← Chapters

အခန်း ၄၅၂

Vol. 46 Ch. 452

အခန်း ၄၅၂

Vol. 46 Ch. 452

အခန်း (၄၅၂)

" ရှန်းယန်မြို့သူမြို့သားတို့ ဆေားရာသီနီးလာပြီဖြစ်တဲ့အတွက် ကျွန်တော်ကျောက်ဖုန်းကို ဒီမှာစောင့်နေကြတာ တကယ္ကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောပြီး လူအုပ်ကြီးကို အရိုအသေပေးလိုက်သည်။

ကျောက်ဖုန်း၏ လုပ်ရပ်ကို မြင်သောအခါ လူအမ်ားစုက စိတ်လှုပ်ရှားသွားကြသည်။

" ဝူအန်းကျွင်းက တကယ္ကို စိတ္သေဘာထား ဖြူစင်တာပဲ။ ငါတို့လို သာမန်လူတွေကိုတောင် သူက အရိုအသေပေးတယ်။ "

" ဝူအန်းကျွင်းရဲ့ ကိုယ်ကျင့်တရားက တကယ္ကို မြင့်မြတ်တယ်။ မောက်မာမှု လုံးဝ မရွိဘူး။ "

" ဝူအန်းကျွင်းက ချင်နိုင်ငံရဲ့ သူရဲကောင်းပါ။ ဒီမွာ ဝူအန်းကျွင်းကို စောင့်နေရတာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။ "

ဝူအန်းကျွင်းဖြစ်သော ကျောက်ဖုန်းက စစ်သေနာပတိချုပ်တစ်ယောက်ဖြစ်ပြီး မကြာခင် စစ်ဦးစီးချုပ်တစ်ယောက် ဖြစ်လာတော့မည်ဖြစ်သောကြောင့် သူက ချင်နိုင်ငံ၏ အဓိကထောက်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထိုမျှရာထူးမြင့်မားသော လူတစ်ယောက်က သာမန္လူမ်ားကို အရိုအသေပေးခြင်းမှာ မည်မျှစိတ်သဘောထားကြီးမားသည်ကို စဉ်းစားကြည့်နိုင်သည်။

" မြို့သူမြို့သားတို့ အရှင်မင်းကြီးက နန်းတော်မှာ ကျုပ်ကို စောင့်နေတဲ့အတွက် ဒီမွာ ဆက်မနေပေးနိုင်တော့ပါဘူး။ အားလုံးကို အားနာပါတယ်။ " ကျောက်ဖုန်းက လူမ်ားကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။

ထို့နောက် ယာဉ်တန်းက မြို့ထဲသို့ ဆက်လက်ဝင်ရောက်သွားသည်။ ကျောက်ဖုန်းက ရထားလုံးပေါ်မှ အားလုံးကို လက်ပြနှုတ်ဆက်နေသည်။

" ချင်နိုင်ငံမှာ ဝူအန်းကျွင်းရဲ့ ကျော်ကြားမှုက တကယ္ကို ပြိုင်ဘက်ကင်းပဲ။ " ဟွမ်ယိက စိတ်လှုပ်ရှားစွာဖြင့် တွေးလိုက်သည်။

နံနက်ခင်း၊ ညီလာခံခန်းမ။

ကျောက်ဖုန်းနှင့် ဟွမ်ယိတို့က ခန်းမထဲသို့ ဝင်လာကြသည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " သူတို့က ပလ္လင်ပေါ်တွင် ထိုင်နေသော ရင်ကျန့်ကို ဦးညွှတ်လိုက်ကြသည်။

ပလ္လင်ပေါ်မှ ရင်ကျန့်က ကျောက်ဖုန်း ထိခိုက်မှုမရှိဘဲ ပြန်လာသည်ကို မြင်ရသဖြင့် ကျေနပ်စွာ ပြုံးလိုက်သည်။

