အခန်း ၄၅၃
Vol. 46 Ch. 453
အခန်း (၄၅၃)
ကျန်းထိုင်နန်းဆောင်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက နှုတ်ဆက်လိုက်သည်။
" ထိုင်ပါဦး။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ဒီနေ့ အရှင်မင်းကြီးက အစီရင်ခံစာတွေကို မစစ်ဆေးပါလား။ တကယ်ကို ရှားပါးပါတယ်။ " ရင်ကျန့်က အစီရင်ခံစာများကို မစစ်ဆေးဘဲ ထိုင်နေသည်ကို မြင်လိုက်ရစဖြင့် ကျောက်ဖုန်းက စနောက်လိုက်သည်။
" ဒီနေ့ ငါတို့ ချင်နိုင်ငံရဲ့ ဝူအန်းကျွင်း ပြန်ရောက်လာတာလေ။ သူ့ကို ကောင်းကောင်းဆက်ဆံသင့်တာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး စကားတွေနဲ့ ပြောမနေပါနဲ့။ ရွှေနဲ့ငွေတွေသာ ဆုပေးပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မင်းက အင်မော်တယ်ဝိုင်းခန်းမပိုင်ရှင်ပဲ။ နေ့တိုင်း ငွေတွေ ဒိလောက်ဝင်နေတာ ငါ့ဆီက ထပ်တောင်းဦးမလို့လား။ ငါ့ရဲ့ ဘဏ္ဍာတိုက်တောင် မင်းလောက်မချမ်းသာလောက်ဘူး။ " ရင်ကျန့်က စိတ်အနှောက်အယှက် ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
" ဟဲဟဲ နောက်တာပါ။ " ကျောက်ဖုန်းက ရယ်လိုက်သည်။
" အခု မင်းက စစ်ဦးစီးချုပ်ဖြစ်နေပြီဆိုတော့ ဝူအန်းစခန်းရဲ့ စစ်သေနာပတိချုပ်အဖြစ် ဘယ်သူကို အကြံပြုချင်လဲ။ " ရင်ကျန့်က ကျောက်ဖုန်းကို မေးလိုက်သည်။
" အရှင်မင်းကြီးက ကျွန်တော်ကို မေးနေတာလား။ ကျွန်တော်မျိုးက ကျွန်တော်လူတွေကိုပဲ အခွင့်အရေးပေးမှာပေါ့။ " ကျောက်ဖုန်းက အံ့အားသင့်သွားပြီး ပြောလိုက်သည်။
" ငါမင်းကို အကြံပြုခိုင်းတာပဲ။ လွတ်လွတ်လပ်လပ်ပြောလို့ရတယ်။ ပြီးတော့ အခုစစ်တပ်ထဲမှာ ဝူအန်းစခန်းရဲ့ စစ်သူကြီးတွေကလွဲရင် ဘယ်သူက အမိန့်ပေးနိုင်မှာလဲ။ အခြားစစ်သေနာပတိချုပ်ကို ပြောင်းရွှေ့လိုက်ရင် သူတို့က လက်ခံပါ့မလား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျွန်တော်မျိုး အကြံပြုရမယ်ဆိုရင် တုဆွေကို အကြံပြုချင်ပါတယ်။ " ကျောက်ဖုန်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။
" ဘာလို့လဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ကျန်းဟန်နဲ့ယှဉ်ရင် သူက စစ်တပ်ကို ကွပ်ကဲနိုင်စွမ်းပိုရှိတယ်။ ကျန်းဟန်က တပ်ဖွဲ့တွေကို ထိုးဖောက်ရာမှာ ကျွမ်းကျင်ပြီး တုဆွေကတော့ စစ်တပ်ကို ကွပ်ကဲရာမှာ ကျွမ်းကျင်တယ်။ လီယောင်ကတော့ သူ့ရဲ့ အောင်မြင်မှုတွေကတော့ မလုံလောက်သေးဘူး။ သူ့ကို ခန့်အပ်လိုက်ရင် ဘယ်သူမှလေးစားမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" လီယောင် သူ့အဖေက ဝူအန်းစခန်းမှာ စစ်သူကြီးအဖြစ် ခန့်အပ်ပေးဖို့ ငါ့ကို တောင်းဆိုခဲ့တာပဲ။ လီစီက စရောက်လာကတည်းက ကြီးမားတဲ့ အောင်မြင်မှုတွေ ရှိခဲ့တယ်။ သူ့ရဲ့ ပထမဆုံး တောင်းဆိုမှုကို ငါငြင်းလို့မရဘူး။ " ရင်ကျန့်က ပြောလိုက်သည်။
