအချိန်က တမန်တော်သုံးပါးသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပီအားစီးပါးကို ဖိနှိပ်နိုင်ခဲ့ပြီး လောကနံပါတ်တစ်သိုင်းပညာရှင်ကြီးကို ရှုံးနိမ့်ဆုတ်ခွာသွားစေခဲ့သည်။ မိန်ဂိုဏ်းတမန်တော်သုံးပါးတည်ရှိနေသ၍ တော်ဝင်နန်းတော်မှာ ဘယ်တော့မှ ထွန်းတောက်သည့်အထွတ်အထိပ်သို့ ပြန်မရောက်နိုင်တော့ဟူသည့် စကားများပင် ပေါ်ပေါက်လာခဲ့သည်။

သို့ဖြင့် တမန်တော်သုံးပါး၏ ကျော်ကြားမှုသည် ကျယ်ပြန့်သွားခဲ့ပြီး လောကထိပ်သီးသိုင်းပညာရှင်ကြီးများအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထို့ပြင် သူတို့သုံးဦးစလုံးသည် ကောင်းကင်ဘုံစာရင်းတွင်လည်း ထိပ်တန်းဆယ်ယောက်ထဲ ပါဝင်ကြသည်။

တမန်တော်သုံးပါးထဲမှ မိန်ဂိုဏ်းချုပ်ဟန်ရှန်းထုန်သည် လောကနံပါတ်နှစ်အဆင့်တွင်ပင် ရပ်တည်နိုင်ခဲ့သည်။ ထို့နောက် ဝူတန်ဂိုဏ်း၏ ဆရာကြီးကျန်းစန်းဖုန်းနှင့် သက်ရှိဗုဒ္ဓပီအားစီးပါးတို့ အသီးသီး အဆင့်ဝင်ကြသည်။

ရယ်မောဗုဒ္ဓဖန်းယင်းယွီသည် အဆင့်၆ဖြစ်သည်။

ကနဦး၌ မိန်ဂိုဏ်းသည် တမန်တော်သုံးပါးဖြင့်ပင် လောကကြီးကို လွှမ်းမိုးရန် လုံလောက်ခဲ့သည်။ သို့သော် လွန်ခဲ့သည့်၁၃နှစ်က တမန်တော်သုံးပါးသည် အယူဝါဒကွဲပြားမှုများကြောင့် ရုတ်တရက် ကွဲသွားခဲ့ကြသည်။

ဖန်းယင်းယွီနှင့် ဟန်ရှန်းထုန်တို့သည် ထွန်းတောက်သည့်အထွတ်အထိပ်နှင့်စပ်လျဉ်း၍ ခုနစ်ရက်၊ခုနစ်ညတိုင်တိုင် အပြိုင်အဆိုင် ဆွေးနွေးပြောဆိုခဲ့သည်။ နောက်ဆုံးတွင်တော့ ဖန်းယင်းယွီသည် မိန်ဂိုဏ်းမှ ထွက်သွားခဲ့သဖြင့် မိန်ဂိုဏ်း၏အင်အား သိသိသာသာ ကျဆင်းသွားခဲ့ရသည်။

ထို့ပြင် တမန်တော်ဖန်းယင်းယွီနှင့်အတူ လိုက်ပါထွက်ခွာသွားသူများတွင် ဓမ္မရာဇာကြီးလေးပါးထဲမှ တစ်ဦးပါဝင်ခဲ့သည်။

ထိုသူမှာ ပင်လယ်နဂါး ဖန်းကောကျန်းဖြစ်သည်။

နောက်ပိုင်းတွင် ဖန်းကောကျန်းသည် ထိုက်ကျိုးပင်လယ်ကမ်းခြေဒေသသို့ သွားရောက်ခဲ့ပြီး နတ်နဂါးဂိုဏ်းကို တည်ထောင်ကာ ပင်လယ်တွင် ပိုင်နက်နယ်မြေတည်ထောင်ခဲ့သည်။ ၎င်းသည် တော်ဝင်နန်းတော်အတွက် အလွန်ကြီးမားသည့် အနှောက်အယှက်တစ်ခု ဖြစ်လာခဲ့ပေသည်။

ဖန်းယင်းယွီသည်လည်း ကျန်းနန်သို့ တရားဟောပြောရန် ဝင်ရောက်ခဲ့ပြီးနောက် အရိမေတ္တယျဂိုဏ်းကို တည်ထောင်ခဲ့သည်။ ၎င်းဂိုဏ်းကို တောင်ပိုင်းဝတ်ရုံနီဂိုဏ်း၊ တောင်ပိုင်းမီးနတ်ဘုရားဂိုဏ်းဟုလည်း ခေါ်ဝေါ်ကြသည်။