" ကောင်းတယ်။ ဝူအန်းကျွင်း ချူနိုင်ငံကို သိမ်းပိုက်ခဲ့တဲ့ မင်းရဲ့ စွမ်းဆောင်မှုအားလုံးကို ငါသိပါတယ်။ မင်းက ချင်နိုင်ငံရဲ့ စစ်နတ်ဘုရားဆိုတဲ့ဘွဲ့နဲ့ တကယ် ထိုက်တန်ပါတယ်။ မင်းရှိနေတာ ငါ့အတွက် ကံကောင်းတာပဲ။ " ရင်ကျန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" အရှင်မင်းကြီးရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်။ ချူနိုင်ငံကို ဖျက်ဆီးနိုင်ခဲ့တာက ဝူအန်းနဲ့ ဟန်ကုစခန်းတို့ရဲ့ ကြိုးစားမှုကြောင့်ပါ။ ကျွန်တော်မျိုးတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ "ကျောက်ဖုန်းက ရိုးသားစြာ ပြန်ဖြေလိုက်သည်။ သူက အောင်မြင်မှုအားလုံးကို သူတစ်ယောက်တည်း သိမ်းယူမည်မဟုတ်ပေ။

" ဒီစစ်ပွဲရဲ့ အောင်မြင်မှုက စစ်သည်အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာ ငါ သိပါတယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။

" ဟွမ်ယိ "

" ကျွန်တော်မျိုး ရှိပါတယ်။ " ဟွမ်ယိက ချက်ချင်း ဦးညွှတ်လိုက်သည်။

" ဒီချူနိုင်ငံရဲ့ စစ်ဆင်ရေးမှာ စစ်သေနာပတိချုပ်ဟွမ်ယိက ကြီးမားတဲ့ အောင်မြင်မှုတွေကို ရယူပေးခဲ့တယ်။ ငါမင်းကို ဘွဲ့ထူးနှစ်ဆင့် တိုးမြှင့်ပေးလိုက်တယ်။ ရွှေတစ်ထောင်၊ ငွေတစ်သိန်း၊ အစေခံတစ်ထောင်နဲ့ ကျောက်စိမ်းပစ္စည်းတစ်ရာကို ချီးမြှင့်ပေးလိုက်တယ်။ " ရင်ကျန့်က ကြေညာလိုက်သည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ဟွမ်ယိက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်သည်။ သူက အဆင့်ဆယ့်လေးဘွဲ့ထူးကို ရရှိထားပြီး ယခု နှစ်ဆင့်တိုးမြှင့်ပေးလိုက်သောကြောင့် ယခုအခါ ဝမ်ကျန့်နှင့် ယှဉ်နိုင်ပြီဖြစ်သည်။

သူက ကျောက်ဖုန်းကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ ကျောက်ဖုန်းသာမရှိခဲ့လျှင် ဟန်ကုစခန်းက အမြစ်ပြတ် ချေမှုန်းခံရနိုင်ပြီး ထိုကဲ့သို့ ကြီးမားသော အောင်မြင်မှုကို ရရှိနိုင်မည်မဟုတ်ပေ။

" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ ချူနိုင်ငံကို ဖျက်ဆီးတဲ့ကိစ္စမှာ ဟန်ကုစခန်းက အထောက်အကူပြုခဲ့တဲ့ အခန်းကဏ္႑ကပဲ ပါဝင်ခဲ့တာပါ။ ချူနိုင်ငံပျက်စီးခြင်းရဲ့ အဓိကအကြောင်းရင်းက ဝူအန်းကျွင်းနဲ့ ဝူအန်းစခန်းကြောင့် ဖြစ်ပါတယ်။ ချူနိုင်ငံကို စတင်တိုက်ခိုက်တုန်းက ဝူအန်းကျွင်းကသာ မီချီရဲ့ သစ္စာဖောက်မှုကို သတင်းမပို့ခဲ့ရင် ကျွန်တော်မျိုး လုံးဝ သတိမထားမိဘဲ ဟန်ကုစခန်းက လုံးဝ သုတ်သင်ခံရမှာ သေချာပါတယ်။ ဒါတွေအားလုံးက ဝူအန်းကျွင်းရဲ့ အောင်မြင်မှုတွေပါ။ " ဟွမ်ယိက ကျယ်လောင်စွာ ပြောလိုက်သည်။