" အခုတော့ ပြဿနာမရှိတော့ပါဘူး။ သူက သူ့ဘာသာသူ ရပ်တည်နိုင်လာပါပြီ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" အဲ့ဒါဆို ဝူအန်းစခန်းမှာ တုဆွေကို ယာယီစစ်သေနာပတိချုပ်အဖြစ် ခန့်အပ်လိုက်မယ်။ သူသာ အရည်အချင်းရှိရင် ငါသူ့ကို တရားဝင်ရာထူးတိုးပေးမယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
" ငါသာ ရန်ရှောင်ကို မလွှတ်ခဲ့ရင် မင်းက ချီနိုင်ငံကို ချီတက်သွားဖို့ စီစဉ်ထားတယ်ဆို။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ကျွန်တော်မျိုး အဲ့လိုစိတ်ကူးတော့ရှိခဲ့ပါတယ်။ ချီနိုင်ငံနဲ့ ပက်သက်ရင်တော့ လူတွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်တာ အကောင်းဆုံးပါပဲ။ ချီဘုရင်က ကြောက်နေပြီမလို့ ကျွန်တော်မျိုးတို့ ချင်နိုင်ငံကို ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ နယ်စပ်မှာ စစ်တပ်ကို ချထားလိုက်ရင် ချီနိုင်ငံက လက်နက်ချလာမှာပါ။ " ကျောက်ဖုန်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။
၎င်းက သမိုင်းကြောင်းနှင့် သူ၏ နားလည်မှုအပေါ် အခြေခံထားသည်။ ချူနိုင်ငံက ချီနိုင်ငံကို စစ်ကူတောင်းခဲ့သော်လည်း ချီဘုရင်က စစ်တပ်ကို မစေလွှတ်ရဲခဲ့ပေ။ ယခု ချူနိုင်ငံက ပျက်စီးသွားပြီဖြစ်သောကြောင့် ရလဒ်က ဆုံးဖြတ်ပြီးသားဖြစ်သည်။
" မင်းပြောတာမှန်တယ်။ ချီဘုရင်က လက်နက်ချလိမ့်မယ်။ ဒါပေမယ့် ဆောင်းရာသီနီးလာပြီမလို့ ငါတို့ ချင်နိုင်ငံက နောက်ထပ် ရိက္ခါကုန်ကျစရိတ်တွေကို မခံနိုင်တော့ဘူး။ လာမယ့်နွေဦးကျရင် ငါ ရိက္ခါတွေ ခွဲဝေပေးမယ်။ မင်းကိုယ်တိုင် ချီနိုင်ငံကို သွားပြီး သိမ်းပိုက်လိုက်ပါ။ နိုင်ငံခြောက်ခုလုံးကို မင်းသိမ်းပိုက်သွားတာပေါ့။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" အရှင်မင်းကြီးက အရာရာကို ကျွန်တော်မျိုးအတွက် သေချာစဉ်းစားပေးထားတာပဲ။ ဒါပေမယ့် ကျွန်တော်မျိုးက အမြင့်ဆုံးကို ရောက်နေပါပြီ။ ရှေ့ဆက်လျှောက်ရမယ့် လမ်းကြောင်းက မလွယ်ကူလောက်ပါဘူး။ " ကျောက်ဖုန်းက စိတ်မသက်မသာနှင့် ပြောလိုက်သည်။
" ဘာလဲ။ ငါက မင်းကို သုံးပြီးရင် စွန့်ပစ်မယ်လို့ ထင်နေတာလား။ " ရင်ကျန့်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
" အဲ့လိုမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။
ချင်ရှီဟွမ်၏ အရည်အချင်းများနှင့် သူ၏ ဝန်ကြီးများအပေါ် ထားရှိသည့်ကျေးဇူးများကို သမိုင်းတွင် မှတ်တမ်းတင်ထားပြီးဖြစ်သည်။ သူက ကမ္ဘာကြီးကို ပေါင်းစည်းပြီးနောက် ဝန်ကြီးတစ်ယောက်ကိုမှ မသတ်ခဲ့ပေ။ ရာထူးမည်မျှမြင့်မားသည်ဖြစ်စေ အားလုံးကို ကျေးဇူးတရားများဖြင့်သာ ဆက်ဆံသည်။