သို့သော် ဤသို့ပုဂ္ဂိုလ်ကြီးသည် မျန့်ရွှေစီရင်စုသို့ အဘယ်ကြောင့် ရောက်လာရသနည်း။

ဆေးဘုရင်ရတနာအတွက်လား။

ဆေးဘုရင်ရတနာသည် ဖန်းယင်းယွီကဲ့သို့ပုဂ္ဂိုလ်မျိုးမှ ကိုယ်တိုင်လာရောက်ရှာဖွေသည်အထိ ဆွဲဆောင်နိုင်မည်ဟု ချန်ကျဲ့ မယုံကြည်ပေ။ ဆေးဘုရင်တောင်ကြား၏ တန်ဖိုးအကြီးဆုံးဖြစ်သော ဇာမဏီဆေးလုံးကိုလည်း အမတငှက်ဟန်မြောင်ကျန်းမှ ယူသွားခဲ့ပြီးပြီ မဟုတ်ပါလော။

ထို့ပြင် ဖန်းယင်းယွီ၏ပုံစံအရ ဆေးဘုရင်ရတနာအတွက်နှင့် ရောက်လာရန်မဆိုထားနှင့် ဇာမဏီဆေးလုံးကိုပင် ဂရုမစိုက်လောက်ပေ။

ဒါပေမဲ့ ဆေးဘုရင်ရတနာမဟုတ်ရင် သူက ဘာအတွက်ရောက်လာရတာလဲ။

ချန်ကျဲ့သည် အပြင်းအထန်စဉ်းစားနေသည့်တိုင် လုံးဝ စဉ်းစားမရနိုင်ပေ။

ချန်ကျဲ့ စဉ်းစားရင်းဖြင့်ပင် နံပါတ်နှစ်အချက်အလက်ကို ကြည့်လိုက်သည်။ နံပါတ်နှစ်အချက်အလက်တွင် ဖန်းယင်းယွီသည် ဟိနာယာနဗုဒ္ဓဝါဒကို ကျင့်ကြံပြီး သေရည်နှင့်အသားကို နှစ်ခြိုက်သော ကျင့်ဝတ်မစောင့်ထိန်းသည့် ဘုန်းကြီးတစ်ပါးဟု ဖော်ပြထားသည်။

ဟိနာယာနဗုဒ္ဓဝါဒ… ၎င်းသည် ကိုယ်တိုင်ကျင့်ကြံခြင်းဖြစ်ကြောင်း ချန်ကျဲ့သိသည်။

ဤလောကရှိဗုဒ္ဓ၏အဆုံးအမများသည် မဟာယာနနှင့် ဟိနာယာနဟူ၍ နှစ်မျိုးခွဲခြားတည်ရှိ၏။ မဟာယာနဗုဒ္ဓဝါဒသည် လူတို့သက်ဝင်ယုံကြည်မှုကို အလေးထားပြီး ကျင့်ဝတ်သိက္ခာ စောင့်ထိန်းရန်နှင့် ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် တိုက်တွန်းသည်။ နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားသည့် ပြောင်းလဲမှုကြီးဖြင့် သေဆုံးပြီးနောက် ဘုရားလောင်းကျင့်စဉ်ဖြင့် သတ္တဝါအားလုံးကို နိဗ္ဗာန်သို့ ပို့ဆောင်ပြီး ဝင်စံနိုင်ပေမည်။

သို့သော် ဟိနာယာနဗုဒ္ဓဝါဒသည် ကွာခြား၏။ ဟိနာယာနဗုဒ္ဓဝါဒသည် “ငါသည်သာ ဘုရားသခင်ဖြစ်သည်”ဟူသည့် ယုံကြည်မှုအပေါ် အဓိကထားသည်။

ဗုဒ္ဓဝါဒကို ကျင့်ကြံခြင်းသည် မိမိကိုယ်ကို ကျင့်ကြံပျိုးထောင်ခြင်းဖြစ်ပြီး ကိုယ်တိုင်ဥာဏ်အလင်းပွင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကျင့်ကြံသူသည် အသားစားခြင်းနှင့် သေရည်သောက်သုံးခြင်းသည် မိမိ၏ ဥာဏ်အလင်းပွင့်ရေးလမ်းကြောင်းကို မထိခိုက်နိုင်ဟု ယုံကြည်ပါက အသားစားခြင်းနှင့် သေရည်သောက်သုံးခြင်းသည် ကျင့်ကြံမှုအတွက် အနှောင့်အယှက်ဖြစ်မည်ဟု မသတ်မှတ်နိုင်တော့ပေ။ ၎င်းသည် ကျင့်ကြံမှုကို အထောက်အကူပင် ဖြစ်နိုင်သေး၏။