" ဝူအန်းကျွင်းရဲ့ ကြီးမားတဲ့ စွမ်းဆောင်မှုကို ငါ ဘယ်လိုလုပ်မသိဘဲနေမလဲ။ " ရင်ကျန့်က ပြုံးပြီးနောက် သူ၏ အမူအရာက လေးနက်သွားသည်။ " ကျောက်ဖုန်း "

" ကျွန်တော်မျိုး ရှိပါတယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ဦးညွှတ်လိုက်သည်။

" ဝူအန်းစခန်းရဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းက ချူနိုင်ငံကို ဖျက်ဆီးခဲ့တယ်။ ချူဘုရင်ကို သတ်ဖြတ်ခဲ့တယ်။ ရှန်းယန်ကို သတ်ဖြတ်ခဲ့တယ်။ သူ့ရဲ့ အောင်မြင်မှုတွေက ကြီးမားတဲ့ ဆုလာဘ်တွေနဲ့ ထိုက်တန်တယ်။ ဒီနေ့ ငါက ကျောက်ဖုန်းကို ချင်နိုင်ငံရဲ့ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်။ စခန်းလေးခုလုံးရဲ့ ကျားတံဆိပ်တစ်ဝက်ကို ပေးအပ်လိုက်တယ်။ ချင်နိုင်ငံရဲ့ စစ်တပ်တွေအားလုံးကို အုပ်ချုပ်ခွင့်အာဏာကိုလည်း ပေးအပ်လိုက်တယ်။ " ရင်ကျန့်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

" ကျွန်တော်မျိုး အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဒီနေ့ရောက်လာခဲ့ပြီပေါ့။ ဝန်ကြီးချုပ်ဝမ် ကျောက်ဖုန်းက အခုစစ်ဘက်အရာရှိအားလုံးရဲ့ ခေါင်းဆောင်ဖြစ်လာပြီ။ ချင်နိုင်ငံရဲ့ တရားရုံးမှာ အာဏာအရှိဆုံးသူဖြစ်လာပြီ။ ငါတို့ သူ့ကို အဲ့ဒီလောက် မဆန့်ကျင်ခဲ့သင့်ဘူး။ ဒီနောက်မှာ အကြီးဆုံးမင်းသားရဲ့ လမ်းကြောင်းကလည်း မလွယ်တော့ဘူး။ " ဟွိုက်ကျွမ်းက စိတ်ပျက်စွာဖြင့် သက်ပြင်းချခဲ့သည်။

ယခုအခါ နန်းတော်၏ အခြေအနေက လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ကျောက်ဖုန်းက စစ်ဘက်အရာရှိများ၏ ခေါင်းဆောင်ဖြစ်သွားသည့်အပြင် အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင် ဝန်ကြီးချုပ်ဟန်ဖေးကလည်း သူ၏ မိတ်ဆွေဖြစ်နေသည်။ မည်သူမှသတိမထားမိခင် အသက် ၂၆နှစ်သာရှိသော ကျောက်ဖုန်းက နန်းတော်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ဟန်ဖေးကို ဖယ်ထားလိုက်လျှင်တောင် ချင်ဘုရင် အယုံကြည်ရဆုံးဖြစ်သော ယွီလျောင်နှင့် တရားရေးဝန်ကြီး လီစီတို့ကလည်း ကျောက်ဖုန်းဘက်တွင် ရှိနေသည်။