" အခုရှန်းကျိုးမှာ ချီနိုင်ငံတစ်ခုပဲ ကျန်တော့တယ်။ ချီနိုင်ငံကို ဖျက်ဆီးပြီးရင် စစ်ရေးက ငြိမ်သက်သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အရပ်ဘက်အရာရှိတွေ တောက်ပလာမယ့်အချိန်ပဲ။ အဲ့ဒီအချိန်မှာ ကျွန်တော်မျိုးကို မကျေနပ်တဲ့သူတွေ အများကြီး ပေါ်လာနိုင်ပါတယ်။ ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ငါရှိနေရင် သူတို့က မင်းကို ဘာလုပ်နိုင်မှာလဲ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" အရှင်မင်းကြီး ရှိနေသမျှတော့ မှန်ပါတယ်။ ဒါပေမယ့် အနာဂတ်က ဘယ်လိုဖြစ်လာမလဲ။ " ကျောက်ဖုန်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
" ငါ့ရဲ့ ဆက်ခံသူက အရည်အချင်းမရှိဘဲ ကျေးဇူးတရားမသိတတ်တဲ့သူဖြစ်လိမ့်မယ်လို့ မင်းထင်နေတာလား။ " ရင်ကျန့်က နားလည်သွားပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ သားတော်တွေကို ကျွန်တော်မျိုး သေချာမသိပါဘူး။ ဒါကြောင့် ဒီနေ့ အရှင်မင်းကြီးကို တစ်ခု တောင်းဆိုချင်ပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ပြောပါ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ချီနိုင်ငံကို သိမ်းပိုက်ပြီးရင် ကျွန်တော်မျိုး ပိုင်ယွဲ့ဒေသကို စစ်တပ်တွေ ဦးဆောင်သွားချင်ပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။
ပိုင်ယွဲ့တွင် တပ်စွဲခြင်း။ ကျောက်ဖုန်းက ထိုအကြောင်းကို ကြာမြင့်စွာကတည်းက စဉ်းစားထားပြီးသား ဖြစ်သည်။
" ပိုင်ယွဲ့မှာ တပ်စွဲမယ်ဟုတ်လား။ " ရင်ကျန့်က ကျောက်ဖုန်းကို ထူးဆန်းစွာ ကြည့်လိုက်သည်။
" ချင်နိုင်ငံရဲ့ စစ်ဦးစီးချုပ်ကို ပိုင်ယွဲ့လို တောရိုင်းနယ်မြေမှာ သွားစောင့်ခိုင်းရင် လူတွေက ငါ့ကို အရည်အချင်းရှိတဲ့သူတွေကို ခက်မခံနိုင်တဲ့ ဘုရင်လို့ ထင်သွားမှာပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက ဆန္ဒအလျောက် တောင်းဆိုတာပါ။ အရှင်မင်းကြီးနဲ့ မဆိုင်ပါဘူး။ ပြောရရင် ပိုင်ယွဲ့ကလည်း ရှန်းကျိုးနယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းပါ။ ဒါ့အပြင် ပိုင်ယွဲ့က လူသန်းပေါင်းများစွာက တိုင်းတစ်ပါးမျိုးနွယ်စုတွေမဟုတ်ဘဲ ချီယိုနဲ့ မျိုးရိုးတူပြီး ဟွာရှလူမျိုးတွေရဲ့ အဆက်အနွယ်တွေပါပဲ။ ပိုင်ယွဲ့ကို သိမ်းပိုက်ပြီး ပိုင်ယွဲ့လူမျိုးတွေကို ချင်နိုင်ငံထဲ ပေါင်းထည့်လိုက်ရင် သူတို့ရဲ့ ယဉ်ကျေးမှုကို ရရှိပြီး နောက်မျိုးဆက်ပေါင်းများစွာအတွက် ကြီးမားတဲ့ အကျိုးဆောင်မှုတစ်ခု ဖြစ်ပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ဒိကိစ္စကို နောက်မှဆွေးနွေးကြတာပေါ့။ " ရင်ကျန့်က တိုက်ရိုက်ငြင်းပယ်လိုက်သည်။ ကျောက်ဖုန်းက သူ၏ သားမဟုတ်လျှင်တောင် ပိုင်ယွဲ့ဒေသကို စေလွှတ်မည်မဟုတ်ပေ။