ဤသည်မှာ မိမိ၏စိတ်ကိုသာ အလေးထားသည့် ဟိနာယာနဗုဒ္ဓဝါဒ၏ အင်အားဖြစ်သည်။

ဆန္ဒရှိပါက လူသတ်ခြင်းကိုပင် ကျင့်ကြံမှုတစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်နိုင်လေသည်။ လူသတ်သည့်အရေအတွက် များပြားလေလေ၊ ကျင့်ကြံမှုအတွက် ကောင်းမွန်လေဖြစ်ပြီး တစ်နေ့တွင် ဥာဏ်အလင်းပွင့်သည်အထိ လုပ်ဆောင်နိုင်လေသည်။

ဤသည်မှာ ဟိနာယာနဗုဒ္ဓဝါဒဖြစ်၏။ တစ်ပါးသူ၏ အပြောအဆို အတွေးအမြင်များကို ဂရုမစိုက်ပေ။

ချန်ကျဲ့သည် အသားနှင့်သေရည်နှစ်ခြိုက်ကြောင်း ဖော်ပြထားသည့် သတင်းအချက်အလက်ကြောင့် မျက်လုံးမှေးကျုံ့မိလိုက်၏။

ထို့နောက်တွင်မူ မျက်လုံးများ တောက်ပသွားလျက် အော်ပြောလိုက်သည်။

“အားဝမ် အခန်းထဲက သေရည်နှစ်အိုးနဲ့ အမြည်းလုပ်ဖို့ အမဲသားနည်းနည်းလောက် ပြင်ဆင်လိုက်စမ်းပါ”

“အမဲသားလား”

ချန်ဝမ်သည် ခဏမျှ ကြောင်အသွားသော်ငြား အမြန်သွားပြင်ဆင်သည်။

ချန်ဟန် အလုပ်များနေစဉ် ချန်ကျဲ့ လက်ထဲရှိ ပုတီးစေ့များကို ထပ်ကြည့်လိုက်သည်။

မြေဒြပ်စင်သစ်သားနဲ့ပြုလုပ်ထားတဲ့ တန်ဖိုးကြီးပစ္စည်း။ ပြီးတော့ အပေါ်မှာ ထိပ်တန်းအဆင့် သိုင်းကျင့်စဉ် ထူးကဲဥာဏ်ပညာလက်ဝါးသိုင်းလည်း ထွင်းထားသေးတယ်။

ကြည့်ရတာ ပုံမှန်လိုပေမဲ့ ဗုဒ္ဓရဲ့အဆုံးအမတွေက ဥာဏ်အမြော်အမြင်ကြီးမားမှုနဲ့ ဥာဏ်ပညာကို အလေးထားတာ။ နှစ်ခုစလုံးက အရမ်းအရေးကြီးတယ်။ ပြီးတော့လည်း ထူးကဲဥာဏ်ပညာလက်ဝါးသိုင်းက မြေဒြပ်စင်သစ်သားပေါ်မှာ ထွင်းထားတာဆိုတော့ ဒီတိုင်းရိုးရှင်းတဲ့သိုင်းကျင့်စဉ်လေးတစ်ခုတော့ မဟုတ်နိုင်ဘူး။

ဤဗုဒ္ဓပုတီးကြိုးကို သူ၏ဇနီးလေးကိုသာ ပြန်ပေးထားရန် ချန်ကျဲ့တွေးလိုက်သည်။ ပြီးလျှင် သူမကို ကောင်းကောင်းထိန်းသိမ်းထားရန် ပြောပေမည်။

ပုတီးစေ့များသည် အလွန်တန်ဖိုးကြီးမားပြီး ချန်ကျဲ့လည်း နှစ်ခြိုက်ပါသည်။ သို့သော် ဤပုတီးကြိုးကို ပုံမှန်ဝတ်ဆင်ခြင်းသည် ခန္ဓာကိုယ်ကို ကြံ့ခိုင်သန်မာစေသည်ဖြစ်ရာ ချန်ကျဲ့သည် ယခုအချိန်တွင် စူးယွင်ကျင်း၏ကျန်းမာရေးကို ပိုဂရုစိုက်သည်။