ဖုစုကတော့ သိပ်အခြေအနေမကောင်းပေ။ အကြောင်းမှာ မီချီ၏ သစ္စာဖောက်မှုကြောင့် ဖုစု၏ မိခင်ဘက်မှ ဆွေမျိုးများ၏ အာဏာက လုံးဝပျက်စီးသွားခဲ့ပြီး ရင်ကျန့်၏ အမြင်တွင် ဖုစုက ဘာမှမဟုတ်တော့ပေ။ သူ့ကို ထောက်ခံခဲ့ကြသော နန်းတွင်းမှ အရာရှိများကလည်း ယခုအခါ လက်လျှော့လိုက်ကြပြီး ၎င်းမှာ သူ့အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။

ထိုအချိန်တွင် ဟူဟိုက်က အခွင့်အရေးကို အသုံးချပြီး နန်းတွင်းတွင် အဆင့်မြင့်ဆုံးမင်းသားဖြစ်လာခဲ့သည်။ ချင်နိုင်ငံ၏ ပေါင်းစည်းရေးက နီးကပ်လာသည်နှင့်အမျှ ဖုစု၏ အနာဂတ်က ပို၍ မရေမရာဖြစ်လာခဲ့သည်။

" အနာဂတ်မှာ အကြီးဆုံးမင်းသားအတွက် လမ်းကြောင်းတစ်ခုရှာရမယ်။ အကြီးဆုံးမင်းသားမှာ စစ်ရေးအောင်မြင်မှုတွေမရှိပေမယ့် သူက ဘုရင့်သားတော်ပဲ။ အနာဂတ်မှာ အိမ်ရှေ့စံမဖြစ်ရင်တောင် နယ်မြေတစ်ခုတော့ ရနိုင်တယ်။ အဲ့ဒီအချိန်ကျရင် မင်းသားနဲ့အတူ လိုက်သွားရင် မိသားစုရဲ့ ရှင်သန်မှုကို သေချာစေလိမ့်မယ်။ နယ်မြေခွဲဝေတဲ့စနစ်ကို ကျင့်သုံးရင် ကျောက်ဖုန်းကလည်း ဘုရင်တစ်ပါး ဖြစ်လာလိမ့်မယ်။ "

ဖုစုကို ထောက်ခံသူများက စိတ်ထဲမှ တွေးလိုက့်ကသည်။ ချင်နိုင်ငံက ရှန်းကျိုးနယ်မြေကို ပေါင်းစည်းပြီးသည်နှင့် လမ်းကြောင်းတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။ နယ်မြေခွဲဝေခြင်းစနစ်ကို အရာရှိများစွာက ထောက်ခံကြသည်။ အကြောင်းမှာ ၎င်းက လူများစွာ၏ အကျိုးစီးပွားနှင့် ပက်သက်နေသောကြောင့်ဖြစ်သည်။ နယ်မြေများခွဲဝေခြင်းစနစ်ကျင့်သုံးသည်နှင့် ဝန်ကြီးများက နယ်စားဘုရင်များထံသို့ အရာရှိများအဖြစ် စေလွှတ်ခံရနိုင်သည်။ သို့မဟုတ် သူတို့ကိုယ်တိုင် နယ်စားဘုရင်ဖြစ်လာနိုင်သည်။

" ကျားတံဆိပ်ကို ပေးအပ်ပါ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကျောက်ကောင်းက စားပွဲပေါ်မှ သေတ္တာတစ်လုံးကို ယူပြီး ကျောက်ဖုန်းဆီသို့ လျှောက်သွားလိုက်သည်။ သူက ကျားတံဆိပ်သေတ္တာကို ကျောက်ဖုန်းကို ပေးလိုက်ပြီး ကျောက်ဖုန်းကလည်း ယူလိုက်သည်။

" ကျွန်တော်မျိုး ကျားတံဆိပ်ကို လက်ခံပါတယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

ထိုကျားတံဆိပ်က စစ်တပ်လှုပ်ရှားရန်အတွက် မရှိမဖြစ် လိုအပ်သည်။ ငြိမ်းချမ်းနေချိန်တွင် ကျားတံဆိပ်ကို ဘုရင်ထံတွင် အပ်ထားရသည်။ စစ်ကြေညာသည့်အချိန်မှသာ ဘုရင်က ကျားတံဆပ်များကို ပြန်လည်ပေးအပ်ခြင်းဖြစ်သည်။