" အရှင်မင်းကြီး ချီနိုင်ငံပျက်စီးသွားရင် ရှန်းကျိုးမှာ စစ်ပွဲတွေ ရှိတော့မှာမဟုတ်ဘဲ ကျွန်တော်မျိုးက ရှန်းယန်မှာ ဘာမှမလုပ်ဘဲ ထိုင်နေလို့မရပါဘူး။ ကျွန်တော်မျိုးက ချင်နိုင်ငံအတွက် နယ်မြေတွေ ဆက်ပြီး တိုးချဲ့နိုင်ပါသေးတယ်။ " ကျောက်ဖုန်းက ထပ်ပြောလိုက်သည်။
" နယ်မြေချဲ့ထွင်မယ့်ကိစ္စကို နောက်မှ ပြောကြတာပေါ့။ အခုတော့ မင်း ခဏလောက် အေးအေးဆေးဆေး နေပါဦး။ ကမ္ဘာကြီးပေါင်းစည်းပြီးသွားတဲ့အခါ အရာအားလုံး ပြောင်းလဲသွားနိုင်ပါတယ်။ မင်းအတွက် အံ့ဩစရာတစ်ခု စောင့်ကြိုနေမှာပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဘာတွေများ အံ့ဩစရာရှိလို့လဲ။ ငါ့ကို အိမ်ရှေ့စံရာထူးပေးပြီး ထီးနန်းကို လွှဲပြောင်းပေးမလို့လား။ " ကျောက်ဖုန်းက စိတ်ထဲမှ ရယ်မောလိုက်သည်။
" မင်းက ထီးနန်းကို တောင်းတာထက် ပိုင်ယွဲ့ကို ပိုသွားချင်နေတာပဲ။ မင်းရဲ့ အောင်မြင်မှုတွေနဲ့ ထီးနန်းတစ်ခု မရနိုင်ဘူးထင်လို့လား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးက နယ်မြေခွဲဝေတဲ့စနစ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်မှမရှိတာ။ အဲ့လိုသာဆိုရင် ကျွန်တော်မျိုးအတွက် ဘာအသုံးဝင်မှာလဲ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
နယ်မြေခွဲဝေခြင်းစနစ်၏ အားနည်းချက်များကို ရင်ကျန့်က ကောင်းစွာ နားလည်ထားသည်။ ကျောက်ဖုန်းကလည်း ထိုကိစ္စနှင့်ပက်သက်၍ အတွေးများရှိနေသည်။ နယ်မြေခွဲဝေခြင်းစနစ်ကို ကျင့်သုံးလျှင် ချင်နိုင်ငံ၏ အဆုံးသတ်တွင် အတားအဆီးများကို ရှင်းထုတ်ရန် အချိန်ပိုကြာသွားပေလိမ့်မည်။
" မင်းက အဲ့ဒီကိစ္စကို ပိုပြီးရှင်းရှင်းလင်းလင်း သိတဲ့ပုံပဲ။ " ရင်ကျန့်က ပြုံးလိုက်သည်။ သူက ချင်နိုင်ငံကို အာဏာများ ကွဲပြားသွားပြီး အတိတ်မှ ကျိုးနိုင်ငံကဲ့သို့ ပျက်စည်းသွားမည်ကို မလိုလားပေ။
" ဒါကြောင့် အရှင်မင်းကြီးက ကျွန်တော်မျိုးကို ပိုင်ယွဲ့မှာ တပ်စွဲခွင့်ပြုသင့်ပါတယ်။ မရဘူးဆိုရင်လည်း မြောက်ဘက်နယ်စပ်လည်းရပါတယ်။ စစ်တပ်တွေကို ဦးဆောင်ပြီး တိုက်ခိုက်တာက ကျွန်တော်မျိုးနဲ့ ပိုပြီး သင့်တော်ပါတယ်။ " ကျောက်ဖုန်းက လက်မလျှော့ဘဲ ပြောလိုက်သည်။
" မင်းက စစ်တပ်တွေကို ဦးဆောင်ရတာ အရမ်းစိတ်အားထက်သန်နေတဲ့ပုံပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" ကျွန်တော်မျိုးက စစ်တပ်ကလာတာပါ။ စစ်သည်တွေကို ဦးဆောင်ပြီး တိုက်ခိုက်တာက ကျွန်တော်မျိုးရဲ့ တာဝန်ပါ။ " ကျောက်ဖုန်းက ခိုင်မာစွာ ပြောလိုက်သည်။
" ကောင်းပြီလေ။ ကမ္ဘာကြီးကို ပေါင်းစည်းပြီးရင် အခြေအနေကို အရင်ကြည့်ကြတာပေါ့။ ပြီးရင် မင်းပိုင်ယွဲ့ကို သွားနိုင်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" စိတ်မပူပါနဲ့ အရှင်မင်းကြီး။ ကျွန်တော်မျိုးရဲ့ ဆန္ဒက မပြောင်းလဲပါဘူး။ " ကျောက်ဖုန်းက ချက်ချင်း ပြန်ဖြေလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့