ထို့ကြောင့် စူးယွင်ကျင်းကို ပြန်ပေးထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် ချန်ဟန် အမြန်ပြန်ရောက်လာပြီး ပြောသည်။

“ခေါင်းဆောင် ကျွန်တော်ရှာတွေ့ခဲ့ပြီ။ ဘုန်းကြီးကို ရှာတွေ့ခဲ့ပြီ”

“အို ဘယ်မှာလဲ”

ချန်ကျဲ့သည် မျက်လုံးပြူးကျယ်လျက် ချန်ဟန်ကို မေးလိုက်သည်။ ချန်ဟန်မှ ပြောသည်။

“ကျားခေါင်းလမ်းမှာပါ”

ချန်ကျဲ့ ချန်ဟန်ကို ထပ်မေးသည်။

“သူ ကျားခေါင်းလမ်းမှာ ဘာလုပ်နေလဲ”

“သေရည်ရှာနေပါတယ်”

ချန်ဟန်၏စကားတွင် ချန်ကျဲ့ ခဏမျှ မင်သက်သွားရ၏။ ဤသို့အထင်ကရလူတစ်ဦးသည် နေရာအနှံ့သွားလာ၍ သေရည်ရှာဖွေနေခြင်းအား ယုံကြည်ရန် ခက်ခဲနေခဲ့သည်။

သို့သော် တစ်ဖန်ပြန်တွေးကြည့်ပြီးနောက် ချန်ကျဲ့ ရယ်မိလိုက်သည်။

ဒါကိုက တမန်တော်ဖန်းရဲ့ ထူးခြားချက်ပဲလေ။

တမန်တော်ဖန်းသည် ဟိနာယာနဗုဒ္ဓဝါဒကို ကျင့်ကြံသူဖြစ်ပြီး မိမိကိုယ်ကိုယ်သာ အာရုံထားသည်။ ဆိုလိုသည်မှာ သူ အသားစားလိုပါက အသားစားကိုစားရမည်ဖြစ်ပြီး သေရည်သောက်လိုပါက သေရည်ကို မဖြစ်မနေ ရှာဖွေသောက်သုံးမည်ဖြစ်ပေသည်။

လူတို့၏အမြင်၌ ဘုန်းကြီးတစ်ပါးသည် ကျင့်ဝတ်စောင့်ထိန်းသင့်ပြီး ဤသို့ကိစ္စရပ်များကို ရှောင်ကြဉ်ရမည်ဖြစ်သည်။

သို့သော် တမန်တော်ဖန်းအတွက်မူ ၎င်းသည် အယောင်ဆောင်ခြင်းသက်သက်သာ ဖြစ်လိမ့်မည်။ သူအလိုမရှိသည်ကို ဟန်ဆောင်ရခြင်းဖြစ်လိမ့်မည်။ ထို့ကြောင့် တမန်တော်ဖန်းသည် ဘယ်သောအခါမျှ ဟန်မဆောင်ခဲ့ပေ။ ဤတမန်တော်ဖန်း၏ ကျင့်ကြံမှုလမ်းစဉ်သည် မိမိကိုယ်ကိုယ်အာရုံထားခြင်းသာ ဖြစ်၏။

ထိုသို့အတွေးများဖြင့် ချန်ကျဲ့ ချန်ဟန်ကို မေးလိုက်သည်။

“ဘယ်ဘက်ကို သူ ဘယ်ဘက်ကို ဦးတည်သွားရှာနေလဲ”

ချန်ဟန်မှ ပြန်ပြောသည်။

“အမ်းး ငြိမ်းချမ်းခြင်းလမ်းမဘက်ကို ဦးတည်သွားပါတယ်”

ချန်ကျဲ့ မျက်လုံးတို့မှေးကျဉ်းလိုက်ပြီး ပြောသည်။

“ကောင်းတယ် အရမ်းကောင်းတယ်။ ဒါဆို ငါတို့ ငြိမ်းချမ်းခြင်းလမ်းမက စုန့်ဟယ့်စားသောက်ဆိုင်ကို သွားကြတာပေါ့။ ငါ့အခန်းထဲမှာ သိမ်းထားတဲ့သေရည်ကောင်းနဲ့ အဲဒီဘုန်းကြီးကို ထောင်ချောက်ဆင်ခေါ်ရမယ်”

All Chapters