ယခု သေတ္တာထဲတွင် စခန်းလေးခု၏ ကျားတံဆိပ်များ ပါဝင်ပြီး တစ်ခုစီမှာ တစ်ဝက်စီသာ ဖြစ်ပြီး ကျန်တစ်ဝက်မှာ ချင်ဘုရင်ထံတွင် ရှိနေသည်။ ဆိုလိုသည်မှာ စစ်သေနာပတိချုပ်များက စစ်တပ်ကို လှုပ်ရှားချင်လျှင် ကျောက်ဖုန်းနှင့် အရင်တိုင်ပင်ရမည်ဖြစ်ပြီး ကျောက်ဖုန်းက ဘုရင်ထံ အမိန့်တောင်းခံရမည်ဖြစ်သည်။

" စစ်ဦးစီးချုပ် ထိုင်ပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်သည်။

နန်းတွင်းကိုယ်ရံတော်အချို့က စားပွဲတစ်လုံးကို ယူဆောင်လာပြီး စသ်ဘက်အရာရှိများ၏ ရှေ့ဆုံးတွင် ချထားလိုက်သည်။

" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။ ထို့နောက် သူက စစ်ဦးစီချုပ်နေရာတွင် ထိုင်လိုက်သည်။

" ကဲ ဆက်ပြီး ဆွေးနွေးကြမယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" အရှင်မင်းကြီး အခုဆိုရင် ရှောင်ဟီနဲ့ မုန့်ယိတို့က ချူနယ်မြေကို အုပ်ချုပ်ဖို့ သွားကြပါပြီ။ ဒါပေမယ့် စစ်ပွဲကြောင့် ချူနယ်မြေမှာ ဒုက္ခသည်တွေများနေပြီး သူတို့အတွက် စပါးနဲ့ ရိက္ခါတွေ ခွဲဝေပေးဖို့ လိုအပ်ပါတယ်။ " ဟန်ဖေးက အစီရင်ခံလိုက်သည်။

" ဝန်ကြီးချုပ် စပါးနဲ့ ရိက္ခါဘယ်လောက်လိုအပ်သလဲဆိုတာ စာရင်းလုပ်လိုက်ပါ။ ပြီးရင် ငါ့ဆီကို တင်ပြပါ။ " ရင်ကျန့်က ပြန်ပြောလိုက်သည်။

" နားလည်ပါပြီ။ " ဟန်ဖေးက ရိုသေစွာ ပြန်ပြောလိုက်သည်။

ညီလာခံတွင် ဆွေးနွေးမှုများက ဆက်လက်ဖြစ်ပေါ်နေသည်။ ချူနယ်မြေ၏ ကိစ္စများအပေါ် အဓိကထားဆွေးနွေးနေကြသည်။

" ဝန်ကြီးတို့ တင်ပြစရာမရှိတော့ရင် ည်ိလာခံသိမ်းမယ်။ စစ်ဦးစီးချုပ် ကျန်းထိုင်နန်းဆောင်ကို လိုက်ခဲ့ပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်ပြီး ထွက်ခွာသွားသည်။

" ကျန်းထိုင်နန်းဆောင်ကို ထပ်သွားရဦးမှာပဲ။ " ကျောက်ဖုန်းက ကူကယ်ရာမဲ့စွာဖြင့် တွေးလိုက်သည်။ ကျန်းထိုင်နန်းဆောင်တွင် ဘုရင်နှင့် စကားပြောရခြင်းက အခြားသူများအတွက် ကြီးမားသော ဂုဏ်ပြုမှုဖြစ်သော်လည်း ကျောက်ဖုန်းကမူ အိမ်ပြန်ပြီး သူ၏ မိသားစုနှင့် တွေ့ချင်နေပြီဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters